Showing posts with label ECO Tourism. Show all posts
Showing posts with label ECO Tourism. Show all posts

Sunday, April 21, 2024

ရိုးမထဲမှရွာလေးသို့ Adventure ခရီး

Photo: LMM

Off-road မစီးဖြစ်တာကြာနေလို့ တစ်ခါမှမစီးဖြစ်သေးတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး Adventure ဆန်ဆန် 45 kilo Solo စီးဖြစ်ခဲ့တယ်။ မနက်စောစောထပြီး အလင်းရောင်စပေါ်ခါစမှာ စက်ဘီးနဲ့ စထွက်ခဲ့ပြီး ဂျိုင်ကောက်ရွာမှာ မနက်စာဝင်စားပြီးမှ ခရီးဆက်ခဲ့ပါတယ်။ ရန်ကုန်-သံတွဲလမ်းမပေါ်ကနေ ဆားချက်ရွာကိုသွားတဲ့ ရွာလမ်းအတိုင်း Off-road လမ်းကို စစီးခဲ့ပါတယ်။

Friday, October 27, 2023

ရန်ကုန် - ငါးသိုင်းချောင်း - ကမ်းသာယာ စက်ဘီးခရီး

26.10.2023 (Day 1)

ယခင်ကတည်းက စီးဖို့ကြံရွယ်ထားတဲ့ ရန်ကုန် - ရခိုင် ကမ်းသာယာကို စက်ဘီးခရီးသွားဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီမှာ တစ်ယောက်တည်း အိမ်ကစထွက်ခဲ့ပြီး လှိုင်သာယာကိုအရောက်မှာ ဂေါ်ရင်ဂျီကိုစီးကြမယ့် ကိုထွန်းထွန်းနဲ့ အဘဦးခင်စိုးတို့နဲ့ဆုံတွေ့ခဲ့လို့ အတူစီးခဲ့ကြပါတယ်။အဘခင်စိုးက အသက် ၇၄ ထဲရောက်နေပေမယ့် တော်တော်လေး စီးနိုင်ပါတယ်။

Monday, January 24, 2022

ဂျိုလိမ်ရွာလေးသို့ စက်ဘီးခရီးလမ်း

 

တောင်ကုန်းပေါ်မှရှုမျှော်ခင်း

ယခုတစ်ပါတ် Sunday မှာ ဂွမြို့နယ်တွင်းက ရခိုင်ရိုးမအနီးရှိ ရွာတစ်ရွာဘက်ကို အသွားအပြန် 43km လောက်စီးဖြစ်ခဲ့တယ်။ ပုံမှန်ဆို ကိုရန်ကျော်မိုးနဲ့နှစ်ပါတ်တစ်ခါလောက်ဆုံပြီး အတူစီးဖြစ်ပေမယ့် ယခုတစ်ပါတ်မှာ ကိုရန်ကျော်မိုး မအားတာကြောင့် တစ်ယောက်တည်းပဲ စီးဖြစ်ခဲ့တယ်။ နံနက်ရောင်နီမလာမှီ ချမ်းချမ်းစီးစီးအိမ်ကစထွက်လာပြီး လမ်းခုလတ်က Tea Shop မှာ လဖ္ဘည့်ရည် ကျစိမ့်လေး တစ်ခွက်သောက်ပြီး နေစထွက်လာတာနဲ့ ဆက်စီးခဲ့ပါတယ်။

Sunday, September 20, 2020

တောတောင်အလှနှင့်ဆင်ကူးရွာစက်ဘီးခရီး

ကိုဗစ်ကာလမှာ စက်ဘီးမစီးဘဲလည်း မနေနိုင် လမ်းပေါ်လဲသိပ်မသွားချင် Off-road မစီးရတာလဲကြာပြီဆိုတော့ ယခုတခေါက်မှာ MTB လေးနဲ့ ရိုးမအနီးကနေသွားရတဲ့ ဆားချက် - ဆင်ကူး လမ်းကို Solo စီးဖြစ်သွားတယ်။ ဒီလမ်းကြောင်းကို ယခုမှစစီးတာဆိုတော့ Google Map ကြည့်တော့ လမ်းကြောင်းလည်းမထင်ရှား၊ မြေပြင်အနေအထားလည်းမသိပဲသွားရတာမို့ ကိုယ့်အတွက်တော့ အသစ်အဆန်းဖြစ်ပါတယ်။

Thursday, July 18, 2019

ကင်းပုံရေတံခွန် (Kin Pon waterfall)


Kin Pon waterfall
Unocode
ရခိုင်ပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့ ဂွမြို့နယ်လေးဟာဖြင့် လှပသော သဘာဝကမ်းခြေများအပြင် ရခိုင်ရိုးမကြီးနှင့် ထိစပ်နေသောကြောင့် တောတောင်များထဲမှာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန် ကြီးငယ်များလည်း တည်ရှိနေတယ်ဆိုတာ သိရှိသူနည်းပါးလှပါတယ်၊ အဲဒီထဲကမှ အနီးဆုံးဖြစ်ပြီးသွားလာရလွယ်ကူသော ရန်ကုန်-သံတွဲ လမ်းမကြီးဘေး ကင်းပုံရွာအနီးနားက ရေတံခွန်ငယ်လေးတစ်ခုကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ကင်းပုံရွာအနီးက ရေတံခွန်လေးကတော့ မိုးတွင်းကာလတစ်လျှောက်တည်ရှိနေပြီး ကျန်ရာသီများမှာ ရေနည်းပါးပါတယ်။  ဝါဆိုလပြည့်နေ့နှင့် လပြည်ကျော်ရက်များမှာ ဒေသခံတွေဟာ ချက်ပြုတ်ပြင်ဆင်ပြီး ဝါဆိုပန်းခူးရင်း ရေတံခွန်မှာ တပျော်တပါး စားသောက် အနားယူကြဖို့ သွားရောက်တတ်ကြပါတယ်။

