အိန္ဒိယနှင့် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းစေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားပြေးဆွဲမည့် အစီ အစဉ် နားလည်မှု စာချွန်လွှာကို နောက်ဆုံး အဆင့် သဘောတူ လက်မှတ်ထိုးကြကြောင်း အိန္ဒိယ ပို့ဆောင်ဆက် သွယ် ရေး ဝန်ကြီးဌာနက ကြေညာချက်ကို ကိုးကားကာ ဘနားမားသတင်းတွင်ဖော်ပြထားသည်၊ ၅၇၉ ကိုလိုမီတာ ကွာ ဝေး သည့် မဏိပူ ပြည်နယ်မြို့တော် အင်ဖာနှင့် မန္တလေးတို့ကို ၁၄ နာရီကြာ မောင်းနှင်ကာ ပြေးဆွဲမည့် ဘတ်စ်ကား လိုင်းဖြစ် ပြီး၊  လာမည် အောက်တိုဘာလတွင် စတင်နိုင်ဖွယ် ရှိကာ ၂ နိုင်ငံ ခရီးသည် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေး နှစ်ဘက်ကမ်းလှမ်းမှုများရှိကြောင်းလည်း သိရသည်။

Source : Irrawady

ဗိဿနိုးမြို့ဟောင်းရှိ ရှေးဟောင်းသုတေသန တူးဖော်မှုကုန်းတစ်ခု (ဓာတ်ပုံ −ancientpyucities.com)
ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အ ဖြစ် ယူနက်စကိုက သတ်မှတ် လိုက်သောကြောင့် ရှေးဟောင်း မြို့များ ထိန်းသိမ်းရန် ငွေကြေးနှင့် နည်းပညာအကူအညီများ ပိုမိုရရှိ လာမည့်အပြင် စီးပွားရေးအခွင့် အလမ်းများစွာ ဖန်တီးနိုင်တော့ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်များကပြောသည်။
ပျူမြို့ဟောင်း သုံးမြို့ဖြစ် သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် (World Hertiage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်း ပနေသော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီ လာခံ၌ ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထောက်ခံချက်ဖြင့် ပျူမြို့ ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်အဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ရှေးဟောင်းယဉ်ကျေးမှုနယ် မြေများစွာရှိသော်လည်း ယူနက် စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်အဖြစ်အသိအမှတ်ပြုခံရမှုမှာ ပျူမြို့ဟောင်းသုံးမြို့သည် ပထမ ဆုံးဖြစ်သည်။
ယူနက်စကိုက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဟု အသိအမှတ် ပြုလိုက်ပြီးနောက် ယင်းအခြေ အနေကို အသုံးချ၍ အစိုးရအနေဖြင့် စီးပွားရေးအခွင့်အလမ်း ကောင်းများ ဖန်တီးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အခြေခံ၍ စီးပွားရေးအခွင့်အလမ်းများ အကောင်အထည်ဖော်နိုင်သော ကြောင့် နိုင်ငံအတွက် ကောင်းမွန် နိုင်ကြောင်း သမိုင်းပညာရှင်များ က ပြောသည်။
‘‘မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအများစုက ယဉ်ကျေးမှု ကို အခြေခံပြီး စီးပွားရေးကောင်း ကောင်းလုပ်လို့ရတယ်။ ဒေသခံ တွေ အကျိုးရှိစေတဲ့ စီးပွားရေးကို အခြေခံရင် ထိန်းသိမ်းရေးလုပ် ငန်းမှာ ဒေသခံတွေ ပူးပေါင်းပါ ၀င်လာနိုင်တယ်။ အရင်းရှင်တွေ ကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် တော့ သူတို့တွေပူးပေါင်းပါဝင်မှု အားနည်းလာလိမ့်မယ်’’ဟု  သမိုင်း ပညာရှင် ဦးစိုင်းအောင်ထွန်းက ပြောသည်။
‘‘ဒီလို သတ်မှတ်ခံရခြင်း ကြောင့် မြန်မာနိုင်ငံကို ရိုးရိုးအ ပျော်ခရီးလာရောက်လည်ပတ်တဲ့ ကမ္ဘာ့လှည့် ခရီးသည်များအပြင် အရည်အသွေးမြင့်တဲ့ကမ္ဘာ့ခရီး သည်တွေ လာရောက်ကြလိမ့် မယ်။ ဒီရှေးဟောင်းနေရာတွေကို လာရောက်သုတေသနလုပ်မယ့် ပညာရှင်တွေ စတဲ့အများကြီးရောက်လာနိုင်တယ်’’ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ ဒေါ်စံပယ်အောင်ကပြောသည်။
ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာမြို့ဟောင်း သုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေး အကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။
‘‘ဒီကိစ္စက ခရီးသွားလုပ်ငန်း အတွက်ကောင်းတဲ့ အချက်ပဲ။ အခုဆို ပုဂံမှာဆိုရင် လူတွေက ပြုပြင်တာတွေ လွန်ကဲနေတော့ ဟန်လင်းတို့လိုမျိုး အခွင့်အရေး မရခဲ့ဘူး။ ကမ္ဘောဒီးယားက အန် ကောဝပ်ကျောင်းဆိုရင် ဒီလို အမွေအနှစ်စာရင်းဝင်သွားတော့ သူနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက တက်လာတာကို တွေ့ရတယ်’’ ဟု ဒေါ်စံပယ်အောင်ကသုံးသပ် ပြောသည်။
‘‘ပျူမြို့ဟောင်း သုံးမြို့ကိုရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအတွက် အလွန်အမင်းကို အရေးပါလှပါတယ်။ ရွေးချယ်မှုကဒီမြို့တွေကို သင့်တော်မှန်ကန်စွာနဲ့ သေချာစောင့်ရှောက်ထိန်းသိမ်းဖို့ အာမခံပေးမှာဖြစ်ပါတယ်။ မိတ်ဖက်နိုင်ငံတွေဆီက ရန်ပုံငွေတွေနဲ့ ယူနက်စကိုဘက်က ပူးပေါင်းဆောင်ရွက်ပေးမှုကို မျှော်လင့်သင့်ပါတယ်။ ဒီလိုရွေးချယ်ခံရခြင်းဟာ မြန်မာမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာများစွာထဲမှာ ပထမဆုံး ဖြစ်သင့်ပါတယ်။ ပုဂံနဲ့ ရွှေတိဂုံတို့ကတော့ ယူနက်စကိုစာရင်းမှာပါဖို့ တင်သွင်းခဲ့ဖူးတာ အထင်အရှားပဲပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ယူနက်စကိုစာရင်းမှာအတွင်းဝန်ရုံးပတ်လည် နေရာမျိုး၊ ရန်ကုန်မြို့လယ်က နေရာမျိုးလည်း ပါစေချင်ပါတယ်’’ ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ပျူမြို့ဟောင်း သုံးခုသည် ပထမမြန်မာနိုင်ငံ၏ အမှတ်အ သားတစ်ခုဖြစ်သော်လည်း နိုင်ငံ ရေးအခြေအနေကြောင့် ကမ္ဘာ တွင် ဒဏ္ဍာရီဆန်ဆန်ရှိခဲ့ရာမှ ယခုကဲ့သို့ ယူနက်စကိုက အသိ အမှတ်ပြုခြင်းသည် မြန်မာသမိုင်း အစကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပြီး ပျူမြို့ဟောင်းသုံးခုသည် ကမ္ဘောဒီးယားနိုင်ငံရှိ ယူနက်စကို အသိအမှတ်ပြုထားသည့် အန်ကောဝပ် ဘုရားကျောင်းထက် ပို၍ ရှေးကျကြောင်း စာရေးဆရာ ဆရာချစ်စံဝင်းကပြောသည်။
ပျူမြို့ဟောင်း သုံးခုကို ကမ္ဘာက အသိအမှတ်ပြုလိုက် ခြင်းကြောင့် မြို့သုံးခုထိန်းသိမ်း ရေးအတွက်ငွေကြေးရန်ပုံငွေများ နှင့် နည်းပညာများရရှိနိုင်သော ကြောင့် ပြုပြင်ရာတွင် သမိုင်း အထောက်အထားများ ပျောက် ပျက်နိုင်မည်မဟုတ်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။  ယခင်က ယူနက်စကိုနှင့် အလှမ်း ဝေးခဲ့သောကြောင့် ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ပြုပြင်ခဲ့ရာ ပုဂံတွင် ရှေးဟောင်းလက္ခဏာများပျက် ယွင်းခဲ့သည်များ ရှိခဲ့သော်လည်း ပျူမြို့ဟောင်းသုံးခုသည် ပုဂံကဲ့ သို့ ဖြစ်ပေါ်လာနိုင်တော့မည်မ ဟုတ်ကြောင်း ဆရာချစ်စံဝင်းက ပြောသည်။
‘‘အခုဆို ပျူမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ်ဝင်သွားပြီ။ ကျွန်တော်တို့တွေ အားလုံး ပူးပေါင်း ပြီး ပျူယဉ်ကျေးမှု အမွေအနှစ် တွေကိုလည်း ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားရမယ်။ မြန်မာကို ကမ္ဘာ့က သိလာပြီး နိုင်ငံအတွက်လည်း ဂုဏ်ရှိသလို ဒေသခံတွေအတွက်လည်း များ စွာအကျိုးဖြစ်ထွန်းလာမယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်ကဆိုသည်။
