Showing posts with label Remembrance. Show all posts
Showing posts with label Remembrance. Show all posts
Tuesday, July 12, 2011
Sunday, December 05, 2010
Batu Caves သို့အလည်သွားခြင်း
| Batu Caves, Malaysia |
Saturday, December 26, 2009
Jurong Bird Park သို့အမှတ်တရ
![]() |
| Jurong Bird Park Singapore |
Friday, October 23, 2009
Window 7 နှင့်စတင်မိတ်ဆက်ခြင်း

ဒီပို့စ်ကို တင်ဖြစ်တာကတော့ ဘာရယ်လို့မဟုတ်ဘူး။ Window 7 ကိုတရားဝင် စတင်ရောင်းချပြီ ဖြစ်တဲ့အကြောင်း ဖတ်လိုက်ရတော့ Window 7 နဲ့အမှတ်တရ အဖြစ်အပျက်ကို သတိရလိုက်မိလို့ပါ။ ကျွန်တော် အရင်သုံးနေတဲ့ PC အဟောင်းလေး မရှိတော့တဲ့နောက်ပိုင်း Laptop Second Hand တစ်လုံးဝယ်ဖို့ ကိုဝဏ္ဏကိုမေးကြည့်တော့ သူ့အသိတစ်ယောက်ဆီမှာ ရနိုင်တယ်ဆိုတာနဲ့ သူ့ရှိတဲ့ Black Gong ကိုလိုက်သွားလိုက်တယ်။ ဟိုရောက်တော့ ကိုဝဏ္ဏက သူလဲ Notebook အသစ်တစ်လုံး ၀ယ်ထားတယ်ဆိုပြီး Dell အမှတ်တံဆိပ် Notebook တစ်လုံးထုတ်ပြပါတယ်။ သူ့ကွန်ပြူတာကို ဆိုင်ကနေပြီး Window 7 Update လုပ်ပေးလိုက်တယ်ဆိုပြီး ဖွင့်ပြတော့ ကျွန်တော်လဲ အဲဒီ့ Window ကို တော်တော်လေး သဘောကျမိသွားတယ်။ ခဏနေတော့ မြန်မာဆိုင်တစ်ဆိုင်မှာ နှစ်ယောက်သား ရောင်းမယ်ဆိုတဲ့ Laptop ကိုသွားကြည့်ကြပါတယ်။ သူပြတဲ့ Second Hand Laptop နှစ်လုံးထဲက P4 တစ်လုံးကို ကြိုက်ပါတယ်။ ဒါပေမယ့် Keyboard ကသိပ်မကောင်းပါဘူး။ Keyboard လဲလို့အဆင်ပြေမလားမေးကြည့်တော့ Keyboard အပိုမရှိဘူးတဲ့။ ဒါနဲ့ အပြင်မှာလဲမယ်ဆိုပြီး ကိုဝဏ္ဏကပဲ သူ့အသိ ကွန်ပြူတာဆိုင်တစ်ဆိုင်ကို ဖုန်းလှမ်းဆက်မေးတော့လဲ အဲဒီ့ဆိုင်မှာလဲ အမျိုးအစားတူ Keyboard မရှိပါဘူး။ တကယ်လို့ Keyboard လဲမယ်ဆိုရင်လဲ အနည်းဆုံး RM 50 လောက် ကျသင့်မှာဖြစ်လို့ Second Hand တစ်လုံးတင်ပဲ RM 800 ကျော်နေပါပြီ။ ဒါကြောင့် ကိုဝဏ္ဏလို RM 1800 ၀န်းကျင် Notebook အသစ်တစ်လုံးဝယ်ဖို့ကို အာရုံရသွားမိတယ်။
ဒါကြောင့် ကိုဝဏ္ဏကို အသစ်ပဲသွားဝယ်ချင်တဲ့အကြောင်း ပြောလိုက်တော့ မအားလပ်တဲ့ကြားက လိုက်ခဲ့ပေးပါတယ်။ သူ့အသိဖြစ်တဲ့ ကိုဇော်မျိုးအောင်ကိုပါ အဖေါ်ခေါ်ပြီး ဘဏ်မှာ ပိုက်ဆံသွားထုတ်ကာ Plaza Low yat ကို ထွက်လာခဲ့ကြပါတယ်။ Plaza Low yat မှာလဲ ဟိုကြည့်ဒီကြည့်နဲ့ Notebook တွေလိုက်ရွေးရင်း HPှပြခန်းဘက်ရောက်ခဲ့ပါတယ်။ ပထမတော့ HP လိုချင်တာပဲ ဒါပေမယ့် ပါလာတဲ့ငွေနဲ့ လုံလောက်ပြီး ကောင်းကောင်းသုံးလို့အဆင်ပြေနိုင်မယ့် Compaq ကိုပဲရွေးလိုက်ရတယ်။ HP ကတော့ RM 2400 ၀န်းကျင်လောက်ရှိတာမို့ အဲလောက်မတတ်နိုင်ဘူးလေ။ Compaq CQ35 ကတော့မဆိုးလှဘူးပြောရပါမယ်။ ကိုယ်လိုချင်တဲ့ Core 2 Duo အမျိုးအစားမို့လို့ ဈေးလဲသင့်တယ်လို့ထင်တာနဲ့ RM 1999 တန် OS Free Compaq Notebook ကိုပဲဝယ်လိုက်တော့တယ်။ ကျွန်တော်ရွေးတဲ့ Notebook က DOS Free ဆိုတော့ ဘာ Window မှ မပါပါဘူး။ ကိစ္စတော့မရှိပါဘူး ကိုယ့်ဘာသာပဲ အပြင်က RM 10 တန် Window Copy တစ်ချပ်ဝယ်ပြီး တင်လိုက်မယ်ဆိုပြီး ဈေးတွက်တွက်လိုက်ပါတယ်။ ဆိုင်မှာတင်ရင်တော့ Original Vista Window ကို RM 300 ထပ်ဆောင်းပေးရမှာလေ။ ကိုဇော်မျိုးအောင်ကလဲ သူ့အိမ်မှာ Window CD ရှိတဲ့အကြောင်းပြောတော့ သူ့အိမ်ရောက်မှပဲ Window တင်တော့မယ်ဆိုပြီး ကိုဇော်မျိုးအောင်အိမ်ကို လိုက်သွားပါတယ်။
သူ့အိမ်ရောက်တော့ သူ့ဆီမှာရှိတဲ့ Window CD တွေထုတ်ပေးပါတယ်။ Vista သွင်းမလား Window 7 သွင်းမလားဆိုပြီးပြောပါတယ်။ ကျွန်တော်ကတော့Vista Window ကိုသိပ်မကြိုက်ပါဘူး။ ရုံးကအသစ်ဝယ်လာတဲ့ စက်တွေကိုတောင် Window XP ပဲပြန်ပြောင်းတင်တာပါ။ ကိုဝဏ္ဏကတော့Window 7 တင်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော်ကလဲ Window 7 ကိုသုံးကြည့်ချင်တာကြောင့် Window 7 64bit Ultimate ပဲတင်လိုက်တယ်။ အစအဆုံး အဆင်ကိုပြေလို့။ ထူးဆန်းတာက Serial Key လုံးဝမတောင်းပါဘူး။ ကိုဇောင်မျိုးအောင် မေးကြည့်တော့လဲ အခွေသာဝယ်ထားပြီး တစ်ခါမှ Install မလုပ်ဖူးတော့ မသိဘူးတဲ့။ Serial Key မတောင်းဘူးဆိုတော့ ဟုတ်မှဟုတ်ရဲ့လားမသိဘူးဆိုပြီး တထင့်ထင့်နဲ့။ ၀င်းဒိုးတက်တော့မှပဲ စိတအေးရတော့တယ်။ လိုအပ်တဲ့ Software တွေကိုတော့ အိမ်ရောက်မှ ထပ်သွင်းတော့မယ်ဆိုပြီး ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ လိုအပက်တဲ့ ဆော့ဖ်ဝဲလ်တွေသွင်းပြီး နောက်ဆုံး iTunes