Thursday, October 26, 2017

တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်း

မြန်မာပြည်ရဲ့ ပထမဆုံး ကယောဒေသ ခရီးသွားနယ်မြေသစ်ဆိုပြီး YAW 45 Environment Tour Family က စီစဉ်ပေးနေတဲ့ တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်းဆိုတာကို ညွှန်ပေးချင်ပါတယ်။ ဒီခရီးစဉ်မှာ သွားရမယ့်နေရာကို ကယောဒေသလို့ ခေါ်ကြတဲ့အပြင် ဟိုယာဒေသလို့လည်း ခေါ်ကြပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေဟာ ပြင်ပကလူတွေနဲ့ အဆက်အစပ်မရှိကြသလို သူတို့ ရိုးရာဓလေ့အတိုင်း နေထိုင်ကြတာပါ။ တောင်ယာ လုပ်တယ်။ အမဲလိုက်တယ်။ အဝတ်အစားကိုလည်း ရိုးရာ အတိုင်း ဝတ်ကြပါတယ်။ ခရီးစဉ်အတွင်း ကယောဒေသမှာရှိတဲ့ ဆင်ဖြူတောင်၊ ပရူးနူးဂူကို ရောက်ရှိမယ့်အပြင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကိုလည်း လည်ပတ်ရမှာပါ။ တောတောင်တွေကို ဖြတ်သန်းသွားရမှာဖြစ်သလို ခါးလောက်ရှိတဲ့ ရေတောထဲလည်း ဖြတ်သွားရမှာကြောင့် ခရီးစဉ်က ကြမ်းပါတယ်။ ညအိပ်တဲ့အခါ လေအရမ်းတိုက်နေတဲ့ တောင်ပေါ်မှာ အိပ်စက်ရမှာ။ အစားအသောက်ကအစ ဖက်ရွက်ပေါ်မှာ ပုံစားရမှာဖြစ်ပါ တယ်။ ကယော (ကယား) လူမျိုးတွေရဲ့ ရိုးရာခေါင်ရည်ကို အဝသောက်ရမယ့်အပြင် အသားနဲ့ အသီးအရွက်အစုံပါတဲ့ ပူစပ် ပူလောင် ရိုးရာစာတွေချည်းစားရမှာပါ။ ရိုးရာစာ မစားနိုင်သူများ အတွက် အခြားအစားအစာကို အဆင်ပြေအောင် စီစဉ်ပေးမှာပါ။

Sunday, February 20, 2011

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရမ်ဆာဆိုက် ဖြစ်သည့် မိုးယွန်းကြီးအင်း၌ လတ်တလောတွင် နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်း သော ရမ်ဆာဆိုက်ခေါ် နိုင်ငံတကာ ရေပျော်ငှက်နေရင်းဒေသအဖြစ် အရေးပါသည့် ရေတိမ်ဒေသဟု သတ်မှတ်ထားရာတွင် လက်ရှိအချိန်၌ နိုင်ငံတကာစံနှုန်းများ လျော့နည်းကျဆင်း လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေသထိန်း သိမ်းရေးနှင့် ပတ်သက်၍ ရမ်ဆာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် နို ၀င်ဘာလတွင်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရမ် ဆာရေတိမ်ဒေသအဖြစ် မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

"ရမ်ဆာကွန်ဗင်းရှင်းမှာ နိုင်ငံပေါင်း ၁၆၀ ပါဝင်နေပါပြီ။ ရမ်ဆာဆိုက်ပေါင်း ၁၉၁၂ ခုရှိပါတယ်။ ဟက်တာ ၁၈၆ သန်းကို ထိန်းသိမ်းထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ မိုးယွန်းကြီးအင်းတစ်ခုသာ ရှိပါသေးတယ်"ဟု BirdLife International မှ Mr. Simba Chan က ပြောကြားသည်။

မိုးယွန်းကြီးအင်းသည် ပဲခူး တိုင်းဒေသကြီးအတွင်း တည်ရှိပြီး မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်၌ အဓိက ရောက်ရှိသောနေရာတစ်ခုဖြစ်ပြီး ရေပျော်ငှက်များနှင့်ဇီဝမျိုးစုံ မျိုးကွဲ များစွာကိုလေ့လာတွေ့ရှိနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးယွန်းကြီးအင်းသည် ၂၀၁၀ ပြည့်နှစ်ကနိုင်ငံတစ်ဝန်းတွင် ရေကန် များ၊ အင်းများ ရေနည်းပါးခန်းခြောက်မှုကို ကြုံတွေ့ရချိန်၌ စံချိန်တင် ရေကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။

