Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Sunday, February 26, 2023

ထောက်ကြံ့စစ်သင်္ချိုင်း

ဒီနေ့တော့ မနက်စောစော ထောက်ကြံ့စစ်သင်္ချိုင်းကို Solo စီးဖြစ်ခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာတော့စက်ဘီးသမား မတွေ့ခဲ့ရပေမယ် ပြည်လမ်းပေါ်ရောက်တဲ့အခါမှာတော့ စက်ဘီးစီးအဖွဲ့‌တချို့ စီးနေကြတာတော့ တွေ့ခဲ့ရတယ်။ ထောက်ကြံ့စစ်သင်္ချိုင်းအရောက်မှာ ကိုယ့်ထက်အရင်ရောက်နှင့်နေကြတဲ့စက်ဘီးသမားတွေနဲ့ စည်ကားလို့နေပါတယ်။


အပြင်မှာသာ စည်ကားနေပေမယ့် စစ်သင်္ချိုင်းအတွင်းထဲမှာတော့ တိတ်ဆိတ်အေးချမ်းလို့နေပါတယ်။ ဒီထောက်ကြံ့စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သား ၆၃၇၄ ယောက်ကို မြုပ်နှံထားသော စစ်သင်္ချိုင်းကြီးဖြစ်ပြီး ထိုအထဲမှ ၅၂ ဦးမှာ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ ဖြစ်ကြပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သော ဓနသဟာယနိုင်ငံများမှ စစ်သား ၂၇၀၀၀ ၏ အမည်များကို ရေးထိုးထားပါတယ်။ အာရှမှာရှိတဲ့ စစ်သင်္ချုင်းများထဲမှာ အလည်အပတ်များသော စစ်သင်္ချိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်္ချိုင်းရဲ့ ထူးခြားချက်က လက်ဝါးကပ်တိုင်အတွင်းထဲမှာ ဓါးအစစ်တစ်ချောင်းကို ထည့်သွင်းမြှုပ်နှံထားပြီး အဆောက်အဦးဆောက်လုပ်ရာမှာ အသုံးပြုထားတဲ့ ကျောက်တုံးများကို အိန္ဒိယကနေ သင်္ဘောနဲ့သယ်ယူပြီး ဆောက်လုပ်ထားတာပါ။

Sunday, November 07, 2021

ကျွန်တော်နှင့် သန်လျင်မြေ

ပေါ်တူဂီဘုရားကျောင်းဟောင်း
Syriam သို့မဟုတ် သန်လျင်၊ ကျွန်တော်ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သောမြေ။ အဖိုးနှင့်အဖွားတို့၏ ဇာတိမြေ။ အဖွား၏အိပ်ယာဝင်ပုံပြင် သန်လျင်မြို့အကြောင်းများထဲမှ ပါဒနိုင်ငံတော်နှင့် ကြခတ်ဝါးရုံမင်းသမီး အကြောင်း၊ ကျောင်းစာထဲမှ ရှင်မွေ့နွန်း မင်းနန္တာတို့၏ အချစ်ဇာတ်လမ်း၊ သမိုင်းထဲမှ နတ်ရှင်နောင်နှင့် ငဇင်ကာ၊ စာရေးဆရာ သန်လျင်မောင်မောင်ဦး ကြုံခဲ့ရသည့် ဆေးလုံးကြီးရွာအနီးမှ ကျက်ရွာ အဖွားငယ်စဉ်က တွေ့မြင်ခဲ့ရသည့် သိုက်ရှိသည့် ရှေး‌စေတီပျက် အက်ကွဲကြောင်းထဲမှ ထွက်လာသည်ဆိုသော ဘိုးသူတော်ကြီး စသည့် အကြောင်းအရာများက ကျွန်တော့်စိတ်နှလုံးထဲအထိ ဆွဲဆောင်ထား‌သည်။

Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။

Tuesday, August 26, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော

ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ ရှိပြီလို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီဗွီဘီကို ပြောပါတယ်။

အခု တွေ့ရှိ တဲ့ခေါင်းလောင်းဟာ ရန်ကုန်မြစ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော် က ပျောက်ဆုံးနေ တဲ့ ကြေးပိဿာ ၁ သိန်း ၈ သောင်းကျော်ရှိတဲ့  ခေါင်းလောင်း လားဆိုတာ အမေးကိုတော့ ကုန်းပေါ်ရောက်မှ အဖြေပေါ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခေါင်းလောင်းကို ရှာဖွေနေတဲ့ မြစ် ၃ စင်းဆုံတဲ့အနီးမှာ တွေ့ရှိခဲ့တာဖြစ်သလို ကြိုးချည်ပြီး အပေါ် တင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့ကနေ စတင် ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို  လူအများ စိတ်ဝင်စားခဲ့ကြပြီး သတင်းစာနဲ့ ဂျာနယ်တွေက ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။

Source : DVB

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ ဟု ဦးစံလင်းဆို

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်း ကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ယနေ့နံနက်တွင်  တယ်လီဖုန်းဆက်၍ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်း၊ပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့အရောက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယနေ့( သြဂုတ် ၂၆ရက်)တွင် ခေါင်းလောင်းရှာဖွေနေမှုကို လာရောက်ကြည့်ရှု့သူပိုမိုများပြားလာသည်။ခေါင်းလောင်းရှာဖွေရေးအဖွဲ့နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသော သောင်တူးသင်္ဘောတို့ ပိုမိုနီးကပ်လာသည်ကိုတွေ့ရပြီး လာကြည့်သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု ထင်မြင်နေကြသည်။
ထို့အပြင် ယနေ့မှစ၍ သောင်တူးစက်အနားသို့ စက်လှေသမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများအား အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်။
Source : 7Daily News

Friday, August 22, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်းနှစ်လုံးရှာဖွေတွေ့ရှိထား

သူသူထက်လွင် | ရန်ကုန်၊ 

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။ 
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရသည်။


Source : Yangon Time's

Wednesday, August 20, 2014

ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသောအရာကိုတွေ့ရှိသဖြင့် တူးဖော်မှုများစတင်သော်လည်း ယနေ့လုပ်ငန်းစတင်နိုင်ခြင်းမရှိ

ဓမ္မစေတီ ခေါင်းလောင်းဟုယူဆ ရသော အရာကို ရေအောက်၌တွေ့ သည်ဟု ရေငုပ်သမားများ၏ပြော ပြချက်အရ လက်ရှိတွင်တွေ့ရှိထား သောနေရာမှ သဲ၊ နုန်းများ စုပ် ထုတ်နေပြီ ဖြစ်သော်လည်း ယနေ့ နံနက် ၉ နာရီတွင် ခေါင်းလောင်း ရှာဖွေတူးဖော်နေသော သောင်တူး စက်များ စက်ချွတ်ယွင်းသွားသော ကြောင့် ဆက်လက်လုပ်ကိုင် နိုင်ခြင်း မရှိကြောင်း သမ္ဗန်သမားများထံမှ စုံစမ်းသိရှိရသည်။

ခေါင်းလောင်းဟုယူဆရသော အရာကို ယခုလ ၁၅ရက် နံနက် ပိုင်းတွင် စတင်စမ်းမိခဲ့ခြင်းဖြစ်ပြီး ယခင်ခေါင်းလောင်း ရှိသည်ဟု ယူဆထားသည့် သင်္ဘောပျက်နှင့် ပေ ၂ဝ ခန့်ဝေးသည့်နေရာဖြစ် ကြောင်း ရေငုပ်သမားများ၏ ပြော ကြားချက်ကို ကိုးကား၍ ၄င်းက ပြောသည်။

''အရင်ကသင်္ဘောအောက်မှာ ရှိတယ်လို့ တွက်ထားပေမယ့် ဒီလ ၁၄ ရက်မှာ နတ်စင်တစ်ရာဆရာ တော်ကြီးက သင်္ဘောပျက်အောက် မှာမဟုတ်ဘူး။ အပြင်ဘက်မှာရှိ တယ်လို့ မိန့်ကြားတော့နေရာ ပြောင်းပြီးရှာတာ။ နောက်နေ့မှ ခေါင်းလောင်းနဲ့ တူတဲ့အရာကို စမ်းမိတာပါ''ဟု ခေါင်းလောင်း ဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီမှ ဥက္ကဋ္ဌ (၁) ဦးနိုင် မင်းအောင်က ပြောသည်။

ခေါင်းလောင်းရှိသည်ဟုယူဆ ရသောနေရာကို သောင်တူး သင်္ဘောဖြင့် သဲနုန်းများစုပ်ထုတ်မှု ကို ယမန်နေ့မှစတင် ပြုလုပ်လျက် ရှိပြီး လက်ရှိတွင် ထူးခြားမှုအခြေ အနေမရှိသေးကြောင်း၊ ဓမ္မစေတီ ခေါင်းလောင်းကြီး ဖြစ်သည်ဟု အတည်မပြုနိုင်သေးကြောင်း ၄င်း ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဦးစံလင်းနှင့်ဦးဝင်းမြင့်တို့ဦးဆောင် ၍ ယခုလ ၉ရက်မှစတင်ရှာဖွေ တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ကာလ ရက်သတ္တနှစ်ပတ် သတ် မှတ်ထားကြောင်း၊ တူးဖော်ရေးတွင် သောင်တူး သင်္ဘောတစ်စင်း၊ ဗညားလတ်အမည်ရှိ သုံးထပ် သင်္ဘောတစ်စင်းတို့ဖြင့် ဆောင် ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄ဝဝခန့်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့်ပုဇွန်တောင် ချောင်းတို့ဆုံသည့် နေရာတွင် နစ် မြုပ်ခဲ့ခြင်းဖြစ်ကာ ကြေးပိဿာချိန် ၁၈ဝဝဝဝ အလေးချိန်ရှိကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

ညွန့်ဝင်း
The Union Daily

Tuesday, August 12, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမှုစတင်နေ

ကောဇာသက္ကရာဇ် ၉၇၄ ခုတွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တိုငဇင်ကာသည် ဒဂုံမြို့ကိုကျူးကျော်စဉ် ဆံတော်ရှင် ရွှေတိဂုံစေတီတော်ရင်ပြင်မှ ပိဿာချိန် ၁၈ဝဝဝဝ ရှိသော ဓမ္မစေတီခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် သယ်ယူစဉ် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း ဆုံရာ မြစ်ဆုံတွင် ရေသို့ကျ၍ နစ်မြုပ် ပျောက်ဆုံးခဲ့သည်မှာ နှစ်ပေါင်း ၄ဝဝ ကျော်ပြီဖြစ်ပြီး စတင်သွန်း လုပ်ချိန် ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်ကဆိုလျှင် နှစ်ပေါင်း ၅ဝဝ ကျော်ပြီဖြစ်သည်။

