Sunday, September 20, 2020

တောတောင်အလှနှင့်ဆင်ကူးရွာစက်ဘီးခရီး

ကိုဗစ်ကာလမှာ စက်ဘီးမစီးဘဲလည်း မနေနိုင် လမ်းပေါ်လဲသိပ်မသွားချင် Off-road မစီးရတာလဲကြာပြီဆိုတော့ ယခုတခေါက်မှာ MTB လေးနဲ့ ရိုးမအနီးကနေသွားရတဲ့ ဆားချက် - ဆင်ကူး လမ်းကို Solo စီးဖြစ်သွားတယ်။ ဒီလမ်းကြောင်းကို ယခုမှစစီးတာဆိုတော့ Google Map ကြည့်တော့ လမ်းကြောင်းလည်းမထင်ရှား၊ မြေပြင်အနေအထားလည်းမသိပဲသွားရတာမို့ ကိုယ့်အတွက်တော့ အသစ်အဆန်းဖြစ်ပါတယ်။