ရမ်ဆာဆိုက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ရေတိမ်ဒေသတစ်ခုသည် ဇီဝဘူမိ ဆိုင်ရာ အထူးဒေသ၏ ဇီဝမျိုးစုံမျိုး ကွဲအား ထောက်ပံ့ထားရန် အရေးပါ သော အပင်ဦးရေနှင့် သတ္တ၀ါမျိုးစိတ်အား ထောက်ပံ့ထားခြင်း၊ အပင် နှင့် သတ္တ၀ါမျိုးစိတ်အား ယင်းတို့ ဘ၀စက်ဝိုင်း၏ အဆိုးဝါးဆုံးအခြေ အနေတစ်ခုတွင်ထောက်ပံ့ထားခြင်း၊ ရေပျော်ငှက်မျိုးစိတ်တစ်ခု(သို့မဟုတ်) မျိုးစိတ်ငယ်တစ်ခု၏ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်သောအကောင်ရေ ၏အကောင်ဦးရေ ၁ ရာခိုင်နှုန်း ရှိနေခြင်း၊ အကောင်ရေ ၂၀၀၀၀(သို့ မဟုတ်)ထို့ထက်ပိုသောရေပျော်ငှက် များကို ထောက်ပံ့ထားခြင်း၊ ငါးအ စားအစာ၊ ဥပေါက်ရာဒေသ၊ ပေါက်ပွားကြီးပြင်းရာ နေရာနှင့် ရေတိမ်ဒေသအတွင်း(သို့မဟုတ်)မှီခိုရာ မည်သည့်နေရာမဆို ငါးမျိုးများ၏ ပြောင်းရွှေ့သွားလာသည့် လမ်းကြောင်းတစ်ခုအတွက် အရေးပါသော အရင်းအမြစ်ဖြစ်နေခြင်း စသည့်အချက်များနှင့် ထည့်သွင်းစဉ်း စားသည်ဟု သိရှိရသည်။

Source : News-Eleven

Friday, December 24, 2010

မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်းသိရ ယင်းဥယျာဉ်များကို ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းကာကွယ်နိုင်မှုမှာ အရေးပါ

လန်ပိကျွန်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အာဆီယံအ မွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်ခြောက်ခုမှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့ဖြစ်ပြီး ၎င်းဥယျာဉ်များကို ပျက်စီးမှု လျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ငန်းမှာ များစွာအရေးပါကြောင်း သိရသည်။

''ဒီအာဆီယံ အမွေအနှစ်ဆိုင်ရာ ဥယျာဉ်တွေ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်မှသာ သစ်တောတွေနဲ့ ရှားပါးဆေးဖက်ဝင်အပင်တွေ အပြင် တောတောင်တွေကို အမှီပြုပြီးနေထိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေကိုပါ ထိန်းသိမ်းထားနိုင်မှာပါ။ ဒီလိုထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ သစ်တောဂေဟစနစ်တွေ လေ့လာနိုင်မယ့်အပြင် သဘာဝရာသီဥတု ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အတားအဆီးတွေလည်း ဖြစ်ပါတယ်'' ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဆီယံအမွေအနှစ်ဆိုင်ရာ  ဥယျာဉ်စာရင်း ဝင်ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် အင်းတော်ကြီး၊ အလောင်းတော်ကဿပ၊ အင်းလေးကန်၊ မိန်းမလှကျွန်းနှင့် လန်ပိအဏ္ဏဝါဥယျာဉ်တို့ထက် များစွာကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင် ၁၄၇၂ ရှိသည်။ ယင်းအမျိုးသား ဥယျာဉ်အတွင်းတွင် ရှားပါးတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ဖက်ဂျီတို့အပြင် ရှားပါးငှက်မျိုးစိတ်များ၊ သစ်ခွများနှင့် ဆေးဖက်ဝင်အပင်များပါ ပေါက်ရောက်လျက်ရှိသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၃၁၄.၆၇ကျယ်ဝန်းကာ အမြဲစိမ်းတောနှင့် ရေတိမ်ဂေဟစနစ်တို့ကို ထိန်းသိမ်းထားပြီး ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားကြသည်။
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို ယခုနှစ်ဆန်းပိုင်းကတွေ့ရစဉ်
စစ်ကိုင်းတိုင်း ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင် ၆၁၆.၈၄၃ ကျယ်ဝန်းကာ ရွက်ပြတ်ရောနှောတော၊ အမြဲစိမ်းတော၊ တောင်ပေါ်တောနှင့် ထင်းရှူးတော ဂေဟစနစ်များကို ထိန်းသိမ်းထားပြီး ဆင်၊ ကျား၊ ကျားသစ်၊ တောင်ဆိတ်၊ တောဆိတ်စသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်း ကာကွယ်ထားကြောင်း သိရသည်။

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို တွေ့ရစဉ်
လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အဓိကရေအရင်းအမြစ် ထောက်ပံ့ပေးနေသည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၂၄၇.၈၄ ကျယ်ဝန်းပြီး ရေတိမ်ဂေဟစနစ်နှင့် ရေပျော်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင်ပေါင်း ၅၂.၇၈ ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ မိကျောင်းမျိုးစိတ်များ၊ ငါးပုစွန်ကဏန်းစသည့် ရေသတ္တဝါများနှင့် ကမ်းခြေပျော်ငှက်မျိုးများ နေထိုင်ကျက်စားလျှက်ရှိကြောင်း သိရသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၇၉.၀၉ ကျယ်ဝန်းပြီး ဒီရေတောနှင့် အမြဲစိမ်းတောဂေဟစနစ်များကို ထိန်းသိမ်းထားကြောင်း လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ သန္တာကျောက်တန်းများနှင့် ယင်းသန္တာကျောက်တန်းများကြား ခိုလုံမျိုးပွားသော အဏ္ဏဝါမျိုး စိတ်များကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရပါသည်။