ယခုအခါ ဆယ်ယူရေးအဖွဲ့က သြဂုတ် ၁၁ ရက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရေပြည့်ချိန်တွင် ဆယ်ယူနေကြပြီး သုံးထပ်သင်္ဘော ဗညားဒလသုံးထပ်သင်္ဘောပေါ်မှ ဆရာတော်များက ပရိတ်တရားတို့ကို ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ လပြည့်ကျော် ၃ ရက်အထိ မြစ်ရေတက်မှုသည် ရေငုပ်သမားတို့အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိနေသည်။ ခေါင်းလောင်းကြီး ဆယ်ယူမှုကို ပရိသတ်များကလည်း နေ့စဉ်လာရောက်ကြည့်ရှုလေ့လာလျက်ရှိသည်။ တူးဖော်ဆယ်ယူသော နုန်းတူးစက်၊ အထူးယာဉ်နှင့်ဆရာတော်များပရိတ်ရွတ်ဖတ်သော ရေယာဉ်များသို့ ကပ်ခွင့်၊ တက်ခွင့်မပြုချေ။မြန်မာ့ယဉ်ကျေးမှု၏ အမွေအနှစ်ဖြစ်သော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီးကို ပြည်သူအပေါင်းက မြင်တွေ့ချင်သော ဆန္ဒပြင်းပြလျက်ရှိကြောင်း သိရသည်။

ရေအောက်ရှိ ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၉၈၈ ခုနှစ်မတိုင်မီ ပထမဆုံး ရေငုပ်ဆယ်ယူခဲ့သောအဖွဲ့မှ ထိုအချိန်က ရန်ကုန်တက္ကသိုလ်သမိုင်း ဌာန လက်ထောက်ကထိက ဦးကျော် က ''ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စီးပွားရေးဌာန သုတေသနမှူးကြီး ဒေါက်တာမျိုးမြင့်နဲ့ အဖွဲ့ဝင် ၁၂ ဦးမှ ကိုယ်ပိုင်ငွေနဲ့ ရေငုပ်အဖွဲ့ခေါင်း ဆောင်ဦးတင်ရွှေ၊ ဦးကြိုင်တို့ဖြင့် သီတင်းသုံးပတ်ဆယ်ယူရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ ဆယ်ယူရာတွင် ရေတပ်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လှည့်ကင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်၊ ပြီးဆုံးချိန်ကို သတင်းပို့ရကာ ဆယ်ယူသောနေရာကို အမှတ်အသား မထားရှိခဲ့ရဘူး။ ရေတက်ပြီး ရေငြိမ်သောအချိန်တွင် မျောက်ခေါင်းဟုခေါ်သော မျက်နှာတစ်ခွင်၊ နှာခေါင်းအုပ်သော ပစ္စည်းဖြင့် ရေပေါ်မှ အောက်ဆီဂျင်ပေးကာ ပစ္စည်းစုံလင်မှုမရှိဘဲ ငုပ်ခဲ့ရပြီး ရေအောက်တွင် နေနိုင်ရန်သံတုံး၊ ကြိုးကို လည်တွင်ဆွဲ၍ အန္တရာယ်ကြုံပါက ရေပေါ်ကို အသိပေးနိုင်၍ အသက်ကယ်ကြိုး တစ်ချောင်းသာ ပါရှိပြီး တစ်ဦးဆင်းပြီး တက်လာမှသာ တစ်ဦးဆင်းခဲ့ရကြောင်း၊ ရေအတက်တွင် ရေစီးကြောင်း၊ ပြင်းထန်ပြီးနွံတို့ကြောင့် အရာဝတ္ထုကို သဲကွဲစွာမမြင်နိုင်ဘဲ ခြေလက်ဖြင့် စမ်းကာလေ့လာရှာ ဖွေခဲ့ရကြောင်း တစ်ကြိမ်တွင် ရေငုပ်သမားတစ်ဦးက စီဘီသင်္ဘောပျက်နှင့် သင်္ဘောပျက်ပုံဘေးတွင် မြေဝါကျောက် စရစ်များအုပ်ကာ လုံနေသောအရာ တစ်ခုကိုစမ်းမိခဲ့ပြီး ကျန်ရေငုပ်သမားများလည်း စမ်းမိကာကိုင်တွယ်စရာမရှိ၍ စီဘီသင်္ဘောပျက် အတွင်းကျသွားပါက ပြန်ထွက်ရန် မလွယ်ကူသည့်အတွက် အောက်ခြေ ထိစူးစမ်းရန် အခွင့်အရေး မရခဲ့ကြောင်း၊ ထိုဂျင်းပုံသဏ္ဌာန် အစိုင်အခဲသည် အတွင်းတွင် အမာခဲတစ်ခုရှိနေနိုင်ပြီး ရေငုပ်ပစ္စည်းအခက်အခဲ၊ ရေအောက်တွင် ကြုံတွေ့ရသော အခက်အခဲတို့အပြင် ငွေကြေးအခက်အခဲတို့ကြောင့် သုံးပတ်ဖြင့် ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

''ခေါင်းလောင်းကြီးကျသွားတာက နှစ်ပေါင်း ၄ဝဝ ကျော်လာတာရယ်၊ သံပါဝင်တဲ့အတွက် ဓာတ်ပြုသွားနိုင်တာရယ်၊ မြစ်ကြောင်းပြောင်းလဲမှု တွေကြောင့် ဘယ်နေရာမှာရှိနိုင်မလဲ ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ကျွန်တော်တို့ပထမဆုံး ဆယ်ပြီးတဲ့နောက်မှာ ဒီနှစ်ဆန်းပိုင်းကျိုက်ထီးဆောင်းဆရာတော်ကြီးအပါအဝင် ၁၂ ဖွဲ့ ရှိသွားပြီ။ ဘယ်သူမှ ဆယ်ယူနိုင်ခဲ့တယ်လို့ မကြားမိခဲ့ဘူး၊ ကျွန်တော်တို့ ဆယ်စဉ်က ငွေကြေးမတတ်နိုင်လို့ ရပ်သွားခဲ့တာ ဆယ်ပြီးတဲ့အဖွဲ့တွေက ဘာကြောင့်ရပ်သွားတယ်ဆိုတာ မပြောခဲ့ဘူး၊ မရှင်းပြခဲ့ဘူး။ ငွေကြေး တောင့်တင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ဆယ်ခဲ့တာပါပဲ။ အခု သြဂုတ် ၁ဝ ရက်က စဆယ်တဲ့ ဦးစံလင်းတို့ကို ကြိုဆိုဝမ်းသာပါတယ်။ ဆယ်ယူရရှိခဲ့ရင် နိုင်ငံတော်အတွက် ဂုဏ်ယူစရာ ဖြစ်သလို သမိုင်းအထောက်အထား အတွက် ကမ္ဘာမှာ ဝင့်ကြွားစရာဖြစ် လာမှာပါ။ ခေါင်းလောင်းကြီး ကို ဆယ်ယူပြီးရင် ရွှေတိဂုံစေတီတော်မှာပဲ လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ကျွန်တော်တို့ဆယ်ယူစဉ်ကလို နိုင်ငံတော်ကို လှူမယ်ဆိုတဲ့ ရည်ရွယ် ချက်ထားရှိချက်တူတဲ့အတွက် အောင်မြင်စေချင်ပါတယ်'' ဟုဆက်လက် ပြောကြားသည်။

၁၉၈၇ မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်နိုင်ငံသား ဂျင်ဘလန်က (၄)ကြိမ်တိုင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေခဲ့ပြီး ဒေါပုံမြစ်နှင့် ရန်ကုန်မြစ်ဝဆုံရာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ်နှင့် အရှေ့လောင် ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ်တွင် ရှိနိုင် သည်ဟုယူဆခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ဇာကိုလိုကော ခေါင်းလောင်းကြီးဖြစ်ပြီး တန်ချိန် ၂ဝဝ ကျော်ရှိ၍ အေဒီ-၁၈၅၃ တွင်သွန်း လုပ်ခဲ့ကြောင်း၊ ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးမှာ မော်စကိုမြို့တွင်ရှိ၍တန်ချိန် ၁၂၈ တန်ရှိပြီး တတိယခေါင်းလောင်းကြီးမှာ မင်းကွန်းရှိ ၈၉ တန်ရှိသော အေဒီ-၁၈ဝ၈ တွင် ဘိုးတော်ဘုရားသွန်း လုပ်ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။

ရေအောက်မှဆယ်ယူနေသော ဓမ္မစေတီခေါင်းလောင်းကြီးသည် တန်ချိန် ၃ဝဝ ဟုဆိုထားသောကြောင့် ရထားခေါင်းတွဲတစ်ခုလျှင်တန် ၃ဝ ဆိုပါက ခေါင်းတွဲ ၁ဝ တွဲနှင့် ညီမျှ သော အလေးချိန်ရှိ၍ ကမ္ဘာတွင်အကြီးဆုံး ခေါင်းလောင်းကြီးအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။

Friday, December 20, 2013

ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်း တိုင်းတာ

 ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် (၁) လမ်း ကသစ်မြောင်း ချောင်းရိုးဘေး
ကာလီမာ ဘုရားကျောင်းဝင်း အတွင်း၌ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မုတ္တမတောင်တန်း မီးဆိုင်းတောင် ဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ လမ်းညွှန်ချက်ဖြင့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲထွဋ်လင်း၊ ဦးမောင်မောင်သက်စိုး၊ ဦးကျော်လင်းဦးတို့ ဦးဆောင်ကာ ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်မည့် မြေနေရာကို ကွင်းဆင်းစမ်းသပ် တိုင်းတာ ခဲ့ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီးသည် ဘုရင်မကြီး ရှင်စောပု လက်ထက်တွင် သွန်းလုပ်သည်ဟု ယူဆ ရသော အချင်း ၁၅ ပေခန့်၊ ထုတစ်တောင်ခန့်ရှိ ရှေးဟောင်း ကြေးခေါင်းလောင်းတော်ကြီး တည်ရှိနိုင်သည့် နေရာကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်စမ်းသပ် တိုင်းတာ တူးဖော်ရာ ဒီဇင်ဘာ ၁၇ ရက်တွင် ကာလီမာဘုရား ကျောင်းအောက် အနက် ပေ ၂ဝ ၌ သတ္တုဟု ယူဆရသော ပစ္စည်းအချို့ စမ်းသပ် တွေ့ရှိသည်။
ရှေးဟောင်း ခေါင်းလောင်းတော်ကြီး တူးဖော်ရာတွင် ဦးရဲထွဋ်လင်းနှင့် အဖွဲ့သည် မိမိတို့စရိတ်ဖြင့် တူးဖော် ကြမည် ဖြစ်ပြီး ခေါင်းလောင်းတော်ကြီး ရရှိပါက နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ နိုင်ငံတော်သို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Saturday, April 06, 2013

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံရှာဖွေ ဆယ်ယူမည်


နိုင်ငံခြား ကုမ္ပဏီ၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ဇူလိုင်လတွင် စတင် အကောင်အထည် ဖော်သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူတဦး ဖြစ်သည့် စာရေးဆရာ ချစ်စံဝင်း က ပြောသည်။ ဆရာ ချစ်စံဝင်း က “အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျနော်တို့ ဘက်ကလည်း ပြင်ဆင်ထားပြီးပြီ။ လွှတ်တော်မှာလည်းပဲ ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ။ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း ပြင်ဆင်ထားပြီးပြီ။ လာမယ့် သုံးလလောက်မှာ ဆယ်ဖို့ လုပ်ငန်းကို စနိုင်လောက်မယ်” ဟု ပြောသည်။

ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်္ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁၀ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။ ၎င်းပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။

လက်ရှိတွင် နှစ်ပေါင်းလေးရာအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ်ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက်အလက်များကိုလည်း စုဆောင်းထားသည်ဟု စာရေးဆရာ ချစ်စံဝင်း က ပြောသည်။ ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက်နစ်မြုပ်နေသည့် ပစ္စည်းများအား အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွားမည်ဟု သူက ပြောသည်။ ၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် သတင်း ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ‘ဓမ္မစေတီ’ သတင်းဂျာနယ်တစောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး မေလဆန်းတွင် ပန်းမျိုးတရာ စာပေမှ ဖြန့်ချိသွားမည်ဖြစ်ကာ ရှာဖွေရေး လုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP မှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တခုကိုလည်း ကျင်းပ သွားမည်ဟု သူက ဆက်ပြောသည်။

ခေါင်းလောင်း တည်ရှိသည့် နေရာအတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်းများစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက် ဆန်းကြယ်မှုများစွာ ရှိကြောင်း ဆယ်ယူရန် ကြိုးပမ်းခဲ့သူတို့က ယုံကြည်ကြသည်။ ယခုအကြိမ်တွင် သိပ္ပံနည်းကျ ရှာဖွေကာ ဆယ်ယူမည် ဖြစ်သော်လည်း ရိုးရာဓလေ့ထုံးတမ်းများကို ပစ်ပယ်မည် မဟုတ်ကြောင်း ယခင်အကြိမ်များက ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည့် ချစ်စံဝင်း က ပြောသည်။

“ဒီဒေသမှာ ဘိုးဘိုးကြီးတို့ ယုံကြည်မှုတွေ အားလုံးကိုလည်း ကျနော်တို့ မပစ်ပယ်ဘူး။ နောက်ပြီးတော့ မွန်အမျိုးသားတွေရဲ့ အဓိကရ ယဉ်ကျေးမှုပစ္စည်း ဖြစ်တဲ့အခါကျတော့ မွန်ဓလေ့ထုံးစံတွေနဲ့လည်း တစွန်းတစမှ မရှိအောင် လိုက်နာဆောင်ရွက်သွားမယ်” ဟု သူက ပြောသည်။ ကိုယ်ပိုင် ငွေကြေး စိုက်ထုတ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေခဲ့သည့် အငြိမ်းစား ရေတပ် အရာရှိ ဦးစံလင်း ကမူ ယခုကဲ့သို့ နိုင်ငံခြား အကူအညီဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ဘယ်လိုပဲဆယ်ဆယ် ဆယ်လို့ ရမယ် မထင်ဘူး။ မြန်မာ့နည်း မြန်မာ့ဟန် အဆင့်မြင့် နည်းပညာမှာ သီလ၊ သမာဓိ၊ ပညာ၊ ကတိ၊ သစ္စာ ဆိုတာ ရှိတယ်။ ဒါကို မသိရင် မရဘူး။ နိုင်ငံခြားသားဆို ဝေလာဝေး” ဟု ၎င်း၏ ယုံကြည်ချက်ကို ပြောသည်။ ဦးစံလင်းသည် ၁၉၉၇ ခုနှစ်တွင် တကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တကြိမ် ခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုပ် ရှာဖွေခဲ့ပြီး ဒုတိယအကြိမ်တွင် ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ သူ၏ အဆိုအရ ဒုတိယအကြိမ် ရှာဖွေစဉ်တွင် ရေအောက်ကြမ်းပြင်မှ ၂၅ ပေ အနက်၌ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အတိအကျ တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး အနီးတွင် အခြားခေါင်းလောင်းတလုံး၊ ပေါ်တူဂီ သင်္ဘောပျက် ၂ စီး၊ ဉာဏ်တော် ၇ တောင် ကိုယ်စီရှိ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများ ပါသည့် သေတ္တာ ၁၁ လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ကို ဆယ်ယူရန်အတွက် ၂၀၁၀ ခုနှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ အင်ဂျင် ပါဝါ ၁,၅၀၁ သို့မဟုတ် ၁,၀၅၂ ရှိ သောင်တူးစက်တစီးကို ငှားရမ်း အသုံးပြုခွင့် ပေးရန် တင်ပြခဲ့သော်လည်း အင်ဂျင် ပါဝါ ၁,၀၀၀ ရှိ သောင်တူးစက်ကိုသာ ရရှိသည့်ခဲ့အတွက် ၃ ရက်သာ တူးဖော်ပြီးနောက် ရပ်နားခဲ့ရသည်ဟု ဦးစံလင်းက ပြောသည်။ ၎င်းပြင် ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ခွင့် ပြုရန်အတွက် နိုင်ငံတော် သမ္မတထံသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၅ ကြိမ်တိုင် တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ဦးစံလင်းက ဆိုသည်။

မွန်ဘာသာဖြင့် ‘အပိန္နသော်’ ဟု အမည်ရှိသည့် ထိုခေါင်းလောင်းကြီးကို ကောဇာသက္ကရာဇ် ၈၅၁ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့တွင် ဓမ္မစေတီမင်းက စတင်သွန်းလောင်းခဲ့ပြီး ၈၅၂ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်နေ့ (၁၄၉၁ ခုနှစ်) တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရွှေတိဂုံစေတီတော်သို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ဓမ္မစေတီ ခေါင်းလောင်းသည် ပထမဆုံး ခေါင်းလောင်း ဖြစ်ပြီး စောက် ၁၂ တောင်၊ ကြေးပိဿာချိန် တသိန်းရှစ်သောင်း (၂၉၀ တန်) ရှိသည်။ ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (၁၆၁၂ ခုနှစ်) တွင် သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို ခေါ် ငဇင်ကာ က ခေါင်းလောင်းကြီးကို အမြှောက်သွန်းလုပ်ရန် သန်လျင်သို့ သယ်ဆောင်စဉ် ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ခဲ့သည်ဟု ဆိုသည်။
ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင်လည်း သြစတြေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ကမ်းလှမ်းခဲ့ဘူးသည်။


Source : Mizzima Burmese

Sunday, July 01, 2012

ရေအောက်တွင်နှစ်ပေါင်း ၄၀၀နစ်မြုပ်နေသော ဓမ်္မစေတီခေါင်းလောင်းကြီးရှာဖွေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ



သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ်ယူမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယဉ် ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေ သနဦးစီးဌာနက ကြီးမှူး၍ ဇွန် ၆ ရက် စနေနေ့တွင် ရန်ကုန်မြို့၊ နတ် မောက်လမ်း၊ ချက်ထရီယမ်ဟိုတယ် ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်သန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိ ယ၀န်ကြီးများ၊ မြန်မာနိုင်ငံသမိုင်းအ ဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ ပါမော က်္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရှင် များ စုံလင်စွာတက်ရောက်ခဲ့ကြ သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းက အဖွင့်မိန့် ခွန်းပြောကြားရာတွင် ““ဒီနေ့ကျင်းပ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းတန်ဖိုးအလွန်ကြီးမားတဲ့ ဓမ်္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ရှာဖွေဆယ်ယူနိုင်ရေးအတွက်  အကြံဉာဏ်တွေ၊ နည်းလမ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်း  ချမှတ်ဖို့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်အရေးကြီးပြီးအောင်မြင်အောင်ဆောင် ရွက်ကြမယ်ဆိုတဲ့ သန်္နိဋ္ဌာန်ကို ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ချမှတ်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။ ချမှတ်နိုင်ဖို့လည်း ယုံကြည်ပါတယ်””ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ကမ်္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် ခေါင်းလောင်းများရှိသည့်အနက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဇာကိုလိုကော့အမည်ရှိ ခေါင်းလောင်းကို ခရစ်နှစ် ၁၈၃၃ က သွန်းလုပ်ခဲ့ကြောင်း၊ တန်ချိန် ၂၀၀ ကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီးဆုံးခေါင်းလောင်းဟု သတ်မှတ်ထားကြောင်း၊ ဒုတိယအကြီးဆုံးခေါင်းလောင်းမှာ ၁၂၈ တန်ရှိပြီး မော်စကိုမြို့၌ပင်ရှိကြောင်း၊ မြန်မာနိုင်ငံမှ မင်းကွန်းခေါင်းလောင်းမှာ အလေးချိန်တန် ၉၀ ရှိသဖြင့် တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ်သတ်မှတ်ထားကြောင်း၊ ဓမ်္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် ဓမ်္မစေတီမင်းသွန်းလုပ်၍ ရွှေတိဂုံစေတီတော် အရှေ့မြောက်ထောင့်တွင် ထားရှိခဲ့ကြောင်း၊ ဓမ်္မစေတီခေါင်း လောင်းကြီးသည် အလေးချိန်ပိဿ   ၁၈၀,၀၀၀၊ တန်အားဖြင့် ၂၉၀ ကျော်ရှိသဖြင့် ကမ်္ဘာပေါ်တွင်ကြီး ဆုံးခေါင်းလောင်းဖြစ်နေကြောင်း၊ ထို့ ပြင် ၁၄၇၆ ခုနှစ်တွင် သွန်းလုပ်ခြင်း ဖြစ်သဖြင့် မော်စကိုမြို့မှခေါင်း လောင်းထက် ၃၅၇ နှစ်စောနေကြောင်း၊ ထို့ကြောင့် ဓမ်္မစေတီ ခေါင်းလောင်းကြီးသည် ကမ်္ဘာပေါ်တွင် အစောဆုံးသွန်းလုပ်ခဲ့သည့် အကြီးဆုံးခေါင်းလောင်းဖြစ်နေကြာင်း ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဓမ်္မစေတီခေါင်း လောင်းကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်နေပြီး ရေအောက်တွင် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် ရှာဖွေရေး၊ ဆယ်ယူရေး၊ သယ်ယူရေး လုပ်ငန်းများကိုအချိန်လုပ်ဆောင်  ရမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ် ပွဲတွင် ဖတ်ကြားသောအချက်အလက်များကို အခြေခံပြီး ၀ိုင်းဝန်းဆွေး နွေးအကြံပေးကာ လုပ်ငန်းအောင် မြင်ရေးကို ဦးစားပေးဆောင်ရွက်စေ လိုကြောင်း ဆက်လက်ပြောကြားခဲ့ သည်။
ထို့နောက် မြန်မာနိုင်ငံသမိုင်းအဖွဲ့ဝင် စာရေးဆရာ ဒေါက်တာချစ်စံဝင်းက သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ် ယူရေးနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဒေါက်တာချစ်စံဝင်းက ““ကမ္ဘာပေါ်မှာ အစော ဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၆၁၂ ခုနှစ်မှာ သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တိုခေါ် ငဇင်ကာက အမြောက်လက်နက်သွန်းလုပ်ဖို့ သံလျင်ကိုသယ်ယူသွားစဉ်ပဲ ခူးမြစ်၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်တို့ဆုံရာ ဒေါပုံမြစ်ဝမှာ လှေကွဲပြီး ရေထဲကျသွားပါတယ်။ အဲဒီနေရာကို ပန်းအလွဲချောင်း ပန်းအလွဲမြစ် လို့လည်းခေါ်တယ်။ ရေအောက်မှာ နှစ်ပေါင်း ၄၀၀ လောက်နစ်မြုပ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ကိုစိတ်ဝင်စားတဲ့မြန်မာပညာရှင်တွေ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်ပါဘူး။ နောကိပ်ုငးမှာ  အမေရိကန်နိုင် ငံသားဂျင်ဘလန့်ဆိုတဲ့ ရေငုပ်ကျွမ်းကျင်သူတစ်ဦး ရောက်လာပြီးရှာတယ်။ သူက လတ်္တီတွဒ် လောင်ဂျီ တွဒ်နဲ့တကွဖော်ပြပြီး ခေါင်းလောင်း ကြီးကိုတွေ့တယ်လို့ပြောပါတယ်။ ဒါ ပေမဲ့ ရှာဖွေတဲ့လုပ်ငန်းတွေ ဆက်မလုပ်နိုင်ပါဘူး။
ဂျင်ဘလန့်က ခေါင်းလောင်း ရှာဖွေတဲ့အကြောင်း သတင်းတွေရေးတယ်။ တစ်ကမ္ဘာလုံးဖတ်ရှုပြီး စိတ်ဝင်စားလာတယ်။ စိတ်ဝင်စားသူတွေက ကူညီချင်လို့ဆက်သွယ် တယ်။ အဲဒီအထဲမှာ စင်ကာပူက SD Mark gnternational LLP ကုမ္ပဏီက ဒေါ်လာ ၁၀သန်း (မြန်မာငွေ သန်း၈၀၀) အကုန်ခံပြီး ဓမ်္မစေ တီခေါင်းလောင်းကြီးကို ဆယ်တယ်။ တွေ့ရင် ရွှေတိဂုံဘုရားကုန်းတော်ပေါ်အထိ ပြန်တင်ပေးမယ်။ အဲဒီအတွက် ဘာအကျိုးအမြတ်မှမယူပါဘူး။ အစိုးရချီးမြှင့်သလောက်ကိုပဲ ယူမယ်ဆိုပြီး လွှတ်တော်မှာခေါင်း လောင်းအကြောင်း မေးကြပြောကြတယ်။ အဲဒီလိုစိတ်ဝင်စားသူတွေ များလာတဲ့အတွက် ဘက်ပေါင်းစုံ ပညာရှင်တွေပါဝင်တဲ့ စာတမ်းဖတ်ပွဲလုပ်ခြင်းဖြစ်ပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးစာတမ်းဖတ်ပွဲမှာ ကျွမ်းကျင်သူပညာရှင် Mr.Deamlim  နဲ့ ကပ္ပတိန် Micheal Mike Heacher တို့ပါဝင်တဲ့အတွက်  စာတမ်းဖတ်ပွဲပိုမိုကျယ်ပြန့်ပြီး ပြည့်စုံလာပါတယ်။ ဒီစာတမ်းဖတ်ပွဲဟာ ရှေးဟောင်းအမွေအနှစ် ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ် ယူဖို့ တာစူတဲ့ပွဲဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