လဲသွင်းရော Window က ပြဿနာတက်ပါလေရော။ iTunes လဲ Run ရော စက်ဟမ်းသွားပါတယ်။ ပြန်ပိတ်ပြီးဖွင့်တော့လဲ Window တက်ပြီး Desktop ပေါ်တဲ့အထိတက်လာပြီး ပြန်ပြန်ဟမ်းသွားပါတယ်။ စိတ်လဲ အတော်လေး ညစ်သွားတယ်။ ကိုယ်က ကွန်ပြူတာ သုံးနေပေမယ့် Professional တစ်ယောက် မဟုတ်တော့ တခြားနည်းလမ်းလဲ မတွေးတတ်တော့ဘူး။ ကွန်ပြူတာ အစစ်စက်စက်လေး ၀ယ်လာပြီး သုံးဖို့တပြင်ပြင် လုပ်နေကာမှ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်တစ်နေ့ ရုံးဆင်းတာနဲ့ ကိုဇော်မျိုးအောင်ဆီ ပြန်သွားလိုက်တယ် သူ့ဆီက Window 7 အခွေပြန်တောင်း format လုပ်ပြီး အစကနေ ၀င်းဒိုးပြန်တင်မှပဲ Serial Key တောင်းပါတော့တယ်။ အဲဒီတော့မှ ကျွန်တော်တို့သတိမေ့လျှော့နေတာကို သိလိုက်ရတော့တယ်။ အဲဒါက Window တင်ပြီးတာနဲ့ တင်ထားတဲ့ Window ကို Activate လုပ်ဖို့ပါပဲ။ ဒီတစ်ခေါက် ၀င်းဒိုးပြန်တင်ပြီးတော့ Window Active ဖြစ်မဖြစ်စစ်ကြည့်တော့ သုံးရက်အတွင်း Activate လုပ်ခိုင်းထားတာတွေ့ပါတယ်။ အိမ်ပြန်ရောက်တော့မှ အင်တာနက်ကနေပြီး Activate လုပ်လိုက်တော့မှ ကျန်တဲ့ဆောဖ်ဝဲလ်တွေကို သွင်းလို့အဆင်ပြေပါတော့တယ်။ အခုချိန်ထိလဲ အားလုံးအဆင်ပြေပါတယ်။
Window 7 OS က အရင် Window တွေထက်ပိုပြီး တည်ငြိမ်တာကိုလဲ တွေ့ရပါတယ်။ Windows 7 တင်မယ်ဆိုရင်တော့ 32bit ရော 64bit Edition မှာပါ processor speed 1GHz ပဲလိုပါတယ်။ Processor core ဘယ်နှစ်ခုပါရမယ်လို့လဲ တောင်းဆိုထားတာမရှိပါဘူး။ Ram လိုအပ်ချက်ဟာလည်း 32 bit အတွက် 1GB ဖြစ်ပြီး 64bit အတွက် 2GB ဖြစ်ပါတယ်။ Windows Vista မှာပါတဲ့ Aero interface ကိုသုံးမယ်ဆိုရင်တော့ Ram လိုအပ်ချက်ထပ်တိုးနိုင်ပါတယ်။ Aero interface သုံးမယ်ဆိုရင် Graphic Card Memory 12GB လိုပါတယ် Aero မသုံးရင် မလိုပါဘူး။ DirectX 10 ထွက်နေပေမယ့် Windows 7 ကတော့ DirectX 9 ကို Support လုပ်နေတုန်းပါ။ Hard Disk Space လိုအပ်ချက်က 23bit Version အတွက် 16GB ၊ 64Bit Version အတွက် ကတော့ 20GB ဖြစ်ပါတယ်။ OS အရွယ်အစားသေးတဲ့အတွက် အကျိုးထူးတာကတော့ Boot time နဲ့ Installation Time ပါပဲ။ စက်စပြီး Power ဖွင့်ချိန်ကနေ OS သုံးနိုင်တဲ့အချိန်ထိ ကြာချိန် 25min ထက်နည်းမယ်လို့ ဆိုထားပါတယ်။ Installation time ကတော့ပိုပြီး မြန်လာပါတယ်၊ Hardware အဆင့်မြင့်ရင် 15min ထက်တောင်နည်းမယ်လို့ ဆိုထားပါတယ်။ OS အရွယ်အစားသေးအောင် စီရင်လိုက်ရတဲ့ Windows 7 ဟာ Vista ထက်ပိုပြီး အဆင့်မြင့်လာပါတယ်။ ဒါပေမယ့် Vista တဲ့ကတချို့သော အစိတ်အပိုင်းတွေကို Windows 7 မှာမတွေ့နိုင်ပါဘူး။ အချို့အစိတ်အပိုင်းတွေက အသွင်ပြောင်းသွားပါလိမ့်မယ်။ အပြောင်းအလဲတွေကတော့ Start Menu, Windows Ultimate Extra, Inkball နဲ့ Windows Calender တွေကို Windows 7 မှာ မတွေ့နိုင်တော့ပါဘူး။ လိုအပ်ရင်တော့ Windows Live Essentials ဆိုတဲ့ Separate Package ထဲကနေ Download ဆွဲယူသုံးနိုင်ပါတယ်။ အဲဒီတော့ အဆင်ပြေမယ်ဆိုရင် Vista သုံးနေသူများ Window 7 ကိုပြောင်းလဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုက်ပါရစေ။ အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုဝဏ္ဏနဲ့ ကိုဇော်မျိုးအောင်ကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။
Refer : Myanmar IRC
ဒါကြောင့် ကိုဝဏ္ဏကို အသစ်ပဲသွားဝယ်ချင်တဲ့အကြောင်း ပြောလိုက်တော့ မအားလပ်တဲ့ကြားက လိုက်ခဲ့ပေးပါတယ်။ သူ့အသိဖြစ်တဲ့ ကိုဇော်မျိုးအောင်ကိုပါ အဖေါ်ခေါ်ပြီး ဘဏ်မှာ ပိုက်ဆံသွားထုတ်ကာ Plaza Low yat ကို ထွက်လာခဲ့ကြပါတယ်။ Plaza Low yat မှာလဲ ဟိုကြည့်ဒီကြည့်နဲ့ Notebook တွေလိုက်ရွေးရင်း HPှပြခန်းဘက်ရောက်ခဲ့ပါတယ်။ ပထမတော့ HP လိုချင်တာပဲ ဒါပေမယ့် ပါလာတဲ့ငွေနဲ့ လုံလောက်ပြီး ကောင်းကောင်းသုံးလို့အဆင်ပြေနိုင်မယ့် Compaq ကိုပဲရွေးလိုက်ရတယ်။ HP ကတော့ RM 2400 ၀န်းကျင်လောက်ရှိတာမို့ အဲလောက်မတတ်နိုင်ဘူးလေ။ Compaq CQ35 ကတော့မဆိုးလှဘူးပြောရပါမယ်။ ကိုယ်လိုချင်တဲ့ Core 2 Duo အမျိုးအစားမို့လို့ ဈေးလဲသင့်တယ်လို့ထင်တာနဲ့ RM 1999 တန် OS Free Compaq Notebook ကိုပဲဝယ်လိုက်တော့တယ်။ ကျွန်တော်ရွေးတဲ့ Notebook က DOS Free ဆိုတော့ ဘာ Window မှ မပါပါဘူး။ ကိစ္စတော့မရှိပါဘူး ကိုယ့်ဘာသာပဲ အပြင်က RM 10 တန် Window Copy တစ်ချပ်ဝယ်ပြီး တင်လိုက်မယ်ဆိုပြီး ဈေးတွက်တွက်လိုက်ပါတယ်။ ဆိုင်မှာတင်ရင်တော့ Original Vista Window ကို RM 300 ထပ်ဆောင်းပေးရမှာလေ။ ကိုဇော်မျိုးအောင်ကလဲ သူ့အိမ်မှာ Window CD ရှိတဲ့အကြောင်းပြောတော့ သူ့အိမ်ရောက်မှပဲ Window တင်တော့မယ်ဆိုပြီး ကိုဇော်မျိုးအောင်အိမ်ကို လိုက်သွားပါတယ်။
