Showing posts with label Donation Trip. Show all posts
Showing posts with label Donation Trip. Show all posts

Wednesday, August 26, 2009

ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တစ်ခေါက်

ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ ကျွန်တော့်ကို ဂေါက်သွားပြီလားလို့ မထင်လိုက်ပါနဲ့ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အတူတူ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့ကြတဲ့အကြောင်းကို ပြောပြချင်တာပါ။ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အပြင်မှာ မဆုံဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ ဒီအတောအတွင်းမှာ သတိတရနဲ့ ဟိုအရင်တုန်းက အတူသွားလာခဲ့ပြီး အလှုတွေလုပ်ခဲ့တာ၊ တွေ့ဆုံဖြစ်ခဲ့တာတွေ ကိုလည်း အမှတ်ရနေခဲ့ပါတယ်။ အဲဒီ့ထဲကမှ ၂၆ ရက် ၃ လပိုင်း ၂၀၀၆ ခုနှစ်တုန်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပလန်းနက်က သူငယ်ချင်းတွေ စုပေါင်းပြီး အလှုသွားလုပ်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို မှတ်မှတ်ရရရှိနေဆဲမို့ သူငယ်ချင်းတွေကို လွမ်းဆွတ်စွာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ဒီအလှူ လုပ်ဖြစ်ခဲ့တာကတော့ ပလန်းနက် တီးရှော့က သူငယ်ချင်းတွေ၊ မြန်မာချက်က သူငယ်ချင်းတွေနဲ့ ပြည်ပက သူငယ်ချင်းတွေ အတော်များများ ထည့်ဝင်ခဲ့ကြတဲ့ အလှုငွေတွေနဲ့ စီစဉ်နိုင်ခဲ့တာပါ။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေထဲကမှ တစ်ဝက်ကို ထောက်ကြံ့ မိဘမဲ့ကျောင်းကို လှူဒါန်းခဲ့သလို ကျန်ရှိတဲ့ငွေကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို သွားလှုကြတာပါ။ ထောက်ကြံ့ မိဘမဲ့ကျောင်းအလှူ အကြောင်းကိုတော့ ကျွန်တော် ရှေ့က ပို့စ်တစ်ခုမှာ ထောက်ကြံ့ မိဘမဲ့ကလေးကျောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။
စိတ်ကျန်းမာရေးဆေးရုံ အလှူ ဂုဏ်ပြုလက်မှတ်
ရွာသာကြီးကို အလှူခရီးရှိတဲ့အကြောင်းကိုတော့ ကျွန်တော်ကနေ Forward Mail နဲ့အားလုံးကို အကြောင်းကြားဖြစ်ပါတယ်။ ထုံးစံအတိုင်း အားလုံးက ဦးညိုလို့ခေါ်ကြတဲ့ ဘားလမ်းထဲက Mr. Brown ကော်ဖီဆိုင်မှာ မနက် ၈ နာရီမှာဆုံဖို့ ချိန်းထားကြပါတယ်။ မနက် စောစာထပြီး ဦးညိုကိုရောက်တဲ့အခါမှာတော့ သူငယ်ချင်းအတော်များများ စုံနေပါပြီ။ အဲဒီ့နေ့က အလှုခရီးမှာ လိုက်ပါခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကိုဟန်၊ ကိုဗျာလေး (Daddy)၊ ကိုဗိုင်းရပ်၊ Eleven၊ ကိုထက်၊ ကိုထက်သူငယ်ချင်း၊ ယန်ယန်၊ ပူစီ နဲ့။ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်တဲ့ ပူတူး၊ ရုပ်ဆိုးမ၊ မကေ၊ အိန်ဂျယ်၊ အိန်ဂျယ်ရဲ့ညီမ၊ ညီမလေးဖြူ၊ မိုးမခ နဲ့ မိုး တို့ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ မအားလပ်တာမို့ မပါလာပါဘူး။ လူစုံပြီဆိုတော့ အားလုံး ရွာသာကြီးကိုသွားဖို့ စီစဉ်ထားတဲ့ ပထမအစီအစဉ်ကတော့ ရန်ကုန်ဘူတာကြီးကို အားလုံး စကားတပြောပြောနဲ့ လမ်းလျှောက်ကြပါတယ်။ ဒီလိုနဲ့ ဘူတာကြီးကိုရောက်တော့ ကိုဗိုင်းရပ်နဲ့ ကိုဟန်တို့က ရထားလက်မှတ် ၀ယ်ကြပါတယ်။ ရွာသာကြီး တက္ကသိုလ်ကိုသွားတဲ့ ရထားကတော့ မရောက်သေးတာနဲ့ ဘူတာမှာပဲ စောင့်နေကြရသေးတယ်။ ပူစီကတော့ ဓါတ်ပုံတွေ လိုက်ရိုက်နေပါတယ်။ အဲဒီထဲက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
