Thursday, November 29, 2012

ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကျင်းပမည်

Myanmar Tourism Federation (MTF) ၏ ဦးဆောင်မှုဖြင့် MTS Group မှ စုစည်းကျင်းပမည့် ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကို ၁၁-၁-၂၀၁၃ ရက်မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် နံနက် ၉း၀၀ နာရီမှ ညနေ ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲကြီးတွင် Travel Zone အနေဖြင့် ပြည်တွင်းပြည်ပသို့ ဝန်ဆောင်မှုပေးနေသော ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ဟိုတယ်များနှင့် Hotel Suppliers ကုမ္ပဏီများ၊ Bank ဝန်ဆောင်မှု လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ၊ International School များ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ Training Centre များ၊ Spa ဝန်ဆောင်မှု လုပ်ငန်းများ၊ Souvenir Shop များ၊ Gems & Jewellery Shop များနှင့် Trade Zone အနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများနှင့် ကားကုမ္ပဏီကြီးများ၊ ကားအပိုပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ၊ မြန်မာပရိဘောဂပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများ၊ တိုင်းရင်းဆေးဝါးပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ စုံလင်စွာ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် Myanmar Tourism Services Co.,Ltd အခန်းအမှတ် (၁၀၁၀)၊ ၁၀လွှာ၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -၀၁ ၅၅၂၇၆၂၊ ၅၅၂၆၄၂၊ ၀၉-၇၃၂၁၆၀၁၀၊ ၀၉-၅၁၆၈၀၅၇၊ ၀၉-၄၉၃၀၁၇၂၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.