သူ့အိမ်ရောက်တော့ သူ့ဆီမှာရှိတဲ့ Window CD တွေထုတ်ပေးပါတယ်။ Vista သွင်းမလား Window 7 သွင်းမလားဆိုပြီးပြောပါတယ်။ ကျွန်တော်ကတော့Vista Window ကိုသိပ်မကြိုက်ပါဘူး။ ရုံးကအသစ်ဝယ်လာတဲ့ စက်တွေကိုတောင် Window XP ပဲပြန်ပြောင်းတင်တာပါ။ ကိုဝဏ္ဏကတော့Window 7 တင်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော်ကလဲ Window 7 ကိုသုံးကြည့်ချင်တာကြောင့် Window 7 64bit Ultimate ပဲတင်လိုက်တယ်။ အစအဆုံး အဆင်ကိုပြေလို့။ ထူးဆန်းတာက Serial Key လုံးဝမတောင်းပါဘူး။ ကိုဇောင်မျိုးအောင် မေးကြည့်တော့လဲ အခွေသာဝယ်ထားပြီး တစ်ခါမှ Install မလုပ်ဖူးတော့ မသိဘူးတဲ့။ Serial Key မတောင်းဘူးဆိုတော့ ဟုတ်မှဟုတ်ရဲ့လားမသိဘူးဆိုပြီး တထင့်ထင့်နဲ့။ ၀င်းဒိုးတက်တော့မှပဲ စိတအေးရတော့တယ်။ လိုအပ်တဲ့ Software တွေကိုတော့ အိမ်ရောက်မှ ထပ်သွင်းတော့မယ်ဆိုပြီး ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ လိုအပက်တဲ့ ဆော့ဖ်ဝဲလ်တွေသွင်းပြီး နောက်ဆုံး iTunes လဲသွင်းရော Window က ပြဿနာတက်ပါလေရော။ iTunes လဲ Run ရော စက်ဟမ်းသွားပါတယ်။ ပြန်ပိတ်ပြီးဖွင့်တော့လဲ Window တက်ပြီး Desktop ပေါ်တဲ့အထိတက်လာပြီး ပြန်ပြန်ဟမ်းသွားပါတယ်။ စိတ်လဲ အတော်လေး ညစ်သွားတယ်။ ကိုယ်က ကွန်ပြူတာ သုံးနေပေမယ့် Professional တစ်ယောက် မဟုတ်တော့ တခြားနည်းလမ်းလဲ မတွေးတတ်တော့ဘူး။ ကွန်ပြူတာ အစစ်စက်စက်လေး ၀ယ်လာပြီး သုံးဖို့တပြင်ပြင် လုပ်နေကာမှ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်တစ်နေ့ ရုံးဆင်းတာနဲ့ ကိုဇော်မျိုးအောင်ဆီ ပြန်သွားလိုက်တယ် သူ့ဆီက Window 7 အခွေပြန်တောင်း format လုပ်ပြီး အစကနေ ၀င်းဒိုးပြန်တင်မှပဲ Serial Key တောင်းပါတော့တယ်။ အဲဒီတော့မှ ကျွန်တော်တို့သတိမေ့လျှော့နေတာကို သိလိုက်ရတော့တယ်။ အဲဒါက Window တင်ပြီးတာနဲ့ တင်ထားတဲ့ Window ကို Activate လုပ်ဖို့ပါပဲ။ ဒီတစ်ခေါက် ၀င်းဒိုးပြန်တင်ပြီးတော့ Window Active ဖြစ်မဖြစ်စစ်ကြည့်တော့ သုံးရက်အတွင်း Activate လုပ်ခိုင်းထားတာတွေ့ပါတယ်။ အိမ်ပြန်ရောက်တော့မှ အင်တာနက်ကနေပြီး Activate လုပ်လိုက်တော့မှ ကျန်တဲ့ဆောဖ်ဝဲလ်တွေကို သွင်းလို့အဆင်ပြေပါတော့တယ်။ အခုချိန်ထိလဲ အားလုံးအဆင်ပြေပါတယ်။
Window 7 OS က အရင် Window တွေထက်ပိုပြီး တည်ငြိမ်တာကိုလဲ တွေ့ရပါတယ်။ Windows 7 တင်မယ်ဆိုရင်တော့ 32bit ရော 64bit Edition မှာပါ processor speed 1GHz ပဲလိုပါတယ်။ Processor core ဘယ်နှစ်ခုပါရမယ်လို့လဲ တောင်းဆိုထားတာမရှိပါဘူး။ Ram လိုအပ်ချက်ဟာလည်း 32 bit အတွက် 1GB ဖြစ်ပြီး 64bit အတွက် 2GB ဖြစ်ပါတယ်။ Windows Vista မှာပါတဲ့ Aero interface ကိုသုံးမယ်ဆိုရင်တော့ Ram လိုအပ်ချက်ထပ်တိုးနိုင်ပါတယ်။ Aero interface သုံးမယ်ဆိုရင် Graphic Card Memory 12GB လိုပါတယ် Aero မသုံးရင် မလိုပါဘူး။ DirectX 10 ထွက်နေပေမယ့် Windows 7 ကတော့ DirectX 9 ကို Support လုပ်နေတုန်းပါ။ Hard Disk Space လိုအပ်ချက်က 23bit Version အတွက် 16GB ၊ 64Bit Version အတွက် ကတော့ 20GB ဖြစ်ပါတယ်။ OS အရွယ်အစားသေးတဲ့အတွက် အကျိုးထူးတာကတော့ Boot time နဲ့ Installation Time ပါပဲ။ စက်စပြီး Power ဖွင့်ချိန်ကနေ OS သုံးနိုင်တဲ့အချိန်ထိ ကြာချိန် 25min ထက်နည်းမယ်လို့ ဆိုထားပါတယ်။ Installation time ကတော့ပိုပြီး မြန်လာပါတယ်၊ Hardware အဆင့်မြင့်ရင် 15min ထက်တောင်နည်းမယ်လို့ ဆိုထားပါတယ်။ OS အရွယ်အစားသေးအောင် စီရင်လိုက်ရတဲ့ Windows 7 ဟာ Vista ထက်ပိုပြီး အဆင့်မြင့်လာပါတယ်။ ဒါပေမယ့် Vista တဲ့ကတချို့သော အစိတ်အပိုင်းတွေကို Windows 7 မှာမတွေ့နိုင်ပါဘူး။ အချို့အစိတ်အပိုင်းတွေက အသွင်ပြောင်းသွားပါလိမ့်မယ်။ အပြောင်းအလဲတွေကတော့ Start Menu, Windows Ultimate Extra, Inkball နဲ့ Windows Calender တွေကို Windows 7 မှာ မတွေ့နိုင်တော့ပါဘူး။ လိုအပ်ရင်တော့ Windows Live Essentials ဆိုတဲ့ Separate Package ထဲကနေ Download ဆွဲယူသုံးနိုင်ပါတယ်။ အဲဒီတော့ အဆင်ပြေမယ်ဆိုရင် Vista သုံးနေသူများ Window 7 ကိုပြောင်းလဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုက်ပါရစေ။ အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုဝဏ္ဏနဲ့ ကိုဇော်မျိုးအောင်ကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။Refer : Myanmar IRC