ရွာသာကြီးရထားစောင့်နေကြစဉ်
ရထားပေါ်တွင် အမှတ်တရ
Internet Journal စိတ်ဝင်စားနေတဲ့နှစ်ယောက်
ရထားရောက်တဲ့အခါမှတော့ အားလုံး ရထားပေါ်မှာ နေရာယူကြတာပေါ့။ သေချာနေရာ ယူပြီးတဲ့အခါမှာတော့ ဒီရထားက ရွာသာကြီးသွားတဲ့ရထား မဟုတ်ဘူးဖြစ်နေလို့ အားလုံးပြန်ဆင်းကြရသေးတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေမှ ရွာသာကြီးသွားတဲ့ရထားက ရောက်လာတော့တယ်။ ဒီတစ်ခါတော့ မလွဲတော့ပါဘူး လူမှန် နေရာမှန်ပေါ့။ ကားစပါယ်ရာတွေပြောတဲ့ အလယ်မှာ ဆင်ကကလို့ရတယ်တို့၊ ဘောလုံးကန်လို့ရတယ်တို့ လိုပေါ့ ရထားပေါ်မှာဘယ်လောက် လူများလဲဆိုတော့ ကိုဟန်၊ Eleven၊ ယမ်ယမ်တို့ ဘောလုံးကန်ကြသေးတယ်။ အားလုံးထဲမှာက ကိုဟန်က အငယ်ဆုံးလိုဖြစ်နေတယ် (ကလေးတွေနဲ့အပြိုင်ပေါ့)။ ကိုဗျာလေးကတော့ အလွတ်မပေးပဲ သူ့ကမရာလေးနဲ့ မှတ်တမ်းလိုက်တင်နေတယ်။ ကျွန်တော်ကတော့ ပွဲကြည့်ပုရိသတ်ပေါ့။ သူတို့နဲ့အတူဝင်တော့ မကန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကန်တဲ့ဘောလုံးကို ရှာနေတာနဲ့ တင် မိနစ်ကိုးဆယ် ပြည့်မယ့်ကိန်း ဆိုက်နေလို့။ အားလုံးကလဲ ပျော်ရွှင်နေကြတာပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး ရထားပေါ်မှာရှိတဲ့ ခရီးသည်တချို့ပါ ကျွန်တော်တို့အဖွဲ့ရဲ့ ပျော်ရွှင်မှုတွေ ကူးစက်ကုန်ပြီး တပြုံးပြုံးနဲ့ တွေ့ရပါတယ်။ ရထားပေါ်မှာတော့ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တစ်ချို့ ပါလာပါသေးတယ်။ သူတို့လေးတွေကို ကြည့်ရတာ အနာဂါတ်အတွက် ရင်လေးစရာပါ။ ကလေးတွေကို ပိုက်ဆံပေးခြင်းဟာ သူတို့ရဲ့စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပျောက်သွားပြီး ပိုက်ဆံကို အလွယ်တကူ ရှာချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေကို သနားလို့ဆိုပြီး ပိုက်ဆံပေးခြင်းကို အားမပေးလိုပါဘူး။
ရထားပေါ်မှ ခလေးးတစ်ယောက်
ကလေးများကြားမှ ပူစီ
ဘတ်စ်ကား ပေါ်တွင်အမှတ်တရ
ဒီလိုနဲ့ ရွာသာကြီး ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းကြပြီး စီးပွားရေးတက္ကသိုလ်ရှိရာကို လျှောက်လာခဲ့ကြပါတယ်။ မနက် ၁၀ နာရီလောက်ရှိပြီမို့ နေကလဲပူလာပါပြီ။ ကျောင်းရှေ့ရောက်တော့ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်မယ့် ၂၀၉ ဘတ်စ်ကားကို စောင့်နေကြသေးတယ်။ ခဏနေတော့ ဘတ်စ်ကား ရောက်လာတာနဲ့ အားလုံးကားပေါ် တက်ခဲ့ကြပါတယ်။ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၁နာရီ ထိုးခါနီးနေပါပြီ။ ကျွန်တော်တို့ ရောက်တဲ့အကြောင်းကို ၀န်ထမ်း တစ်ယောက်က တဆင့် ဆေးရုံအုပ်ကြီးရှိတဲ့ ရုံးခန်းကို သွားပြီးသတင်းပို့လိုက်ပါတယ်။ ခဏနေတော့ ဆေးရုံအုပ်ကြီးရုံးခန်းထဲ လာခဲ့ကြပါဆိုတာနဲ့ တစ်ဖွဲ့လုံး ရုံးခန်းထဲ ၀င်သွားကြပါတယ်။ အဲဒီ့နောက် မကေနဲ့ ကိုဟန်တို့ကနေပြီး ပလန်းနက်တီးရှော့နဲ့ မြန်မာချက် အွန်လိုင်း သူငယ်ချင်းတွေကနေပြီး ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ ဝေသနာသည်တွေအတွက် အလှူငွေ လာလှူဒါန်းတဲ့အကြောင်းပြောပြပါတယ်။ ဒီတော့ ဆရာမကနေပြီး ဝေသနာသည်တွေအတွက် ဆေးရုံမှ ကျွေးမွေးမှူပုံစံအကြောင်း ရှင်းပြပါတယ်။ ရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံမှာ မနက်စာ၊ နေ့လည်စာ နဲ့ ညနေစာ သုံးနပ်ကျွေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၇ ရက်နေ့အတွက် နံနက်စာ မြန်မာကျပ်ငွေ ၂၀၀၀၀ ဖိုး၊ နေ့လည်စာ ကျပ် ၁၀၀၀၀၀ ဖိုးနဲ့ ညနေစာအတွက် ကျပ် ၉၀၀၀၀ ဖိုး၊ စုစုပေါင်း ကျပ် နှစ်သိန်းတစ်သောင်း ကို သီးသန့် လှူဒါန်းလိုက်ပါတယ်။ အဲဒီ့နောက် အလှူအတွက် ဂုဏ်ပြုလက်မှက်ကို ပြန်ပေးပါတယ်။ ဒီလက်မှတ်ကိုတော့ အားလုံးကိုယ်စား မကေ ကပဲ လက်ခံလိုက်ပါတယ်။
ဆေးရုံရှိ နေ့စဉ်ကျွေးမွေးမှုပုံစံအကြောင်း ရှင်းပြစဉ်
အတူတကွ အလှူငွေထည့်ဝင်ကြစဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ် မကေသို့ပေးအပ်စဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ်ကို ဆေးရုံအုပ်ကနေပြီး ပြန်ပေးပြီးတဲ့နောက်မှာတော့ အဲဒီ့ဆရာမက နေပြီးတော့ပဲ စိတ်ရောဂါဝေသနာသည်တွေကို ထားတဲ့ အဆောင်တွေကို တစ်ခုချင်းစီ လိုက်လံရှင်းပြပါတယ်။ ဒီဆေးရုံမှာ ၀န်ထမ်းလုပ်ဖို့ဆိုတာ တော်ရုံစေတနာနဲ့တော့ မလွယ်ကူလှပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံအုပ်ကြီး ကအစ ၀န်ထန်းတွေအဆုံး ဝေသနာတွေကို မိမိတို့ရဲ့ သွေးသားရင်းများသဖွယ် စောင့်ရှောက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ချို့က ဆရာမရှေ့မှာ အရူးတွေရယ်ဆိုတဲ့ စကားအသုံးအနှုန်းတွေ သုံးမိတာကို ဆရာမက မကြိုက်ပါဘူး။ သူတို့ဟာ အရူးတွေလို့မခေါ်သင့်တဲ့အကြောင်း ပြောပါတယ် စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်တွေပါပဲလို့ ရှင်းပြပါတယ်။ သူတို့ကို အရူးဆိုပြီး နှိမ့်ချဆက်ဆံခြင်း မပြုဖို့ကို ပြောပြပါတယ်။ ဒီလိုမေတ္တာထားလို့လဲဖြစ်မှာပါ ဆေးရုံမှာရှိတဲ့ တစ်ချို့သော ဝေသနာသည်တွေဟာ ဒီဆရာမကို ချစ်ကြောက်ရိုသေနေကြတာ တွေ့ရပါတယ်။ ဆရာမကနေပြီး ဆက်ရှင်းပြပါတယ်။ ဝေဒနာသည်တွေကို ဆေးရုံမှာ မပျောက်မချင်း ကုသပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးကိုလဲ အချိန်မှန်ပေးသလို ဝေဒနာရှင်တွေရဲ့ခြေအနေကို သိဖို့ တစ်ပါတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် ခေါ်ခေါ်တွေ့ပြီး Psychology ပညာနဲ့ မေးမြန်းစစ်ဆေးခြင်းကိုလဲ ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပြီး ဒီဆေးရုံမှာ စိတ်ဝေဒနာရှင်တွေချည်း မဟုတ်ဘဲ အရက်ဖြတ်တဲ့သူတွေလဲ ရှိပါတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်ရောဂါ ဝေသနာရှင် တွေကိုထားတဲ့ အဆောင်တွေကို ရောက်လာခဲ့တော့ တစ်ချို့ဝေဒနာရှင်တွေကို တွေ့ခဲ့ရပါတယ်။
ဆေးရုံတွင်းရှိ ဝေဒနာသည်တွေရှိရာ အဆောင်များတွေကို လိုက်ပြပေးနေတာပါ
ဆေးရုံမျက်နှာစာရှေ့တွင် သူငယ်ချင်းများနှင့် အမှတ်တရ
