Thursday, October 26, 2017

တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်း

မြန်မာပြည်ရဲ့ ပထမဆုံး ကယောဒေသ ခရီးသွားနယ်မြေသစ်ဆိုပြီး YAW 45 Environment Tour Family က စီစဉ်ပေးနေတဲ့ တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်းဆိုတာကို ညွှန်ပေးချင်ပါတယ်။ ဒီခရီးစဉ်မှာ သွားရမယ့်နေရာကို ကယောဒေသလို့ ခေါ်ကြတဲ့အပြင် ဟိုယာဒေသလို့လည်း ခေါ်ကြပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေဟာ ပြင်ပကလူတွေနဲ့ အဆက်အစပ်မရှိကြသလို သူတို့ ရိုးရာဓလေ့အတိုင်း နေထိုင်ကြတာပါ။ တောင်ယာ လုပ်တယ်။ အမဲလိုက်တယ်။ အဝတ်အစားကိုလည်း ရိုးရာ အတိုင်း ဝတ်ကြပါတယ်။ ခရီးစဉ်အတွင်း ကယောဒေသမှာရှိတဲ့ ဆင်ဖြူတောင်၊ ပရူးနူးဂူကို ရောက်ရှိမယ့်အပြင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကိုလည်း လည်ပတ်ရမှာပါ။ တောတောင်တွေကို ဖြတ်သန်းသွားရမှာဖြစ်သလို ခါးလောက်ရှိတဲ့ ရေတောထဲလည်း ဖြတ်သွားရမှာကြောင့် ခရီးစဉ်က ကြမ်းပါတယ်။ ညအိပ်တဲ့အခါ လေအရမ်းတိုက်နေတဲ့ တောင်ပေါ်မှာ အိပ်စက်ရမှာ။ အစားအသောက်ကအစ ဖက်ရွက်ပေါ်မှာ ပုံစားရမှာဖြစ်ပါ တယ်။ ကယော (ကယား) လူမျိုးတွေရဲ့ ရိုးရာခေါင်ရည်ကို အဝသောက်ရမယ့်အပြင် အသားနဲ့ အသီးအရွက်အစုံပါတဲ့ ပူစပ် ပူလောင် ရိုးရာစာတွေချည်းစားရမှာပါ။ ရိုးရာစာ မစားနိုင်သူများ အတွက် အခြားအစားအစာကို အဆင်ပြေအောင် စီစဉ်ပေးမှာပါ။

ခရီးစဉ်ဟာ အပျော်ခရီးဆိုတာထက် ခပ်ကြမ်းကြမ်းဒဏ်ကို ခံနိုင်ပြီး စွန့်စားတတ်တဲ့သူတွေ သွားကြမယ့်ခရီးဖြစ်တာကြောင့် ခရီးသွားတဲ့အခါ အကြမ်းစီးဘွတ်ဖိနပ်၊ မိုးကာ၊ အနွေးထည်၊ ဓာတ်မီး (ခေါင်းစွပ်ဓာတ်မီး)၊ Power Bank ၊ ဖုန်းရေစိုခံအိတ်နဲ့ သောက်သုံးနေကျ ဆေးဝါးတွေကို မပါမဖြစ်အတူသယ်သွားပါ။ ခရီးစဉ်တစ်လျှောက်လုံးအတွက် အလှဓာတ်ပုံ၊ Snap ပုံ အရေအတွက် အကန့်သတ်မရှိ ရိုက်ပေးမယ့်အပြင် ခရီးစဉ်တစ်လျှောက်လုံး သွားလာစရိတ်၊ တည်းခိုနေထိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ် ဆေးဝါးပစ္စည်း စတာတွေ အတွက် တစ်ဦးကို တစ်သိန်းခုနစ်သောင်းကျပ်နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ လတ်တလောမှာ YAW 45 က အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ သုံးရက်ခရီးစဉ် စီစဉ်ထားပါတယ်။ ခရီးစဉ်ကို ရန်ကုန်ကနေ ညနေပိုင်းမှာထွက်ပြီး နောက်တစ်နေ့ နံနက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့ကိုရောက်ကာ ကယောဒေသကို ထပ်သွားရမှာပါ။ ကယောရောက်တဲ့အခါ ကယောလူမျိုးတွေ ရိုးရာအတိုင်း ဓလေ့အတိုင်း ဝတ်စားဆင်ယင်နေထိုင်တဲ့ ထေခိုရွာကို အရင်ဆုံးရောက်မှာဖြစ်ပြီး ကယောလူမျိုးတွေရဲ့ နေ့စဉ်နေထိုင်မှုဘ၀တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ထေခိုရွာကနေ တောတွင်းခရီးကြမ်းလမ်းလျှောက်မှုကို စတင်မှာဖြစ်ပြီး ဆင်ဖြူတောင်ပေါ်တက်ရင်း နေဝင်ချိန်ကြည့်ရမှာ ဖြစ်ပါတယ်။ တောင်ပေါ်မှာပဲ ရွက်ဖျင်တဲနဲ့ အိပ်ရမယ့် အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။ ဆင်ဖြူတောင်မှာ ညအိပ်နားပြီး နောက်တစ်နေ့မနက်မှာ နေထွက်ချိန်အလှကိုခံစားပြီး လယ်ကွင်းတွေ ချောင်းတွေ ဖြတ်ရမှာပါ။ တောနက်တွေကို ဖြတ်ပြီး ပရူးနူးဂူလို့ခေါ်တဲ့ ဂူရှည်ကြီးတစ်ဂူကိုရောက်မှာပါ။ ဂူတွင်းထဲမှာ စီးနေတဲ့ချောင်း၊ ဂူတွင်း ရေတံခွန်တွေ၊ နှစ်ရာချီ၊ ထောင်ချီ ကျောက်စက်ပန်းဆွဲတွေ ရဲတိုက်ကြီးလိုဖြစ်နေတဲ့ ကျောက်နံရံ အထပ်ထပ်တွေနဲ့ အလွန်လှတဲ့ဂူကြီးဖြစ်ပါတယ်။ ဂူကိုလေ့လာပြီးရင်တော့ ညကို ဆင်ဖြူတောင် ပြန်အိပ်ရမှာပါ။ ခရီးစဉ်ရဲ့နောက်ဆုံးနေ့ ရန်ကုန်ပြန်တဲ့အခါမှာ ကယောဒေသ၊ ကယားပြည်နယ်တို့ရဲ့ အလှတွေအပြင် နာမည်ကြီး ပေါင်းလောင်းလမ်းကိုဖြတ်ပြီး ပြန်ရဦးမှာဖြစ်ပါတယ်။ ခရီးစဉ်ကို တစ်လကိုတစ်ကြိမ်ပုံမှန်ထွက်နိုင်ဖို့ စီစဉ်ထားမှာ ဖြစ်ပြီး ခရီးသွားလိုသူများမယ်ဆိုရင်တော့ နှစ်ပတ်တစ်ကြိမ် တိုးချဲ့ပြီး ခရီးထွက်ပေးမှာဖြစ်ပါတယ်။ ခရီးစဉ်ကို လူဦးရေကန့်သတ်ထားတာကြောင့် ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းချင်ရင်ဖြစ်စေ၊ ခရီးစဉ်အတွက် စာရင်းပေးချင်ရင်ဖြစ်စေ ဖုန်း ၀၉- ၂၅၂၂၂၂၈၅၀၊ ၀၉- ၇၇၈၉၅၅၅၁၀၊ ၀၉- ၉၆၅၅၁၉၃၇၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။ Source : The Voice Journal

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.