![]() |
| Photo: LMM |
Sunday, April 21, 2024
ရိုးမထဲမှရွာလေးသို့ Adventure ခရီး
Sunday, December 03, 2023
ပီလခတ် ဟိန္ဒူဘုရားကျောင်းသို့တစ်ခေါက်
ယခုတစ်ခေါက်တော့ ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ကျေးရွာမှာတည်ရှိတဲ့ ပီလခတ်ဘုရားကျောင်းကို အသွားအပြန် 78km ခရီးခရီးစဉ်လေး စီးဖြစ်ခဲ့ပါတယ်။ မနက်စောစော ၅နာရီခွဲလောက် အိပ်ယာထပြီး စုရပ်ကနေပြီး ရန်ကုန်ကနေ သန်လျှင်ကျောက်တန်းကို အမှတ် (၁) တံကားအတိုင်းဖြတ်ပြီး စီးနင်းခဲ့ပါတယ်။ သီလဝါလမ်းဆုံနားက ရတနာလင်း လဖ္ဘည့်ရည်ဆိုင်မှာ ခဏနားလို့ လဖ္ဘည့်ရည်သောက်ပြီး ကျောက်တန်းကို ဆက်လက်စီးနင်းခဲ့ပါတယ်။ ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ် စေတီတော်ကို တစ်ဘက်ကမ်းကနေပဲ ဦးတိုက်ကန်တော့ပြီး ဆိုင်တစ်ဆိုင်မှာ ခတ္တခဏနားပါတယ်။ ရေလယ်ကတိုက်ခတ်လာတဲ့ လေအေးလေးတွေကလည်း အမောပြေလန်းဆန်းစေပါတယ်။ အနားယူပြီးတဲ့နောက်မှာတော့ ပီလခတ်ဘုရားကျောင်းရှိရာကို ဆက်လက် ခရီးဆက်ခဲ့ကြပါတယ်။
Friday, October 27, 2023
ရန်ကုန် - ငါးသိုင်းချောင်း - ကမ်းသာယာ စက်ဘီးခရီး
26.10.2023
(Day 1)
ယခင်ကတည်းက စီးဖို့ကြံရွယ်ထားတဲ့
ရန်ကုန် - ရခိုင် ကမ်းသာယာကို စက်ဘီးခရီးသွားဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီမှာ
တစ်ယောက်တည်း အိမ်ကစထွက်ခဲ့ပြီး လှိုင်သာယာကိုအရောက်မှာ ဂေါ်ရင်ဂျီကိုစီးကြမယ့်
ကိုထွန်းထွန်းနဲ့ အဘဦးခင်စိုးတို့နဲ့ဆုံတွေ့ခဲ့လို့ အတူစီးခဲ့ကြပါတယ်။အဘခင်စိုးက
အသက် ၇၄ ထဲရောက်နေပေမယ့် တော်တော်လေး စီးနိုင်ပါတယ်။
Sunday, July 16, 2023
ဒါးပိန်(ထားရ်ပိန်း) မြို့လေးသို့ အလည်တစ်ခေါက်
Sunday, March 26, 2023
မှော်ဘီ ပန်းတစ်ပွင့်တောင်
ရန်ကုန်ရောက်တုန်း
ပန်းတပွင့်တောင်ကို သူငယ်ချင်းရဲ့စက်ဘီးစီးအဖွဲ့နှင့်အတူ လိုက်ပါ စီးနင်းဖြစ်ခဲ့ပါတယ်
၈မိုင်မှာ မနက်၆ နာရီစထွက်ကြဖို့ ချိန်းထားပေမယ့် အိမ်ကစထွက်တော့
နောက်ကျပြီ။ အတူစီးမယ့် သူငယ်ချင်းနဲ့အဖွဲ့က မင်္ဂလာဒုံ ရွှေပုလ္လင်မှာ
စောင့်နေကြလို့ အမှီလိုက်ခဲ့ရပါတယ်။ ရွှေပုလ္လင်မှာ မနက်စာစားကြပြီးမှ အားလုံးအတူ
