Sunday, December 27, 2020

ရှေးဟောင်းသဘာဝငွေတောင်လှိုဏ်ဂူဘုရား

 

Beach View

ယနေ့ နံနက်ခင်းမှာ စက်ဘီးစီးရင်းရောက်ဖြစ်ခဲ့တာကတော့ ဝေးဝေးလံလံမဟုတ်တဲ့ ရှေးဟောင်းဆံတော်ရှင်ရွှေဘုံသာ စေတီတည်ထားရာငွေတောင်ကိုပါ။ ဂွ- သဲတွဲ ကားလမ်းနံဘေးမှာရှိပြီး ယခင်က အမြဲဖြတ်သွားဖြတ်လာရှိနေပေမယ့် ယခုတစ်ခေါက်တော့ ဂွမြို့နယ်မှာစက်ဘီးစီးရင်း လည်ပါတ်စရာ အထင်ကရ နေရာတစ်အခုအဖြစ် မှတ်တမ်းတင်လိုတာကြောင့် ယခုလိုရေးသားဖေါ်ပြလိုက်ပါတယ်။