ဒေါက်တာချစ်စံဝင်းက ““ဒီသတင်းစာဖတ်ပွဲမှာ SD Mark gnternational LLP ကုမ္ပဏီက CEO မစ္စတာ Dean Lim နဲ့ ရေအောက် ပစ္စည်းရှာဖွေရေးကျွမ်းကျင်သူ ကပ္ပတိန် Micheal Mike Heacher တို့လည်းတက်ရောက်ပါတယ်။ ဓမ္မစေ တီခေါင်းလောင်းကြီးရှာဖွေဖို့သက် ဆိုင်ရာကခွင့်ပေးရင် SD Mark gnternational LLP ကုမ္ပဏီက ကျွမ်းကျင်သူပညာရှင် Mike Heacher ကို ဒေါ်လာ ၆ သန်းနဲ့ငှားပြီး ဆယ်မယ်လို့သိရပါတယ်။ Mike Heacher  ကလည်း ရှာဖွေဖို့စိတ် အားထက်သန်နေပါတယ်””ဟု ပြော ကြားခဲ့သည်။

ရေအောက်တွင် နစ်မြုပ်နေ သည့် အလွန်တန်ဖိုးကြီးမားသော ရှေးဟောင်းပစ်္စည်းကြီးခြောက်ခုကို အောင်မြင်စွာရှာဖွေဆယ်ယူနိုင်ခဲ့ သည့် Mike Heacher သည် ယခုအခါ အသက် ၇၄ နှစ်အရွယ်သို့ ရောက်ရှိနေသဖြင့် ရှေးဟောင်းသမိုင်းအမွေအနှစ် ဓမ်္မစေတီခေါင်း လောင်းကြီးကို ရှာဖွေပြီး ရွှေတိဂုံ ကုန်းတော်ပေါ်သို့တင်ပြီးလျှင် ရေအောက်ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်း၍ အနားယူတော့မည်ဟု ဆုံးဖြတ်ထားကြောင်းလည်း သိရပါသည်။ Mike Heacher က ““ဓမ္မစေ တီခေါင်းလောင်းကြီးကို ရှာဖွေဖို့ ကျွန်တော်စောင့်ခဲ့ရတာ ၂ နှစ်လောက်ကြာခဲ့ပါတယ်။ ကျွန်တော် ဗြိတိသျှလူမျိုးဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ရေအောက်စူးသမ်းရှာဖွေရေး လုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ ကျွန်တော့်တစ်သက်မှာ သင်္ဘောပျက် ၈၀ ကျော်ကို ရေအောက်မှာရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တရုတ်ပြည် မင်မင်းဆက်တုန်းက တောင်တရုတ် ပင်လယ်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ပျက်ထဲက ရှေးဟောင်းကြွေထည် ပစ္စည်း ၃၅၀,၀၀၀ ဆယ်ယူရရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ရှေးဟောင်း ကြွေထည်ပစ္စည်းအများဆုံး ရှာဖွေ နိုင်သူအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်””ဟု ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အနီး ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း နှင့် ရန်ကုန်မြစ်တို့ဆုံရာ မြစ်သုံးခွဆုံ တွင် ဓမ်္မစေတီခေါင်းလောင်းကြီး နစ် မြုပ်နေခြင်းသည် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် မြစ်ရေစီး ဆင်းမှု၊ နုန်းပို့ချမှု နှင့် သဲဖုံးလွှမ်းမှု အကြောင်းများကို စနစ်တကျလေ့ လာဆန်းစစ်ရန် အရေးကြီးသော ပညာရှင်များက သုံးသပ်ကြသည်။ ဓမ်္မ စေတီခေါင်းလောင်းကြီးကိုရှာဖွေရန်အတွက် ပုစွန်တောင်ချောင်းကိုသာမက ရန်ကုန်မြစ်နှင့်ပဲခူးမြစ်တို့၏ ရေစီးရေလာနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကို သုံးသပ်စိစစ်ရန်လို အပ်လျက်ရှိသည်။ ထိုဒေသသည် ရှေးယခင်က အလွန်ကျယ်ဝန်းသော လယ်ယာမြေများ၊ တောတန်းတော အုပ်များပေါများသည့် ကျေးလက်ဒေသဖြစ်သော်လည်း မြို့ပြဧရိယာ တဖြည်းဖြည်းတိုးတက်များပြားလာ ကြောင်းသိရသည်။ သစ်ပင်များ၊ တောအုပ်များလွှမ်းမိုးသည့် အစိမ်း ရောင်ဧရိယာသည် ၁၉၇၄ ခုနှစ်က ဧကပေါင်း ၁၈၀,၀၀၀ ကျော်ရှိခဲ့ သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဧ ကပေါင်း ၉၀,၀၀၀ ခန့်သာရှိတော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန စာတမ်းတွင်ဖော်ပြ ထားသည်။ မြေအသုံးချမှုပြောင်းလဲ လာခြင်းသည် ထိုဒေသအနီးဝန်း ကျင်တွင် အပြောင်းအလဲများစွာဖြစ် ပေါ်လာနိုင်ကြောင်းလည်း ဖော်ပြ ထားသည်။ မြစ်ချောင်းအတွင်း စီး ဆင်းလာသော နုန်းများ၊ သဲများ သည် မြစ်ဝတွင် အနည်ထိုင်လေ့ရှိ ရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့်ငမိုးရိပ် ချောင်းမှ စီးဆင်းလာသော သဲနုန်းများသည် ဓမ်္မစေတီခေါင်းလောင်း ကြီးပေါ်တင် အပြည့်အ၀သက် ရောက်မှုရှိနိုင်သည်ဟုလည်း ယူဆကြသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ချောင်းများပြောင်းလဲစီး ဆင်းလေ့ရှိသဖြင့် မြို့များ၊ ရွာများ ပြောင်းရွှေ့ရသောထုံးစံရှိပြီး အဓိက ရေကြောင်းပြောင်းလဲရေးမှာ သောင်ထွန်းခြင်း၊ ကမ်းပြိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဓမ်္မစေတီ ခေါင်လောင်းကြီးနစ်မြုပ်သော ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းတို့သည်လည်း နှစ်ပေါင်း ၄၀၀ အတွင်း ပြောင်းလဲစီးဆင်းမည်ဖြစ်ရာ ဓမ်္မစေတီခေါင်းလောင်းကြီး နစ်မြုပ်နေသည့် မြစ်သုံးခွနေရာကို အတိအကျ ခန့်မှန်းရန်ခက်ခဲနိုင်သည်ဟု ယူဆကြသည်။ ဟံသာဝတီအရေးတော်ပုံနှင့် ကုန်းဘောင်ရာဇ၀င်ကြီးများထဲတွင် ပဲခူးမြစ်စီးဆင်းသော ရေကြောင်းသည် ယခုခေတ်မြစ်ကြောင်းနှင့် မတူညီကြောင်းဖော်ပြထားသည်။
YZ

Source : The Myanmar Post

Monday, June 20, 2011

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာနေရာကို ရှာဖွေတွေ့ရှိထား

မြစ်အတွင်း နှစ်ပေါင်း ၃၀၀ ၀န်းကျင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာ နေရာအား ရှာဖွေတွေ့ရှိထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် ဆယ်ယူမှု မပြုနိုင်သေး၍ နည်းပညာ အသုံးပြုဆယ်ယူပေးရန် အင်္ဂလန်နိုင်ငံမှ ကမ်းလှမ်းထားကြောင်း Global 9 Education Centre မှသတင်း ရရှိပါသည်။