စထွက်ခဲ့ကြတယ်။ လမ်းမှာမနားတော့ပဲ ပန်းတစ်ပွင့်တောင် ရောက်တဲ့အထိကို
နင်းခဲ့ကြပါတယ်။ မှော်ဘီကနေ ဝါးနက်ချောင်းကိုသွားတဲ့လမ်းခွဲကနေ 15 km လောက်ဆက်သွားတဲ့အခါ အတိုင်းသွားတဲ့အခါ ပန်းတစ်ပွင့်တောင်ဘုရားကို
ရောက်ခဲ့ကြပါတယ်။ ပြည်လမ်းပေါ်ကနေ ဝါးနက်ချောင်း လမ်းခွဲကတော့
ကွန်ကရစ်လမ်းဖြစ်ပြီး ပန်းတစ်ပွင့်တောင်သွားရာလမ်းမှာ ရော်ဘာတောတွေ၊ မြေနီလမ်းလေးတွေကြောင့်
သာယာလှပပါတယ်။ ပန်းတစ်ပွင့်တောင်ကနေ ဖူးကြီးဆည်ကို ဆက်သွားမယ်ဆို
သိပ်မဝေးတော့ပါဘူး။ မြို့ပြကနေ ခေတ္တထွက်ပြီး အပန်းဖြေလို့ကောင်းမယ့် နေရာလေးပါ။
Sunday, March 19, 2023
ဘုတ်စီးပြီးသွားခဲ့တဲ့ ရာဇဝင်ထဲကမြို့လေးသို့ စက်ဘီးခရီးစဉ်
ဒီတစ်ပါတ် Sunday မှာ ရန်ကုန် ကနေ သန်လျင် - ကျောက်တန်းဘက်ကို စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ မနက်စောစော အိမ်ကထွက်လာတုန်းကတော့ Solo ပဲစီးဖြစ်တာပါ။ ဟိုးအရင်တစ်ခေါက်တုန်းကတော့ သန်လျင်ကို အမှတ်(၂)တံတားဘက်ကစီးခဲ့ဖူးတော့ ဒီတစ်ခေါက်မှာ တခြားလမ်းကနေစီးမယ်ဆိုပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို စက်ဘီးစီးသွားကာ Yangon Innovation Center မှာ သန်လျင်တဘက်ကမ်းက Star City ကိုသွားတဲ့ Star Ferry လက်မှတ် ဖြတ်လိုက်ပါတယ်။ လက်မှတ်ခကတော့ 3000 ကျပ်ပါ။ အချိန်စောနေသေးလို့ Breakfast ထွက်စားပြီး Yangon Innovation Center ကိုပြန်ရောက်တဲ့အခါမှာ ကိုယ့်လိုပဲ စက်ဘီးစီးအဖွဲ့တချို့လည်း ဘုတ်စီးဖို့စောင့်နေကြပါပြီ။
Sunday, February 26, 2023
ထောက်ကြံ့စစ်သင်္ချိုင်း
ဒီနေ့တော့ မနက်စောစော ထောက်ကြံ့စစ်သင်္ချိုင်းကို Solo စီးဖြစ်ခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာတော့စက်ဘီးသမား မတွေ့ခဲ့ရပေမယ် ပြည်လမ်းပေါ်ရောက်တဲ့အခါမှာတော့ စက်ဘီးစီးအဖွဲ့တချို့ စီးနေကြတာတော့ တွေ့ခဲ့ရတယ်။ ထောက်ကြံ့စစ်သင်္ချိုင်းအရောက်မှာ ကိုယ့်ထက်အရင်ရောက်နှင့်နေကြတဲ့စက်ဘီးသမားတွေနဲ့ စည်ကားလို့နေပါတယ်။
Sunday, July 31, 2022
ကမ်းခြေပတ်လမ်းသို့
Sunday, May 22, 2022
ဒီရေတောအလှနှင့် သိုင်းကျွန်း-မရမ်းကျွန်းသို့
