Monday, December 23, 2013

အလောင်းတော် ကဿပသို့ ဘုရားဖူးယာဉ်များ ပြေးဆွဲ ပေးလျက်ရှိ

မုံရွာ   ဒီဇင်ဘာ  ၂၂ အလောင်းတော် ကဿပဘုရား သို့ မုံရွာမြို့မှ ဘုရားရင်ပြင်တော် အထိ ဘုရားဖူးလိုသူများ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် လာရောက် ဖူးမြော်နိုင်ပြီဖြစ်ကြောင်း  သိရသည်။
မုံရွာ-အလောင်းတော် ကဿပ  ဘုရားဖူး ခရီးစဉ်တွင်  ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ ယာဉ်လိုင်းများ နေ့စဉ် နံနက် ၄ နာရီတွင် မုံရွာမြို့မှ စတင်ထွက်ခွာပြီး ည ၇ နာရီတွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိကာ တစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁ဝဝဝဝ ဖြင့် မှန်လုံယာဉ်ငယ်များ စတင်ပြေးဆွဲလျက် ရှိသည်။ အလောင်းတော် ကဿပ ဘုရားလမ်းတွင် မုံရွာမြို့မှ ကပိုင်ကျေးရွာ ယာဉ်ရပ်နားစခန်းအထိ ၂၁ မိုင်မှာ မြေပြန့်ခရီးစဉ် ဖြစ်ပြီး ကပိုင်စခန်းမှ ဘုရားရင်ပြင်တော် အထိ တောင်တက်တောင်ဆင်း တောလမ်းခရီးစဉ် ဖြစ်၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ကပိုင်စခန်း၌  ယာဉ်စစ်ဆေးရေး ဂိတ်တစ်ခု ဖွင့်လှစ် စစ်ဆေးသွားမည် ဖြစ်သည်။ ကပိုင်မှ အလောင်းတော် ကဿပ ဘုရားရင်ပြင်တော် အထိ မှန်လုံယာဉ်ကြီး တစ်စီးလျှင် ခရီးသည် ၄၅ ဦး၊ မှန်လုံယာဉ် ငယ်တစ်စီးလျှင် ၃၅ ဦး၊ လိုက် ထရပ်ယာဉ်ငယ် တစ်စီးလျှင် ၁၃ ဦး၊ ဆန်နီနှင့်ဂျစ်ယာဉ်ငယ် တစ်စီးလျှင် ခြောက်ဦး၊ စူပါကာစတန် တစ်စီးလျှင် ၁ဝ ဦး သတ်မှတ်ချက် နှင့်အညီ ခရီးသည်များ တင်ဆောင်   သွားလာခွင့် ရှိကြောင်း သိရသည်။
Source : Myawady

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.