Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။