ကျွန်တော်တို့ကို တွေ့တော့ စိတ်ဝေဒနာရှင် တစ်ယောက်ကနေပြီး အဆိုတော် သန်းထွန်းလေးရဲ့သီချင်းကို ဆိုပြပါသေးတယ် သူဆိုတာကတော့ မွေးဌာနီ ဂျမခါနာဆီသို့ တဲ့။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သိပ်ပြီး ရောဂါမပြင်းထန်တဲ့သူတွေကတော့ Group အလိုက် သူ့အိပ်ရာနဲ့သူ အေးဆေးစွာပဲ နေနေကြတာကို တွေ့ခဲ့ရပြီး တစ်ချို့ ရောဂါပြင်းတဲ့ သူတွေကိုတော့ တစ်ဦးချင်း သီးသန့်ထားရှိတာကို တွေ့ခဲ့ရပါတယ်။ တစ်နေရာ အရောက်မှာတော့ ဥယာဉ်မှူးတစ်ဦးက ဆရာမကို နှုတ်ဆက်ပါတယ်။ နောက်မှ ဆရာမပြန်ပြောလို့ သိရတာက ဒီလူဟာလဲ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးပါတဲ့။ အဲဒီကနေမှ ဆရာမက အမျိုးသမီး စိတ်ဝေဒနာရှင်တွေချည်း သီးသန့်ထားတဲ့ အဆောင်ကို လိုက်ပို့ပေးပါတယ်။ အဲဒီ့ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦး ကနေပြီး ဝေသနာရှင်တွေကို စုစည်းလိုက်ပြီး ကျေးဇူးတင်စကား ပြောစေပါတယ်။ အားလုံးကလဲ ယခုလိုလာပြီး လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကို ညီညီညာညာနဲ့ ပြောနိုင်တာကို တွေ့ရပါတယ်။ စိတ်ဝေဒနာရှင် တွေပေမယ့် ပရမ်းပတာ မဟုတ်ကြပါဘူး။ စည်းကမ်းတကျ သွန်သင်ထားတာ တွေ့ခဲ့ရပါတယ်။ တကယ့်ကို စည်းစနစ်နဲ့ရှိတဲ့ ဆေးရုံတစ်ခုလို့ အသိအမှတ်ပြုမိပါတယ်။
ဆေးရုံဝင်းအ၀တွင် ဓါတ်ပုံရိုက်ရန် စုဝေးနေကြစဉ်
အပြန် လိုင်းကားစီးရန် စောင့်ဆိုင်းနေကြစဉ်
ကန်တော်ကြီးထဲတွင် အပန်းဖြေအနားယူနေကြစဉ်
ဒီနောက်တော့ ကျွန်တော်တို့အဖွဲ့လဲ ရုံးခန်းရှိတဲ့ ဆေးရုံမျက်နှာစာဘက်ကို ပြန်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေ အမှတ်တရအနေနဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ အားလုံး လိုင်းကား စောင့်စီးဖို့ အတွက် ဆေးရုံဝင်း အပြင်ဘက်ကို ထွက်လာကြပါတယ်။ လိုင်းကားက အတော်နဲ့ မလာသေးတာနဲ့ အပြင်မှာ ခဏ စောင့်နေကြရသေးတယ်။ အဲ.. မိနစ် ၂၀ လောက်နေမှ ကားကရောက်လာပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ ရောက်တော့ အဲဒီ့မှာပဲ အားလုံး ဆင်းလိုက်ကြပါတယ်။ နေ့လည်စာက မစားကြရသေးဘူးလေ ပြန်ရောက်တဲ့ အချိန်ကလဲ ၂ နာရီခွဲလောက် ရှိနေပြီဆိုတော့ အားလုံးကလဲ ဗိုက်ဆာနေကြပြီ။ ဒါနဲ့ပဲ ယုဇနပလာဇာဘေးနားက စားသောက်ဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြတယ် ကျွန်တော်ကတော့ ထမင်းပေါင်းတစ်ပွဲ မှာစားလိုက်တယ်။ စားပြီး သောက်ပြီးတော့ အဲဒီ့ကနေပဲ ကန်တော်ကြီးထဲကို လမ်းလျှောက် သွားကြသေးတယ်လေ။ ကန်တော်ကြီး ရောက်တော့ မျှော်စင်ကျွန်းနားမှာ ခဏထိုင်ပြီး အနားယူကြပါတယ်။ အဲဒီ့မှာ သီချင်းလာဆိုတဲ့သူတွေရှိလို့ ထိုင်ပြီး နားထောင်နေလိုက်သေးတယ်။ နာမည်ကြီး အဆိုတော်တွေ မဟုတ်ကြပေမယ့် အတော်နားထောင်လို့ ကောင်းပါတယ်။ ညနေစောင်း ၄ နာရီလောက်တော့ အားလုံးပဲ ကန်တော်ကြီးထဲကနေ လမ်းခွဲခဲ့ကြပါတယ်။ ဒီခရီးစဉ်လေးဟာ အပျော်ခရီးစဉ် မဟုတ်ပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အလှူဒါနလုပ်ဖို့ သွားခဲ့ကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီလို အလှူဒါနမျိုးကို သူငယ်ချင်းတွေနဲ့ အတူ လုပ်ခွင့်ရချင်ပါသေးတယ်။ အားလုံးကိုလဲ အမှန်တကယ် အလှူရှင် လိုအပ်တဲ့ နေရာမျိုးမှာ ကုသိုလ်ဒါန ပြုကြဖို့ကို ဘလော့ခ် စာမျက်နှာပေါ်ကနေပြီး တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ အမှတ်တရ Movie လေးပါ