Thursday, September 24, 2009
Hutan Melintang သို့ ခရီးသွားခြင်း

ဒီတစ်ခေါက် မလေးနှစ်ကူး Hari Raya မှာ ကျွန်တော်တို့ ကုမ္ပဏီက တစ်ပါတ် ပိတ်မယ်ဆိုတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူနဲ့ ဟူတန်မယ်လင်တန် (Hutan Melintang) ကို ခရီးအတူသွားကြဖို့ တိုင်ပင်ထားပါတယ်။ စည်သူက ဟာရီရာယာရက် မတိုင်မှီ ၁၉ ရက်နေ့မှာ မလေးရှားကို ဝင်မှဖြစ်မယ်လို့ ပြောပါတယ်။ သူ့ မလေးရှားဗီဇာက ၁၉ရက်နေ့ သက်တမ်း ကုန်တော့မယ်တဲ့။ ဒီတော့ ၁၉ရက်နေ့ သောကြာနေ့ ညနေပိုင်းကားနဲ့ မလေးရှားကို ဝင်လာပါတယ်။ ည ၁နာရီလောက် သူတို့ကားက Bukit Jalil မှာဂိတ်ဆုံးတာမို့ ကျွန်တော်က Bukit Jalil မှာ သွားကြိုလိုက်ပါတယ်။
Friday, September 11, 2009
Genting Highlands သို့ အလည်သွားခြင်း
![]() |
| Skyway to Genting Highlands |
Saturday, September 05, 2009
ငယ္စဥ္ဘ၀ အမွတ္တရ ဟာသမ်ား (၂)
ကျွန်တော် ၁၀ တန်းနှစ် လောက်ကပါ။ အဲဒီ့အချိန်တုန်းက 2000 ခုနှစ် လောက်ပေါ့။ ကျွန်တော်ရယ် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ထက်မြတ်သူ၊ သန်းနိုင်နှင့် ပြည်သိန်းအောင်တို့ဟာ တစ်နေ့မှာ ဆံပင်ညှပ်ကြမယ်ဆိုပြီး ကျိုက်ကဆံထဲက အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေ အထက(၃) ကျောင်းနားမှာ ရှိတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ သွားညှပ်ဖြစ်ကြပါတယ်။ အတူတူ သွားကြတယ် ဆိုပေမယ့် ကျွန်တော်နဲ့ သန်းနိုင်ကတော့ အဲဒီ့နေ့က ဆံပင်မညှပ်ဖြစ်ပါဘူး။ ထက်မြတ်သူနဲ့ ပြည်သိန်းအောင်တို့ပဲ ညှပ်ကြတာပါ။ ကျွန်တော်ရယ် သန်းနိုင်ရယ်က သူတို့ ဆံပင်ညှပ်တာကို ဘေးမှာ ထိုင်စောင့်ပေးနေတာပါ။
ထက်မြတ်သူက အရင်ဆုံး ဆံပင်ညှပ်ပါတယ်။ အဲဒီ့အချိန်တုန်းက ရုပ်ရှင်မင်းသား ဒွေးက အရမ်းပဲ နာမည် ကျော်ကြားနေတဲ့ အချိန်ဆိုတော့ ထက်မြတ်သူက မင်းသား ဒွေးရဲ့ ဆံပင်ပုံစံကို အားကျတာကြောင့် အရင်ညှပ်နေကျ ပုံစံအတိုင်း ဒွေးကေ ညှပ်တယ်ပေါ့။ သူဆံပင်ညှပ်တိုင်းမှာ ဆံပင်က ညှပ်ကာစမို့ အရမ်း တိုနေတာကြောင့် ကျွန်တော်တို့က ဟိုးအရင်ကတဲက သူ့ကို ဘဲဂေါင်းလို့ နာမည်ပြောင် ပေးထားတာပါ။ အဲ.... ဒီနေ့ ဆံပင်ညှပ်တော့လဲ ထုံးစံအတိုင်း သူညှပ်နေကျ ပုံစံဖြစ်တဲ့ မင်းသား ဒွေးကေ ပဲပေါ့။ ဆံပင်ညှပ်ဆရာကြီးကလဲ လက်ရာကောင်းပါတယ် ထက်မြတ်သူကြိုက်တဲ့ ဒွေးကေပဲ ညှပ်ပေးလိုက်ပါတယ်။
ထက်မြတ်သူ ဆံပင်ညှပ်ပြီးတဲ့တော့ ပြည်သိန်းအောင် ညှပ်မယ့်အလှည့် ရောက်လာပါတယ်။ အဲဒီ့အချိန်တုန်းက မင်းသားဒွေးရဲ့ညီဖြစ်တဲ့ သဲမောင်ကလည်း နာမည် စတက်နေပါပြီ ရုပ်ရှင်တွေ ကြော်ငြာတွေ အတော်များများ ရိုက်နေပါတယ်။ ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲဖြေခါနီး အချိန် (ယခု ဆံပင်ညှပ်ကြတဲ့အချိန်) လောက်ကျတော့ သဲမောင်ကနေပြီး သားညီဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။ ပြည်သိန်းအောင်ကလဲ မင်းသား ဒွေးရဲ့ညီ သားညီရဲ့ ဆံပင်ပုံစံကို အလွန်ပဲ အားကျနေသူပါ။ အဲဒီတော့ သူကလဲ မင်းသား သားညီကေ ညှပ်မယ်ပေါ့။ ဒါနဲ့ပဲ ဆံပင်ညှပ်မယ့်ခုံမှာ အကျအန ၀င်ထိုင်လိုက်ပါတယ်။ ဒါနဲ့ပဲ ဆံပင်ညှပ်ဆရာကြီးက ဘာပုံစံညှပ်မလဲလို့ ပြည်သိန်းအောင်ကို မေးလိုက်ပါတယ်။ ဒီတော့ ပြည်သိန်းအောင်က သူကြိုက်တဲ့ မင်းသား သားညီကေ ပုံစံအတိုင်း ညှပ်မှာမို့ ဆံပင်ညှပ်ဆရာကြီးကို "သားညီကေ ညှပ်မယ်" လို့ပြောလိုက်ပါတယ်။ ဒီအခါမှာတော့ ဆံပင်ညှပ်ဆရာကြီးက "ဟေ ... မင်းရဲ့ ညီ ဆံပင်ပုံစံကို ငါမှမသိတာ ... ဘယ်လို ညှပ်ရမှာလဲဟ" ဆိုပြီး ပြန်ပြော လိုက်ပါတော့တယ်။
(ကျွန်တော်တို့လဲ အလွန်ပဲ သဘောကျလွန်းလို့ ပြည်သိန်းအောင်နဲ့တွေ့တိုင်း မင်းညီကေ သွားမညှပ်တော့ဘူးလား ဆိုပြီး အမြဲစနောက် ဖြစ်ပါတယ်...တကယ်တော့ ဆံပင်ညှပ်ဆရာကြီးက မင်းသားသဲမောင် ကနေပြီး သားညီဆိုပြီး နာမည်ပြောင်းထားတာကို လုံးဝမသိသေးတာပါ)

Sunday, August 30, 2009
Wednesday, August 26, 2009
ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တစ်ခေါက်
ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ ကျွန်တော့်ကို ဂေါက်သွားပြီလားလို့ မထင်လိုက်ပါနဲ့ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အတူတူ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့ကြတဲ့အကြောင်းကို ပြောပြချင်တာပါ။ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အပြင်မှာ မဆုံဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ ဒီအတောအတွင်းမှာ သတိတရနဲ့ ဟိုအရင်တုန်းက အတူသွားလာခဲ့ပြီး အလှုတွေလုပ်ခဲ့တာ၊ တွေ့ဆုံဖြစ်ခဲ့တာတွေ ကိုလည်း အမှတ်ရနေခဲ့ပါတယ်။ အဲဒီ့ထဲကမှ ၂၆ ရက် ၃ လပိုင်း ၂၀၀၆ ခုနှစ်တုန်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပလန်းနက်က သူငယ်ချင်းတွေ စုပေါင်းပြီး အလှုသွားလုပ်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို မှတ်မှတ်ရရရှိနေဆဲမို့ သူငယ်ချင်းတွေကို လွမ်းဆွတ်စွာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ဒီအလှူ လုပ်ဖြစ်ခဲ့တာကတော့ ပလန်းနက် တီးရှော့က သူငယ်ချင်းတွေ၊ မြန်မာချက်က သူငယ်ချင်းတွေနဲ့ ပြည်ပက သူငယ်ချင်းတွေ အတော်များများ ထည့်ဝင်ခဲ့ကြတဲ့ အလှုငွေတွေနဲ့ စီစဉ်နိုင်ခဲ့တာပါ။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေထဲကမှ တစ်ဝက်ကို ထောက်ကြံ့ မိဘမဲ့ကျောင်းကို လှူဒါန်းခဲ့သလို ကျန်ရှိတဲ့ငွေကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို သွားလှုကြတာပါ။ ထောက်ကြံ့ မိဘမဲ့ကျောင်းအလှူ အကြောင်းကိုတော့ ကျွန်တော် ရှေ့က ပို့စ်တစ်ခုမှာ ထောက်ကြံ့ မိဘမဲ့ကလေးကျောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။
ရွာသာကြီးကို အလှူခရီးရှိတဲ့အကြောင်းကိုတော့ ကျွန်တော်ကနေ Forward Mail နဲ့အားလုံးကို အကြောင်းကြားဖြစ်ပါတယ်။ ထုံးစံအတိုင်း အားလုံးက ဦးညိုလို့ခေါ်ကြတဲ့ ဘားလမ်းထဲက Mr. Brown ကော်ဖီဆိုင်မှာ မနက် ၈ နာရီမှာဆုံဖို့ ချိန်းထားကြပါတယ်။ မနက် စောစာထပြီး ဦးညိုကိုရောက်တဲ့အခါမှာတော့ သူငယ်ချင်းအတော်များများ စုံနေပါပြီ။ အဲဒီ့နေ့က အလှုခရီးမှာ လိုက်ပါခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကိုဟန်၊ ကိုဗျာလေး (Daddy)၊ ကိုဗိုင်းရပ်၊ Eleven၊ ကိုထက်၊ ကိုထက်သူငယ်ချင်း၊ ယန်ယန်၊ ပူစီ နဲ့။ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်တဲ့ ပူတူး၊ ရုပ်ဆိုးမ၊ မကေ၊ အိန်ဂျယ်၊ အိန်ဂျယ်ရဲ့ညီမ၊ ညီမလေးဖြူ၊ မိုးမခ နဲ့ မိုး တို့ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ မအားလပ်တာမို့ မပါလာပါဘူး။ လူစုံပြီဆိုတော့ အားလုံး ရွာသာကြီးကိုသွားဖို့ စီစဉ်ထားတဲ့ ပထမအစီအစဉ်ကတော့ ရန်ကုန်ဘူတာကြီးကို အားလုံး စကားတပြောပြောနဲ့ လမ်းလျှောက်ကြပါတယ်။ ဒီလိုနဲ့ ဘူတာကြီးကိုရောက်တော့ ကိုဗိုင်းရပ်နဲ့ ကိုဟန်တို့က ရထားလက်မှတ် ၀ယ်ကြပါတယ်။ ရွာသာကြီး တက္ကသိုလ်ကိုသွားတဲ့ ရထားကတော့ မရောက်သေးတာနဲ့ ဘူတာမှာပဲ စောင့်နေကြရသေးတယ်။ ပူစီကတော့ ဓါတ်ပုံတွေ လိုက်ရိုက်နေပါတယ်။ အဲဒီထဲက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
ရထားရောက်တဲ့အခါမှတော့ အားလုံး ရထားပေါ်မှာ နေရာယူကြတာပေါ့။ သေချာနေရာ ယူပြီးတဲ့အခါမှာတော့ ဒီရထားက ရွာသာကြီးသွားတဲ့ရထား မဟုတ်ဘူးဖြစ်နေလို့ အားလုံးပြန်ဆင်းကြရသေးတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေမှ ရွာသာကြီးသွားတဲ့ရထားက ရောက်လာတော့တယ်။ ဒီတစ်ခါတော့ မလွဲတော့ပါဘူး လူမှန် နေရာမှန်ပေါ့။ ကားစပါယ်ရာတွေပြောတဲ့ အလယ်မှာ ဆင်ကကလို့ရတယ်တို့၊ ဘောလုံးကန်လို့ရတယ်တို့ လိုပေါ့ ရထားပေါ်မှာဘယ်လောက် လူများလဲဆိုတော့ ကိုဟန်၊ Eleven၊ ယမ်ယမ်တို့ ဘောလုံးကန်ကြသေးတယ်။ အားလုံးထဲမှာက ကိုဟန်က အငယ်ဆုံးလိုဖြစ်နေတယ် (ကလေးတွေနဲ့အပြိုင်ပေါ့)။ ကိုဗျာလေးကတော့ အလွတ်မပေးပဲ သူ့ကမရာလေးနဲ့ မှတ်တမ်းလိုက်တင်နေတယ်။ ကျွန်တော်ကတော့ ပွဲကြည့်ပုရိသတ်ပေါ့။ သူတို့နဲ့အတူဝင်တော့ မကန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကန်တဲ့ဘောလုံးကို ရှာနေတာနဲ့ တင် မိနစ်ကိုးဆယ် ပြည့်မယ့်ကိန်း ဆိုက်နေလို့။ အားလုံးကလဲ ပျော်ရွှင်နေကြတာပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး ရထားပေါ်မှာရှိတဲ့ ခရီးသည်တချို့ပါ ကျွန်တော်တို့အဖွဲ့ရဲ့ ပျော်ရွှင်မှုတွေ ကူးစက်ကုန်ပြီး တပြုံးပြုံးနဲ့ တွေ့ရပါတယ်။ ရထားပေါ်မှာတော့ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တစ်ချို့ ပါလာပါသေးတယ်။ သူတို့လေးတွေကို ကြည့်ရတာ အနာဂါတ်အတွက် ရင်လေးစရာပါ။ ကလေးတွေကို ပိုက်ဆံပေးခြင်းဟာ သူတို့ရဲ့စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပျောက်သွားပြီး ပိုက်ဆံကို အလွယ်တကူ ရှာချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေကို သနားလို့ဆိုပြီး ပိုက်ဆံပေးခြင်းကို အားမပေးလိုပါဘူး။
