Saturday, June 22, 2013

ဖိုဝင်းတောင်အနီး အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော ထိန်းသိမ်းရန် သတိပေး တားမြစ်ချက် ထုတ်ပြန်ကြေညာ

မုံရွာခရိုင် ယင်းမာပင်မြို့နယ် ဖိုဝင်းတောင် အနီးဝန်းကျင်ရှိ ဧက ၆၄၀ ရှိသော အင်ကြင်းတောင် ကြိုးပြင် ကာကွယ်တောကို သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်တောသစ်ပင် မပျောက်ကွယ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ အင်ကြင်းတောင် ကြိုးပြင်ကာကွယ်တော မပျောက်ကွယ်စေရေးအတွက် ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းများ မပြုရန် တားမြစ်ထားသလို အိမ်မွေးတိရစ္ဆာန်များအား စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော် ဝင်ရောက်ခြင်းများ မရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြေကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ထူးဆွခြင်း (သို့မဟုတ်) မူလအနေအထားကို ချဲ့ထွင်စေခြင်းများကို လည်းကောင်း၊ ရေစီးရေလာ ပျက်စေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတုဗေဒပစ္စည်း (သို့မဟုတ်) ပေါက်ကွဲစေတတ်သော အရာများအား အသုံးပြုခြင်းများကို တားမြစ်ထားသည်။ သစ်တောအတွင်း မီးကူးစက်ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးသယ်ခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန်များ ထားရှိခြင်း၊ တိရစ္ဆာန်များကို ပစ်ခတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) ငါးဖမ်းခြင်းများကို တားမြစ်ထားသကဲ့သို့ မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း (သို့မဟုတ်) အခြား နည်းဖြင့် ပျက်စီးစေခြင်း၊ ချိုးဖြတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ထွင်းဖောက်ခြင်း (သို့မဟုတ်) သင်းသတ်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားကြောင်း သိရသည်။ အဆိုပါ ကန့်သတ်နယ်မြေအတွင်း တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.