Sunday, March 24, 2019

Shwe Oo Kwin Trip

Unicode
ဒီတစ်ခေါက်တော့ စက်ဘီးဝါသနာရှင်တွေ အတွက်ကမ်းခြေမှာ အပန်းဖြေရင်း ကျေးလက် သဘာဝရှုခင်းတွေကြည့်ပြီး စက်ဘီးစီးနိုင်မယ့် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ ဂွမြို့နယ်ထဲက Offroad လမ်းကြောင်းလေးတစ်ခုကို နောက်ထပ် တင်ပြချင်ပါတယ်။ အဲဒီလမ်းကြောင်းကတော့
နာမည်ကျော် ကမ်းသာယာကမ်းခြေကနေ သွားမယ်ဆိုရင်ဖြင့် ၄ မိုင်လောက်သာသွားရပြီး သိပ်မဝေးလှတဲ့ ဘာလီချောင်၊ ရွှေဦးကွင်းရွာလမ်းဖြစ်ပါတယ်၊ လမ်းကြောင်း အနေအထားကတော့ ကမ်းသာယာကနေ ၃မိုင်ကျော်လောက်စီးရပြီး လမ်းကတော့ မြေသားနဲ့ ကျောက်ရောထားတဲ့လမ်းဖြစ်ပါတယ်။ ကျနော်ကတော့ ကမ်းသာယာကနေစီးတာ မဟုတ်တဲ့အတွက် အသွားအပြန် ၂၃ မိုင်လောက် စီးခဲ့ရပါတယ်။ လမ်းတစ်လျှောက်မှာတော့ ကျေးရွာလမ်းဖြစ်တဲ့အတွက် ကျေးလက်လူနေမှုသဘာဝကို တွေ့မြင်နိုင်ပြီး သဘာဝဒီရေတောနဲ့ လှပနေတဲ့ချောင်းလေးတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။ ရွှေဦးကွင်းကနေမှ ဆက်သွားလျင်တော့ Down Hill သမားတွေ စိတ်ကြိုက်ဖြစ်စေမယ့် လမ်းကြောင်းတစ်ခု ရှိပါသေးတယ် အဲဒီလမ်းကြောင်းကိုတော့ ကိုယ်တိုင်မစီးခဲ့ရသေးတဲ့အတွက် နောင်များမှ ဆက်လက်ဖေါ်ပြပေးပါ့မယ်ခင်ဗျား။
စက်ဘီးဝါသနာရှင်များအားလေးစားလျှက်


Zawgyi
ဒီတစ္ေခါက္ေတာ့ စက္ဘီးဝါသနာရွင္ေတြ အတြက္ကမ္းေျခမွာ အပန္းေျဖရင္း ေက်းလက္ သဘာဝရႈခင္းေတြၾကည့္ၿပီး စက္ဘီးစီးႏိုင္မယ့္ ရခိုင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းတဲ့ ဂြၿမိဳ႕နယ္ထဲက Offroad လမ္းေၾကာင္းေလးတစ္ခုကို ေနာက္ထပ္ တင္ျပခ်င္ပါတယ္။ အဲဒီလမ္းေၾကာင္းကေတာ့ နာမည္ေက်ာ္ ကမ္းသာယာကမ္းေျခကေန သြားမယ္ဆိုရင္ျဖင့္ ၄ မိုင္ေလာက္သာသြားရၿပီး သိပ္မေဝးလွတဲ့ ဘာလီေခ်ာင္၊ ေ႐ႊဦးကြင္း႐ြာလမ္းျဖစ္ပါတယ္၊ လမ္းေၾကာင္း အေနအထားကေတာ့ ကမ္းသာယာကေန ၃မိုင္ေက်ာ္ေလာက္စီးရၿပီး လမ္းကေတာ့ ေျမသားနဲ႔ ေက်ာက္ေရာထားတဲ့လမ္းျဖစ္ပါတယ္။ က်ေနာ္ကေတာ့ ကမ္းသာယာကေနစီးတာမဟုတ္တဲ့အတြက္ အသြားအျပန္ ၂၃ မိုင္ေလာက္ စီးခဲ့ရပါတယ္။ လမ္းတစ္ေလွ်ာက္မွာေတာ့ ေက်း႐ြာလမ္းျဖစ္တဲ့အတြက္ ေက်းလက္လူေနမႈသဘာဝကို ေတြ႕ျမင္ႏိုင္ၿပီး သဘာဝဒီေရေတာနဲ႔ လွပေနတဲ့ေခ်ာင္းေလးေတြကို ၾကည့္ရႈခံစားႏိုင္ပါတယ္။ ေ႐ႊဦးကြင္းကေနမွ ဆက္သြားလ်င္ေတာ့ Down Hill သမားေတြ စိတ္ႀကိဳက္ျဖစ္ေစမယ့္ လမ္းေၾကာင္းတစ္ခု ရွိပါေသးတယ္ အဲဒီလမ္းေၾကာင္းကိုေတာ့ ကိုယ္တိုင္မစီးခဲ့ရေသးတဲ့အတြက္ ေနာင္မ်ားမွ ဆက္လက္ေဖၚျပေပးပါ့မယ္ခင္ဗ်ား။
စက္ဘီးဝါသနာရွင္မ်ားအားေလးစားလွ်က္

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.