Thursday, December 20, 2012

ရန်ကုန်-နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော ညအမြန်ရထား ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ ပျဉ်းမနား ဘူတာတွင် ရပ်တန့်ပေးမည်

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး ပြေးဆွဲနေသော အမှတ်(၅) အဆန်၊ (၆) အစုန်အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသော အမှတ်(၃၁)အဆန်၊ (၃၂) အစုန် အမြန်ရထားများကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ လည်းကောင်း၊ နေပြည်တော်-ပုဂံ ပြေးဆွဲနေသော အမှတ်(၁ဝ၇) အဆန်၊ (၁ဝ၈) အစုန် အမြန်ရထားများကို ခရီးသွားများ ပိုမိုအဆင်ပြေစေရေးအတွက် ပျဉ်းမနားဘူတာတွင် ဒီဇင်ဘာ ၁၁ ရက်မှစ၍ လည်းကောင်း ရပ်တန့်ပေးလျက်ရှိသည်။ ယခုအခါ နေပြည်တော် ပျဉ်းမနားနှင့် နေပြည်တော် လယ်ဝေးမြို့နယ် များမှ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ၏ တောင်းဆိုမှုများအရ ရန်ကုန်-နေပြည်တော်-ရန်ကုန် ညအမြန် ရထားဖြစ်သော အမှတ်(၇) အဆန်၊ (၈) အစုန်အမြန်ရထားများကိုပါ ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပျဉ်းမနားဘူတာ၌ ထပ်မံ ရပ်တန့်ပေးသွားမည် ဖြစ်သည်။ အမှတ်(၇)အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ည ၈ နာရီခွဲတွင် ထွက်ခွာပြီး ပျဉ်းမနားဘူတာသို့ နောက်တစ်နေ့ နံနက် ၅ နာရီ ၂၄ မိနစ်တွင် ရောက်ရှိကာ ၅ နာရီ ၂၆ မိနစ်တွင် ဆက်လက်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။ အလားတူ အမှတ်(၈) အစုန် အမြန်ရထားသည် နေပြည်တော်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာ၍ ပျဉ်းမနားဘူတာသို့ ည ၈ နာရီ ၃၂ မိနစ်တွင် ဆိုက်ရောက်ကာ ၈ နာရီ ၃၄ မိနစ်တွင် ဆက်လက်ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်သည်။ ပျဉ်းမနားဘူတာတွင် အမှတ်(၇) အဆန်၊ (၈)အစုန် အမြန်ရထား ရပ်တန့်ပေးမည့် အစီအစဉ်ကို ခရီးသွားပြည်သူများ အချိန်မီသိရှိစေရေးအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေ ဘူတာများတွင် ကြိုတင်အသိပေး ကြေညာထားကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားသားများအား သတ်မှတ်ဝတ်စုံဖြင့်သာ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညိုခွင့်ပြုမည်

ရွှေတိဂုံစေတီတော်သို့ လာရောက် ကြည်ညိုကြသည့် အချို့သော နိုင်ငံခြားသားများ၏ မဖွယ်မရာ ဝတ်စားဆင်ယင်မှုများကြောင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း သိရှိရသည်။ သို့ပါ၍ အများပြည်သူ အမြင်တွင် အဂါရဝဖြစ်စေသည့် ဘောင်းဘီတို၊ ချိုင်းပြတ်များဖြင့် လာရောက် ကြည်ညို ကြသော နိုင်ငံခြားသား (ကျား၊ မ) များအား ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ ရှမ်းတိုက်ပုံနှင့် ရှမ်းဘောင်းဘီကို သတ်မှတ်နေရာတွင် လဲလှယ် ဝတ်ဆင်ပြီးမှသာ ရွှေတိဂုံစေတီပေါ်သို့ တက်ရောက် ကြည်ညိုခွင့် ပြုမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက် (ကြာသပတေးနေ့) က ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရှိရသည်။ ယခင်က ယင်းကဲ့သို့ ဝတ်စားဆင်ယင်မှုမျိုးကို ပဝါများပတ်၍ တက်ရောက် ကြည်ညိုခွင့်ပြုခဲ့သော်လည်း ရင်ပြင်ပေါ်သို့ ရောက်ရှိပါက ပဝါကို အလွယ်တကူ ဖြုတ်ချပြီး နဂိုအဝတ်အစားဖြင့်ပင် ကြည်ညိုကြသည့်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Monday, December 17, 2012