‘‘အရေးကြီးတာက ဒီရွေး ချယ်မှုက ဒီပျူမြို့ဟောင်းတွေကိုဘဏ္ဍာရေးနဲ့ နည်းပညာပိုင်းထောက်ပံ့မှုရဖို့နဲ့ ဒီမြို့တွေကို သေချာထိန်းသိမ်းသွားဖို့ ရည်ရွယ်ချက်တွေကို ဖြစ်လာစေမှာပါ။ နောက်အရေးကြီးတာကလည်း ဒါဟာ မြန်မာပြည်ကနေ ယူနက်စကိုစာရင်းမှာ မကြာမီထပ်ပါမယ့်နေရာတွေရှိလာမှာရဲ့ အစပဲ ဖြစ်သေးတယ်ဆိုတာပါ။ ပုဂံမှာလို အခြားရှေးဟောင်းနေရာတွေမှာ လုပ်ခဲ့တဲ့ ခေတ်သစ်အဆောက်အအုံ ပစ္စည်းတွေနဲ့ ရှေးအဆောက်အအုံတွေ ရောထားတာမျိုးအမှားတွေကို အနာဂတ်မှာ ကျွန်တော်တို့ ရှောင်ရပါမယ်’’ ဟု ဒေါက်တာသန့်မြင့်ဦးက သုံးသပ်ပြောကြားသည်။
ပျူမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာ ပျူမြို့ဟောင်း သည် ပျူခေတ်ယဉ်ကျေးမှု အ ထွန်းကားဆုံးမြို့ဟောင်းဖြစ်ပြီး ကုန်သွယ်မှု၊ ယဉ်ကျေးမှုလက်ရာ များ၊ စေတီ၊ မြို့ရိုး၊ ရုပ်ပွားတော် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်သည်။ ရွှေဆံတော် ဘုရား၊ ဘုရားကြီးဘုရား၊ ဘုရား မာဘုရား၊ ဘောဘောကြီးဘုရား၊ ရဟန္တာဂူဘုရားနှင့် မြို့ရိုးနှစ် ထပ်၊ တံခါးပေါက်ဝများစသည် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်ခဲ့သည်။
ဟန်လင်းပျူမြို့ဟောင်းမှာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ ခြင်းကို မြေပြင်တွင် ဖော်ပြရန် အားနည်းချက်များရှိသည်ဟု ထင်ခဲ့ သော်လည်း ICOMOS မှ လာ ရောက်စစ်ဆေးသည့်အခါ ဟန် လင်းမြို့ဟောင်းမှာ မြေအောက် တွင် ပျူခေတ်ယဉ်ကျေးမှုများ ထွန်းကားမှု အခိုင်အမာရှိခဲ့ ကြောင်း သိရပြီး ယခုအခါပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
မြန်မာအစိုးရက ၁၉၉၄ အောက်တိုဘာလတွင် ပျူရှေးမြို့ ဟောင်းသုံးမြို့အပါအ၀င်မြောက်  ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေးဒေသ၊ အင်းဝဒေသနှင့် ဟံသာဝတီရှေး ဟောင်းနေရာနှင့် သဘာဝနေရာ ရှစ်ခုကို ယူနက်စကိုသို့ အဆိုပြု တင်သွင်းခဲ့သည်။
ယင်းရှစ်ခုအနက် မြို့ပြယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့ခြင်း၊ထေရ၀ါဒဗုဒ္ဓဘာသာအစောဆုံး ရောက်ရှိထွန်းကားခဲ့ခြင်း၊ အရှေ့ တောင်အာရှဒေသတွင် အစော ဆုံးထွန်းကားခဲ့သော ရှေးမြို့ ဟောင်းအဖြစ် ထင်ရှားစွာကြွင်း ကျန်ခဲ့ခြင်း၊ ပုဂံခတ်အား အနုပညာလက်ရာယဉ်ကျေးမှုအဆင့် မြင့်မားစွာပေါက်ဖွားလာအောင် မျိုးစေ့ချထားပေးနိုင်ခဲ့ခြင်းတို့၏ အကောင်းဆုံး ပြယုဂ်ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများအား စာ ရင်းတင်သွင်းရန် ၂၀၀၈ခုနှစ်က တည်းက စတင်ဆောင်ရွက်ခဲ့ခြင်း  ဖြစ်သည်ဟု အစိုးရကထုတ်ပြန် သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ တွင် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရန်အတွက် ယူနက်စကိုနှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ မန္တလေးမှ ကျောက်စာ ပေါင်း ၇၂၉ ချပ်ရှိသော မဟာလောကမာရဇိန် စေတီကုသိုလ်တော် ဘုရားများကိုယူနက်စကိုက ကမ္ဘာ့မှတ်တမ်းစာရင်း (Mem-ory of the World) ၀င်အဖြစ် ၂၀၁၃ ခုနှစ်က သတ်မှတ်ခဲ့သည်။
Source : Seven Day Daily News

;;
Creative Commons License