ဓမ္မစေတီ ခေါင်းလောင်းတော် ရှာဖွေမှုကို လွန်ခဲ့သောနှစ်များကပင် ဘူမိဗေဒပညာရှင်များ ပူးပေါင်းရှာ ဖွေခဲ့ရာ နစ်မြုပ်ရာ နေရာအားရှာဖွေ တွေ့ရှိထားပြီးဖြစ်သည်။ ယင်း နောက်၂၀၁၀ ပြည့်နှစ်တွင် သြစတြေး လျမှ ပညာရှင်များ လာရောက်ကာ ဓမ္မစေတီခေါင်းလောင်းတော်ရှာဖွေ မှုအားလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဓမ္မစေတီခေါင်းလောင်းတော် ရှိရာနေရာကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဓမ္မစေတီခေါင်း လောင်းတော်အား လုပ်ရိုးလုပ်စဉ် နည်းအတိုင်း ဆယ်ယူပါက ပျက်စီးကြေမွနိုင်သည်ဟု ပညာရှင်များက တွက်ဆနိုင်ခဲ့သည့်အတွက် ဆယ်ယူ မှုမပြုနိုင်ခဲ့ကြောင်း သိရသည်။

“သြစတြေးလျက လာရှာတော့ နှစ်နေရာဖြစ်နေပေမယ့် ကျွန်တော်တို့ ပူးပေါင်းပြီး ကျွန်တော်တွေ့ရှိ ထားတဲ့နေရာကို ထောက်ပြလိုက်တော့ တွေ့သွားပါတယ်။ ဒါပေမယ့် ဆယ်မဖို့အတွက် နည်းပညာလိုနေတယ်။ လုပ်ရိုးလုပ်စဉ်နည်းအတိုင်း ဆယ်လိုက်ရင် အပေါ်ရောက်တဲ့အခါ ကြေမွသွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရေထဲမှာ နှစ် ၃၀၀ ကျော်မြုပ်နေတာဖြစ်တဲ့အတွက်ပါ။ လိုအပ်နေတဲ့ နည်းပညာက ပြင်သစ်မှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓမ္မစေတီခေါင်းလောင်းကို အင်္ဂလန် က လာဖော်ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အင်္ဂလန်က ဒုတိယကမ္ဘာစစ် အတွင်းတုန်းက သူတို့ပစ္စည်းတွေ မြန်မာနိုင်ငံမှာ မြုပ်ထားတာ ရှိပါတယ်။ အဲဒါကို သူတို့ က လာဖော်ချင်တယ်။ မြန်မာနိုင်ငံ ကခွင့်ပြုပေးရမယ်။ ခွင့်ပြုပေးရင် သူတို့က ဓမ္မစေတီခေါင်းလောင်းကို အကောင်းအတိုင်း ဆယ်ယူပေးမယ်လို့ ကမ်းလှမ်းထားတာပါ။ သူတို့ ပစ္စည်းကိုဖော်ပြီးရင်ပစ္စည်းကို ဆယ်ပုံပုံပြီးနှစ်ပုံကို မြန်မာကိုပေးခဲ့မယ်၊ ကျန်ပစ္စည်းရှစ်ပုံကိုတော့ ပြတိုက်နဲ့ ဟိုတယ်တွေကို ရောင်းချပြီး ရန်ပုံငွေရှာမယ်လို့ ပြောပါတယ်” ဟု ဓမ္မစေတီ ခေါင်းလောင်းတော် နစ်မြုပ်နေသည့် နေရာအား ရှာဖွေတွေ့ရှိထားသူ ဘူမိ ဗေဒပညာရှင် ဦးစိုးသိမ်း(ပါမောက္ခငြိမ်း) က ရှင်းပြခဲ့ပါသည်။


ဓမ္မစေတီခေါင်းလောင်းတော် ကြီး၏ အ၀အကျယ်မှာ ၁၀ပေရှိပြီး အရှည်မှာ ၁၂ ပေရှိကြောင်း သိရ သည်။ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ငဇင်ကာမင်း လက်ထက်က သန်လျင်ဘက်သို့သင်္ဘောဖြင့် သယ်ယူရာ၌ ပဲခူးမြစ်နှင့် ပုဇွန်တောင်မြစ်ဆုံရာ အကွေ့နေရာ တွင် သင်္ဘောနှစ်စီးတိုက်မိရာမှ ရန် ကုန်မြစ်ထဲသို့ ပြုတ်ကျနစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အငြိမ်းစားပါမောက္ခ ဦးစိုးသိန်း က “ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တွေ့ရှိမှုမှာ ကျွန်တော်တို့တွေ့ရှိတုန်းက ဓမ္မစေတီခေါင်းလောင်း နစ်မြုပ်နေမှုမှာ အပေါ်ရေထုက ၆၀ နဲ့မြေထုက ၂၀ စမ်းသပ်ချက်တွေ့ရှိ ခဲ့တာပါ။ ဒါပေမယ့် သြစတြေးလျ ပညာရှင်တွေ စမ်းသပ်ချက်ကတော့ အပေါ်ရေထုက ၆၀နဲ့ မြေထုက ၁ မီတာ(၃ ပေ) ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီတော့မြေကြီးက ဖုံးရုံပဲဖုံးနေတာပေါ့။ ဆယ်ဖို့ လွယ်ပေမယ့် နည်းပညာနဲ့ မဆယ်ရင် ခေါင်းလောင်းကို အကောင်းအတိုင်း ရရှိမှာ မဟုတ်ပါဘူး”ဟု ရှင်းပြခဲ့ပါသည်။

Sunday, October 10, 2010

တိုင်းရင်းသား များ၏ ဘ၀နှင့် အလှ ကို ဖော်ကျူး သည့် SPLENDOUR LAND စာအုပ် နိုင်ငံတကာ အဆင့်မီ ပုံနှိပ်ပြီး

မြန်မာနိုင်ငံ ၌ တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၀၀ ကျော် ရှိသည့် အနက် အချို့ မှာ ထူးခြား လေးနက်သော သဘာဝ ရှိပြီး တောင်တန်း နေမျိုးနွယ်စု များ၏ ပကတိ ဘ၀ ပုံရိပ် များမှာ စိတ်ဝင်စားစရာ ကောင်း သည့်အတွက် ပန်းချီ လှမြင့်ဆွေ ကိုယ်တိုင် ခရီး ဆန့်ကာ အနုပညာ မြောက် ဓာတ်ပုံများ ရိုက်ယူ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဒီဇိုင်း ပြု လုပ်ပြီး  ဓာတ်ပုံများများ စာနည်းနည်းဖြင့် နိုင်ငံတကာ စံချိန်မီ စာအုပ် အဖြစ် Splendor Land စာအုပ်ကို စင်ကာပူ နိုင်ငံ တွင် ပုံနှိပ် ပြီးစီး ပြီဖြစ်၍ အပြည်ပြည် ဆိုင်ရာ စံနှုန်း စာအုပ် သတ်မှတ် ချက် မှတ်ပုံတင်နံ ပါတ် (International Standard Book Number) ဖြင့် မကြာမီ နိုင်ငံတ ကာ စာအုပ် ဈေးကွက် ထဲသို့ ဖြန့်ချိ တော့ မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီ လှမြင့် ဆွေသညှ်SPLENDOR LAND အမည် ရအဆင့်မြင့် Cofee Table Book ဓာတ်ပုံ စာအုပ်ဖြစ် မြောက်ရန် တောင်တန်း နေတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် ကချင်ပြည်နယ် နယ်စပ် တွင်ရှိသော နန်းယွန်းမြို့နှင့် ပန်ဆောင်မှ တစ်ဆင့် အိန္ဒိယ နယ်စပ် အထိ သွားရောက် ခဲ့ပြီး နာဂ မျိုးနွယ် သွေးချင်း များ၏ ဘ၀ ပုံရိပ်များကို ပကတိ အခြေအနေ အတိုင်း ရိုးရာ ယဉ်ကျေး မှုနှင့် အညီ သွားလာ နေထိုင်မှု ဓာတ်ပုံများ ကို ယခုနှစ် ဇန်န၀ါရီ တွင် သွားရောက် ရိုက် ယူခဲ့ ကြောင်း သိရသည်။
နန်းယွန်းမြို့ နာဂ ပွဲတော် သို့ အခက် အခဲ အမျိုးမျိုး ကြားမှ သွားရောက်ပြီး ဓာတ်ပုံ ရိုက်ကူး ခဲ့သည့် အခြေအနေ နှင့် ပတ်သက်၍ ဆရာ လှမြင့်ဆွေ က ရှင်းပြရာတွင် နန်းယွန်း နာဂ ရိုးရာ ယဉ်ကျေးမှု ကောက်သစ် စားပွဲ တော်သို့ လာရောက် ကြသော နာဂ မျိုးနွယ်စု များမှာ အိန္ဒိယ နိုင်ငံ အာရှနာ ချာပရာဒေ့ခ်ျ ပြည်နယ် နယ်စပ်ရှိ နာဂ မျိုးနွယ်စုများ၊ လိတ် နိုချောင်း၊ ဟာနူး ချောင်း၊ နောင်ယန်းအင်း နှင့် နောင်ဆိုင် အင်း တို့၌ရှိသည့် ရိုးရာ မပျက် နေထိုင် သော နာဂ မျိုးနွယ် သွေးချင်း များဖြစ် ကြကြောင်း၊ ပွဲတော် အတွင်း လာရောက်ကြ သည့် သွေးချင်း နာဂ များ၏ သဘာဝ အတိုင်း သွားလာ လှုပ်ရှားမှု ဘ၀ ပုံရိပ်ကို အမိ အရရိုက် ကူးပြီး သူတို့နှင့် အတူ နေထိုင်သော အိမ်များ သို့လည်း သွားရောက်ကာ ထူးခြားကောင်းမွန် သော ဓာတ်ပုံများ လည်း ရရှိခဲ့ကြောင်း၊ ထို့ အပြင် ရိုးရာ အဆောင် ပစ္စည်းနှင့် တွဲဖက် ရိုက်ကူး ခဲ့ကြောင်း ရှင်းပြသည်။
ထို့အပြင် နန်းယွန်းမြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ ခုနှင့် ကျေးရွာပေါင်း ၉၄ ရွာရှိရာ ရနိုင် တောင်တန်း၊ မုတ်တောင်တန်း၊ ပက်က္ကိုင် တောင်တန်း နှင့် ဟူးကောင်း တောင် တန်း တို့ အနက် ထူး ခြား လေးနက် မှုရှိ သော နာဂ ကျေးရွာ များကို လည်းသွား ရောက် ခဲ့ပြီး နာဂသွေး ချင်း များ၏ နေထိုင် မှု ဘ၀ ပုံရိပ် များကို စုံလင်စွာ ရိုက်ကူး နိုင် ခဲ့ကြောင်း သိရ သည်။
ပန်းချီ လှမြင့်ဆွေ၏ Splendour land အမည်ရ ဓာတ်ပုံ များများ စာနည်း နည်းဖြင့် ဖြန့်ချိ ထုတ်ဝေမည့် စာအုပ် တွင် ကဏ္ဍ ခြောက်ခု ခွဲပြီး စီမံ ဆောင်ရွက် ထား သော စာအုပ် တစ်အုပ် ဖြစ်၍ တိုင်းရင်း သား မျိုး နွယ်စုများ အလိုက် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေထိုင် ကြသော လားဟူ၊ ပလောင်၊ ဓနု၊ ပအို့ဝ်စသည့် ရှမ်း မျိုးနွယ်စုများ၊ ကရင် ပြည်နယ် ဒေသတွင် နေထိုင် ကြသော တောင် ပေါ်တောင်အောက် ကရင် မျိုးနွယ်စုများ၊ ပိုးကရင်၊ စကော ကရင် စသည့် ကရင်မျိုး နွယ်စုများ၊ ချင်းပြည်နယ် နှင့် အိန္ဒိယ နယ်စပ် တို့တွင် နေထိုင်သော ချင်းမျိုးနွယ် စုများ၊ ရိုးရာ ယဉ် ကျေးမှု အလှ များနှင့် မြတ်ဗုဒ္ဓ ၏ ယဉ် ကျေးမှု အမွေအနှစ် များကို ဦးစွာ ရရှိ ခဲ့သော ရခိုင်ပြည်နယ် မှ ဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။
တိုင်းရင်းသား များ၏ ဘ၀ ပုံရိပ်များကို ရိုက်ကူး ရာတွင် စိတ်ပိုင်း ဆိုင်ရာ ရိုးသားဖြူ စင်သည့် အလှတရား ပုံရိပ် များမှာ ပြိုင်ဘက် ကင်း လောက်အောင် သူတို့ မျက်နှာတွင် ဖော်ပြနေသည့် ဓာတ်ပုံ များကို ကြည့်ရှု ခံ စားသူ အပေါင်း သိနိုင်မြင်နိုင် အောင် ကြိုး ပမ်း အားထုတ်ရိုက်ကူး ထားကြောင်း သိရ သည်။

