Sunday, April 21, 2024

ရိုးမထဲမှရွာလေးသို့ Adventure ခရီး

Photo: LMM

Off-road မစီးဖြစ်တာကြာနေလို့ တစ်ခါမှမစီးဖြစ်သေးတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး Adventure ဆန်ဆန် 45 kilo Solo စီးဖြစ်ခဲ့တယ်။ မနက်စောစောထပြီး အလင်းရောင်စပေါ်ခါစမှာ စက်ဘီးနဲ့ စထွက်ခဲ့ပြီး ဂျိုင်ကောက်ရွာမှာ မနက်စာဝင်စားပြီးမှ ခရီးဆက်ခဲ့ပါတယ်။ ရန်ကုန်-သံတွဲလမ်းမပေါ်ကနေ ဆားချက်ရွာကိုသွားတဲ့ ရွာလမ်းအတိုင်း Off-road လမ်းကို စစီးခဲ့ပါတယ်။