ဒီနေ့မနက်ပိုင်းမှာ ယခင်စက်ဘီးစီးနေကျလမ်းကြောင်းအတိုင်းပဲ နံနက် ၅နာရီခွဲလောက် ရတနာမြိုင်ကို ထွက်လာခဲ့ပါတယ်။ ရတနာမြိုင်ကိုရောက်တော့ ၆နာရီခွဲခါနီးနေပါပြီ။ ယခင်ရွာနံမည်ကုလားပြင်ကို ရတနာမြိုင်ရွာလို့ပြောင်းထားပေမယ့်လည်း ကျောင်းနာမည်ကတော့ အထက ကုလားပြင် အနေနဲ့ပဲ ရှိပါသေးတယ်။ ကျောင်းရှေ့က လဖ္ဘည့်ရည်ဆိုင်မှာ နံနက်စာ ဆီထမင်းနဲ့ လဖ္ဘည့်ရည်သောက်ပြီး ခဏနားဖြစ်ပါတယ်။ ရတနာမြိုင်ကနေ ကျိန္တလီကိုဆက်စီးဖို့ စဉ်းစားထားပေမယ့် Off-road စီးချင်လို့ တခြားလမ်းကြောင်းကို ပြောင်းစီးဖို့ပဲဆုံးဖြတ်မိပါတယ်။ ဒီလိုနဲ့ Google Map လေးထုတ်ကြည့်တော့ အပြန်လမ်းကြောင်းလဲသင့်တဲ့ သိုင်းကျွန်း-မရမ်းကျွန်းကနေ ကူးတို့လေးကိုသွားတဲ့ လမ်းကြောင်းကို သွားတွေ့မိပါတယ်။ ဒါနဲ့ပဲ ဒီလမ်းအတိုင်းပဲ စီးပြီးပြန်မယ်ဆိုပြီး လဖ္ဘည့်ရည်ဖိုးရှင်းပြီး ထွက်လာခဲ့ပါတယ်။
Monday, January 24, 2022
ဂျိုလိမ်ရွာလေးသို့ စက်ဘီးခရီးလမ်း
| တောင်ကုန်းပေါ်မှရှုမျှော်ခင်း |
ယခုတစ်ပါတ် Sunday မှာ ဂွမြို့နယ်တွင်းက ရခိုင်ရိုးမအနီးရှိ ရွာတစ်ရွာဘက်ကို အသွားအပြန် 43km လောက်စီးဖြစ်ခဲ့တယ်။ ပုံမှန်ဆို ကိုရန်ကျော်မိုးနဲ့နှစ်ပါတ်တစ်ခါလောက်ဆုံပြီး အတူစီးဖြစ်ပေမယ့် ယခုတစ်ပါတ်မှာ ကိုရန်ကျော်မိုး မအားတာကြောင့် တစ်ယောက်တည်းပဲ စီးဖြစ်ခဲ့တယ်။ နံနက်ရောင်နီမလာမှီ ချမ်းချမ်းစီးစီးအိမ်ကစထွက်လာပြီး လမ်းခုလတ်က Tea Shop မှာ လဖ္ဘည့်ရည် ကျစိမ့်လေး တစ်ခွက်သောက်ပြီး နေစထွက်လာတာနဲ့ ဆက်စီးခဲ့ပါတယ်။
Sunday, November 07, 2021
ကျွန်တော်နှင့် သန်လျင်မြေ
![]() |
| ပေါ်တူဂီဘုရားကျောင်းဟောင်း |
Saturday, January 30, 2021
ပျူကျောက်စာလေ့လာရေးခရီး
လွန်ခဲ့သော ၁ နှစ်ခန့်က ဂွမြို့နယ်မှာ စက်ဘီးစီးလမ်းကြောင်းတွေကို စီးဖော်စီးဖက် ဝါသနာတူတချို့နှင့် စကားစပ်မိရင်း လင်းစတား ဆိုင်ကယ်ပြင်ဆိုင်မှ လွှမ်းမိုးနိုင်က ပန်းတော၊ တုံးတောရွာအနီးတွင် ပျူကျောက်စာရှိကြောင်း ထိုနေရာသို့ စက်ဘီးစီးခရီးဖြင့် သွားလို့ရကြောင်း ပြောပြရာ သွားရောက်ချင်စိတ်ဖြစ်ပေါ်လာလို့ အားလပ်ရက်တစ်ချို့မှာ သွားရောက် လေ့လာကြဖို့အတွက် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ခရီးသွားဖို့အစီအစဉ်မှာ အကောင်အထည်မပေါ်လာပဲ သွားမည့်နေ့ကို အားလုံးအဆင်ပြေနိုင်မည့် ရက်ကို နောက်ဆုတ်ထားရင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရောက်မှသာ ခရီးသွားဖို့အစီအစဉ်ကို တကျော့ပြန်စီစဉ်ဖြစ်ခဲ့ပါတယ်။
ယခုတဖန် ခရီးစဉ်တွင်လည်း ယခင်စက်ဘီးစီးဖော်များမှာ အလုပ်မအားလပ်သူနှင့် Home Stay ဝင်နေရသူနှင့် ခရီးသွားလာဖို့လွဲချော်ခဲ့ကြပါတယ်။ သို့သော် ကျွန်တော်နှင့်အတူ နောက်ထပ်စက်ဘီးစီး ဝါသနာတူအသစ် ၂ယောက် ယခုခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဇန်နဝါရီလသည် စက်ဘီးနှင့် ခရီးသွားရန်အတွက် အကောင်းဆုံးကာလ ဖြစ်သောကြောင့် ယခုလတွင် ခရီးစဉ်ကို မလွဲချော်လိုသဖြင့် ၂၀.၁.၂၀၂၁ ဗုဒ္ဓဟူးနေ့တွင် ပျူကျောက်စာလေ့လာရေး စက်ဘီးခရီးကို စတင်ခဲ့ကြပါတယ်။
Sunday, December 27, 2020
ရှေးဟောင်းသဘာဝငွေတောင်လှိုဏ်ဂူဘုရား
![]() |
| Beach View |
Sunday, November 22, 2020
သဘာဝနှင့်လှနေသောကမ်းခြေ(သို့)ဇီးခုံ
![]() |
| ဇီးခုံကမ်းခြေနံနက်ခင်းအလှ |
Sunday, September 20, 2020
တောတောင်အလှနှင့်ဆင်ကူးရွာစက်ဘီးခရီး
ကိုဗစ်ကာလမှာ စက်ဘီးမစီးဘဲလည်း မနေနိုင် လမ်းပေါ်လဲသိပ်မသွားချင် Off-road မစီးရတာလဲကြာပြီဆိုတော့ ယခုတခေါက်မှာ MTB လေးနဲ့ ရိုးမအနီးကနေသွားရတဲ့ ဆားချက် - ဆင်ကူး လမ်းကို Solo စီးဖြစ်သွားတယ်။ ဒီလမ်းကြောင်းကို ယခုမှစစီးတာဆိုတော့ Google Map ကြည့်တော့ လမ်းကြောင်းလည်းမထင်ရှား၊ မြေပြင်အနေအထားလည်းမသိပဲသွားရတာမို့ ကိုယ့်အတွက်တော့ အသစ်အဆန်းဖြစ်ပါတယ်။
Sunday, April 12, 2020
တိမ်မြုပ်နေသောရှေးဟောင်းနယ်မြေ (သို့) ရွာကောက်ရ
Wednesday, February 12, 2020
ဘုရားတောင် (သို့) မျှော်တော်ဦးစေတီ
![]() |
| မျှော်တော်ဦးစေတီရှိရာ ကမ်းခြေမြင်ကွင်းအချို့ |
Sunday, October 20, 2019
ကမ်းသာယာဆည်သို့တစ်ခေါက်
![]() |
| ကမ်းသာယာဆည်အလှ |
Thursday, July 18, 2019
ကင်းပုံရေတံခွန် (Kin Pon waterfall)
![]() |
| Kin Pon waterfall |



















