Showing posts with label Travel Malaysia. Show all posts
Showing posts with label Travel Malaysia. Show all posts

Sunday, December 05, 2010

Batu Caves သို့အလည်သွားခြင်း

Batu Caves, Malaysia
 ဒီတစ်ခေါက် Batu Caves ကို 26.11.01 ရက်နေ့မှာ စင်္ကာပူက သူငယ်ချင်းဖြစ်တဲ့ စည်သူရယ် မိတ်ဆွေဖြစ်တဲ့ ကိုအေးနဲ့အတူ ရောက်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက အလုပ်ကိစ္စနဲ့ Batu Caves ရှေ့ကနေပြီး အခေါက်ခေါက်အခါခါ ဖြတ်ခဲ့ပေမယ့်။ အချိန်မရှိတာကြောင့် မဝင်ဖြစ်ခဲ့ပါဘူး။ တစ်နေ့တော့ အရောက်သွားဦးမယ်ဆိုပြီး ရည်မှန်းထားပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်ကတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူက သွားချင်တယ်ဆိုလို့ အတူသွားဖြစ်ခဲ့တာပါ။ အရင်က မလေးရှားမှာ သွားလည်ဖူးခဲ့တဲ့ နေရာတွေထဲမှာ တမူထူးခြားတဲ့ နေရာတစ်ခုပါပဲ။ မလေးရှားနိုင်ငံရဲ့ Interesting Places ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Thursday, September 24, 2009

Hutan Melintang သို့ ခရီးသွားခြင်း


ဒီတစ်ခေါက် မလေးနှစ်ကူး Hari Raya မှာ ကျွန်တော်တို့ ကုမ္ပဏီက တစ်ပါတ် ပိတ်မယ်ဆိုတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူနဲ့ ဟူတန်မယ်လင်တန် (Hutan Melintang) ကို ခရီးအတူသွားကြဖို့ တိုင်ပင်ထားပါတယ်။ စည်သူက ဟာရီရာယာရက် မတိုင်မှီ ၁၉ ရက်နေ့မှာ မလေးရှားကို ဝင်မှဖြစ်မယ်လို့ ပြောပါတယ်။ သူ့ မလေးရှားဗီဇာက ၁၉ရက်နေ့ သက်တမ်း ကုန်တော့မယ်တဲ့။ ဒီတော့ ၁၉ရက်နေ့ သောကြာနေ့ ညနေပိုင်းကားနဲ့ မလေးရှားကို ဝင်လာပါတယ်။ ည ၁နာရီလောက် သူတို့ကားက Bukit Jalil မှာဂိတ်ဆုံးတာမို့ ကျွန်တော်က Bukit Jalil မှာ သွားကြိုလိုက်ပါတယ်။

Friday, September 11, 2009

Genting Highlands သို့ အလည်သွားခြင်း


Skyway to Genting Highlands
Genting Highlands ကိုတော့ မလေးရှားကို ရောက်ဖူးသူတိုင်း အတော်များများသိကြမှာပါ။ မလေးရှားကို ရောက်တဲ့သူတိုင်း Genting Highlands ကို သွားလည်ကြတာ များပါတယ်။ Genting Highlands ကတော့ ပင်လယ်ရေမျက်နှာပြင် 1850m အထက်မှာရှိပြီး မလေးရှားနိုင်ငံရဲ့ နာမည်ကျော် တောင်ပေါ် Casino ကစားဝိုင်းတွေနဲ့ စည်ကားနေတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ ကာစီနို ကစားဝိုင်းတွေအပြင် ကစားကွင်းတွေ၊ ရှော့ပင်း စင်တာတွေနဲ့ စည်ကားလှတဲ့ နေရာဖြစ်ပါတယ်။ တောင်ပေါ်မှာတော့ အေးမြတဲ့ ရာသီဥတုနဲ့ လှပတဲ့ တောင်ပေါ်ရှုခင်းတွေကို ခံစားနိုင်ပါတယ်။