Friday, September 24, 2010

ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည့် ဟူးကောင်းချိုင့်ဝှမ်းတွင် ကျားကောင်ရေ ၅၀ ကျော်သာ ရှိတော့ကြောင်း သိရ

နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ ကမ္ဘာပေါ်တွင်ကျား ကောင်ရေ ၃၅၀၀ ၀န်းကျင်သာကျန် ရှိတော့ကြောင်း သိရပြီး တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း (Wildlife Conservation Society-WCS)မှ ထုတ်ပြန်သော စာရင်းများအရ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည့် ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင် ကျားကောင်ရေ ၅၀ကျော်သာ ရှိတော့ကြောင်း သိရှိရသည်။

    ဟူးကောင်းချိုင့်ဝှမ်း ကျား ထိန်းသိမ်းရေးဒေသသည် မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အတွင်းရှိ တနိုင်း မြို့အနီးတွင်တည်ရှိပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့်ကျယ်ဝန်း ကြောင်းသိရသည်။ ၂၀၀၄ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်း၏ စတုရန်းမိုင် ၂၅၀၀ကို ဘေးမဲ့တောအဖြစ် အစိုးရ ကသတ်မှတ်ခဲ့ပြီး အသစ် သတ်မှတ်ချက်အရ ဘေးမဲ့တောဧရိယာသည် ၆၇၄၈ စတုရန်းမိုင် ရှိလာမည် ဖြစ်ကာ ၄၂၄၈ စတုရန်းမိုင် ပိုမိုကျယ်ဝန်းလာ မည်ဖြစ်ကြောင်း သိရသည်။

    ဟူးကောင်း ဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်လေ့လာလိုသူများ အနေဖြင့် ကျားအပြင် ကျားသစ်၊ အင်းကျား၊ ဆင်၊ ၀က်ဝံ၊ တောကျွဲ၊ ပြောင်၊ ဆတ်၊ ဂျီ၊ တောကြောင်မျိုးများ၊ မျောက်မျိုးများ၊ တောဆိတ်၊ တောင်ဆိတ်အပါအ၀င် နို့တိုက် သတ္တ၀ါ ၃၅ မျိုး၊ ငှက်မျိုးစိတ် ၃၇၀ ကျော်၊ ဖားမျိုး ၄၆ မျိုး၊ ရေချိုငါးမျိုး စိတ် ၃၇ မျိုး၊ လိပ်မျိုးလေးမျိုး၊ လိပ် ပြာအမျိုးမျိုးအပြင် အပင်မျိုးစိတ် ပေါင်း ၁၃၅၀၀ ခန့် လေ့လာနိုင်ကြောင်း သိရသည်။

    လက်ရှိထုတ်ပြန်ခဲ့သော စာရင်း များအရ ကမ္ဘာပေါ်တွင်ကျားကောင် ရေ ၃၅၀၀ခန့်သာ ကျန် ရှိနေပြီး ယင်း ကျား ကောင်ရေများထဲမှ သုံးပုံတစ်ပုံဖြစ်သော ကောင် ရေ ၁၀၀၀ ကျော်သာလျှင် မွေးဖွားနိုင်သော အရွယ်ရှိသည့် ကျားမများ ဖြစ်ကြကြောင်း သိရသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကျားကောင်ရေ ၁၀၀၀၀ခန့်လှည့်လည် ကျက်စားခဲ့သော အာရှဒေသများနှင့် ရုရှားနိုင်ငံ တို့က ၂၀၂၂ခုနှစ် အတွင်း ကျားကောင်ရေနှစ် ဆခန့် တိုးတက်လာစေရန်အတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက် သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားနှင့်ဘင်္ဂလားကျားနှစ်မျိုး ကျက်စားနေပြီး ကျားကောင်ရေအများစု ကို ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီဘေးမဲ့တောနှင့် တနင်္သာရီတိုင်းတို့ တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။

Source : News Eleven

Thursday, September 16, 2010

ရန်ကုန်မြစ် သုံးဆိုင် အတွင်း နစ်မြုပ်နေသာ ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီး၏ တည်နေရာနှင့် ပုံရိပ်ကို ဖမ်းယူ နိုင်ပြီ


ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ သြစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေး အတွက် ကိုယ်တိုင် ကိုယ်ကျ ရေငုပ် စမ်းသပ် အတည် ပြုရန် လိုအပ်ကြောင်း သိရသည်။
ခေါင်းလောင်းတော်ရှာဖွေသည့် ANIMAX Films
ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေ နေသည့် ANIMAX Films အဖွဲ့တွင် ဒါရိုက်တာ မစ္စတာ ဒမ်မီယန်လေး၊ Sonar Technician မစ္စတာဂျရမီရိုက်စ်၊ Commercial Diver မစ္စတာ မာ့ခ်အိဗ်တို့ ပါဝင် သည်။ အဆိုပါ အဖွဲ့သည် ၁၉၃၅ခုနှစ်က မွန်ပြည်နယ်၊ ရေးမြို့နယ် အေးကျွန်း အနီး ပျက်ကျ ခဲ့သည့် နှစ်ယောက်စီး လေယာဉ်ကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ သို့ အဓိက ရောက်ရှိ လာခြင်း ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ရှာဖွေမှုတွင် ကူညီ ဆောင်ရွက်ခြင်း ဖြစ်သည်။
ခေါင်းလောင်းတော်ကြီး၏ သမိုင်းအကျဉ်း
ဓမ္မစေတီမင်း၏ ကောင်းမှု ဖြစ်သော ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို မြန်မာ သက္ကရာဇ် ၈၃၇ ခုနှစ်က သွန်းလုပ် ခဲ့ကာ ၈၃၈ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီးတွင် တင်လှူ ပူဇော်ခဲ့ပြီး ၉၇၄ ခုနှစ်၌ မြစ်ထဲတွင် နစ်မြုပ် သွားခြင်းဖြစ်သည်။ ခေါင်းလောင်း တော်ကြီး၏ အမြင့်မှာ ၁၈ ပေ ရှိပြီး အ၀ အကျယ်မှာ ၁၂ ပေရှိသည်။ အလေးချိန် အားဖြင့် တန်ချိန် ၃၀၀ ခန့် (ပိဿာချိန် အားဖြင့် ၁,၈၀,၀၀၀) ခန့် ရှိသည်။