Source : News-Eleven 

Sunday, October 24, 2010

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်နားခိုမှု ကျဆင်းခြင်းကို လေ့လာမည်

မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် လာရောက်မှုသည် ယခင်နှစ်က ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လာရောက်ခိုနားမှု နည်းပါးနိုင်ခြေရှိသည့် အတွက်လာမည့် နိုဝင်ဘာလမှစတင်ကာ လေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
    သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် အင်းလေးကန်၊ မိုးယွန်းကြီး အင်းစသည်တို့တွင် ရေကျဆင်းနည်းပါးမှုကို ကြုံခဲ့ရသည့်အတွက် ယင်းသို့ကြုံတွေ့ခဲ့ရမှုက ဆောင်းခို ငှက်များ၏ လာရောက်ခိုနားမှုအပေါ် သက်ရောက်မှုရှိ၊ မရှိကိုလည်း ဆန်းစစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    ဆောင်းခိုငှက်များသည် ဆောင်းရာသီကာလအတွင်း ကမ္ဘာပေါ်တွင် လမ်းကြောင်းကြီး ရှစ်ခုဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံသန်းပြောင်းရွှေ့ကြရာ၌ မြန်မာနိုင်ငံသည် လမ်းကြောင်းကြီးနှစ်ခု အောက်တွင် ကျရောက်နေ၍ နှစ်စဉ်ဆောင်းခိုငှက်များ ရောက်ရှိခိုနားနေကျ ဖြစ်ကြောင်းသိရှိရသည်။
   "ပြီးခဲ့တဲ့နှစ်က ဆောင်းခိုငှက် လာရောက်တာ နည်းခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်၊ ဂေဟဗေဒစနစ် အပြောင်းအလဲနဲ့သက်ဆိုင်နိုင် ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၀င်ရောက်မှု နည်းခဲ့သလို ဒီနှစ်မှာလည်းနည်း နိုင်ခြေရှိတော့ လေ့လာမှုတွေပြုလုပ် သွားမယ်။ လောလောဆယ် မိုးရွာနေသေးတာကြောင့် ဆောင်းခိုငှက်တွေ အဓိက ၀င်လာမယ့် ပွင့်လင်းကာလ နိုဝင်ဘာလလောက်မှာ လေ့လာဖို့ရှိပါတယ်"ဟု မြန်မာနိုင်ငံငှက်နှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း မှ ဥက္ကဋ္ဌဦးစိုးညွန့်က ပြောကြားသည်။
     "၂၀၀၉ ခုနှစ်က တောင်သမန်အင်းမှာ ဒေါင်းလန်းခြေထောက်တွေ လာတာအကောင်ရေ လျော့ကျခဲ့တယ်။ ဒီငှက်တွေက နိုဝင်ဘာလလယ်လောက် လာတာမို့ ဒီနှစ်တော့ စောင့်ကြည့်ရပါမယ်" ဟု မန္တလေးမြို့မှမြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဝင် ဦးဇေမောင်သိန်း က ပြောကြားသည်။
    ဆောင်းခိုငှက်များသည် ဆိုက်ဘေးရီးယားဒေသမှ သြစတြေးလျ အထိ ပျံသန်းပြောင်းရွှေ့လျက် မြန် မာနိုင်ငံသို့လည်း ရောက်ရှိခိုနားရာတွင် အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီး အင်း၊ အင်းလေးကန်စသော ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ရိုးတစ်လျှောက်ရှိဒေသများ၊ အင်း၊ အိုင်များ စသည်တို့တွင် ကျက်စားကြသည် ဟု ဆိုပါသည်။ ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ၀န်းကျင်မှ ဖေဖော်ဝါရီလ၀န်းကျင် အထိရောက်ရှိ ခိုနားနေကျဖြစ်သည်။

soruce : news-eleven

Sunday, October 10, 2010

တိုင်းရင်းသား များ၏ ဘ၀နှင့် အလှ ကို ဖော်ကျူး သည့် SPLENDOUR LAND စာအုပ် နိုင်ငံတကာ အဆင့်မီ ပုံနှိပ်ပြီး

