Sunday, April 12, 2020

တိမ်မြုပ်နေသောရှေးဟောင်းနယ်မြေ (သို့) ရွာကောက်ရ

 
ယခုတစ်ခေါက်တော့ သင်္ကြန်အကြိုနေ့လေးမှာ ကျိန္တလီမြို့နယ်ထဲက ရွာဟောင်းတစ်ခုဖြစ်သော ကောက်ရ ရွာဟောင်းက ရှေးဟောင်းစေတီတော်ပုထိုးတွေဆီကို စက်ဘီးစီးရင်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီခရီးက သိပ်မဝေးပေမယ့် အသွားအပြန် ၂ ကီလိုမီတာလောက်သွားခဲ့ရပါတယ်။ မနက် ၆ နာရီလောက်ကနေ အိမ်ကနေ စက်ဘီးနဲ့စထွက်ခဲ့ပြီး ရတနာမြိုင်မှာ မနက်စာအဖြစ် လဖ္ဘက်ရည်သောက်ခါ ခဏနားပြီး ကံ့ကော်တောင်ရွာကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ကံ့ကော်တောင်ရွာ စက်ဘီးလမ်းအကြောင်းကိုတော့ အရင်ပိုစ်တစ်ခုမှာ ရေးသားခဲ့ပြီးပါပြီ။