Showing posts with label Travel Singapore. Show all posts
Showing posts with label Travel Singapore. Show all posts

Saturday, December 26, 2009

Jurong Bird Park သို့အမှတ်တရ

Jurong Bird Park Singapore
စင်္ကာပူ Jurong Bird Park ကိုတော့ မှတ်မှတ်ရရ 10. February. 2008 တုန်းကရောက်ခဲ့ပါတယ်။ Jurong Bird Park ကို ဒေါက်တာ Goh Keng Swee ကနေပြီး 1968 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာ Goh ဟာ Zoologi Garden ကိုလည်ပတ်ရင်းနဲ့ ငှက်တွေလွတ်လပ်စွာ ပျံသန်းနိုင်မယ့် ငှက်လှောင်ချိုင့် ကြီးကြီး တည်ဆောက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့အတွက် စက်မှုဇုံတွေနှင့် ကင်းလွတ်ပြီး သဘာဝအလျှောက် အပန်းဖြေ အနားယူနိုင်မယ့် Jurong Hill (Bukit Perepok) နေရာကို 1968 ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။

Thursday, July 23, 2009

Sentosa ကျွန်းသို့အလည်ခရီး

ပန်းအလှပြင်ဆင်မှုတွေနဲ့ လှပနေတဲ့စင်တိုဆာကျွန်းပါ။
စင်္ကာပူကိုရောက်ရင် သွာလည်ဖို့ထိပ်ဆုံးစာရင်းထဲမှာ Sentosa ကျွန်းကအပါအဝင်ပါ။ စင်္ကာပူရောက်တုန်း Sentosa ကျွန်းကိုသွားဖို့အတွက် သူငယ်ချင်းဖြစ်တဲ့ ဝေသူ့ကိုအကူအညီတောင်းပြီး လိုက်ပို့ခိုင်းဖြစ်ပါတယ်။ ဝေသူကလဲကျောင်းပိတ်တဲ့ရက်မို့ အဆင်ပြေပါတယ်။ ဒီလိုနဲ့ 8-2-2008 ရက်နေ့မှာနံနက် စာစားပြီးတာနဲ့ Dakota ကနေပြီး 9 နာရီလောက်က စထွက်ဖြစ်ပါတယ်။ City Hall ကိုရောက်တော့ ဝေသူနဲ့တွေ့ပါတယ်။ ဝေသူကပဲဦးဆောင်ပြီး MRT နဲ့ ခရမ်းရောင်လိုင်းဖြစ်တဲ့ North East Line ကနေပြီး Outram Park ကို MRT နဲ့သွားပါတယ်။ Outran Park ရောက်တော့ HarbourFont ကိုပြန်စီး။ HarbourFont Station ကိုတော့ တစ်ဘူတာပဲစီးရပါတယ် ဒီလိုနဲ့ပဲ HarbourFront Centre ကိုရောက်တော့ Sentosa ကျွန်းကိုသွားဖို့အတွက် ဝင်ခွင့် လက်မှတ်ကိုတန်းစီရပါသေးတယ်။

Tuesday, July 14, 2009

အမှတ်တရစင်္ကာပူ


စင်္ကာပူကို ပထမဆုံးအကြိမ်ရောက်တုန်းက မှတ်တမ်းလေးတွေပါ။ ဒီပို့စ်ကို တင်မယ်တင်မယ်နဲ့ အခုမှပဲတင်ဖြစ်တာပါ။ စင်္ကာပူမှာက ကျွန်တော့်ငယ်သူငယ်ချင်း ထက်မြတ်သူက အလုပ်လုပ်နေတာ ၁နှစ်လောက်ရှိပါပြီ။ ဟိုရောက်ရင်တော့ သူ့ဆီမှာပဲတည်းမယ်လို့ စိတ်ကူးထားတာ ဖြစ်ချင်တော့ ကျွန်တော် သွားဖို့တစ်ရက်အလိုမှာ ဒီကောင်က အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံတက်ရ ပါလေရော။ လာကြိုမယ့်သူမရှိတော့ ကျွန်တော်လဲ စိတ်ပူမိတာပေါ့။ ဒီလိုနဲ့ ပဲစင်္ကာပူကို Transtar Bus နဲ့ ည၇နာရီထွက်ဖြစ်ပါတယ်။ ကျွန်တော်ရောက်မယ့်အချိန်ကလဲ ည၁၂နာရီဆိုတော့ MRT ပိတ်ချိန်မို့ သူငယ်ချင်းတွေကလဲ လာမကြိုနိုင်ဘူး။ လမ်းမှာသူငယ်ချင်း စည်သူကဖုန်းဆက်ပြီး လမ်းညွှန်ပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူ Beach Road မှာရှိတဲ့ Golden Mile Complex ရောက်တော့ ည၁၂နာရီထိုးနေပြီ။ ကျွန်တော်လဲ Taxiငှားပြီး ထက်မြတ်သူရဲ့လိပ်စာကိုရှာရတော့တာပေါ့။ Taxi ကားမောင်းတဲ့သူက တရုတ်လူမျိုး အဖိုးကြီးတစ်ယောက်ပါ။ အတော်သဘောကောင်းပါတယ်။ Dakota Crescent ကိုသွားမယ်ဆိုပြီး လိပ်စာပြတော့ သူကသိပါတယ်။ ဒါပေမယ့် Block နံပါတ်ကိုတော့ လှည့်ပါတ်ရှာလိုက်ရတယ်။ သူကလဲ စိတ်ရှည်ရှည်နဲ့ ရှာပေးပါတယ်။ Taxi ခကတော့ S$ 5 ပေးလိုက်ရပါတယ်။ ဒီလိုနဲ့ ထက်မြတ်သူအိမ်ရောက်တော့ ထက်မြတ်သူရဲ့ဦးလေးက မအိပ်သေးပဲစောင့်နေပါတယ်။ ဒီလိုနဲ့ပဲ စင်္ကာပူမြေကို အဆင်ပြေချောမွေ့စွာနဲ့ပဲ ခြေချမိပါပြီ။