Sunday, August 16, 2009

Port Dickson ကမ်းခြေသို့ ပထမအကြိမ် အလည်ခရီး

Port Dickson ကမ်းခြေအလှ
သူငယ်ချင်းတွေနဲ့အတူ မလေးရှားနိုင်ငံမှာရှိတဲ့ Port Dickson ကမ်းခြေကို ရောက်ခဲ့တာက 1.10.2008 ရက်နေ့မှာပါ။ တချို့ကတော့ Port Dickson ကမ်းခြေကို အတိုကောက် PD လို့ခေါ်ကြပါတယ်။ Port Dickson ကမ်းခြေကတော့ ကွာလာလမ်ပူကနေပြီး 60km ကွာဝေးပါတယ်။ ကမ်းခြေမှာအချိန်ယူပြီး လည်ပတ်ချင်ရင်တော့ ပုတ်ဒဇင်ကမ်းခြေမှာ အကြီးဆုံးဖြစ်တဲ့ Corus Paradise Resort လိုမျိုးအဆင့်မြင့် 5 Star ဟိုတယ်ကြီးတွေရှိသလို အသေးစား Guest House လေးတွေလဲရှိပါတယ်။ ကျွန်တော်တို့ကတော့ နေ့ချင်းပြန်သွားကြတာပါ။ ဒီတော့ Hotel မလိုဘူးပေါ့။ ပုတ်ဒဇင်ကမ်းခြေကိုသွားဖို့ စီစဉ်ပေးခဲ့တာကတော့ KinYet Plastit ကုမ္ပဏီကပါ။ မြန်မာဝန်ထမ်းတွေချည်းပဲ သီးသန့်ပို့ပေးတဲ့ ခရီးစဉ်ပါ။ အားလုံးပေါင်းယောက် 20 ကျော်လောက် ပါပါတယ်။

Saturday, July 25, 2009

Melaka သို့အလည်ခရီး


View of Melaka 
Melaka ခရီးစဉ်ကို ပထမတစ်ခေါက်ကတည်းက ရေးမယ်ရေးမယ်နဲ့ အခုဒုတိယအခေါက် ရောက်မှပဲ ရေးဖြစ်ပါတော့တယ်။ ကျွန်တော်မလကာကို ပထမအခေါက်စရောက်တုန်းကတော့ Private Tour အနေနဲ့ပါ။ Melaka က မိတ်ဆွေတွေဖြစ်တဲ့ ကိုမင်းဇော်နဲ့ ကိုထွန်းထွန်းလင်းကပဲ အစစအရာရာကူညီခဲ့လို့ နေရာအတော်များများကို ရောက်ခဲ့ပါတယ်။ ဒုတိယအကြိမ်အနေနဲ့တော့ 19.07.2009 ရက်နေ့မှာ Smart Holiday Travel ကုမ္ပဏီနဲ့ Melaka ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ခေါက်ကတော့ Package Tour နဲ့ရောက်တာပါ။ Package Tour ဖြစ်တဲ့အတွက်တော့ နေရာတစ်ခုရောက်တိုင်း မိမိစိတ်ကြိုက်လေ့လာဖို့ အချိန်သိပ်မရခဲ့ပါဘူး။ ပိုဆိုးတာ Kuala Lumpur ကနေပြီး နေ့ချင်းပြန်ခရီးဖြစ်နေတာပါပဲ။

Thursday, May 21, 2009

ဘန်တုံး ရေပူစမ်းသို့တစ်ခေါက် (Bentong Hot Spring)

Bentong Hot Spring
ဒီတစ်ခေါက်တော့ ဘန်တုံး (Bentong) မြို့ရှိ ရေပူစမ်း ကိုရောက်ဖြစ်ခဲ့ပါတယ်။ Bentong ရေပူစမ်းဟာ ကွာလာလမ်ပူ ကနေပြီး Raub ကိုသွားတဲ့ လမ်းမှာရှိတာပါ။ Raub ကိုမရောက်ခင် Bentong မြို့ကို အရင်ရောက်ပါတယ်။ Bentong မြို့က Pahang ပြည်နယ်အပိုင်ထဲမှာပါ။ Bentong ကိုသွားတဲ့အခါ လမ်း ၂လမ်းရှိပါတယ်။ တစ်ခုက ပုံမှန်သွားနေကျ ဟိုင်းဝေးလမ်းမကြီးပါ။ နောက်တစ်ခုကတော့ တောင်တွေကို ပတ်ပြီး သွားရတဲ့ လမ်းဟောင်းပါ။ Bentong ရေပူစမ်းက လမ်းဟောင်းမှာ တည်ရှိတာပါ။ ကွာလာလမ်ပူကနေပြီး တစ်နာရီနဲ့ မိနစ် လေးဆယ်လောက်ပဲ မောင်းရပါတယ်။ ရေပူစမ်းကိုရောက်တဲ့ ဘတ်စ်ကားတော့မရှိပါဘူး။ ကိုယ်ပိုင်ကား၊ ဒါမှမဟုူတ် အငှားကားနဲ့ သွားရတာပါ။ Bentong ရေပူစမ်းနားမှာ ညအိပ်တည်းခိုပြီး တောတောင် သဘာဝအလှကို ခံစားလိုသူတွေအတွက်လဲ ရေပူစမ်းနားမှာ ဟိုတယ်တွေရှိတဲ့အတွက် အဆင်ပြေပါတယ်။

