ခုတလော အလုပ်များနေတာရော အရင် ကွန်ပြူတာ အဟောင်းလေးကလဲ မရှိတော့တာရော နှစ်ခုလုံးကြောင့် ပို့စ်အသစ် မတင်ဖြစ်ဘူး။ မနေ့ကမှ အွန်လိုင်းက ညီမတစ်ယောက်က ဘလော့ခ်ကို ၀င်ကြည့်သွားတယ်ဆိုတာနဲ့ ကျွန်တော့် ဘလော့ခ်မှာ တင်ပေးဖို့ သူပေးထားတဲ့ ကဗျာကို မတင်ရသေးတာ သတိရသွားတယ်။ သူကဗျာက ခေါင်းစဉ် မတပ်ရသေးတာနဲ့ ကိုယ့်ဘာသာပဲ ကဗျာနဲ့ လိုက်ဖက်မယ်ထင်တဲ့ ခေါင်းစဉ် ပေးလိုက်တယ် ကဗျာခေါင်းစဉ်က "အလွမ်းရင်ခွင်" တဲ့။
*အလွမ်းရင်ခွင်*
မဝေးချင်လဲ ဝေးခဲ့ရပြီ

မလွမ်းချင်လဲ လွမ်းခဲ့ရတယ်
မတွေးချင်လဲ တွေးခဲ့ရပေါ့
ရင်ခွင်တံခါး ပိတ်ခါထားတော့
မင်းရဲ့ရင်ခွင် ငါဘယ်လိုဝင်ရ
မင်းညွှန်မပြ ငါ့နှလုံးသားက
ဟိုဒီလျှောက်ပြေး
အလွမ်းတွေနဲ့ ဝေးရပြီ...
ရေးသားသူ - ယုယ