မြန်မာနိုင်ငံ ၌ တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၀၀ ကျော် ရှိသည့် အနက် အချို့ မှာ ထူးခြား လေးနက်သော သဘာဝ ရှိပြီး တောင်တန်း နေမျိုးနွယ်စု များ၏ ပကတိ ဘ၀ ပုံရိပ် များမှာ စိတ်ဝင်စားစရာ ကောင်း သည့်အတွက် ပန်းချီ လှမြင့်ဆွေ ကိုယ်တိုင် ခရီး ဆန့်ကာ အနုပညာ မြောက် ဓာတ်ပုံများ ရိုက်ယူ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဒီဇိုင်း ပြု လုပ်ပြီး  ဓာတ်ပုံများများ စာနည်းနည်းဖြင့် နိုင်ငံတကာ စံချိန်မီ စာအုပ် အဖြစ် Splendor Land စာအုပ်ကို စင်ကာပူ နိုင်ငံ တွင် ပုံနှိပ် ပြီးစီး ပြီဖြစ်၍ အပြည်ပြည် ဆိုင်ရာ စံနှုန်း စာအုပ် သတ်မှတ် ချက် မှတ်ပုံတင်နံ ပါတ် (International Standard Book Number) ဖြင့် မကြာမီ နိုင်ငံတ ကာ စာအုပ် ဈေးကွက် ထဲသို့ ဖြန့်ချိ တော့ မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီ လှမြင့် ဆွေသညှ်SPLENDOR LAND အမည် ရအဆင့်မြင့် Cofee Table Book ဓာတ်ပုံ စာအုပ်ဖြစ် မြောက်ရန် တောင်တန်း နေတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် ကချင်ပြည်နယ် နယ်စပ် တွင်ရှိသော နန်းယွန်းမြို့နှင့် ပန်ဆောင်မှ တစ်ဆင့် အိန္ဒိယ နယ်စပ် အထိ သွားရောက် ခဲ့ပြီး နာဂ မျိုးနွယ် သွေးချင်း များ၏ ဘ၀ ပုံရိပ်များကို ပကတိ အခြေအနေ အတိုင်း ရိုးရာ ယဉ်ကျေး မှုနှင့် အညီ သွားလာ နေထိုင်မှု ဓာတ်ပုံများ ကို ယခုနှစ် ဇန်န၀ါရီ တွင် သွားရောက် ရိုက် ယူခဲ့ ကြောင်း သိရသည်။
နန်းယွန်းမြို့ နာဂ ပွဲတော် သို့ အခက် အခဲ အမျိုးမျိုး ကြားမှ သွားရောက်ပြီး ဓာတ်ပုံ ရိုက်ကူး ခဲ့သည့် အခြေအနေ နှင့် ပတ်သက်၍ ဆရာ လှမြင့်ဆွေ က ရှင်းပြရာတွင် နန်းယွန်း နာဂ ရိုးရာ ယဉ်ကျေးမှု ကောက်သစ် စားပွဲ တော်သို့ လာရောက် ကြသော နာဂ မျိုးနွယ်စု များမှာ အိန္ဒိယ နိုင်ငံ အာရှနာ ချာပရာဒေ့ခ်ျ ပြည်နယ် နယ်စပ်ရှိ နာဂ မျိုးနွယ်စုများ၊ လိတ် နိုချောင်း၊ ဟာနူး ချောင်း၊ နောင်ယန်းအင်း နှင့် နောင်ဆိုင် အင်း တို့၌ရှိသည့် ရိုးရာ မပျက် နေထိုင် သော နာဂ မျိုးနွယ် သွေးချင်း များဖြစ် ကြကြောင်း၊ ပွဲတော် အတွင်း လာရောက်ကြ သည့် သွေးချင်း နာဂ များ၏ သဘာဝ အတိုင်း သွားလာ လှုပ်ရှားမှု ဘ၀ ပုံရိပ်ကို အမိ အရရိုက် ကူးပြီး သူတို့နှင့် အတူ နေထိုင်သော အိမ်များ သို့လည်း သွားရောက်ကာ ထူးခြားကောင်းမွန် သော ဓာတ်ပုံများ လည်း ရရှိခဲ့ကြောင်း၊ ထို့ အပြင် ရိုးရာ အဆောင် ပစ္စည်းနှင့် တွဲဖက် ရိုက်ကူး ခဲ့ကြောင်း ရှင်းပြသည်။
ထို့အပြင် နန်းယွန်းမြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ ခုနှင့် ကျေးရွာပေါင်း ၉၄ ရွာရှိရာ ရနိုင် တောင်တန်း၊ မုတ်တောင်တန်း၊ ပက်က္ကိုင် တောင်တန်း နှင့် ဟူးကောင်း တောင် တန်း တို့ အနက် ထူး ခြား လေးနက် မှုရှိ သော နာဂ ကျေးရွာ များကို လည်းသွား ရောက် ခဲ့ပြီး နာဂသွေး ချင်း များ၏ နေထိုင် မှု ဘ၀ ပုံရိပ် များကို စုံလင်စွာ ရိုက်ကူး နိုင် ခဲ့ကြောင်း သိရ သည်။
ပန်းချီ လှမြင့်ဆွေ၏ Splendour land အမည်ရ ဓာတ်ပုံ များများ စာနည်း နည်းဖြင့် ဖြန့်ချိ ထုတ်ဝေမည့် စာအုပ် တွင် ကဏ္ဍ ခြောက်ခု ခွဲပြီး စီမံ ဆောင်ရွက် ထား သော စာအုပ် တစ်အုပ် ဖြစ်၍ တိုင်းရင်း သား မျိုး နွယ်စုများ အလိုက် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေထိုင် ကြသော လားဟူ၊ ပလောင်၊ ဓနု၊ ပအို့ဝ်စသည့် ရှမ်း မျိုးနွယ်စုများ၊ ကရင် ပြည်နယ် ဒေသတွင် နေထိုင် ကြသော တောင် ပေါ်တောင်အောက် ကရင် မျိုးနွယ်စုများ၊ ပိုးကရင်၊ စကော ကရင် စသည့် ကရင်မျိုး နွယ်စုများ၊ ချင်းပြည်နယ် နှင့် အိန္ဒိယ နယ်စပ် တို့တွင် နေထိုင်သော ချင်းမျိုးနွယ် စုများ၊ ရိုးရာ ယဉ် ကျေးမှု အလှ များနှင့် မြတ်ဗုဒ္ဓ ၏ ယဉ် ကျေးမှု အမွေအနှစ် များကို ဦးစွာ ရရှိ ခဲ့သော ရခိုင်ပြည်နယ် မှ ဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။
တိုင်းရင်းသား များ၏ ဘ၀ ပုံရိပ်များကို ရိုက်ကူး ရာတွင် စိတ်ပိုင်း ဆိုင်ရာ ရိုးသားဖြူ စင်သည့် အလှတရား ပုံရိပ် များမှာ ပြိုင်ဘက် ကင်း လောက်အောင် သူတို့ မျက်နှာတွင် ဖော်ပြနေသည့် ဓာတ်ပုံ များကို ကြည့်ရှု ခံ စားသူ အပေါင်း သိနိုင်မြင်နိုင် အောင် ကြိုး ပမ်း အားထုတ်ရိုက်ကူး ထားကြောင်း သိရ သည်။