ဟိုတယ်ငှားရမ်းခ ဈေးကြီးမြင့်မားခြင်းကြောင့် ခရီးသွားများအတွက် စိုးရိမ်ဖွယ်ဖြစ်

ခရီးသွားလောက၏ စိုးရိမ်စရာကောင်းသောအန္တရာယ်မှာ ဟိုတယ်ခန်းငှားရမ်းခ ဈေးကြီးမြင့်ခြင်းဖြစ်သည်ဟု ခရီးသွားအသင်းမှ ဦးနောင်းနောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းငှားခမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆမတန်ဈေးကြီးမြင့်နေပြီး အိမ်နီးချင်းနိုင်ငံများ၏ 4 Star ဟိုတယ်အခန်းငှားခနှင့် မြန်မာနိုင်နိုင်ငံ၏ 2 Star ဟိုတယ်အခန်းခမှာ ကွာခြားမှုမရှိကြောင်း သိရသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် ပေးရသော အခကြေးငွေနှင့် ရရှိသောဝန်ဆောင်မှုမှာ မမျှတဟုထင်မြင်မည်ကို စိုးရိမ်မိကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။ Travel and Tour ကုမဿပဏီမှ ယခုနှစ်ကုန်အထိ စုစုပေါင်း ၉၀၀ ကျော် ၁၀၀၀ နီးပါးခန့် အ၀င်ရှိပြီဖြစ်ပြီး E-Visa ဖြင့် ၀င်ရောက်မှုမှာ ဆယ်ဂဏန်း (၆၀ ကျော်၊ ၇၀နီးပါး)ခန့်သာရှိကြောင်း သိရသည်။ ယခုနှစ် ခရီးသည်များအနက် တရုတ်နှင့် ထိုင်းအ၀င်များပြီး အနောက်နိုင်ငံများမှ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့ ၀င်ရောက်မှုပိုများကြောင်း သိရှိရသည်။ ထူးခြားသည်မှာ အရှေ့ဥရောပမှ ခရီးသွားများ လာရောက်လည်ပတ်မှု မရှိသလောက်ရှားပါးရာမှ ယခုနှစ်တွင် ပိုလန်၊ရုရှားစသည့် နိုင်ငံများမှ လာရောက်လည်ပတ်မှု ရာခိုင်နှုန်းတက်လာကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြပါရှိပါသည်။

Friday, December 14, 2012

ပယ်ဖျက်ခံရသော ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ပြန်လည်လျှောက်နိုင်ပြီ

မန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ တဆင့်ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ပြန်လည် လျှာက်ထားသူများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန မှ ဦးစီးဖွင့်လှစ်သော အထူးသီးသန့်မွမ်းမံသင်တန်း အမှတ်စဉ် (၃) ဖြင့် သင်တန်းသား (၁၂၀) ဦး ကို
ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ြ
ပန်လည်ရရှိရန်အတွက်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
ယခု ဆက်လက်ပြီး မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်းမှ တဆင့်ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ပန်လည်လျှောက်ထားသူများကို အထူးသီးသန့်မွမ်းမံသင်တန်း အမှတ်စဉ် (၄) ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာသို့ ထပ်မံ၍လျှာက်ထားပေးသွားပါမည်။ သို့ပါ၍ ပယ်ဖျက်ခံရသော ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်
ပြန်လည်လျှောက်ထားလိုသူများအနြေ
ဖင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ တဆင့်  အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ကြောင်းအသိပေးအပ်ပါသည်။

မန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း MYANMAR TOURIST GUIDES ASSOCIATION ( MTGA )

Thursday, December 13, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး အဏ္ဏဝါအမျိုးသား ဥယျာဉ်

အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သဘာဝ အလှတရားများနှင့် ဒေသခံဆလုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ ရေရှည်ထိန်းသိမ်းရေးနှင့် ယင်းတို့ကို အခြေခံကာ အနာဂတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ အဆိုပါကျွန်းသည် တိုင်းရင်းသားဆလုံများ နေထိုင်ရာဒေသ ဖြစ်သည့်အပြင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းထားဆဲဖြစ်သဖြင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှု အကောင်းဆုံး သဘာဝဓလေ့စရိုက်များပင် ဖြစ်ပေသည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် တနသာင်္ရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၇၉ ဒသမ ၀၉ ကျယ်ဝန်းသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဏ္ဏဝါ အမျိုးသားဥယျာဉ်ကြီးလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ‘အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။ ယင်းဥယျာဉ်သည် လန်ပိကျွန်းကြီး၊ အချို့ကျွန်းငယ်များ အပါအဝင် မြိတ်ကျွန်းစု ဒေသအထိ ကျယ်ပြန့်သည်။ လန်ပိကျွန်းသည် ၄၈ ကီလိုမီတာရှည်ပြီး အကျယ်ဆုံးမှာ ၆ ကီလိုမီတာရှိသည်။ ကျွန်းအနေအထားသည် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၊ အချို့နေရာများသည် မီတာ ၅၀၀ အမြင့်၌ တည်ရှိသည်။ ကမ်းရိုးတန်းသည် များသောအားဖြင့် ကျောက်ဆောင်များ ထူထပ်လျက်ရှိပြီး သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များနှင့် ရေလက်ကြားများလည်း ရှိသည်။ ယင်းအမျိုးသားဥယျာဉ်သည် လိုဏ်ဂူကြီးများနှင့် ရေချိုအရင်းအမြစ် အများအပြားရှိခြင်း၊ ကျွန်းငယ်များ ဝိုင်းရံကာ သန္တာကျောက်တန်းများဖြင့် ဖွဲ့စည်းတည်ရှိခြင်းတို့ကြောင့် ဝင့်ကြွားထည်ဝါလျက် ရှိသည်။ ကော့သောင်းမြို့မှ ရေမိုင် ၆၀၊ ဘုတ်ပြင်းမြို့မှ ရေမိုင် ၄၀၊ မြိတ်မြို့မှ ရေမိုင် ၉၀ ကွာဝေးသော ပင်လယ်ပြင်တွင် တည်ရှိပြီး တနင်္သာရိကမ်းရိုးတန်းနှင့် ၁၂ မိုင်ကွာဝေးကာ ရေကြောင်းလမ်းတစ်ခုသာ ရှိသည်။ လန်ပိကျွန်းသည် စင်ကာပူနိုင်ငံ အရွယ်ခန့်ရှိပြီး အလွန်ရှားပါးပြီး အဖိုးတန်သည့်ဒေသမျိုး မဟုတ်သော မြေနိမ့်ဒေသ မုတ်သုံ သစ်တော ပေါက်ရောက်ရာ နယ်မြေ တစ်ခုဖြစ်သည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၌ တွားသွားသတ္တဝါ မျိုးစိတ် ၂၀၊ ငှက်မျိုးစိတ်ပေါင်း ၁၂၉၊ လမုပင်မျိုးစိတ် ၅၀၊ ပင်လယ်မြက်ခြောက်မျိုး၊ သန္တာကျောက်တန်း မျိုးစိတ် ၆၀ တို့ကို ထိန်းသိမ်းထားပြီး ဒီရေတောနှင့် အမြဲစိမ်းတော ဂေဟစနစ်များ၊ လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ ပင်လယ်ရေမှော်၊ ပင်လယ်မြက်၊ လမုပင်များ၊ သန္တာကျောက်တန်းများနှင့် ယင်းသန္တာကျောက်တန်းများအကြား ခိုလှုံမျိုးပွားနေသော အဏ္ဏဝါမျိုးစိတ်များကို လေ့လာနိုင်ကြမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