Saturday, May 09, 2009

Raub Travel Guide

Raub, is one of the oldest towns in the State of Pahang. It began as a gold mining town in the early 19th century. Remains of its colonial past are evident in the old buildings scattered around the town.

By car

Raub is located along Federal Route 8 which runs from Bentong to Kota Bharu, the capital of Kelantan state. From Kuala Lumpur, the best way to reach Raub is via the Kuala Lumpur-Karak Expressway (Route E8) to Bentong, and then onto Route 8 at the expressway's Bentong East interchange. Route 8 also allows you to get to Raub from Kota Bharu. From Kuantan, you can reach Raub by using the East Coast Expressway (Route E8) to Lanchang interchange and then proceed along the Lanchang-Raub road.

There is an alternative route to get from the West Coast trunk road (Route 1) to Raub via the winding Route 55 from Kuala Kubu Bahru across the Main Range past The Gap and the turn-off to Fraser's Hill. Cars can use this road at the end of holidays to by-pass jams on the Kuala Lumpur-Karak Expressway.

To get from Taman Negara National Park, get to Jerantut and head weat towards Benta where you will join Route 8. Head south to get to Raub.

Raub is about 80km from Kuala Lumpur.

ရာဝတ်မြို့သို့ ခရီးသွားခြင်း (Raub)

Raub မြို့ရှိ ပန်းခြံအဝင်ဝ
ရာဝတ် (Raub) ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရောက်သွားတယ်။ အလုပ်ကိစ္စပြီးတော့ အလည်ပေါ့။ ကျွန်တော့်ရုံးက သူငယ်ချင်းက အဲဒီ့မြို့သားဆိုတော့ သူက မြို့ရဲ့သာယာလှပတဲ့ နေရာတွေကို လိုက်ပို့တယ်လေ။ ရာဝတ် မြို့လေးက ကွာလာလမ်ပူနဲ့မတူပဲ တစ်မူထူးခြားလှပတဲ့ မြို့တစ်မြို့ပါ။ ဒီမြို့လေးက မလေးရှားနိုင်ငံ အနောက်ဘက်ခြမ်းက ပါဟန်း (Pahang)ပြည်နယ်ထဲမမှာ တည်ရှိတာပါ။ မလေးရှားနိင်ငံကွာလာလမ်ပူမြို့ ရဲ့မြောက်ဘက် မိုင်၅၀ (၈၀ ကီလိုမီတာ) အကွာမှာရှိတာပါ။ သာယာလှပတဲ့တောတောင်တွေ ဝန်းရံထားတဲ့ မြို့တစ်မြို့ပါ။ ကွာလာလမ်ပူကနေ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ၂နာရီနဲ့ မိနစ်၃၀ လောက်ပဲကြာပါတယ်။

Wednesday, April 22, 2009

Kuala Lumpur Travel Guide



Map of Kuala Lumpur (including places of interest, hotels, museums, embassies, entertainment and shopping, and transportation).
Here’s information on KLIA (Kuala Lumpur International Airport) and LCCT KLIA (Low Cost Carrier Terminal), and how to use the Express Rail Link, taxis, airport buses to get into the Kuala Lumpur. If you are taking a express bus from Singapore, you will most probably find yourself in Puduraya Bus Sation.
There’s so much to see and do in KL, lots of good hotels and good food, fascinating bazaars and shops.
Once you’ve settled into your hotel (It is ,however, important that the hotel is situated in the Golden Triangle of the city. Then you’re close to the shopping centres of Sungei Wang, Bukit Bintang, Lot 10 and Low Yat Plaza. And you’re within walking distance of the famous Petronas Towers with its shopping centre Suria.
KL nightlife is unbelivable diversify, so join the locals to party and drink, especially on weekends.