Sunday, August 29, 2010

Alaungdaw Kathapa National Park

This Myanmar (Burma) ecotourism, birding, birds watching and trekking tours site, Alaungdaw Kathapa (N 22˚ 30' and E 94˚ 20') lies to the west of Chindwin River, and between this river and the valley of Myittha. It consists of two Reserve Forests, namely Patolone RF and Taungdwin RF. This is established in 1984 as a national park for conserving unspoiled biodiversities. The park is 1600 sq km (616.84 sq mile) in size with a well forested mountainous area. The nearest town is Yinmarbin which park office runs in that town.
The park is well known for its wealth of biological diversity. It belongs the central mixed deciduous forests that are undisturbed such as moist upper mixed deciduous forest, dry mixed deciduous forest and low mixed deciduous forest. The virgin indaing (dipterocrap) forest places in the central of the park and the Pine Forest are on the hillsides. Evergreen Forest can be seen along the major streams.

Alaungdaw Kathapa is wonderful place for birds watchers and nature lovers. In this park only 235 bird species have been recorded, but it is believed many unseen species are yet to be discovered. This Myanmar (Burma) ecotourism, birding, birds watching and trekking tours site is a wonder land of Woodpecker in South East Asia. Here can see 18 species of Woodpecker such as Eurasian Wryneck, Speckled Piculet, White-browed Piculet, Lesser Yellownape, Greater Yellownape, Common Flameback, Himalayan Flameback, Greater Flameback, White-bellied Woodpecker, Great Slaty Woodpecker, Grey-capped Pygmy Woodpecker, Yellow-crowned Woodpecker, Streak-throated Woodpecker, Streak-breasted Woodpecker, Grey-headed Woodpecker, Bay Woodpecker, Pale-headed Woodpecker and Rufous Woodpecker. Other specialities are three species of Myanma endemic bird such as Hooded Treepie, White-throated Babbler and Burmese Bushlark, Kalij Pheasant, Blue-eared Barbet, Great Hornbill, Oriental Pied Hornbill, Red-headed Trogon, Blue-bearded Bee-eater, Chestnut-headed Bee-eater, Asian Barred Owlet, White-eyed Buzzard, White-rumped Falcon, Collared Falconet, Red-billed Blue Magpie, Large Woodshrike, Common Woodshrike, White-browed Fantail, Black-backed Forktail, Hill Myna, Chestnut-bellied Nuthatch, Velvet-fronted Nuthatche, Olive Bulbul, Greater Neckalced Laughingthrushe, Lesser Neckalced Laughingthrushe, White-bellied Yuhina and others.

One may also see a range of larger animals such as Wild Elephant, Leopard, Cloud Leopard, Gaur, Banteng, Bear, Sambar Deer, Barking Deer, as well as many other small mammals. In addition the observation of butterflies (recorded in about 200 species), various species of reptile, amphibian, fish, insect, plant and orchid, elephant riding and trekking in several types of natural forests and visiting the historical famous Alaungdaw Kathapa Shrine can be made in this Myanmar (Burma) ecotourism, birding, birds watching and trekking tours site. Millions of bat host in the cave that is near the Alaungdaw Kathapa Shrine. It is one of the most famous pagodas in the region that is located in the center of the park. Hundreds of thousand pilgrims pay homage to the pagoda annually during the dry season.
The park is accessible by car in the peak season and by elephants in the rainy season. The best time to visit is from December to May.

Alaung Daw Katapha Trip

Wednesday, January 27, 2010

ဧရာဝတီ လင်းပိုင်

From Myanmar Online Encyclopedia
ဧရာဝတီ လင်းပိုင် (Irrawaddy Dolphin)
သဘာဝထိန်းသိမ်းခြင်းအခြေအနေ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစစ် Cetacea
မျိုးရင်း Delphinidae
မျိုးစု Orcaella
မျိုးစိတ် O. brevirostris
ဒွိနာမ Orcaella brevirostris
ဧရာဝတီ လင်းပိုင်သည် ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်တွင်လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တ၀ါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။
ဧရာဝတီ လင်းပိုင်များကို ဧရာဝတီ မြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟု ခေါ်ဆိုခဲ့တာဖြစ်သည်။ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ လောက်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းဆိုသော ရွာကလေးနားမှာ ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုး၊ ဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။
လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါးသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ [1]
ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီ လင်းပိုင်များ မြစ်အတွင်းဖြန့်ကျက် နေထိုင်မှုကို အပြည့်အ၀သိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်းကြား၌ လင်းပိုင် (၃၇)ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉)ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂)ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်ပါသည်။
ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂. ၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရိစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာ မှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေး ကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တ၀ါ များ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်မေခမေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါး များ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။