Saturday, July 04, 2009

ဝါဆိုသင်္ကန်းကပ်လှူပွဲ (မလေးရှား)

သံဃာတော် အရှင်မြတ်တို့အား မြတ်မာဗုဒ္ဓဘာသာ လူမျိုးတို့၏ ထုံးထမ်းစဉ်လာနှင့်အညီ ဒါဆိုသင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Taman Seri Sentosa ရှိ Kin Yap Plastic ကုမ္ပဏီတွင် ၅-၇-၂၀၀၉ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ နံနက် ၁၀ နာရီတွင် ဆရာတော် သဒ္ဓမ္မောဒယမှ တရားတော်ဟောကြားမည်ဖြစ်ပြီး နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဆရာတော်ထံသို့ ၀ါဆိုသင်္ကန်း ကပ်လှူမည်ဖြစ်၍ နံနက်၁၁နာရီတွင် ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံမည်ဖြစ်ပါသည်။ သို့ပါ၍အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ Kin Yap Plastic ညီအကိုမောင်နှမများနှင့်အတူ တရားတော်နာယူပြီး လှူဒါန်းအပ်သောဒါနကုသိုလ် အစုစုတို့ကို လှူဒါန်းဆက်ကပ် အမျှဝေလိုသောကြောင့် အထက်ပါအစီအစဉ်တိုင်း ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ၀ါဆိုသင်္ကန်းကပ်လှူးခြင်း၏ အနက်အဓိပါယ်ကို ဤနေရာတွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် လှူဖွယ်ဝတ္ထု အစုစု တို့ကိုအာက်ဖော်ပြပါ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်လှူဒါန်း ပူဇော်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

