Monday, December 17, 2012

ဟိုတယ်ငှားရမ်းခ ဈေးကြီးမြင့်မားခြင်းကြောင့် ခရီးသွားများအတွက် စိုးရိမ်ဖွယ်ဖြစ်

ခရီးသွားလောက၏ စိုးရိမ်စရာကောင်းသောအန္တရာယ်မှာ ဟိုတယ်ခန်းငှားရမ်းခ ဈေးကြီးမြင့်ခြင်းဖြစ်သည်ဟု ခရီးသွားအသင်းမှ ဦးနောင်းနောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းငှားခမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆမတန်ဈေးကြီးမြင့်နေပြီး အိမ်နီးချင်းနိုင်ငံများ၏ 4 Star ဟိုတယ်အခန်းငှားခနှင့် မြန်မာနိုင်နိုင်ငံ၏ 2 Star ဟိုတယ်အခန်းခမှာ ကွာခြားမှုမရှိကြောင်း သိရသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် ပေးရသော အခကြေးငွေနှင့် ရရှိသောဝန်ဆောင်မှုမှာ မမျှတဟုထင်မြင်မည်ကို စိုးရိမ်မိကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။ Travel and Tour ကုမဿပဏီမှ ယခုနှစ်ကုန်အထိ စုစုပေါင်း ၉၀၀ ကျော် ၁၀၀၀ နီးပါးခန့် အ၀င်ရှိပြီဖြစ်ပြီး E-Visa ဖြင့် ၀င်ရောက်မှုမှာ ဆယ်ဂဏန်း (၆၀ ကျော်၊ ၇၀နီးပါး)ခန့်သာရှိကြောင်း သိရသည်။ ယခုနှစ် ခရီးသည်များအနက် တရုတ်နှင့် ထိုင်းအ၀င်များပြီး အနောက်နိုင်ငံများမှ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့ ၀င်ရောက်မှုပိုများကြောင်း သိရှိရသည်။ ထူးခြားသည်မှာ အရှေ့ဥရောပမှ ခရီးသွားများ လာရောက်လည်ပတ်မှု မရှိသလောက်ရှားပါးရာမှ ယခုနှစ်တွင် ပိုလန်၊ရုရှားစသည့် နိုင်ငံများမှ လာရောက်လည်ပတ်မှု ရာခိုင်နှုန်းတက်လာကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြပါရှိပါသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.