Wednesday, May 29, 2013

အာဇာနည်ဗိမာန်အား အများပြည်သူများ လေ့လာဂါရဝပြုနိုင်ရေးအတွက် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အား ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၂-၂-၂၀၁၃ ရက်တွင် လွှဲပြောင်းရယူပြီး ဖြစ်ပါသည်။ အာဇာနည်ဗိမာန်အား ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်များအရ အများပြည်သူများ လေ့လာ/ဂါရဝပြုနိုင်ရေးအတွက် ၁-၆-၂၀၁၃ ရက်မှစ၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ (က) တနလာင်္နေ့တိုင်းနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် ဖွင့်လှစ်ပါမည်။ (ခ) ဖွင့်ရက်များတွင် နံနက် ၀၈း၀၀ နာရီမှ ညနေ ၁၇း၀၀ နာရီအထိ ဖွင့်လှစ်ပါမည်။ (ဂ) ဝင်ကြေး လူကြီးတစ်ဦးလျှင် ၂၀၀ိ/-နှင့် ကလေးတစ်ဦးလျှင် ၁၀၀ိ/-နှုန်း ကောက်ခံသွားပါမည်။ [ကျောင်းသားများ (မူလတန်းမှ တက္ကသိုလ်) ကျောင်းသားကတ်ပြားဖြင့် အခမဲ့ ဝင်ခွင့်ပြုပါမည်] (ဃ) နိုင်ငံခြားသားတစ်ဦးလျှင် US (၃) ဒေါ်လာနှုန်း ကောက်ခံပါမည်။ (င) အာဇာနည်နေ့တွင် မည်သူမဆို အခမဲ့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.