Monday, May 13, 2013

မြန်မာ လေကြောင်းလိုင်း ခရီးစဉ် တိုးချဲ့ ပြေးဆွဲမည်

မြန်မာ လေကြောင်းလိုင်း MAI ၏ Air Bus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်း ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ-ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း၊ ခရီးစဉ်အနေဖြင့် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ပြီး မန္တလေးသို့ နံနက် ၇ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ မွန်းလွဲ ၂ နာရီတွင် ပြန်လည် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ယင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အသစ်ပြေးဆွဲမည့် လေယာဉ်သည် ခရီးသည် ၁၂ဝ တင်ဆောင်နိုင်သည့် Air Bus A319 အမျိုးအစား လေယာဉ် ဖြစ်ကြောင်း သိရသည်။

Source : Myawady

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.