Thursday, April 11, 2013

အိန္ဒိယနိုင်ငံတွင် ကြံ့များကို ကာကွယ်ရန်အတွက် မောင်းသူမဲ့လေယာဉ်များ အသုံးပြု


အိန္ဒိယနိုင်ငံမှ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့သည် ဦးချိုတစ်ခုပါ ကြံ့များကို လက်နက်ကိုင် တိရစ္ဆာန် ခိုးဖမ်းသူများ၏ လက်မှ ကာကွယ်ရန်အတွက် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ သဘာဝ ဥယျာဉ်တွင် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယင်းအဖွဲ့မှ တာဝန်ရှိသူများသည် ဧပြီ ၈ ရက်က Kaziranga အမျိုးသား ဥယျာဉ်တွင် လေယာဉ်များ အသုံးပြု၍ ပျံသန်းခဲ့ပြီး အာသံပြည်နယ်ရှိ ဥယျာဉ်တွင်လည်း တိရစ္ဆာန် ခိုးဖမ်းသူများကို ကာကွယ် တားဆီးရန်အတွက် ပုံမှန် ကြားကာလများ၌ မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ ပျံသန်းသွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ကင်မရာများ တပ်ဆင်ထားပြီး လုံခြုံရေးတပ်ဖွဲ့များက ၁၈၅ စတုရန်းမိုင် ကျယ်ဝန်းသော သဘာဝဥယျာဉ်အတွင်း စောင့်ကြည့်သွားမည် ဖြစ်သည်။
တိရစ္ဆာန် ခိုးဖမ်းသူများ၏ လက်ချက်ကြောင့် ပြီးခဲ့သည့်နှစ်က ကြံ့ ၂၂ ကောင် သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း ကြံ့ကောင်ရေ ၁၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

Source : Myawaddi

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.