မြန်မာ့လေကြောင်း လက်မှတ်ရောင်း စနစ်ချဲ့ထွင်မည်

မြန်မာ့လေကြောင်း၏ လက်မှတ်ရောင်းချမှု ပုံစံပြောင်းလဲရန်အတွက် ဘဏ်များနှင့် ချိတ်ဆက် လုပ်ကိုင်နေကြောင်း မြန်မာ့လေကြောင်းမှ သိရသည်။ e-Ticket စနစ်ဖြင့် ရောင်းချသွားနိုင်ရန် စီစဉ်နေခြင်း ဖြစ်ပြီး အဆိုပါ စနစ်အတွက် ဆော့ဖ်ဝဲများ ထည့်သွင်းခြင်းနှင့် နက်ဝပ်ချိတ်ဆက်ခြင်း များကို ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရသည်။ “ဘဏ်အကောင့်စနစ်နဲ့ ချိတ်လို့မရသေးလို့ မပြောင်းရသေးတာ။ ဘဏ်မှာဗီဇာကတ်၊ ခရက်ဒစ်ကတ်တွေ အသုံးပြုနိုင်ပြီး ဘဏ်တွေ လုပ်နိုင်ပြီဆိုရင် အီးတိကက်ရောင်းလို့ရပြီ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ငွေချေသည့် စနစ်မရရှိသေးခြင်းကြောင့် လက်မှတ်ရောင်းချမှုအား မြန်မာ့လေကြောင်း လက်မှတ်အရောင်း ဌာနများတွင် သာဝယ်ယူနိုင်သေးကြောင်း၊ အီးတိကက်စနစ် ဖြစ်ပေါ်လာပါက ပြင်ပ လေယာဉ်လက်မှတ် အရောင်းဌာနများတွင်ပါ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်း၏ လက်မှတ်ခများကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ဈေးနှုန်းပြောင်းလဲ သတ်မှတ်ခဲ့ပြီး ခရီးစဉ်အလိုက် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀၀ အထိ မြင့်တက်သွားကြောင်း သိရသည်။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ကာ အစိုးရဝန်ကြီးဌာနများ အနေဖြင့် ကိုယ့်ဝန်ကြီးဌာနအလိုက် ဝင်ငွေရှာဖွေသုံးစွဲရမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာ့လေကြောင်း အနေဖြင့် စီးပွားဖြစ်ဝင်ငွေ ရှာနိုင်သောလေကြောင်း တစ်ခုအဖြစ် ရပ်တည်သွားရန် ရှိကြောင်းသိရသည်။ ပုဂ္ဂလိက လေကြောင်း လိုင်းများသည် လေယာဉ်လက်မှတ် အရောင်းဌာနများနှင့်သာ ချိတ်ဆက်ရောင်းချ ကြပြီး ရောင်းချရသည့် ပမာဏအလိုက် အချိုးကျခွဲဝေပေးကြောင်း၊ မြန်မာ့လေကြောင်းသည် ကိုယ်ပိုင်လက်မှတ် အရောင်းဌာနဖြင့်သာ ရောင်း ချပြီး လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ချိတ်ဆက် ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Tuesday, December 11, 2012

အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေ

မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသားဥယျာဉ်များမှာ- ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါအမျိုးသား ဥယျာဉ်များတွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဦးစည်သူလွင်က “ကျွန်တော်တို့ သစ်ခိုးထုတ်မှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။ ဒါပေမယ့်  အမျိုးသားဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ်မှုတွေ ကို တွေ့ရတာကတော့ တော်တော်ဆိုးတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ ရှိသည့်အနက် ထင်းမီးသွေး လောင်စာအတွက် အသုံးပြုမှုများ သည်လည်း သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။ အမျိုးသား ဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေမှု ပိုမိုများပြားလာခြင်းမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ လက်တစ်လုံးခြား လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင်များက သုံးသပ်ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက “အမျိုးသားဥယျာဉ်လို့ဆိုတာ ဇီဝမျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီနေရာမှာရှိတဲ့ သတ္တုတူးတာ၊ တံတားဆောက်တာ ဘာမှလုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့နိုင်ငံ ဖြစ်နေတာတွေက ဘာရှိရှိ ရှိတာအကုန်တူးတယ်။ အမည်ပဲရှိတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း သစ်တောပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Friday, December 07, 2012

မြန်မာ့ပထမဦးဆုံး သန့်စင်ခန်းပါ ရွှေနန်းတော် အဝေးပြေး ကားသစ်များ ပြေးဆွဲတော့မည်

ရွှေနန်းတော် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ မြန်မာ့ခရီးသွား ဧည့်သည်များ သက်သာလွယ်ကူ အဆင်ပြေစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အဝေးပြေးကားများဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေလတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသုံးပြုထားသော ကားများမှာ Young Man Company ၏ ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်ထားသော ကားသစ်များ ဖြစ်သည့်အပြင် မြန်မာ့ပထမဦးဆုံး သန့်စင်ခန်း ပါဝင်သောကားများ ဖြစ်သောကြောင့် ခရီးသည်များသည် ကျန်းမာရေးအတွက် အဆင်ပြေစေနိုင်သည်။ ကားအတွင်းတွင်လည်း လေယာဉ်ထိုင်ခုံများကဲ့သို့ ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိစေသည့် ထိုင်ခုံများကို ထည့်သွင်း တပ်ဆင်ထားသည်။ ခရီးသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် ခရီးသည်များ အဆာပြေ စားနိုင်ရန်အတွက် ကော်ဖီ၊ အအေးနှင့် မုန့်များစသော အစားအသောက်များကိုလည်း ပြည့်စုံစွာ စီစဉ်ပေးထားပါသည်။ အအေးမခံနိုင်သော ခရီးသည်များအတွက် စောင်များထားရှိပေးခြင်း၊ လူခေါ်ဘဲလ်များ တပ်ဆင်ထားခြင်းကြောင့် လိုအပ်ပါက ဘဲလ်တစ်ချက်နှိပ်ရုံဖြင့် အဆင်ပြေစေနိုင်သည်။ ကျွမ်းကျင်သော ယာဉ်မောင်းများ ငှားရမ်းထားရှိခြင်း၊ ယာဉ်မထွက်ခင် ယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကား၏ ခိုင်ခံ့စွာ တည်ဆောက်ထားခြင်းတို့ကြောင့် ခရီးသည်များအား လုံခြုံမှုကို ပေးနိုင်သည်။ လက်မှတ်များ မှာယူရာတွင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုရေးဆွဲထားသော Central Ticketing System ကို အသုံးပြုသွားမည်ဖြစ်သည်။ ၎င်း System မှာ မြန်မာနိုင်ငံ အဝေးပြေးလမ်းမကြီးများရှိ တိုးဂိတ်နှင့် အခြားအစိုးရ စီမံကိန်းများအတွက် Software များ ရေးဆွဲပေးသော ထိပ်တန်း Programmer ရေးဆွဲပေးထားသောကြောင့် ယုံကြည်စိတ်ချနိုင်သည်။ မကြာမီ အချိန်အတွင်းတွင် Online Ticketing System ကို အသုံးပြုကာ လက်မှတ်များကို တစ်ဆင့်မှာယူနိုင်ရန် စီစဉ်ထားသည်။ ခရီးသည်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Reward Card Program ကို စီစဉ်ထားသည်။ ၎င်းအစီအစဉ်တွင် ခရီးသည်များ အနေဖြင့် ခရီးသည်၏ အမည်နှင့် ခရီးသွား အကြိမ်အရေအတွက်ကို Points များဖြင့် မှတ်ထားပေးမည့် Card တစ်ခု ရယူခြင်းအားဖြင့် အဖွဲ့ဝင်ဖြစ်လာပြီး တစ်ကြိမ် စီးနင်းလိုက်ပါတိုင်း လက်မှတ်အရောင်းဌာနတွင် ပြကာ 10 Points ရယူနိုင်ပါသည်။ မိမိရရှိထားသော Points များဖြင့် ipod, Note book, LCD TV နှင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးစဉ် အစရှိသော လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်သွားနိုင်မည်။ လက်ဆောင် လဲလှယ်နိုင်သည့် သူများကို ‘ရွှေနန်းတော်’ Facebook နှင့် Website တွင် လစဉ်ကြော်ငြာ ပေးသွားမည်။ ခရီးသည်များအတွက် Member card များမှာ Silver Membership Card နှင့် Gold Membership Card ဟု နှစ်မျိုးခွဲထားပြီး အရေအတွက် များလာသည့် ခရီးသည်များကို Gold Membership အဖြစ် ပြောင်းလဲ ပေးသွားမည်။ ယင်းကတ်ကို ရယူခြင်းအားဖြင့် လက်မှတ်ကို ကိုယ်တိုင်သွားရောက် ဝယ်ယူရန် မလိုဘဲ ကြိုတင်မှာယူနိုင်ခြင်း၊ အခါအားလျော်စွာ အထူးဈေးနှုန်းဖြင့် လိုက်ပါစီးနင်းနိုင်ခြင်း စသော အကျိုးခံစားခွင့်များ ရရှိနိုင်သည်။ ဝန်ထမ်းများကိုလည်း ကျန်းမာရေး၊ ပညာရေးနှင့် ငွေကြေးအစရှိသော လိုအပ်သော အကူအညီများ ပေးထားသည်။ မိမိ၏ ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ကူညီဖြည့်ဆည်း ပေးခြင်းအားဖြင့် မိမိ၏ လုပ်ငန်းအပေါ်တွင်လည်း ယုံကြည်အားထားကာ အစဉ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ယဉ်ကျေးသော ဝန်ထမ်းများဖြင့် ခရီးသွားများကို ဆက်ဆံရေးကအစ ပြေပြစ်ချောမွေ့စွာ ဆောင်ရွက်ပေးသွားမည်ဟု သိရှိရကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်

