Saturday, July 26, 2014

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ

ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ

ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။

ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေသော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀န်ဆောင်မှုမျိုး ကို မပြုလုပ်ရန် ဇူလိုင် ၂၅ ရက်ညနေတွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

လှလှပပကုမ္ပဏီပိုင် Vintage Luxury Yacht Hotel (ရေပေါ်ဟိုတယ်)မှဝန်ထမ်းများ  ဧည့်သည်ကို ကြိုဆိုရာတွင် ဒူးထောက်ကြိုဆို သည့်ဝန်ဆောင်မှုပေးနေသည့်ပုံ ကို Agoda ခရီးသွားဝက်ဘ်ဆိုက် တွင် ဟိုတယ်ကြော်ငြာအဖြစ် လွှင့်တင်ခဲ့ရာမှ ယင်းပုံစံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်ဟု ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။

ဇူလိုင် ၂၄ ရက်က ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်ပြီး ယင်းဟိုတယ်သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့သည် ဟု ဝန်ကြီးဌာနမှသတင်းထုတ်ပြန် ခဲ့သည်။

ဟိုတယ်ကဝန်ဆောင်မှုပေး ရာတွင် ၁၉၂၀ ပြည့်ဝန်းကျင်က ဥရောပနိုင်ငံများ၌ ဘုရင်နှင့် မိဖုရားများကို ဒူးထောက်အရို အသေ ပေးသော King and Queen Service ကိုဝန်ထမ်းများအား လေ့ကျင့်ပေးပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် စီစဉ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သတင်း ရရှိသည်။

ဇူလိုင် ၂၅ ရက်တွင် ဟိုတယ်တာဝန်ရှိသူများကို နေပြည် တော်ဟိုတယ်/ခရီးဝန်ကြီးဌာန သို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းဝန် ဆောင်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေပေးသောအမူအရာမျိုးဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ထက်ပိုသောဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရသည်မှာ အဆင် မပြေဖြစ်ခြင်းကြောင့် ယင်းဝန်ဆောင်မှုမျိုးကို ရပ်ဆိုင်းရန် သတိပေးခဲ့သည်။

‘‘ဝန်ကြီးဌာနပိုင်းကနေ ဟို တယ် တာဝန်ရှိသူတွေခေါ်ပြီး တော့ပြောတာပါ။ အခု မလုပ် တော့ဖို့။ နောက်လုပ်မယ်ဆိုရင်လည်း အရေးယူသွားမယ်ဆိုပြီး တော့သတိပေးတာပါ’’ဟု ဟို တယ်/ခရီးဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဝန်ဆောင်မှုမှာ ဟို တယ်တွင်အထွေထွေမန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သော အီတလီလူမျိုး Mr.Aless ၏တစ်မူ ထူးကဲသောဝန်ဆောင်မှုဖြစ်ပြီး ယခုအခါ Mr.Aless သည် အလုပ်ထွက်သွားပြီဟုဆိုသည်။

ထို့အပြင် ယင်းဟိုတယ်၏ အလုပ်ရှင်အလုပ်သမား သဘော တူစာချုပ်တွင်လည်း သုံးလ မပြည့်မီအလုပ်ထွက်ပါက ကျပ် သိန်း ၁၀၀ လျော်ရမည်ဆိုသော အချက်များ၊ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်ခြင်းကိုခွင့်မပြုဘဲအလုပ်ထုတ်မည့်အပြင် ဟိုတယ် သို့နှစ်ဦးစလုံးကကျပ် သိန်း ၁၀၀ ပေးလျော်မည်စသည့် အချက်များကိုမကျေနပ်၍ အလုပ်သမားအချို့ စာချုပ်မချုပ်မီ အလုပ်ထွက် ခြင်းများရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေပေါ်ဟိုတယ်ရှိ တာဝန်ရှိသူများ ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ယူဖြေကြားပေးခြင်း မရှိခဲ့ဘဲ ယင်းကိစ္စကို လတ်တလော တွင် ဖြေကြားပေးသွားမည်မ ဟုတ်ဟု ပြောကြားသည်။
 

Source : 7 Day News

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.