Monday, June 03, 2013

မြစ်ဝကျွန်းပေါ်သွားသင်္ဘောခရီးစဉ်ဈေးတက်မည်

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက မြစ်ဝကျွန်းပေါ်မှာ ပြေးဆွဲ နေတဲ့ ခရီးစဉ်လိုင်း (၁၈) လိုင်းထဲက (၆) လိုင်းရဲ့လက်မှတ်ဈေးနှုန်းတွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့ သိရပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၊ မြန်မာ့လေ ကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်နဲ့ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတို့ဟာ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ ဘတ်ဂျက်ကိုမယူတော့ဘဲ ကိုယ် ပိုင်ငွေနဲ့အသုံးစရိတ်ကို ညှိနေတာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းဟာ မြစ်ဝကျွန်းပေါ်မှာ ပြေးဆွဲနေတဲ့ခရီးစဉ်လှိုင်း အရှုံးပ်ါပြေးဆွဲနေရတဲ့အတွက် ဈေးနှုန်း အနည်းငယ် မြှင့်တင်ရမှာ ဖြစ်ကြောင်းလည်း သိရပါသည်။ 

တိုးမြှင့်ကောက်ခံပြေးဆွဲမည့် ခရီးစဉ်လိုင်းများမှာ ရန်ကုန်-မော် ကျွန်း ၂၀၀၀ ကျပ်၊ ရန်ကုန်-ဘို ကလေး ၁၇၅၀ ကျပ်၊ ရန်ကုန်- လပွတ္တာ ၃၅၀၀ ကျပ်၊ ရန်ကုန်- ဖျာပုံ ၁၅၀၀ ကျပ်နဲ့ ရန်ကုန်-ကျုံ မငေး ၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။

Source : The Hot News

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.