Sunday, September 29, 2013

ဆီဒိုးနား ဟိုတယ်၌ ရုပ်သေးကြိုးဆွဲ ပညာရှင်တစ်ဦး ရုတ်တရက်သေဆုံး

ရန်ကုန် စက်တင်ဘာ ၂၈ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ ဆီးဒိုးနား ဟိုတယ် ပထမထပ် မင်းတုန်းခန်းမ၌ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ရုပ်သေးကြိုးဆွဲ ပညာရှင် တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးကြည်မြင့် ၆၉ နှစ် ရုပ်သေးကြိုးဆွဲ ပညာရှင် ဇေယျသုခလမ်း  မေတ္တာညွန့် ရပ်ကွက်  တာမွေမြို့ နယ်နေသူ ဖြစ်ပြီး ၎င်းသည် ယင်းနေ့ည ၇ နာရီမှ ၇ နာရီခွဲ အထိ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမ၌ ပြုလုပ်သည့် ထိုင်း-မြန်မာ ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံပွဲတွင် ''ထွေးဦး'' မြန်မာ့ရုပ်သေး အဖွဲ့နှင့်အတူ ကပြ ဖျော်ဖြေပြီး၍ ပစ္စည်းများ သိမ်းဆည်းနေစဉ်  ခေါင်းမူး၍  ရင်ဘတ်အောင့်နေကြောင်း ပြောကာ လဲကျသေ ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးကြည်မြင့်တွင် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲ ၎င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါများ ခံစား နေရသူဖြစ်ကြောင်း သိရသည်။

Source : Myawaddy News

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.