Saturday, July 13, 2013

ကလော၊ ပုဂံနှင့် ရန်ကုန်တို့တွင် ငှက်ကြည့် အခြေခံသင်တန်းများ ဖွင့်မည်

ကမ္ဘာလှည့် ခရီးသွားဧည့်သည် သိသိသာသာ ဝင်ရောက်မှု များပြားလာသော မြန်မာနိုင်ငံ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လျက် အဆိုပါ ခရီးသွားဧည့်သည်များ အများဆုံး သွားရောက် လည်ပတ်ရာ ကလော၊ ပုဂံနှင့် ရန်ကုန်မြို့တို့တွင် ဧည့်လမ်းညွှန်များကို ငှက်ကြည့်ခြင်း အခြေခံသင်တန်းများ မကြာမီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းထံမှ သိရှိရသည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ရှမ်းပြည်နယ် တောင်ပိုင်းဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ မင်္ဂလာခန်းမတွင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်)နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ပုဂံမြို့ လောကနန္ဒာဘုရား၌ ဇူလိုင်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ လည်းကောင်း၊ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမနှင့် လှော်ကားဥယျာဉ်တို့၌ သြဂုတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ လည်းကောင်း အသီးသီးဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်များ၊ ငှက်ကြည့်လေ့လာနည်းများနှင့် ငှက်မျိုးစိတ် ခွဲခြားနည်း၊ ရာသီပြောင်း ဆောင်ခိုငှက်များနှင့် ၄င်းတို့ပျံသန်းရာ လမ်းကြောင်းများ၊ ငှက်ကြည့် မှန်ပြောင်းနှင့် Field Guide စာအုပ် အသုံးပြုနည်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ဘာသာရပ်များကို မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း အသင်းအမှုဆောင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်၊။

Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.