ခေတ်မီနည်းပညာများသုံး၍ ရှာဖွေခဲ့
ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ကို ယခု ရှာဖွေ ရာတွင် Sonar System နှစ် မျိုးဖြစ်သည့် Lowrance HDS 7 Structrue Scan နှင့် Starfish Side Scan စနစ်တို့ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရထံ တင်ပြကာ ခွင့်ပြုချက် ရယူပြီးမှ လုပ်ငန်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်း ဆောင်ရွက်မှု ပထမအကြိမ် အဖြစ် ဧပြီ ၂ ရက်မှ ၅ ရက်အထိ လေးရက် ကြာဆောင် ရွက်ခဲ့ပြီး ဧပြီ ၁၃ရက်တွင် ရှာဖွေရေး လုပ်ငန်း ကို ထပ်မံ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ရှာဖွေရေးလုပ်ငန်းစဉ်
ရှာဖွေရေး လုပ်ငန်း၏ ပထမအဆင့် အဖြစ် လျာထားနေရာ ဖြစ်သည့် ပဲခူးမြစ်မှ စတင်ပြီး ဖောင်တော် လှုပ်ရှား သွားလာ နိုင် သည့် မြစ်သုံးဆိုင် နေရာ တစ်ဝိုက်ကို ဂြိုဟ်တု ပုံရိပ် အရ ရေကြောင်း ရွေ့လျား မှုနှင့် သဲနုန်း အနည်ထိုင်မှု အပေါ် အခြေခံလျက် ရှာဖွေ ရေး နယ်နိမိတ် သတ်မှတ် ဆောင်ရွက်ခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ပစ်မှတ်များ လည်း တွေ့ရှိ ခဲ့ သည်ဟု သိရသည်။ ခေါင်းလောင်းတော် ကြီး အနီးတွင် ရေယာဉ်ပျက်များ၊ သစ်ဖောင် ပျက်များ ဟု ယူဆ ရသော အစိတ်အပိုင်း များ၊ သစ်တုံးများ၊ အခြား စိတ်ဝင်စားဖွယ် ရာ ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့သည်။ ရှာဖွေမှု မှ တွေ့ရှိချက် များကို လည်း စနစ်တကျ စီမံ ဆောင်ရွက် ထားရှိ ခဲ့သည်။
ယခင်က အဆိုပါ ခေါင်းလောင်းတော် ကြီး ရှာဖွေရေး ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြပ်မတ် ခဲ့သည်ဟု သိရသည်။ အဖွဲ့ အစည်း အသီးသီးမှ ၀င်ရောက်ရှာဖွေ ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြ သော်လည်း နည်းပညာပိုင်း အားနည်း မှုကြောင့် ရလဒ် တိတိကျကျ မပေါ် ပေါက်ခဲ့ပေ။
အချက်အလက်များ စုဆောင်း
သို့သော် ယနေ့ အထိ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေခဲ့ သောအဖွဲ့မှ ရေငုပ် ခေါင်းဆောင် ဦးကြိုင် ဆိုသူမှာ ခေါင်း လောင်းတော်ကြီးအား စမ်းမိ ထိတွေ့ ခဲ့သည် ဟု ရေးသား ဖော်ပြဆဲ ဖြစ်ပါသည်။ ANIMAX အဖွဲ့ ခေါင်းလောင်းတော် ရှာဖွေရေး လုပ်ငန်း အတွက် သတင်း အချက်အလက် စုဆောင်း ပြင်ဆင်ရာ၌ အထက် ဖော်ပြပါ ဦးကြိုင်အား အစည်းအဝေး တွင် ဖိတ်ကြား ဆွေးနွေး ဖူးပါ သည်။ ဦးကြိုင်က သူ့အနေဖြင့် ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်း တွင် ရေငုပ်ခဲ့ပါကြောင်း၊ တစ်ကြိမ် တစ်ခါမျှ ခေါင်းလောင်း တော်အား ထိတွေ့ စမ်းသပ် နိုင်ခဲ့ခြင်း မရှိဖူးကြောင်း သိရသည်။
Applied Geology Department မှ ကထိက ဦးစိုးသိန်း နှင့်အဖွဲ့ တင်သွင်း ခဲ့သော သမိုင်းဝင် မြေမြုပ် နေသော ကြေးခေါင်း လောင်းတော်ကြီး (၂၉-၅-၁၉၉၇၊ ၉-၆-၁၉၉၇) မှာ Geophysical Method , Geochemical Method အရ ခွဲခြမ်းစိတ် ဖြာ၍ Sampling Areas တည်နေရာပါ GPS စနစ် အသုံးပြု ဖော်ပြ ထားသဖြင့် ရှာ ဖွေရေး အတွက် အထူး အထောက်အကူ ပြု သော စာတမ်းတစ်စောင် အဖြစ် မှီငြမ်း အသုံးပြု ခဲ့ကြောင်း ခေါင်းလောင်းတော်ကြီး ရှာဖွေရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ယခု လုပ်ငန်းသည် ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေမှု အတွက် ပထမအဆင့် လုပ်ငန်း ဖြစ်ကြောင်း၊ ရှေ့ ဆက် လုပ်မည့် အစီအစဉ်များကို လတ်တ လောတွင် ညှိနှိုင်း ဆောင်ရွက် နေဆဲ ဖြစ် ကြောင်း၊ တည်နေရာ အမှန် ရရှိပြီး အထောက်  အထား ခိုင်လုံမှု ရရှိသည့် အထိ ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း  သိရသည်။
ခေါင်းလောင်းတော်ကြီး ယခင်ရှာဖွေရေးလုပ်ငန်းများ
၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၉ရက်အထိ ဦးကြိုင် ခေါင်း ဆောင်၍ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ သုံးဦး သည် ခေါင်းလောင်းတော်ကြီးကို ရေငုပ် ရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ ၂၇  ရက်အထိ ထပ်မံ ရှာဖွေ ခဲ့ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ပုဂ္ဂလိက အဖွဲ့များက ခေါင်းလောင်းတော် ကြီးကို လာရောက် ရှာဖွေမှု ပြုလုပ် ခဲ့သေး သည်။ အမေ ရိကန် ရေငုပ်သမား ဂျင်ဘရန့် ဆိုသူကလည်း ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၁၉၉၇ ခုနှစ် မတ် ၂၉ရက်မှ ဇွန်လအထိ တစ်ကြိမ် စုစု ပေါင်း နှစ်ကြိမ် တိုင်တိုင် ရေငုပ် ရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ၁၉၉၇ ခုနှစ်အတွင်း ခေါင်း လောင်းတော် ရှာဖွေရေး ကော်မတီမှ တာဝန် ပေးခဲ့သည့် ကထိက ဦးစိုးသိန်းမှ တိုင်းတာ မှုများ ပြုလုပ်စဉ် ရေငုပ်သမား ဂျင်ဘရန်က နှစ်ကြိမ်တိုင် ရေငုပ်ရှာဖွေ ကူညီ ခဲ့ရာတွင် ခေါင်းလောင်းတော်ကြီးမှာ မြေကြီး အောက် ၁၂ ပေခန့် မြုပ်နေသောကြောင့် သံပိုက်လုံး ဖြင့်ထိုးပြီး စမ်းသပ် ရှာဖွေ ခဲ့သည်ဟု သိရသည်။
ထို့ပြင် ဦးစံလင်း ဆိုသူကလည်း ၁၉၉၇ ခုနှစ် ဇူလိုင်မှစတင်၍ ခေါင်းလောင်းတော် ကြီးကို အကြိမ်ကြိမ် ရှာဖွေမှု များ ဆောင် ရွက် နေကြောင်း သိရသည်။
အချုပ်အားဖြင့် သုံးသပ်သော် ခေါင်း လောင်းတော်ကြီး ကို ရှေးယခင် ခေတ်အ ဆက်ဆက် က ပါရမီရှင် များမှ ကြိုးပမ်းရှာ ဖွေ ခဲ့သော်လည်း လက်တွေ့အထောက် အထားဖြင့် တင်ပြနိုင်မှု အတိအကျ မရှိခဲ့ သေးဟု ဆိုရပါမည်။ သို့သော် ယခု ANIMAX အဖွဲ့၏ ကြိုးပမ်းမှုတွင် တိကျသော ပုံရိပ်နှင့် တည်နေရာ များ ဖော်ပြ နိုင်ခဲ့သဖြင့် နောက်အဆင့်ဆင့် ဆက်လက်ဆောင်ရွက် မည့်သူများ အတွက် များစွာ အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း သိရသည်။

Monday, September 13, 2010

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာပုံတော် ရေရာသေချာရဲ့လား

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က အမြင့် ၁၂တောင်၊ အ၀ ခုနစ် တောင်၊အလေးချိန် ပိဿာ ၁,၈၀,၀၀၀ ရှိသော ခေါင်းလောင်းကြီး တစ်လုံး  မြစ်သုံးခွ ဆုံတွင် နစ်မြုပ် သွားပြီး ရှာ မ တွေ့ကြောင်း ပြောလျှင် ရှေး အခါ က ဒဏ္ဍာရီ ပုံပြင်ဟု ထင်သော်လည်း နောက်ပိုင်း သုတေသန ပြုချက် များ အရ အမှန် တကယ် ဖြစ်ကြောင်း လက်ခံလာကြသည်။



မြစ်သုံးခွဆုံတွင်
ထိုခေါင်းလောင်းကြီး ကိုဟံသာ ၀တီ ဓမ္မစေတီ မင်း သွန်း လောင်း၍ ရွှေတိဂုံ စေတီတော် ရင်ပြင်တွင် တပ် ဆင် ပူဇော်ပြီး နောက် ၁၃၆ နှစ်အ ကြာတွင် ပေါ်တူဂီ နယ်ချဲ့ငဇင်ကာ ဖြုတ် ယူသွားစဉ် မြစ်သုံးခွ ဆုံ၌ နစ် မြုပ်သွားခြင်း ဖြစ်သည်။ ဓမ္မစေတီ မင်းကောင်း မှုတော် ခေါင်းလောင်းကြီး ကို ရေအောက် မှ ပြန်လည် ဆယ်ယူ နိုင်လျှင် ကမ္ဘာ့ သမိုင်းတွင် အစော ဆုံး၊ အကြီးဆုံး ရှေးဟောင်း အနုပညာ လက်ရာ ခေါင်းလောင်းကြီး အဖြစ် မြန်မာ လူမျိုးများ ဂုဏ်ယူ နိုင်မည်ဟု ယုံကြည် နေကြသည်။
မြစ်သုံးခွ ဆုံရေ အောက်တွင် ဓမ္မ စေတီ ခေါင်းလောင်းကြီး နစ်မြုပ် နေကြောင်း မြန်မာ လူမျိုးများ ယုံ ကြည် သလို နိုင်ငံခြား သားများလည်း ယုံကြည် ကြသည်။ ခေါင်းလောင်း ကြီး ရှာဖွေ ရာတွင် နိုင်ငံခြား သားများ လည်း ပါဝင် လာသည်ကို တွေ့ရ သည်။ ထိုအချိန်တွင် ဂျာနယ်စာ မျက်နှာများ ပေါ်၌ ဓမ္မစေတီ ခေါင်း လောင်းကြီး သတင်းများ တခမ်းတနား ပါလာပြီး ဂျာနယ် အချို့က နှစ်ပတ် အတွင်း ဆယ်ယူမည် ဟုပင် ဖော်ပြ ခဲ့ သည်။ ဂျာနယ် အချို့ကလည်း ခေါင်းလောင်းကြီး ဆယ်ယူရန် လုပ် ငန်းများ ဆောင်ရွက် နေပြီဟု ဖော်ပြ သည်ကို တွေ့ရသည်။

နှစ်ပတ်အတွင်း
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ သည် ဓမ္မစေတီ ခေါင်းလောင်းကြီး ကို နှစ်ပတ် အတွင်း ဆယ်ယူမည် ဟူ သော သတင်းကို အလွန် စိတ်ဝင်စား ပြီး ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြသည်။ ဂျာနယ်များသို့ ဖုန်းဆက် မေးမြန်းသူ များလည်း ရှိလာသည်။ စာဖတ် ပရိ သတ်အချို့က “ဓမ္မစေတီ ခေါင်း လောင်းကြီးကို နှစ်ပတ် အတွင်း ဆယ်မယ် ဆိုတာ ဟုတ်ပါ သလား၊ အမှန်တကယ် ဆယ်နေပြီလား” ဟု မေးသော အခါ မြန်မာပို့စ် သည် အဖြေမှန် သိရေးအတွက် သက်ဆိုင် သော သတင်း ရင်းမြစ် များကို ဆက် သွယ် မေးမြန်းပါသည်။
ဓမ္မစေတီ မင်းကောင်းမှုတော် ခေါင်းလောင်းကြီးနှင့် ပတ်သက် သည့် စာအုပ် အစောဆုံး အဦးဆုံး ရေးခဲ့ သည့် စာရေးဆရာ ချစ်စံဝင်း ကို သွားရောက် တွေ့ဆုံ သောအခါ ဆရာ ချစ်စံဝင်းက ဓမ္မစေတီခေါင်း လောင်းကြီးရဲ့ သမိုင်း နောက်ခံနဲ့ ပတ်သက်ပြီး ကွဲလွဲချက် နည်းနည်း ပါးပါး ရှိပေမယ့် မြစ်သုံးခွ ဆုံမှာ ခေါင်းလောင်းကြီး နစ်မြုပ် တယ်ဆို တာကို အားလုံး လက်ခံတယ်။ ဘယ် သူမှ မငြင်းဘူး၊ ခေါင်းလောင်းကြီး ရဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး အရင် တုန်းက တိတိကျကျ မသိပေမယ့် အမြင့် ၁၂ တောင်၊ ထိပ်ဝ အကျယ် ခုနစ်တောင် ဆိုတာ အားလုံးလက်ခံ တယ်။ ဒါဟာ စူးစမ်း လေ့လာမှုရဲ့ ရလဒ် ဖြစ်တယ်၊ ဒါပေမဲ့ ခေါင်း လောင်းကြီး နစ်မြုပ် နေတဲ့ နေရာနဲ့ ပတ်သက်ပြီး တိတိကျကျ ပြောဖို့ ခက်နေ ပါတယ်” ဟု ရှင်းပြသည်။