[ပြင်ဆင်ရန်​] ထိန်းသိမ်းရေး ကင်းလှည့်အစီအစဉ်

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး ကင်းလှည့်အစီအစဉ် ၂၀၀၉-၁၀ ခုနှစ် ကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြား ၇၄ ကီလိုမီတာအကွာအဝေး၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့် ရှောက်ရေးနယ်မြေ၌ စက်တင်ဘာ၌ ပြန်လည်စတင်နေပြီဖြစ်သည်။
ဇူလိုင်နှင့် ဩဂုတ်လတွင် ခရီးစဉ်၌ အသုံးပြုသော လှေ၊ မော်တော်များ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်ခြင်းစသည် တို့ကို ပြုလုပ်ကြပြီး အဆိုပါအစီအစဉ် ကို နှစ်စဉ် စက်တင်ဘာလမှ ဇွန်လ အထိ တစ်လလျှင်နှစ်ကြိမ်၊ တစ်ကြိမ် လျှင် တစ်ပတ်ခန့် ထိန်းသိမ်းရေးနယ်မြေတွင် လုပ်ငန်းစဉ်များ ကို ဆောင် ရွက်ကြခြင်းဖြစ်သည်။
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးကင်းလှည့်အစီအစဉ်၌ ထိန်း သိမ်းရေးနယ်မြေအတွင်းရှိ ကျေးရွာ များတွင် ဧရာဝတီလင်းပိုင်နှင့် ပတ် သက်သော ပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးလုပ်ငန်း များ၊ ငါးလုပ်ငန်းဦးစီးဌာနမှချမှတ် ထားသော မူဝါဒများအကောင်အထည် ဖော်ခြင်းလုပ်ငန်းများ၊ ငါး သုတေ သန လုပ်ငန်းများ၊ တရားမ၀င် ငါးဖမ်းနည်း များဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲ ခြင်း၊ အဆိပ်ချခြင်းများကို နေ့ညကင်းလှည့်ခြင်း၊ ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် သဘာဝလေ့လာ ခြင်း (Behaviour Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွား ခြင်း (Travelling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅၀ အကွာ အဝေးရှိ လေ့လာရေးမော်တော်ပေါ်မှ နေ၍နှစ်နာရီခန့် တောက်လျှောက် ကြည့်ရှုလေ့လာမှတ် တမ်းတင်ကြခြင်း ဖြစ်သည်။
မန္တလေး-ဗန်းမော် ကြားတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်ခန့်ရှိပြီး ထိန်းသိမ်းရေးနယ်မြေ၌ လင်းပိုင် ၁၆ မှ ၁၈ ကောင်ခန့်ရှိရာ မန္တလေး-ဗန်းမော် ကြားရှိ လင်းပိုင်အရေအတွက်၏ ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။
၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှု များကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်း သည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ် မှတ်ခဲ့သည်။
မြန်မာနိုင်ငံဂုဏ်ဆောင် ရေနေ နို့ တိုက်သတ္တ၀ါဖြစ်သည့် ဧရာဝတီလင်း ပိုင်များထိန်းသိမ်းခြင်းနှင့် သုတေ သန လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူ ပူးပေါင်း ငါးဖမ်း သည့် ရိုးရာ အလေ့အထကို ဆက်လက်ထိန်းသိမ်း ရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်း တီးမှုကို ဖြစ်ပေါ် စေသော တရားမ၀င် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက် ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ် ချောင်းများအတွင်း ရွှေတူးဖော်မှု များပပျောက်စေရန် ဧရာဝတီလင်းပိုင် မျိုးမသုဉ်းစေရေးအတွက် ပြည်သူ များက ၀ိုင်းဝန်းပူးပေါင်း ကာကွယ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းရေး နယ်မြေကို သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။
ထိန်းသိမ်းရေး နယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ် ရေယာဉ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမြို့မှ စဉ့်ကူးသို့ ကားဖြင့် သွားရောက်ပြီး စက်တပ်ရေ ယာဉ်ဖြင့် စုန်ဆင်း၍လည်းကောင်း သွားရောက် လေ့လာနိုင်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိ သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ် ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဧရာဝတီလင်းပိုင်များ ကျက်စားသည့် မန္တလေး-ဗန်းမော် ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၌ တစ်နှစ်တစ်ကြိမ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဧရာဝတီ လင်းပိုင်များ နေထိုင် ကျက်စားသည့် နယ်မြေဧရိယာများ တိုးပွားလာခြင်း၊ လင်းပိုင်များအပေါ် ကျရောက်နေသည့် အန္တရာယ်များ လျော့ကျခြင်း၊ လင်းပိုင်များ၏ အုပ်စု ပမာဏတိုးပွားလာခြင်း၊ လင်းပိုင်နှင့် အတူငါးဖမ်းဆီးကြသည့် လက်ပစ်ကွန် ရေလုပ်သားများ ငါးဖမ်းဆီးနိုင်သည့် နယ်မြေ ဧရိယာကျယ်ဝန်း လာပြီး ရေလုပ်သားဦးရေ တိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူ ငါးဖမ်းဆီးသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒေသ တွင်းရှိပြည်သူ လူထုထိန်းသိမ်းစောင့် ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာပြီး လုပ်ငန်းများ တွင် ပူးပေါင်း ပါဝင်လာခြင်း၊ လင်းပိုင်နှင့် ငါးဖမ်းဆီး သည့် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့် ရှုကြ သဖြင့် ဧရိယာနယ်မြေအခွန်အခများ ရရှိခြင်း၊ ရေလုပ်သားများနှင့် ဒေသခံ ကျေးရွာများ ဖွံ့ဖြိုးစည်ပင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ဧရာဝတီလင်းပိုင်များကို မြန်မာ နိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝ ကျွန်း ပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။
ကမ္ဘာတွင်ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့ မြောက်ဒေသ၊ ဂင်္ဂါမြစ်အင်ဒိုနီးရှား နိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ [2]

