Thursday, March 07, 2013

ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီလင်းပိုင် မြန်မာတွင် ၅၁ ကောင်သာ ကျန်ရှိတော့

မြန်မာနိုင်ငံတွင် နောက်ဆုံးကွင်းဆင်း လေ့လာထားသော စာရင်းအရ ဧရာဝတီလင်းပိုင်ကောင်ရေ ၇ဝ ကျော်မှ ၅၁ ကောင်သာ ရှိတော့ကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်း ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနမှ သိရသည်။
”ဒေသခံတွေ ပြောစကားက တော့ ဘက်ထရီရှော့တိုက် ဖမ်းကြ တာအပြင် ငါးကြီးတွေနဲ့ လင်းပိုင် ကို မှားပြီး ဖမ်းကြတာလို့ ပြော တယ်။ အခြား ဘယ်လို အကြောင်း တွေကြောင့် လျော့ကျလဲဆိုတာ ကိုတော့ အခြေအနေပေးခဲ့ရင် နောက်ထပ်တစ်ခေါက် survey ဆင်းဖြစ်ရင် ထပ်လေ့လာဦးမှာပါ” ဟု ယင်းဌာနမှ တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။ ၄င်းတို့သည် တစ်လတွင် နှစ်ခေါက်ခန့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာတွင် လင်းပိုင်ကောင်ရေကို ကွင်းဆင်းစစ်ဆေးပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားကာ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကျောက်မြောင်းတွင် ယခင် ၂၂ ကောင်မှ ယခု ၁၉ ကောင်၊ သပိတ်ကျင်းမှ ရွှေကူမြို့ တွင်ယခင် ၃၇ ကောင်မှ ယခု ၂၇ ကောင်၊ ဗန်းမော်တွင် ယခင် ၈ ကောင် မှ ယခု ၅ ကောင်ပေါင်း ၅၁ ကောင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုအခေါက်တွင် ဖေဖော်ဝါ ရီ ၈ ရက်မှ ၁၈ ရက်အထိ လေ့လာခဲ့ပြီးဆင့်ခမ်းရွာမှ ဗန်းမော်ကိုမူ တစ်နှစ်တစ်ခေါက်သာ လေ့လာသော်လည်း ယခုအခေါက်တွင် လုံခြုံရေး အခြေအနေအရ မြစ်ခွဲ များသို့ မဝင်နိုင်ခဲ့၍ အခြေအနေပေး ပါက ထပ်မံ လေ့လာမည်ဖြစ် ကြောင်း သိရသည်။
”လျော့ကျတဲ့ ကောင်ရေတွေကို သေဆုံးတာလား၊ ပျောက်နေတာလားဆိုတာကို မြစ်ခွဲတွေ မဝင် ခဲ့ရတော့ အတိအကျ ပြောရခက်တယ်” ဟု ဦးဟန်ဝင်းက ထပ်မံ ပြောသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပြီး ထိုထိန်းသိမ်းရေး နယ်မြေသည် စစ်ကိုင်းနှင့် မန္တလေး အကြား ဧရာဝတီမြစ် အစိတ် အပိုင်း၊ မင်းကွန်းနှင့် ကျောက် မြောင်းမြို့အကြား ၇၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည်။
ဧရာဝတီလင်းပိုင်မှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသော မဲခေါင်ဒေသအတွင်း၌ ရှင်သန်ကြပြီး မျိုးသုဉ်းပျောက် ကွယ်နိုင်သော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။


မိုးငယ်
Source : Popular Myanmar

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.