Thursday, September 09, 2010
Google Stats
Monday, June 01, 2009
ဘလော့ခ်အတွက် FavIcon
FavIcon ဆိုတာရဲ့ ဆိုလိုရင်းကတော့ Favourite Icon ပါ။ သူ့ကို အသုံးပြုတဲ့ နေရာကတော့ ၀ဘ်ဘရောက်ဇာတွေရဲ့ Website Address တွေရဲ့ရှေ့မှာ ၎င်းဝဘ်ဆိုဒ်ရဲ့ အမှတ်တံဆိပ်အသေးစားအဖြစ်၊ လှုပ်ရှားနေတဲ့ ပုံတွေအဖြစ်လည်းကောင်း၊ ပုံသေတွေ အဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ အောက်ကပုံကို ကြည့်လိုက်ရင် FavIcon ဆိုတာ ဘာလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်။
အထက်က ပုံကတော့ ကျွန်တော်တို့ ရောင်းရင်းကြီး Blogger.com ရဲ့ Favicon ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ပိုင် Web Hosting ၀ယ်ပြီး၊ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရေးသားလွတ်တင် ထားတဲ့သူတွေ အတွက် Favicon ကိုမိမိကိုယ်တိုင် ထည့်သွင်းပေးရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Blogger.com မှာတော့ အလိုအလျောက်ပဲ ပါရှိပြီးသားဖြစ်တဲ့အတွက် အဲဒီ မူရင်းပါရှိတဲ့ Blogger ရဲ့ Favicon ကို မိမိစိတ်ကြိုက်၊ မိမိရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ အစားထိုးဆောင်ရွက်ကြည့်ကြပါမယ်။ ဘယ်လိုအစားထိုးကြမလဲ။ လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ အောက်ပါအတိုင်း ဆောင်ရွက်ပါ။
နည်းလမ်း(၁)
၁)Favicon အဖြစ်အသုံးပြုရန် မိမိ စိတ်ကြိုက် ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုကာ စိတ်ကြိုက်ဒီဇိုင်းတစ်ခု ဖန်တီးပါ။ ပြီးလျင်ပုံကို .png အမျိုးအစားဖိုင် အဖြစ်သိမ်းဆည်းပါ။ ဖိုင်ရဲ့ အရွယ်အစားကတော့ ၁၆*၁၆ Pixels မှ ၃၂*၃၂ Pixels အတွင်းကြိုက်သလို ဖန်တီးလို့ရပါတယ်။
၂)၎င်း Icon ကို (Photobucket သို့မဟုတ် Googlepage) စသဖြင့် တစ်နေရာရာတွင် Upload လုပ်ပါ။ရလာသော လင့်ခ်ကို တစ်နေရာတွင် ကော်ပီကူးပြီးမှတ်ထားပါ။
၃)Blogger Dashboard ကိုဝင်ရောက်ပြီး၊ Template အောက်ရှိ Edit HTML တွင်အောက်ပါ ကုဒ်များကို Ctrl+F အကူအညီဖြင့် တွေ့အောင်ရှာဖွေပါ။
၎)တွေ့ရှိပါက ၎င်းကုဒ်များ၏ အောက်တွင် အောက်ပါကုဒ်များကို Copy->Paste လုပ်ပါ။
၅)”URL of your icon file” ဆိုသောနေရာတွင် မိမိ Favicon ၏လင့်ခ်ကို အစားထိုး ရပါမယ်။
၆)Template ကို Save လုပ်ပါ။ ပြီးလျင် ဘရောက်ဇာ အသစ်တစ်ခုဖွင့်ပြီး မိမိ ဘလော့ဂ်လိပ်စာကိုရိုက်ထည့်၍ Favicon ပေါ်မပေါ်ကြည့် ကြည့်ပါ။
အကယ်၍ Favicon မပေါ်ဘူးဆိုလျင် မိမိဘရောက်ဇာရှိ Temporary Internet ဖိုင်များကို Delete လုပ်ပေးရပါမယ်။
နည်းလမ်း(၂)
အထက်ပါနည်းမှာ ကိုယ်ပိုင် Favicon တစ်ခုဖန်တီးဖို့ဆိုတဲ့ အဆင့်အတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဖန်တီးဖို့ အခက်အခဲ မရှိခဲ့ဘူး ဆိုရင်လည်း အချိန်ပေးဖို့အတွက် စကားပြောစရာရှိလာပါမယ်။ အဲဒီအတွက် အချိန်လည်းပေးစရာမလို၊ ကိုယ်တိုင်လည်း ဘာမှဖန်တီးစရာမလိုပဲ အမိုက်စား Animation FavIcon တွေကို မိမိစိတ်ကြိုက်၊ မိမိစက်ထဲမှာရှိတဲ့ ပုံတစ်ပုံပေးလိုက်ရုံ နဲ့ မိမိဘလော့ဂ် (သို့) ဆိုဒ် အတွက် Favicon တစ်ခုကို အမြန်ဆုံးနဲ့၊ အလကားဖန်တီးပေးတဲ့ ဒီနေရာ ကိုသွားတာ အကောင်းဆုံးပါပဲ။
