Sunday, July 16, 2023

ဒါးပိန်(ထားရ်ပိန်း) မြို့လေးသို့ အလည်တစ်ခေါက်

ယခုတစ်ခေါက်မှာတော့ ရန်ကုန်တိုင်းထဲက ဒါးပိန်မြို့လေးဆီကို အသွားအပြန် 86.5 Km ခရီးအကွာအဝေး စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ ဒါးပိန်မြို့လေးသည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်၊ ပဲခူး မီးရထားလမ်းပေါ်နှင့် ပဲခူးမြစ်၏အနောက်ဘက်အရပ် အနောက် ဘက်ကမ်းမှ တမိုင်ခန့်အကွာ ပဲခူးမြစ်ပေါ်ရှိ သပြုရွာကြီးနှင့် တဘက်ကမ်းအနောက်အရပ် မျက်နှာချင်းဆိုင်ရန်ကုန် လေးထောင့်ကန်၊ အင်းတိုင်၊ အမှတ်(၂) မော်တော်ကား လမ်းမကြီးပေါ်ရှိ ဆားတလင်းကျေးရွာ မှအရှေ့ဆူးဆူး မော်တော်ကားလမ်းမိုင်အရ လေးမိုင်အကွာမှာ တည်ရှိပါတယ်။