Sunday, October 20, 2019

ကမ်းသာယာဆည်သို့တစ်ခေါက်

ကမ်းသာယာဆည်အလှ
Bicycle Trip Topic လေးတွေမရေးဖြစ်တာကြာပြီ ယခုတစ်ခေါက် Sunday မနက်ပိုင်းမှာတော့ အသွားအပြန် 34 ကီလိုမီတာလောက်သာဝေးတဲ့ ကမ်းသာယာဆည်ကို တစ်ကိုယ်တော်ပဲ မိမိရဲ့ စက်ဘီးလေးနဲ့ သွားရောက်ခဲ့ပါတယ်။ စောစောသွားဖို့ ကြိုးစားပေမယ့် မနက် 6 နာရီ 10 လောက်မှစထွက်ဖြစ်ပါတယ်။ ဆည်ပေါ်ကို ပထမဆုံးအကြိမ်သွားတာဖြစ်လို့ ဆည်ကိုသွားတဲ့လမ်းခွဲမလိုက်မိပဲ တည့်တည့်ဆက်သွားမိလို့

Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။

Sunday, May 12, 2019

ပန်းကန်တောင် Off-road လမ်း

ပုဂံတောင်လမ်းခုလတ်တစ်နေရာမှ ကျွန်းတောရှုခင်း
ဒီတစ်ခေါက်ဝောာ့ အားလပ်ရက်နံနက်ခင်းလေးမှာ အသွားအပြန် 14 မိုင်လောက်ပဲ ဝေးတဲ့ Tea shop ကိုသွားရင်း အပြန်မှာဝင်ခဲ့တဲ့ ကိုယ့်အနီးနားက Hardtail ရော Trail ပါ အဆင်ပြေစွာ စီးနိုင်မယ့် ဂွ - သံတွဲ လမ်းမပေါ်ကနေ သွားရတဲ့ Off-road လမ်းတိုလေးတစ်ခုကို တင်ပြချင်ပါတယ်။

Sunday, March 24, 2019

Shwe Oo Kwin Trip

Unicode
ဒီတစ်ခေါက်တော့ စက်ဘီးဝါသနာရှင်တွေ အတွက်ကမ်းခြေမှာ အပန်းဖြေရင်း ကျေးလက် သဘာဝရှုခင်းတွေကြည့်ပြီး စက်ဘီးစီးနိုင်မယ့် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ ဂွမြို့နယ်ထဲက Offroad လမ်းကြောင်းလေးတစ်ခုကို နောက်ထပ် တင်ပြချင်ပါတယ်။ အဲဒီလမ်းကြောင်းကတော့

Saturday, March 09, 2019

အိုးထိန်းရွာဟောင်းခရီးစဉ်

ကန့်ကော်တောင်ရွာ ချင်းနှစ်ချင်းခရစ်ယာန်ကျောင်း
ရန်ကုန်ကနေ ငပလီကို စီးကြမယ့် Bikers များအတွက် ဒေသန္တရ ဗဟုသုတလဲရ မြေသားအိအိလေးနဲ့ စီးလို့ကောင်းတဲ့ Off-road လမ်းကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဂွ-သံတွဲလမ်းမပေါ်ကနေ နှစ်မိုင်လောက်စီးရပြီး ကန့်ကော်တောင်ဆိုတဲ့  ချင်းရွာငယ်လေးကိုဖြတ်ပြီးသွားရပါတယ်။ ကန့်ကော်တောင်ရွာကို ကျော်လာပြီး လမ်းဘေးတစ်လျှောက် သီဟိုပင်တွေစိုက်ထားတဲ့ မြေသားအိအိလမ်းတစ်လျှေက် စက်ဘီးစီးလို့ကောင်းပါတယ်။ သီဟိုခင်းတွေကျော်လာခဲ့တဲ့အခါမှာတော့ သဘာဝဘေးကြောင့် ရွှေ့ပြောင်းလာတဲ့ အိုးထိန်းရွာသစ်ကို ဖြတ်လာပြီးတဲ့အခါ ကျောက်ခင်းလမ်းတချို့ကို ဖြတ်သန်းပြီးတဲ့အခါမှာေတာ့ ရွာသစ်တည်ဖို့ စွန့်ခွာသွားလို့ ဘယ်သူမှမနေတော့ပဲ ကျန်နေခဲ့တဲ့ ရခိုင်ရိုးမတောင်တန်းကြီးနောက်ခံထားပြီး သာယာလှတဲ့ အိုးထိန်းရွာဟောင်းလေးကို လှမ်းမြင်နေရပါတယ်။