ကိုမိုးဝင်း
(Kin Yap Plastic)
Ph : +6012 3009810

ကိုမင်းသူဌေး
(Kin Yap Plastic)
Ph : +6017 2730075

ဝါဆိုသင်္ကန်းလှူရကျိုး

ဝါဆိုဒါန၊ မြတ်လှပေတာ
ကင်္ကန်းလှူရ၊ ထူးလှစေတနာ
ရုပ်ဆင်းလှပ၊ ရွှေမြရောင်ဝါ
မြင်သူဝိုင်း၊ ရှုတိုင်းငေးရရှာ

Wednesday, May 27, 2009

တတိယအကြိမ်မြောက် Planet User များ၏ ကထိန်နှင့် ပရဟိတအလှူ

တတိယအကြိမ်မြောက် Planet Online User များ၏ တတိယအကြိမ်မြောက် ကထိန်ကို ခရစ်နှစ် 2009 ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ (စနေနေ့) တွင် ကျင်းပသွား မည်ဟုသိရသည်။ ပလန်းနက်မောင်နှမတွေနဲ့ အတူ အခြားသော အွန်လိုင်းယူဇာများ၊ စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူရင်း အွန်လိုင်းမောင်နှများ၏ပီတိကို မျှဝေခံစားနိုင်စေရန် ရည်ရွယ်ပြီး အဆိုပါ ကထိန်ပွဲကို ကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယခု လှူဒါန်းမည့် ကော့ထင်း ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်း တည်နေရာမှာ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ် (ဖုန်း- ၀၅၇ ၅၀၃၁၉) ဖြစ်ပြီး ရန်ကုန်မှ ကျိုက်ထိုမြို့အ၀င် မိုင်တိုင်အမှတ် ၁၀၀၊ ကျိုက်ထိုမြို့ မီးရထား သံလမ်းအကျော်မှ မြေသားလမ်းလေးအတိုင်း (၃)မိုင်ခန့် ၀င်ရောက်လျှင် တွေ့ရမည် ဖြစ်သည်။ ကော့ထင်း ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းဆရာတော်မှာ သတ္တမဇောတိကဓဇ ဘဒ္ဒန္တ ဒေသိန္န​(ဦးစီးပဓာန နာယကဆရာတော်) ဖြစ်ပြီး အဆိုပါ ကော့ထင်း ကျောင်းတော် တွင် ဆရာတော် (၁)ပါး (ဦးစီးပဓာန နာယကဆရာတော်)၊ ဦးပဇင်း (၈)ပါး၊ ကိုရင် (၂၇)ပါး၊ ပရဟိတကျောင်းသား ။ သူ(၄၂၇)ဦး၊ ဆရာ (၁၁)ဦး၊ ဆရာမ (၈)ဦး၊ စုစုပေါင်း (၄၈၂) ရှိပါသည်။

ကထိန်အလှူငွေများကို ဘဏ်မှသော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ပေးပို့ဆက်သွယ် လှူဒါန်းနိုင်ရန် အတွက် အောက်ပါ သက်ဆိုင်ရာ ယူဇာများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များ၊ Gtalk လိပ်စာများမှာ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

စင်္ကာပူ
ကိုဝင်းဇော်နိုင် (winzawnaing@gmail.com)
065-91830191

ကိုဇော်ဇော်မင်း (zawzawmin@gmail.com)
065-90283494

မငြိမ်း (khinchothet@gmail.com)
065-91825593

ရန်ကုန်
ကိုဟိန်းစည်သူ (lusein.friend@googlemail.com)
၁၂/သခန(နိုင်)၀၉၆၂၅၅
ဖုန်း - 09 9971247
ရိုးမဘဏ် (ဘုရင့်နောင် ဘဏ်ခွဲ)

ကိုတင်ထွန်းအောင် (id001czy@gmail.com)
၁၄/ကပန(နိုင်)၁၃၅၀၃၂
ဖုန်း - 01-900123၊ ၅၀၁၆၇၇၁၊ ၅၀၁၆၇၈ (ရုံးချိန်အတွင်း)
(M.O.B Bank) လှိုင်မြို့နယ်၊
(KBZ Bank) ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။

မအေးအိအိအောင် (lhiyorko@gmail.com)
၁၂/ဒလန(နိုင်)၀၃၇၂၆၉
ဖုန်း - 652232၊ 652324 (ရုံးချိန်အတွင်း)
(M.O.B Bank) လှိုင်မြို့နယ်။

