အာရှတိုက်မှ စောင့်ရှောက်ထိန်းသိမ်းရမည့် ရှားပါးသမိုင်းဝင်ယဉ်ကျေးမှုေ ဒသ ဆယ်ခုအနက်က တခုအဖြစ် မြန်မာနိုင်ငံရှိ
ရခိုင်ပြည်နယ်မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရန်ပုံငွေအဖွဲ့ Global Heirtage Fund က မေလ လေးရက်နေ့က သတ်မှတ်ကြေငြာလိုက်ပါသညိ။
ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ထိုင်းနိုင်ငံရှိ အယုဒ္ဓယ၊ ပါကစ္စတန်နိုင်ငံရှိ တက္ကသီလာ ဗုဒ္ဓနယ်မြေတို့နှင့်အတူ ယခုကဲ့သို့
သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ အသေးစိတ်မထုတ်ပြန်သေးသော်လည်း မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းစေတီပုထိုးများကို Global Heirtage Fund ကကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖွယ် ရှိသည်ဟု ရခိုင်ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးက ဆိုသည်။
“အရင်စစ်အစိုးရတုန်းက အဲဒီဒေသကဘုရားတွေကိုဖျက်ပြီး ရထားလမ်းဖောက်ဖို့လုပ်သေးတယ်။ မြို့ခံတွေကသက်ဆိုင်ရာကို တင်ပြတောင်းဆိုလို့ ရပ်သွားတယ်။ အခုလို စနစ်တကျစောင့်ရှောက်ခံရမယ်ဆိုေ တာ့ အားတက်မိတယ်” ဟု ဆက်လက်ပြောသည်။
မြောက်ဦးမြို့ သည် ၁၇ ရာစုနှစ်မှာ ထင်ရှားကျော်ကြားခဲ့သော “ရခိုင်ရှေးမြို့ ဟောင်း” ဖြစ်ပြီး လက်ရာမြောက်လှသော ရှေးဟောင်းဘုရားများကြောင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသောခရီးသွားဒေသတစ်ခု ဖြစ်ပါသည်.။ သို့သော်လည်း ရန်ကုန်မှစစ်တွေသို့ကားဖြင့်တိုက်ရိုက်သွားနိုင်ပြီး အခြားနည်းလမ်းအနေဖြင့် ရန်ကုန်မှသံတွဲသို့ လေယာဉ်ဖြင့် သွားရောက်ကာ ထိုမှတစ်ဆင့် သင်္ဘောပြန်စီးပြီးမှ သွားရသောကြောင့် ခရီးသွားလုပ်ငန်းမှာ ထင်သလောက် တိုးတက်မှုမရှိဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဒေါ်ချောချောကြေးမုံက ပြောကြားသည်။
ရန်ကုန် မှ စစ်တွေ ကို ရန်ကုန်- သံတွဲ လေယာဉ် စီးပြီးမှ စစ်တွေဆိပ်ကမ်းမှ မြောက်ဦး မြို့ ကို ၅ နာရီ ခန့် မော်တော် အသေးစားလေး များစီးရပါသည်။ မြောက်ဦး မြို့ သည် မီး မှန်မှန် မလာသော မြို့ ဖြစ်ပါသည်။
ချောချောကြေးမုံ
2 Comments:
-
- Anonymous said...
May 7, 2012 at 7:40 PMhttp://www.thithtoolwin.com/2012/05/global-heritage-fund.html#.T6e0ZUp5LJg.link- Anonymous said...
May 7, 2012 at 7:40 PMhttp://www.thithtoolwin.com/2012/05/global-heritage-fund.html#.T6e0ZUp5LJg.link
Subscribe to:
Post Comments (Atom)
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.