Sunday, December 03, 2023

ပီလခတ် ဟိန္ဒူဘုရားကျောင်းသို့တစ်ခေါက်

ယခုတစ်ခေါက်တော့ ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ကျေးရွာမှာတည်ရှိတဲ့ ပီလခတ်ဘုရားကျောင်းကို အသွားအပြန် 78km ခရီးခရီးစဉ်လေး စီးဖြစ်ခဲ့ပါတယ်။ မနက်စောစော ၅နာရီခွဲလောက် အိပ်ယာထပြီး စုရပ်ကနေပြီး ရန်ကုန်ကနေ သန်လျှင်ကျောက်တန်းကို အမှတ် (၁) တံကားအတိုင်းဖြတ်ပြီး စီးနင်းခဲ့ပါတယ်။ သီလဝါလမ်းဆုံနားက ရတနာလင်း လဖ္ဘည့်ရည်ဆိုင်မှာ ခဏနားလို့ လဖ္ဘည့်ရည်သောက်ပြီး ကျောက်တန်းကို ဆက်လက်စီးနင်းခဲ့ပါတယ်။ ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ် စေတီတော်ကို တစ်ဘက်ကမ်းကနေပဲ ဦးတိုက်ကန်တော့ပြီး ဆိုင်တစ်ဆိုင်မှာ ခတ္တခဏနားပါတယ်။ ရေလယ်ကတိုက်ခတ်လာတဲ့ လေအေးလေးတွေကလည်း အမောပြေလန်းဆန်းစေပါတယ်။ အနားယူပြီးတဲ့နောက်မှာတော့ ပီလခတ်ဘုရားကျောင်းရှိရာကို ဆက်လက် ခရီးဆက်ခဲ့ကြပါတယ်။