မဖြိုးသီရိလှိုင် (phyothlaing@gmail.com)
၁၂/ဥကမ(နိုင်)၁၇၁၅၅၇
ဖုန်း - 541390၊ 542972 (ရုံးချိန်အတွင်း)
ရန်ကင်းရိုးမဘဏ်ခွဲ၊ ရွှေဂုံတိုင် KBZ Bank

မလှသက်မွန် (thetmon.planet@gmail.com)
၁၂/အလန(နိုင်)၀၃၉၈၆၆
ဖုန်း - 295886၊ 200399 (ရုံးချိန်အတွင်း)
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မလဲ့လဲ့ဝင်း (chartakema@gmail.com)
၁၂/မရက(နိုင်)၀၃၁၈၂၂၊ ၂၉၇၆၈၈ (ရုံးချိန်အတွင်း)
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မန္တလေး
မန္တလေး ရိုးမဘဏ် (ရတနာပုံဘဏ်ခွဲ)
ကိုသစ်လွင်ထွန်း (starfalls.nazy@gmail.com)
၉/ပဥလ(နိုင်)၀၁၁၆၄၃
ဖုန်း - 02-80322, 80211

မသန်းသန်းနု (wgwhitegirl@gmail.com)
၁၃/လရန(နိုင်)၁၀၅၇၆၅
ဖုန်း - 09 2018506
Nice Cyber Cafe`
73 Street, Between 27 & 28 Street

ကိုစိုးဝင်းဟန် (julydream2007@gmail.com)
၉/အမဇ(နိုင်) ၀၀၇၃၀၂
ဖုန်း - 09 2029884

Planet User များမှာ ယခင်နှစ်များတွင်လည်း ၀ါဆိုသင်္ဃန်း၊ မိဘမဲကျောင်း၊ ရွာသာကြီး စိတ်ရောဂါ အထူးကု ဆေးရုံ စသည်တို့ကို ကမ္ဘာအရပ်ရပ်ရှိ အွန်လိုင်းမှ အလှုရှင်များနှင့်အတူ လှူဒါန်းနေသော အသင်းအဖွဲ့ မဟုတ်သည့် စေတနာရှင်များ ဖြစ်သည်။