ဒီလိုနဲ့ ရွာသာကြီး ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းကြပြီး စီးပွားရေးတက္ကသိုလ်ရှိရာကို လျှောက်လာခဲ့ကြပါတယ်။ မနက် ၁၀ နာရီလောက်ရှိပြီမို့ နေကလဲပူလာပါပြီ။ ကျောင်းရှေ့ရောက်တော့ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်မယ့် ၂၀၉ ဘတ်စ်ကားကို စောင့်နေကြသေးတယ်။ ခဏနေတော့ ဘတ်စ်ကား ရောက်လာတာနဲ့ အားလုံးကားပေါ် တက်ခဲ့ကြပါတယ်။ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၁နာရီ ထိုးခါနီးနေပါပြီ။ ကျွန်တော်တို့ ရောက်တဲ့အကြောင်းကို ၀န်ထမ်း တစ်ယောက်က တဆင့် ဆေးရုံအုပ်ကြီးရှိတဲ့ ရုံးခန်းကို သွားပြီးသတင်းပို့လိုက်ပါတယ်။ ခဏနေတော့ ဆေးရုံအုပ်ကြီးရုံးခန်းထဲ လာခဲ့ကြပါဆိုတာနဲ့ တစ်ဖွဲ့လုံး ရုံးခန်းထဲ ၀င်သွားကြပါတယ်။ အဲဒီ့နောက် မကေနဲ့ ကိုဟန်တို့ကနေပြီး ပလန်းနက်တီးရှော့နဲ့ မြန်မာချက် အွန်လိုင်း သူငယ်ချင်းတွေကနေပြီး ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ ဝေသနာသည်တွေအတွက် အလှူငွေ လာလှူဒါန်းတဲ့အကြောင်းပြောပြပါတယ်။ ဒီတော့ ဆရာမကနေပြီး ဝေသနာသည်တွေအတွက် ဆေးရုံမှ ကျွေးမွေးမှူပုံစံအကြောင်း ရှင်းပြပါတယ်။ ရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံမှာ မနက်စာ၊ နေ့လည်စာ နဲ့ ညနေစာ သုံးနပ်ကျွေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၇ ရက်နေ့အတွက် နံနက်စာ မြန်မာကျပ်ငွေ ၂၀၀၀၀ ဖိုး၊ နေ့လည်စာ ကျပ် ၁၀၀၀၀၀ ဖိုးနဲ့ ညနေစာအတွက် ကျပ် ၉၀၀၀၀ ဖိုး၊ စုစုပေါင်း ကျပ် နှစ်သိန်းတစ်သောင်း ကို သီးသန့် လှူဒါန်းလိုက်ပါတယ်။ အဲဒီ့နောက် အလှူအတွက် ဂုဏ်ပြုလက်မှက်ကို ပြန်ပေးပါတယ်။ ဒီလက်မှတ်ကိုတော့ အားလုံးကိုယ်စား မကေ ကပဲ လက်ခံလိုက်ပါတယ်။
အလှူအတွက် ဂုဏ်ပြုလက်မှတ်ကို ဆေးရုံအုပ်ကနေပြီး ပြန်ပေးပြီးတဲ့နောက်မှာတော့ အဲဒီ့ဆရာမက နေပြီးတော့ပဲ စိတ်ရောဂါဝေသနာသည်တွေကို ထားတဲ့ အဆောင်တွေကို တစ်ခုချင်းစီ လိုက်လံရှင်းပြပါတယ်။ ဒီဆေးရုံမှာ ၀န်ထမ်းလုပ်ဖို့ဆိုတာ တော်ရုံစေတနာနဲ့တော့ မလွယ်ကူလှပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံအုပ်ကြီး ကအစ ၀န်ထန်းတွေအဆုံး ဝေသနာတွေကို မိမိတို့ရဲ့ သွေးသားရင်းများသဖွယ် စောင့်ရှောက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ချို့က ဆရာမရှေ့မှာ အရူးတွေရယ်ဆိုတဲ့ စကားအသုံးအနှုန်းတွေ သုံးမိတာကို ဆရာမက မကြိုက်ပါဘူး။ သူတို့ဟာ အရူးတွေလို့မခေါ်သင့်တဲ့အကြောင်း ပြောပါတယ် စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်တွေပါပဲလို့ ရှင်းပြပါတယ်။ သူတို့ကို အရူးဆိုပြီး နှိမ့်ချဆက်ဆံခြင်း မပြုဖို့ကို ပြောပြပါတယ်။ ဒီလိုမေတ္တာထားလို့လဲဖြစ်မှာပါ ဆေးရုံမှာရှိတဲ့ တစ်ချို့သော ဝေသနာသည်တွေဟာ ဒီဆရာမကို ချစ်ကြောက်ရိုသေနေကြတာ တွေ့ရပါတယ်။ ဆရာမကနေပြီး ဆက်ရှင်းပြပါတယ်။ ဝေဒနာသည်တွေကို ဆေးရုံမှာ မပျောက်မချင်း ကုသပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးကိုလဲ အချိန်မှန်ပေးသလို ဝေဒနာရှင်တွေရဲ့ခြေအနေကို သိဖို့ တစ်ပါတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် ခေါ်ခေါ်တွေ့ပြီး Psychology ပညာနဲ့ မေးမြန်းစစ်ဆေးခြင်းကိုလဲ ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပြီး ဒီဆေးရုံမှာ စိတ်ဝေဒနာရှင်တွေချည်း မဟုတ်ဘဲ အရက်ဖြတ်တဲ့သူတွေလဲ ရှိပါတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်ရောဂါ ဝေသနာရှင် တွေကိုထားတဲ့ အဆောင်တွေကို ရောက်လာခဲ့တော့ တစ်ချို့ဝေဒနာရှင်တွေကို တွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့ကို တွေ့တော့ စိတ်ဝေဒနာရှင် တစ်ယောက်ကနေပြီး အဆိုတော် သန်းထွန်းလေးရဲ့သီချင်းကို ဆိုပြပါသေးတယ် သူဆိုတာကတော့ မွေးဌာနီ ဂျမခါနာဆီသို့ တဲ့။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သိပ်ပြီး ရောဂါမပြင်းထန်တဲ့သူတွေကတော့ Group အလိုက် သူ့အိပ်ရာနဲ့သူ အေးဆေးစွာပဲ နေနေကြတာကို တွေ့ခဲ့ရပြီး တစ်ချို့ ရောဂါပြင်းတဲ့ သူတွေကိုတော့ တစ်ဦးချင်း သီးသန့်ထားရှိတာကို တွေ့ခဲ့ရပါတယ်။ တစ်နေရာ အရောက်မှာတော့ ဥယာဉ်မှူးတစ်ဦးက ဆရာမကို နှုတ်ဆက်ပါတယ်။ နောက်မှ ဆရာမပြန်ပြောလို့ သိရတာက ဒီလူဟာလဲ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးပါတဲ့။ အဲဒီကနေမှ ဆရာမက အမျိုးသမီး စိတ်ဝေဒနာရှင်တွေချည်း သီးသန့်ထားတဲ့ အဆောင်ကို လိုက်ပို့ပေးပါတယ်။ အဲဒီ့ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦး ကနေပြီး ဝေသနာရှင်တွေကို စုစည်းလိုက်ပြီး ကျေးဇူးတင်စကား ပြောစေပါတယ်။ အားလုံးကလဲ ယခုလိုလာပြီး လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကို ညီညီညာညာနဲ့ ပြောနိုင်တာကို တွေ့ရပါတယ်။ စိတ်ဝေဒနာရှင် တွေပေမယ့် ပရမ်းပတာ မဟုတ်ကြပါဘူး။ စည်းကမ်းတကျ သွန်သင်ထားတာ တွေ့ခဲ့ရပါတယ်။ တကယ့်ကို စည်းစနစ်နဲ့ရှိတဲ့ ဆေးရုံတစ်ခုလို့ အသိအမှတ်ပြုမိပါတယ်။
