Saturday, May 25, 2013

ပြည်ပနိုင်ငံများမှ သံဃာတော်များ ပြည်ဝင်ခွင့် သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီ

ပြည်ပနိုင်ငံများမှ ရဟန်းသံဃာ၊ သီလရှင်များ အနေဖြင့် ပြည်ဝင်ခွင့်ရရှိရန် သာသနာရေးဝန်ကြီးဌာန ထောက်ခံချက် မလိုအပ်တော့ဘဲ သွားရောက်လိုသည့် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပါက ပိုမိုမြန်ဆန်စွာ ရရှိနိုင်ကြောင်း သိရသည်။ ယခင်က ပြည်ဝင်ခွင့်ရရှိနိုင်ရန် ထောက်ခံချက်အတွက် ဗီဇာလျှောက်ထားရာတွင် သံဃာတော်များ၏ သာသနာမှတ်တမ်း မူရင်းနှင့် မိတ္တူ၊ နိုင်ငံကူးလက်မှတ် မူရင်းနှင့်မိတ္တူ၊ ကျောင်းတိုက်ပဓာနနာယက ဆရာတော်၏ ထောက်ခံချက်၊ သက်ဆိုင်ရာ နိုင်ငံမှ ပင့်ဖိတ်စာဖြင့် ဆောင်ရွက်ပေးခဲ့သည်။ သာသနာရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ရဟန်းသံဃာတော်များနှင့် သီလရှင်များ၊ ဘာသာရေး အဖွဲ့များအတွက် ဖြေလျှော့မှုများစွာ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုး ပြုလုပ်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ နိုင်ငံခြားသား ရဟန်း၊ သီလရှင်၊ ယောဂီများ Meditation Visa ဖြင့် ပြည်ဝင်ခွင့်ရရှိရေး၊ ပြည်နေခွင့် သက်တမ်းတိုးခြင်းနှင့် အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ဗီဇာလျှောက်ထားခြင်း၊ ပြည်ပရောက် ရဟန်းသီလရှင်များ ပြည်ဝင်ခွင့်ရရှိရန်များအတွက် သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံချက်များ လျော့ချပေးခဲ့ပြီး ဆက်လက်၍ ဘာသာရေး အသင်းအဖွဲ့များနှင့် ရဟန်း၊ သံဃာတော်များ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင်လည်း ကုန်ပို့လွှာ (Invoice) တင်ပြစရာ မလိုသည့် အချက်များ ဖြေလျော့ပေးခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.