(ကျွန်တော့်ဆိုဒ်မှာ အဲဒီနည်းကိုသုံးထားပါတယ်။)
ပုံအကြီးကြည့်ရှုရန် ပုံပေါ်တွင်ကလစ်ပေးပါ။
အဲဒီနေရာကိုရောက်ရင် ညီအစ်ကိုမောင်နှမများ တွေ့ကြတဲ့ အတိုင်းပါပဲ။
၁)Browse ထဲမှနေ၍ မိမိစိတ်ကြိုက်ပုံတစ်ပုံ (အရွယ်အစား၊ဖိုင်အမျိုးအစား ကန့်သတ် ချက်မရှိ) ကိုရွေးပါ။
၂) ပြီးလျင် Scrolling Text ၏ဘေးမှ အကွက်တွင် မိမိဘလော့ဂ်နာမည်၊ သို့ မိမိစိတ်ကြိုက် မိမိ ပေါ်စေချင်သော စာသားကိုရိုက်ထည့်ပါ။
၃)ပြီးလျင် Animate Favicon ၏ဘေးရှိ Check Box တွင် Enable ပေးပြီး Generate FavIcon.ico ကိုကလစ်လုပ်ပါ။
၎)နောက်တစ်မျက်နှာတွင် Download နှင့် Preview ဆိုပြီးပြလာမှာဖြစ်ပါတယ်။ မိမိ၏ FavIcon အထုပ်ကို Download လုပ်ပါ။
၅)ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ အထုပ်ဟာ zip file နဲ့ထုပ်ထားတာဖြစ်တဲ့ အတွက် အဲဒီအထုပ်ပေါ်မှာ Right Click ပေးပြီး Extract Here လုပ်ပါ။
၆)Extra File ထုပ်ထဲမှ animated_favicon1 ကိုရွေးချယ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း မိမိစိတ်ကြိုက် နေရာတစ်ခုမှာ Upload လုပ်ပါ။ရလာတဲ့ လင့်ခ်ကို ကော်ပီကူးပြီးမှတ်သားထားပါ။
၇)ပြီးလျင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း “URL of your icon file” နေရာတွင်မိမိ FavIcon ရဲ့ လင့်ခ်ကို အစားထိုးထည့်ပါ။
ထိုစာကြောင်းရှိ ‘ type=’image/vnd.microsoft.icon’ ဆိုသောနေရာတွင် အောက်ပါကုဒ်ဖြင့် အစားထိုးပါ။
type='image/gif'
၈)Template ကို Save လုပ်ပြီးလျင် အားလုံး Ready ဖြစ်ပါပြီ။ မိမိဘလော့ဂ်အား ဘရောက်ဇာ အသစ်တွင်ဖွင့်ပြီး ကျေနပ်မှုရယူပါ။
(Blogging ကိုအခုမှ စတင်ထိတွေ့သူများအတွက် ရည်ရွယ်ပြီး အသေးစိတ် ရေးသားပေးထားတာ ဖြစ်ပါတယ်။ တစ်ကယ်လုပ်လျင်(၂)မိနစ် လောက်အတွင်း ပြီးစီးသွားနိုင်ပါတယ်ခင်ဗျား။)
*မှတ်ချက်* (အသုံးဝင်သော နည်းလမ်းဖြစ်သောကြောင့် koprince ဘလော့ခ်မှ ပြန်လည်မျှဝေလိုက်ပါသည်)
Tuesday, April 28, 2009
ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း
.post-title {
margin:.25em 0 0;
padding:0 0 4px;
font-size: 15px "Zawgyi-One", Arial,Verdana, Zawgyi-One;
line-height:1.5em;
color:#6600cc;
}
.post {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
.post div {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
Monday, April 27, 2009
ဘလော့ခ်မြန်မာ ပြက္ခဒိန် လုပ်နည်း
RSS Feed: http://samerss.myanmarcalendar.com
Blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် နမူနာ
1) blogger.com တွင် Login ၀င်ပါ။
2) “Manage Your Blog” တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် “Add Page Element” ကို နှိပ်ပါ။
4) Feed တွင် “Add To Blog” ကို နှိပ်ပါ (”Feed”-Add content from an RSS or Atom feed to your blog.)
5) “Feed URL” တွင် http://kowunnako.itmgmg.com ကို ထည့်သွင်းပါ။ “Continue” ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် “SAVE CHANGES” ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။