[ပြင်ဆင်ရန်​] ကိုးကား

  1. လွင်မိုးခရီးသွားနေသည်မှ ကောက်နှုတ်သည်။
  2. မြန်မာတိုင်းမ် (အတွဲ ၂၂၊ အမှတ် ၄၃၂ (၁၈. ၉.၀၉)

Monday, April 27, 2009

အလောင်းတော်ကဿပ

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့် ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။

မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။

စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။

တောင်သုံးလုံးဆုံရာ အောက်ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော်အား လှူဖွယ်အမျိုးမျိုး ကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်းတော်အား ရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကျောက်တံခါးပွင့်ဟနေသောကြားမှ ဝတ္ထုနှင့် လက်ဝတ်ရတနာများ လှူဒါန်းကြလေ့ရှိသည်။

ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌ စံကျောင်းတော်ထဲသို့ စီးဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင်၍ အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့် ပိတ်ဆို့သွား၍ ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲသောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေ မြှုပ်နှံပြီး မည်၍မည်မျှကိုဖြင့် အဆောင်အဖြစ် ပြန်စွန့်တော်မူပါဟု ဆုတောင်းလျှင် ပြန်၍ တူးဖော်သောအခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက်တံခါးကြားတွင် ဝတ္ထုငွေကပ်လှူပြီး ဆောင်ထား လိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြုပြီးပါက ဆောင်ရမည့်ဝတ္ထုသာ ကျန်သောဖြစ်စဉ်များကို ကိုယ်တွေ့ကြုံသူများ အများအပြားရှိသည်။

ခြေတော်ရာ
ရှင်မဟာကဿပ မထေရ်ကြီးသည် မဏိပူရမှ တောင်သုံးလုံးဆုံရာအရပ်သို့ ကြွတော်မူရာတွင် မင်းကင်းမြို့နယ်၊ နှင်းကြီးရွာမှ (၄) မိုင်ခန့်အကွာ အညာလယ်ရွာတွင် ခြေတော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိပြီး ခြေတော်ရာပေါ်မှ မြေပေါက်လိုဏ်စေတီ တည်ထားသည်။

သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်းငယ်တစ်ခုမှာ ရှင်မဟာကဿပမထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သပိတ်တော် ဆေးခဲ့လို့ “သပိတ် ဆေးချောင်း” ဟု ခေါ်သည်။ ချောင်းအတွင်း၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။

သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေးမိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ်တွင် ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေပါသည်။

ကျီးဖိုနှင့်ကျီးမ
အလောင်းတော်ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြို နှုတ်ဆက်ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။

ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများ
ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ်ကြွားတင် စသူတို့ပါဝင်သော (၁ဝ)ဦး အဖွဲ့သည် လွန်ခဲ့သောနှစ် ၃၀ (၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီ) က အလောင်းတော်ကဿပအောက် လိုဏ်ဂူကျောက်တံခါးဝတွင် ဖူးမြော်နေကြသည်။ ထိုသူတို့ရှေ့၌ အလွန်ကြည်လင်တောက်ပသော အလင်းရောင်အလုံးတစ်လုံး ပေါ်လာကာ တဖြည်းဖြည်းငယ်ရာမှကြီးလာပြီး လိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ခေါင်းရင်း ဘက်မှ ရွှေစေတီတစ်ဆူပေါ်လာပြီး မကြာမီ အလောင်းတော်အစစ်အား ကျောဘက်မှ ဖူးမြင်ခွင့်ရခဲ့ကြသည်။

တောပွဲ၊ မြို့ပွဲ
အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲလပြည့် ထမနဲစတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြသူများ၏ ပွဲဖြစ်သည်။ သံဃာတော်များအား ဘုရားဖူးများက အောက်လိုဏ်ဂူမှ အထက်လိုဏ်ဂူအထိ တန်းစီ၍ ရေသိမ်အပြီးတွင် လှူဖွယ်များ လောင်းလှူလေ့ရှိသည်။ မွန်းလွဲ (၁) နာရီကျော်ခန့်တွင် အောက်လိုဏ်ဂူ အဝင်ဝဘယ်ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်းရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ်ရှား သည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။

သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှုကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူးရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများကို နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ်ပါသည်။

စကားချပ် ။ ဤစာများအားလုံးကို “ခွပ်ဒေါင်းမြေ ဘလော့” မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ အလောင်းတောက်ကဿပ ကို ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံများမှ ချဉ်းကပ်ရေးသားထားခြင်း ဖြစ်တဲ့အတွက် သိမှတ်စရာအချို့ ပါဝင်နေသောကြောင့် ကူးယူတင်ပြခြင်း ဖြစ်ပါသည် ကျွန်ုပ် သွားရောက်စဉ်က အတွေ့အကြုံများကိုတော့ နောက်အသစ်တင်မည့် ပို့စ်များတွင် ဆက်လက်ဖော်ပြပါမည် ယခု ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးလာခဲ့သော ဓါတ်ပုံများကိုသာ ဦးစွာ ဖော်ပြထားပါသည်။

လင်းလင်း


Alaung Daw Katapha Trip