ဒီနောက်တော့ ကျွန်တော်တို့အဖွဲ့လဲ ရုံးခန်းရှိတဲ့ ဆေးရုံမျက်နှာစာဘက်ကို ပြန်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေ အမှတ်တရအနေနဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ အားလုံး လိုင်းကား စောင့်စီးဖို့ အတွက် ဆေးရုံဝင်း အပြင်ဘက်ကို ထွက်လာကြပါတယ်။ လိုင်းကားက အတော်နဲ့ မလာသေးတာနဲ့ အပြင်မှာ ခဏ စောင့်နေကြရသေးတယ်။ အဲ.. မိနစ် ၂၀ လောက်နေမှ ကားကရောက်လာပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ ရောက်တော့ အဲဒီ့မှာပဲ အားလုံး ဆင်းလိုက်ကြပါတယ်။ နေ့လည်စာက မစားကြရသေးဘူးလေ ပြန်ရောက်တဲ့ အချိန်ကလဲ ၂ နာရီခွဲလောက် ရှိနေပြီဆိုတော့ အားလုံးကလဲ ဗိုက်ဆာနေကြပြီ။ ဒါနဲ့ပဲ ယုဇနပလာဇာဘေးနားက စားသောက်ဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြတယ် ကျွန်တော်ကတော့ ထမင်းပေါင်းတစ်ပွဲ မှာစားလိုက်တယ်။ စားပြီး သောက်ပြီးတော့ အဲဒီ့ကနေပဲ ကန်တော်ကြီးထဲကို လမ်းလျှောက် သွားကြသေးတယ်လေ။ ကန်တော်ကြီး ရောက်တော့ မျှော်စင်ကျွန်းနားမှာ ခဏထိုင်ပြီး အနားယူကြပါတယ်။ အဲဒီ့မှာ သီချင်းလာဆိုတဲ့သူတွေရှိလို့ ထိုင်ပြီး နားထောင်နေလိုက်သေးတယ်။ နာမည်ကြီး အဆိုတော်တွေ မဟုတ်ကြပေမယ့် အတော်နားထောင်လို့ ကောင်းပါတယ်။ ညနေစောင်း ၄ နာရီလောက်တော့ အားလုံးပဲ ကန်တော်ကြီးထဲကနေ လမ်းခွဲခဲ့ကြပါတယ်။ ဒီခရီးစဉ်လေးဟာ အပျော်ခရီးစဉ် မဟုတ်ပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အလှူဒါနလုပ်ဖို့ သွားခဲ့ကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီလို အလှူဒါနမျိုးကို သူငယ်ချင်းတွေနဲ့ အတူ လုပ်ခွင့်ရချင်ပါသေးတယ်။ အားလုံးကိုလဲ အမှန်တကယ် အလှူရှင် လိုအပ်တဲ့ နေရာမျိုးမှာ ကုသိုလ်ဒါန ပြုကြဖို့ကို ဘလော့ခ် စာမျက်နှာပေါ်ကနေပြီး တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ အမှတ်တရ Movie လေးပါ
Sunday, August 16, 2009
Port Dickson ကမ်းခြေသို့ ပထမအကြိမ် အလည်ခရီး
![]() |
| Port Dickson ကမ်းခြေအလှ |
Saturday, July 25, 2009
Melaka သို့အလည်ခရီး
![]() |
| View of Melaka |
Thursday, July 23, 2009
Sentosa ကျွန်းသို့အလည်ခရီး
![]() |
| ပန်းအလှပြင်ဆင်မှုတွေနဲ့ လှပနေတဲ့စင်တိုဆာကျွန်းပါ။ |
Tuesday, July 14, 2009
အမှတ်တရစင်္ကာပူ

စင်္ကာပူကို ပထမဆုံးအကြိမ်ရောက်တုန်းက မှတ်တမ်းလေးတွေပါ။ ဒီပို့စ်ကို တင်မယ်တင်မယ်နဲ့ အခုမှပဲတင်ဖြစ်တာပါ။ စင်္ကာပူမှာက ကျွန်တော့်ငယ်သူငယ်ချင်း ထက်မြတ်သူက အလုပ်လုပ်နေတာ ၁နှစ်လောက်ရှိပါပြီ။ ဟိုရောက်ရင်တော့ သူ့ဆီမှာပဲတည်းမယ်လို့ စိတ်ကူးထားတာ ဖြစ်ချင်တော့ ကျွန်တော် သွားဖို့တစ်ရက်အလိုမှာ ဒီကောင်က အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံတက်ရ ပါလေရော။ လာကြိုမယ့်သူမရှိတော့ ကျွန်တော်လဲ စိတ်ပူမိတာပေါ့။ ဒီလိုနဲ့ ပဲစင်္ကာပူကို Transtar Bus နဲ့ ည၇နာရီထွက်ဖြစ်ပါတယ်။ ကျွန်တော်ရောက်မယ့်အချိန်ကလဲ ည၁၂နာရီဆိုတော့ MRT ပိတ်ချိန်မို့ သူငယ်ချင်းတွေကလဲ လာမကြိုနိုင်ဘူး။ လမ်းမှာသူငယ်ချင်း စည်သူကဖုန်းဆက်ပြီး လမ်းညွှန်ပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူ Beach Road မှာရှိတဲ့ Golden Mile Complex ရောက်တော့ ည၁၂နာရီထိုးနေပြီ။ ကျွန်တော်လဲ Taxiငှားပြီး ထက်မြတ်သူရဲ့လိပ်စာကိုရှာရတော့တာပေါ့။ Taxi ကားမောင်းတဲ့သူက တရုတ်လူမျိုး အဖိုးကြီးတစ်ယောက်ပါ။ အတော်သဘောကောင်းပါတယ်။ Dakota Crescent ကိုသွားမယ်ဆိုပြီး လိပ်စာပြတော့ သူကသိပါတယ်။ ဒါပေမယ့် Block နံပါတ်ကိုတော့ လှည့်ပါတ်ရှာလိုက်ရတယ်။ သူကလဲ စိတ်ရှည်ရှည်နဲ့ ရှာပေးပါတယ်။ Taxi ခကတော့ S$ 5 ပေးလိုက်ရပါတယ်။ ဒီလိုနဲ့ ထက်မြတ်သူအိမ်ရောက်တော့ ထက်မြတ်သူရဲ့ဦးလေးက မအိပ်သေးပဲစောင့်နေပါတယ်။ ဒီလိုနဲ့ပဲ စင်္ကာပူမြေကို အဆင်ပြေချောမွေ့စွာနဲ့ပဲ ခြေချမိပါပြီ။