Source : Khit Lu Nge 

2013 ခုနှစ်နာဂပွဲတော် ကိုလဟယ်မြို့တွင်ကျင်းပမည်

၂၀၁၃ ခုနှစ် နာဂပွဲတော်ကို လဟယ်မြို့တွင် ၁၄.၁.၂၀၁၃ မှ ၁၅. ၁.၂၀၁၃ အထိ ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်သို့ ရန်ကုန်နှင့် မန္တလေး မြို့များမှ ၁၂.၁.၂၀၁၃ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ၁၆.၁.၂၀၁၃ နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။ 

နာဂပွဲတော်သည် နာဂတိုင်းရင်းသားများ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်ပြီး တစ်နှစ်တာလုံး ကြုံတွေ့ရသည်များကို ဆွေးနွေးဖလှယ်ကြသည်။ လာမည့်နှစ်တွင် ဆောင်ရွက်ရမည့်ကိစ္စများကို တိုင်ပင်ကြသည်။ နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများစေကြောင်း၊ ရာသီဥတုကောင်းမွန်စေကြောင်း၊ အဖျားအနာကင်းပြီး ချမ်းသာသုခရရှိစေကြောင်းများ ဆုတောင်းကြသည်။ အရောင်းအ၀ယ်ကိစ္စမှ ပေးရန်၊ ရရန်ကြွေးမြီများကိုလည်း ပွဲတော်တွင် ရှင်းလင်းကြသည့် အလေ့အထများပင်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
ယခင်က ကျေးရွာအလိုက်၊ မျိုးနွယ်စုအလိုက် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးသည့် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတွင် မိရိုးဖလာမပျက် ကျင်းပခဲ့ပြီး ၁၉၈၉ ခုနှစ် နာဂရိုးရာယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၁၉၉၂ ခုနှစ် မှစတင်၍ ဇန်န၀ါရီလ ၁၅ ရက်နေ့တိုင်းကို နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခမ်းနားစွာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။


ယခုနှစ် နာဂပွဲတော်ခရီးစဉ်သို့ လိုက်ပါလိုပါက ၃၁.၁၂.၂၀၁၂ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင် Booking လုပ်နိုင်ကြောင်း သိရှိရပါသည်။ အသေးစိပ် သိရှိလိုပါက ဗိုလ်မှူး မောင်နီ ဖုန်း-(၀၉၂၀၀၁၆၂၂) သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။
 

Lyn Lyn

မြန်မာ - အမေရိကန် ကမ္ဘာအနှံ့ ပထမဆုံး ငွေလွှဲ စတင်

နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေခြင်း လုပ်ငန်းများ ဆောင်ရွက် နေ သည့် အမေရိကန် အခြေစိုက် Western Union Company က မြန်မာ အရှေ့တိုင်းဘဏ် (MOB) နှင့် ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲ ပို့ခြင်းကို စတင် နေပြီ ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ် ၏ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်းက The Voice Weekly သို့ ပြောကြား သည်။