သြစတြေးလျအဖွဲ့
မြန်မာ့ သမိုင်း အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင် နေသော ဆရာ ချစ်စံဝင်းက “ခေါင်းလောင်း ကြီးကို မြန်မာ လူမျိုး တွေ ရှာဖွေ ဖော်ထုတ် ချင်သလို နိုင်ငံခြားသား တွေလည်း ရှာဖွေ ဖော်ထုတ် ချင်တယ်။ သူတို့ က ခက်ခက် ခဲခဲ စွန့်စွန့်စားစား လုပ်ရတာ ၀ါသနာ ပါတယ်၊ ဒီ ခေါင်းလောင်း ကြီးကို ရှာဖွေ ဖော်ထုတ် နိုင် ရင် ကမ္ဘာ ကျော်မှာ သေချာတယ်၊ ဒေါ်လာ တွေလည်း အများကြီး ရနိုင်တယ်၊ အမေရိကန် နိုင်ငံသား ဂျင် ဘလန့် ကိုယ်တိုင် မြစ်သုံးခွ ဆုံမှာ ရေငုပ် ခဲ့တဲ့ အတွေ့အကြုံတွေ မီဒီယာ မျိုးစုံမှာ ဖော်ပြ တာဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရတယ် လို့ ကြားတယ်။ ခေါင်း လောင်းကြီးတည်နေရာသိရင် ကုန် ကျစရိတ် ထုတ် ပေး မယ် လို့ ဟောလိ ၀ုဒ်မင်းသား တစ်ယောက်က ကမ်း လှမ်း တာလည်း ရှိတယ်၊ အဲဒီမင်းသား က ဒေါ်လာ သန်းချီ ပြီး ပေးနိုင် တယ်” ဟု ပြောပြသည်။
ဂျင်ဘလန့် ပြန်သွား ပြီးနောက် သြစတြေးလျ နိုင်ငံ အခြေစိုက် ANIMAX Film အဖွဲ့မှ ပညာရှင် များ လာရောက်ပြီး ခေါင်းလောင်း ကြီးကို နောက်ဆုံး ပေါ် Sonar System ဖြင့် ရှာဖွေသော်လည်း နေရာ အတိအကျ မသိဘဲ ခေါင်း လောင်းကြီး ပုံရိပ် ဟုယူဆနိုင်သော နေရာ နှစ် နေရာ ကိုသာ ထောက် လှမ်း နိုင်ခဲ့ ကြောင်း သိရသည်။ ဆရာ ချစ်စံဝင်းက တနင်္သာရီ တိုင်း ကော့ သောင်းမြို့မှ သုဓမ္မ မဏိ ဇောတဓရ  ဘွဲ့တံဆိပ် ရထားသည့် ဦးစံလင်း သည် ဓမ္မစေတီ ခေါင်းလောင်းကြီးကို  ၁၉၉၇ ခုနှစ် မှစ၍ အကြိမ်ကြိမ် ရေငုပ် ရှာဖွေ ခဲ့ကြောင်း ပြောပြ သဖြင့် ဦးစံ လင်းကို သွားရောက် တွေ့ဆုံသည်။

အိုးပစ်အိမ်ပစ်ရှာသူ
ဦးစံလင်းက ဓမ္မစေတီ ခေါင်း လောင်းကြီး ကို နှစ်ပေါင်း များစွာ အိုးပစ် အိမ်ပစ် ရှာဖွေ ခဲ့သည့်အတွက် တိုက် ခန်း နှစ်ခန်း၊ မော်တော် ကားသုံးစီး ကုန်သွားပြီ ဖြစ်ကြောင်း ပြောပြသည်။ ထို့နောက် ဦးစံလင်းက “ခေါင်းလောင်း ကြီးကို မြန်မာ့ နည်းမြန်မာ့ ဟန်နဲ့ နှစ် ပတ် အတွင်း ဆယ်ယူ နိုင်တယ် ဆိုတာ ကျွန်တော် တင်ပြ တာပါ၊ အဲဒီလျှောက် လွှာပါ အချက်အလက် တွေ သရုပ်ဖော်  ပုံတွေ ကိုယူပြီး ဂျာနယ် တွေမှာ ဖော် ပြတဲ့ အခါ လွဲချော်ပြီး အခုလောလော ဆယ်ရှာ နေသလို ဖြစ်သွား တာပါ။ ကျွန်တော် တစ်ယောက် တည်း ဘာမှ ဆက်မလုပ် နိုင်ပါဘူး။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက် ရရင် ဆက်ရှာ ဖို့ စောင့်နေ ပါတယ်” ဟု ပြောပြသည်။
ဦးစံလင်း ၏ လျှောက်လွှာတွင် ၁၃၇၂ ခုနှစ်၊ ပထမ၀ါ ဆိုလ ဆန်း ၁၁ ရက် အင်္ဂါနေ့ဟု ရက်စွဲ တပ်ထားရာ ဂျာနယ် များတွင် ဓမ္မစေတီ ခေါင်း လောင်းကြီး သတင်းများ ပလူပျံခဲ့ သော အချိန်ကာလနှင့် ကိုက်ညီနေ ကြောင်း တွေ့ရသည်။ ဦးစံလင်းက “ကျွန်တော်ဟာ ရေငုပ် ကျွမ်းကျင် တယ်။ ကိုယ်တိုင် ရေထဲဆင်းပြီး အသက်စွန့် ရှာဖွေတဲ့ အတွက်ဒုတိယ အခေါက်မှာ ဓမ္မစေတီခေါင်းလောင်း ကြီးကို တွေ့ခဲ့ ပါတယ်။ ၁၉၉၈ ခုနှစ် သြဂုတ် ၁၁ ရက် ညနေမှာ ရှာဖွေ တွေ့ရှိ ခဲ့ပေမယ့် နောက်နေ့ ကစပြီး  လုပ်ငန်း အားလုံး ရပ်ဆိုင်း ခဲ့ရပါတယ်၊ ဒီကိစ္စ တွေဟာ ထူးခြား ဆန်းကြယ် တဲ့ အတွက် အားလုံးနားလည်အောင် ပြောပြဖို့ ခက် ပါတယ်” ဟုလည်း ပြောခဲ့သည်။ နိုင်ငံခြားသား ပညာရှင် များပင် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသော နေရာကို အတိအကျ မပြော နိုင်သော်လည်း မြန်မာ ပညာရှင် ဦးစံလင်းက အခိုင်အမာ ပြောခြင်း မှာ ထူးခြား နေသည်။ ထို နေရာကို မည်ကဲ့သို့ ရှာဖွေ တွေ့ရှိကြောင်း အသေးစိတ် အချက်အလက် များကိုမူ  ဦးစံလင်း ကပြောမပြခဲ့ပါ။
စာရေးဆရာ ချစ်စံဝင်းက ဓမ္မ စေတီ ခေါင်းလောင်းကြီးကို တစ်ဦး ချင်း တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း မရှာဘဲ နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် ရှာသင့် ကြောင်း ရှင်းလင်း ပြောပြ သည်။ ဆရာချစ် စံဝင်းက “နိုင်ငံတော် ရဲ့ ဦးဆောင်မှုနဲ့ ခေါင်းလောင်းကြီး ရှာဖွေတဲ့ အခါမှာ ချက်ချင်း ရေမငုပ် ဘဲ သုသေသန လုပ်ငန်း တွေ အရင် လုပ်ရမယ်။ ပညာရှင် တွေ စုဝေးပြီး မြစ်သုံးခွ ဆုံနေရာ ဘယ်မှာ ရှိနိုင် တယ်ဆိုတာ သုံးသပ် ရမယ်။ အဲဒီ အဆင့် ပြီးရင် ကမ်းလွန် ရေနံ ရှာဖွေ သလို မြေပုံပေါ်မှာ အကွက်တွေ ချ ပြီး တာဝန်ခွဲ ဝေ ရှာဖွေရင် ထိရောက် နိုင်တယ်။ အကွက် ချရှာဖွေတဲ့အ တွက် နေရာ လွတ် နေရာ လပ်လည်း မကျန် နိုင်ဘူး။ အချိန်ယူပြီး စနစ် တကျ လုပ်ဖို့ လိုတယ်” ဟု ရှင်းပြ သည်။

ဦးစံလင်း၏ ပြောကြားချက်
ဓမ္မစေတီ ခေါင်းလောင်းကြီးကို  ရှာဖွေတွေ့ရှိသည်ဟု ၀န်ခံထားသော ဦးစံလင်းက ဂျာနယ်တွင် ဖော်ပြထား သော ဓမ္မစေတီ ခေါင်းလောင်း ပုံကို ပြပြီး “ခေါင်းလောင်းကြီးရဲ့ ပုံစံက တော့ ဒီအတိုင်း မှန်တယ် လို့ပြော နိုင်ပါ တယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့ ဒီဇိုင်းရေး တုန်းက အလျင် လိုတဲ့ အတွက် ကိုယ်လုံးတော် နည်းနည်း သွယ် သွားတယ်။ ကိုယ်လုံး တော်ကို နည်းနည်း ပိုကြီးလိုက်ရင် တကယ့် ခေါင်းလောင်းကြီး နဲ့ တူလာ ပါလိမ့် မယ်” ဟု ပြောပြသည် ကိုလည်း မှတ်ထား ပါသည်။
ထို့ပြင် ဦးစံလင်းက “ဓမ္မ စေတီ ခေါင်းလောင်းကြီး ရေအောက်မြုပ် သွားတုန်းက ဒီလို တည့်တည့်ကြီး မကျ ဘဲ ဘေးစောင်း လဲကျ သွား တယ်။ ဒါပေမဲ့ ခေါင်းလောင်း အ၀ ဘက်က နည်းနည်း မော့နေ သလို ဖြစ်နေတာ တွေ့ရတယ်။ အောက် ခြေမြေ အနေအထား ပေါ်မူတည်ပြီး လဲကျ နေတာဖြစ်ပါ လိမ့်မယ်။ စဥ့် ကူးမင်း ခေါင်းလောင်းကြီး ကို မြန်မာ တွေ ပြန်ဆယ်ပြီး ရွှေတိဂုံ ကုန်းတော် ပေါ် တင်သလို ဓမ္မစေတီ ခေါင်း လောင်းကြီး ကိုလည်း ပြန်တင် ချင် ပါတယ်” ဟု ရဲဝံ့စွာပြောခဲ့သည်။ ဦးစံလင်းသည် အသက် ၆၄ နှစ် အရွယ်သို့ ချဉ်းကပ် လာသော်လည်း ဓမ္မစေတီ ခေါင်းလောင်းကြီး နှင့် ပတ် သက်လျှင် ယုံကြည်ချက် အပြည့်၊မျှော် လင့်ချက် အပြည့်၊ အားမာန် အပြည့် ရှိနေဆဲ ဖြစ်ကြောင်း တွေ့မြင်ရသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည် ဖော်ထုတ် နိုင်လျှင် ကမ္ဘာ့ သမိုင်း တွင် အစောဆုံး သွန်းလုပ်ခဲ့ သည့် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်ရုံ သာမက ရေအောက် တွင် နှစ် အရှည်ကြာဆုံး နစ်မြုပ် နေခဲ့သည့် ခေါင်းလောင်းကြီး အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်း တင် နိုင်ပါသည်။

source: The Myanmar Post