Wednesday, June 24, 2009
ငယ္စဥ္ဘ၀ အမွတ္တရ ဟာသမ်ား
ကျွန်တော် ကိုးတန်းဖြေပြီးချိန် နွေရာသီကျောင်းပိတ်ရက်မှာဖြစ်ပါတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း ဝေဖြိုးအောင်ရယ် ရေလယ်ကျောက်တန်းဘုရားကို သွားဖူးကြတာပါ။ ကျွန်တော့်သူငယ်ချင်းရဲ့ပုံစံက အရပ်ရှည်ရှည် ခပ်ပိန်ပိန်နဲ့ ပုလင်းဖင် (ပါဝါမျန်မှန်အထူကြီး) တပ်ထားတာပါ။ ကျွန်တော့်သူငယ်ချင်းက အရမ်းလဲ အစအနောက်သန်ပါတယ်။ ကျွန်တော်တို့ ကျောက်တန်းရေလယ်ဘုရားရောက်တော့ ငါးအစာကျွေးတဲ့နားမှာ နှစ်ယောက်သား ရပ်ကြည့်နေကြတာ..... အဲဒီ့မှာ ကမ္ဘာလှည့်ခရီးသည်တွေကလဲ ငါးစာကျွေးနေကြတာပေါ့။ ကျွန်တော်တို့ရပ်ကြည့်နေတာကိုမြင်တဲ့ ကမ္ဘာလှည့်ခရီးသည်ခရီးသည် အမျိုးသမီးကြီးတစ်ဦးက သူကျွေးနေတဲ့ ငါးစာပေါက်ပေါက်ဆုပ်အထုပ်ကို ကျွန်တော့်သူငယ်ချင်းဆီ ထိုးပေးပါလေရော..... ငါးစာကျွေးမလားဆိုတဲ့သဘောပေါ့။ ကျွန်တော်လဲ ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်း ဖြစ်နေတဲ့အချိန်မှာ.....ကျွန်တော့်သူငယ်ချင်းက ချက်ချင်းလက်ကာပြပြီး ပြန်ပြောလိုက်တာကတော့ ......... "မစားဘူးတဲ့"........
Thursday, May 21, 2009
ဘန်တုံး ရေပူစမ်းသို့တစ်ခေါက် (Bentong Hot Spring)
Saturday, May 09, 2009
ရာဝတ်မြို့သို့ ခရီးသွားခြင်း (Raub)
| Raub မြို့ရှိ ပန်းခြံအဝင်ဝ |
Sunday, May 03, 2009
ထောက်ကြံ့မိဘမဲ့ကလေး ကျောင်းသို့ အလှုခရီး
ပလန်းနက်နဲ့ မြန်မာချက်က သူငယ်ချင်းအသစ်တွေကိုလဲ အမြဲဖိတ်ခေါ် ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော်လဲ တီးရှော့မှာ အချိန်ကြာကြာချက်ခဲ့ပေမဲ့ Mr. Brown Coffee Shop ကိုတော့ 2006 March မှ စပြီး သူငယ်ချင်းတွေနဲ့ သွားတွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်အရင်ဆုံး မြင်ဖူးခဲ့တာက ကိုမင်းလွင်၊ ကိုဟန်၊ ကိုမဟာ၊ ကိုအောင်၊ ABC၊ မမိုး၊ ရုပ်ဆိုးမ၊ မပျားရည်ချို၊ သဲသဲ၊ Eleven၊ ညီမလေးဖြူ၊ ယန်ယန်၊ ကိုစမ်းချောင်း တို့နဲ့စတွေ့တာပဲ။ နောက်ပိုင်းကျတော့ ချက်ထဲက သူငယ်ချင်း အကုန်လိုလို Mr. Brown Coffee Shop မှာ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီလိုခင်မင်စရာကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြင်မှာ Online Donation တွေလုပ်တိုင်း ပါဝင်ခဲ့ရတာ အရမ်းလဲ ပျော်ဖို့ကောင်းပါတယ်။ အဲဒီတုန်းက အခုပလန်းနက်လိုမျိုး မန်ဘာစနစ်တွေ ဘာတွှေမရှိဘူး။ ချက်ထဲမှာခင်တဲ့ သူငယ်ချင်းကို Mr. Brown Coffee Shop ကိုလာဖို့ ဖိတ်ခေါ်လိုက်တာပဲ။ Online Donation လုပ်တော့ တစ်ချို့က ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့လဲ အလှုငွေ ထည့်ဝင်ကြပြီး ကုသိုလ်ပြုခဲ့ကြပါတယ်။
အခုတော့ ပလန်းနက် တီးရှော့ နဲ့ မြန်မာချက်မရှိတော့ အရင်လိုမျိုး ဦးညိုမှာ မဆုံဖြစ်ကြတော့ပါဘူး။ တစ်ချို့လဲ အလုပ်ကိစ္စတွေကြောင့်၊ တစ်ချို့လဲ Oversea ကို ရောက်ကုန်ကြတာကြောင့်ရယ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ Oversea ကို ရောက်နေတာကြောင့် အရင်လိုမပါဝင်နိုင်တော့ပါဘူး။ သို့ပေမဲ့ အချို့သော သူငယ်ချင်းများကတော့ ဆက်လက်ပြီး ဆောင်ရွက် နေပါသေးတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အရင်လိုမျိုး စုစုစည်းစည်းနဲ့ သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ချင်ပါသေးတယ်။ ယခုအချိန်မှာတော့ အွန်လိုင်းကနေပြီး အသင်းအဖွဲ့ရယ်လို့မဟုတ်ပဲ စုပေါင်းပြီး အကျိုးပြုနေကြတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။ အွန်လိုင်းမှာ ချင်တင်ထိုင်ရုံမဟုတ်ကြပါဘူး အများအတွက် အကျိုးပြုနေကြတာ ဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။
ဒီပုံတွေက မိဘမဲ့ကလေး ပြုစုရေှးဌာနမှာ 2006 ခုနှစ် မတ်လ (19) ရက်နေ့မှာ လှုဒါန်းတုန်းက ပုံတွေပါ။ အရင် 2005 လောက်တုန်းက ဓါတ်ပုံတွေကတော့ ကိုဟန့်ဆီမှာ တောင်းရဦးမယ်။
--> -->ထောက်ကြန့်ကိုသွားဖို့ ၈မိုင်မှာ ကားစောင့်နေကြတုန်း ရိုက်ထားတာပါ။
တက်ညီလက်ညီနဲ့ ချီတက်ကြပြီလေ။ ကိုထက်က ကိုဟန်နဲ့ အထုပ်ချင်း လဲကိုင်လိုက်တယ်။
-->မိဘမဲ့ကလေးလေးတွေနဲ့ အမှတ်တရဓါတ်ပုံပါ။
-->အပြန်မှာတော့ အားလုံးပေါ့ပေါ့ပါးပါး ရယ်လို့မောလို့ပေါ့။ အားလုံးရဲ့ စိတ်ထဲမှာ မိမိပြုလိုက်တဲ့ ကုသိုလ်လေး တစ်ခုကို ပြန်အမှတ်ရ နေကြမှာပါ။
Subscribe to:
Posts (Atom)