နိုင်ငံခြားမှ လွှဲငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ မြန်မာ ငွေလှဲနှုန်း ကို အခြေခံ၍ Western Union က သတ်မှတ်ကာ မြန်မာကျပ်ငွေ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ပြီး လွှဲငွေ ပမာဏနှင့် အကြိမ် အရေတွက် ကန့်သတ် မှု မရှိကြောင်း ၎င်းက ဆိုသည်

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၁၉ နေရာတွင် ပြုလုပ်သွား မည် ဖြစ်ပြီး ရန်ကုန် မြို့တော်တွင် မြန်မာ အရှေ့တိုင်း ဘဏ်ခွဲ ၈ နေရာတွင် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသား များနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသား များ၏ ငွေလွှဲပို့ခြင်း များကို စတင် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပြည်ပ နိုင်ငံများသို့ လက်ရှိ အချိန် တွင်ငွေလွှဲ၍ မရနိုင် သေးသော်လည်း နောက်ပိုင်းတွင် ရရှိရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေလွှဲ ထုတ်ယူမည့် သူသည် ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်ပြီး မှတ်ပုံတင်၊ တဖက်မှ ငွေလွဲပို့ သူ၏ အမည် အပြည့်အစုံ နှင့် နိုင်ငံအမည်၊ လွှဲငွေ ပမာဏနှင့် ငွေလွှဲသူမှ ငွေလက်ခံသူ ကို ကြိုတင် ပြောကြားထားမည့် MTCN (Money Transfer Control Number) နံပါတ် အတိအကျ စသည်တို့ ပြည့်စုံလျှင် ငွေထုတ်ယူ နိုင်မည်ဖြစ်ကြောင်း MOB ဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိ နေသော နိုင်ငံသား များသည် တရားဝင် နိုင်ငံခြားငွေ လွှဲခြင်းများ အစား ယုံကြည်ရရန် ခက်ခဲသည့် ဟွန်ဒီ ကိုသာ အားကိုး လာခဲ့ရာမှ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် ၁၄ ခုကို နိုင်ငံခြား ငွေလွှဲ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ရာ သမဝါယမ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီ ဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့က ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့နှင့် အပြန်အလှန် ငွေလွှဲခြင်း လုပ် ကိုင်ပြီး မြန်မာ အရှေ့တိုင်း ဘဏ်က ကမ္ဘာအနှံ့ ငွေလွှဲခြင်း စတင် လုပ်ကိုင်လာခြင်း ဖြစ်သည်။

ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို မြန်မာ အရှေ့တိုင်း ဘဏ်ခွဲများ ရှိရာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်တွင်းကြီး၊ တောင်ငူ၊ ပြည်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ မြိတ်မြို့ တို့၌ စက်တင်ဘာ လကုန်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း MOB ဘဏ်မှ စုံစမ်း သိရှိရသည်။


Source : The Voice

Tuesday, December 04, 2012

GadMAI ရန်ကုန်-ဖနွမ်းပင် ပြန်လည် ပြေးဆွဲ

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) လိုင်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ကို ပြန်လည် ပြေးဆွဲနေကြောင်း သိရသည်။ ၄ လခန့် ရပ်နားထားသည့် MAIသည် နှစ်နိုင်ငံ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး အစီအစဉ်အနေဖြင့် စနေနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ MAI အနေဖြင့် ဖနွမ်းပင်မှ ရန်ကုန်သို့ လာရောက်သည့် ခရီးသည်များအတွက် ဆိုက်ရောက် ဗီဇာ ရရှိရန် စီစဉ်နေကြောင်းလည်း သိရသည်။

Source : Irrawaddy

မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခ နှုန်းထားများ ဒီဇင်ဘာ ၅ တွင် ပြောင်းလဲကောက်ခံမည်

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

"နေပြည်တော်ကို အခု လေးသောင်းသုံးထောင်ကျပ် ကျပါတယ် ၊ ဒီဇင်ဘာ ၅ရက်နေ့ကနေ စပြီးတော့ လေးသောင်းငါးထောင်ကျပ် ပြောင်းလဲကောက် ခံမှာ ဖြစ်ပါတယ် "ဟု မြန်မာ့လေကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ ပြောကြားသည်။

အလားတူ အခြားခရီးစဉ်များကိုလည်း ယင်းနေ့တွင် ပင် တစ်ပြိုင် တည်း ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်းသိရသည်။


Source : Yangon Time