Sunday, May 03, 2009

ထောက်ကြံ့မိဘမဲ့ကလေး ကျောင်းသို့ အလှုခရီး


-->ကျွန်တော်တို့ ပလန်းနက် တီးရှော့နဲ့ မြန်မာချက်က သူငယ်ချင်းများရဲ့ စုပေါင်းအလှုကို မှတ်တမ်းတင်ချင်တဲ့ ဆဒ္ဒလေးတစ်ခုရယ်၊ အရင်က အွန်လိုင်းသူငယ်ချင်းများကို ပြန်ပြီး အမှတ်ရတာရယ် ကြောင့် ဒီပို့စ်လေးကို တင်လိုက်တာပါ။ ကျွန်တော်တို့ အွန်လိုင်းသူငယ်ချင်းများရဲ့ စုပေါင်းအလှုပွဲလေးများကို မကြာခဏ လုပ်ဖြစ်ခဲ့ကြပါတယ်။ Oversea က သူငယ်ချင်းများကလဲ အလှုငွေကို စုပေါင်း ထည့်ဝင်ခဲ့ကြပါတယ်။ အဲဒီတုန်းက လစဉ်လတိုင်း ပထမပါတ် တနင်္ဂနွေနေ့တိုင်း ဘားလမ်းက ဦးညို လို့ သိကြတဲ့ Mr. Brown Coffee Shop အပေါ်ထပ်မှာ အမြဲဆုံတွေ့ကြတာကို အခုချိန်အထိ ရင်ခုန်မိနေဆဲပါ။
ပလန်းနက်နဲ့ မြန်မာချက်က သူငယ်ချင်းအသစ်တွေကိုလဲ အမြဲဖိတ်ခေါ် ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော်လဲ တီးရှော့မှာ အချိန်ကြာကြာချက်ခဲ့ပေမဲ့ Mr. Brown Coffee Shop ကိုတော့ 2006 March မှ စပြီး သူငယ်ချင်းတွေနဲ့ သွားတွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်အရင်ဆုံး မြင်ဖူးခဲ့တာက ကိုမင်းလွင်၊ ကိုဟန်၊ ကိုမဟာ၊ ကိုအောင်၊ ABC၊ မမိုး၊ ရုပ်ဆိုးမ၊ မပျားရည်ချို၊ သဲသဲ၊ Eleven၊ ညီမလေးဖြူ၊ ယန်ယန်၊ ကိုစမ်းချောင်း တို့နဲ့စတွေ့တာပဲ။ နောက်ပိုင်းကျတော့ ချက်ထဲက သူငယ်ချင်း အကုန်လိုလို Mr. Brown Coffee Shop မှာ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီလိုခင်မင်စရာကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြင်မှာ Online Donation တွေလုပ်တိုင်း ပါဝင်ခဲ့ရတာ အရမ်းလဲ ပျော်ဖို့ကောင်းပါတယ်။ အဲဒီတုန်းက အခုပလန်းနက်လိုမျိုး မန်ဘာစနစ်တွေ ဘာတွှေမရှိဘူး။ ချက်ထဲမှာခင်တဲ့ သူငယ်ချင်းကို Mr. Brown Coffee Shop ကိုလာဖို့ ဖိတ်ခေါ်လိုက်တာပဲ။ Online Donation လုပ်တော့ တစ်ချို့က ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့လဲ အလှုငွေ ထည့်ဝင်ကြပြီး ကုသိုလ်ပြုခဲ့ကြပါတယ်။
အခုတော့ ပလန်းနက် တီးရှော့ နဲ့ မြန်မာချက်မရှိတော့ အရင်လိုမျိုး ဦးညိုမှာ မဆုံဖြစ်ကြတော့ပါဘူး။ တစ်ချို့လဲ အလုပ်ကိစ္စတွေကြောင့်၊ တစ်ချို့လဲ Oversea ကို ရောက်ကုန်ကြတာကြောင့်ရယ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ Oversea ကို ရောက်နေတာကြောင့် အရင်လိုမပါဝင်နိုင်တော့ပါဘူး။ သို့ပေမဲ့ အချို့သော သူငယ်ချင်းများကတော့ ဆက်လက်ပြီး ဆောင်ရွက် နေပါသေးတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အရင်လိုမျိုး စုစုစည်းစည်းနဲ့ သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ချင်ပါသေးတယ်။ ယခုအချိန်မှာတော့ အွန်လိုင်းကနေပြီး အသင်းအဖွဲ့ရယ်လို့မဟုတ်ပဲ စုပေါင်းပြီး အကျိုးပြုနေကြတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။ အွန်လိုင်းမှာ ချင်တင်ထိုင်ရုံမဟုတ်ကြပါဘူး အများအတွက် အကျိုးပြုနေကြတာ ဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။
ဒီပုံတွေက မိဘမဲ့ကလေး ပြုစုရေှးဌာနမှာ 2006 ခုနှစ် မတ်လ (19) ရက်နေ့မှာ လှုဒါန်းတုန်းက ပုံတွေပါ။ အရင် 2005 လောက်တုန်းက ဓါတ်ပုံတွေကတော့ ကိုဟန့်ဆီမှာ တောင်းရဦးမယ်။
--> -->ထောက်ကြန့်ကိုသွားဖို့ ၈မိုင်မှာ ကားစောင့်နေကြတုန်း ရိုက်ထားတာပါ။
-->ထောက်ကြန့်ရောက်တော့ ကားလမ်းတစ်ဖက်ကို ပြန်ကူးရသေးတယ်လေ။ ကိုဟန်က အထုပ်တွေ မနိုင်မနင်းနဲ့..
-->အ၀င်ဝနားတော့ ရောက်ပြီ ဒါပေမဲ့ ၀င်လို့မဖြစ်သေးဘူး နောက်ကားနဲ့ပါလာမဲ့ အဖွဲ့ကို စောင့်ရဦးမယ်လေ။

-->လူစုံတုန်း အမှတ်တရ ဓါတ်ပုံရိုက်ကြတာပေါ့။ ဘယ်ဘက်အစွန်က ကျွန်တော်၊ ဘေးက ကိုဟန်၊ ကိုဗျာလေး က ကိုဟန့်ကို ဘာတွေ ပြောနေလဲ မသိဘူး၊ မယ်လိုဒီဘွိုင်း၊ ကိုထက်နဲ့ ပူတူး (မသိတဲ့သူဆို အတွဲထင်ကြမယ် ဓါတ်ပုံဆရာ လက်စွမ်းလေ)၊ နောက်ပြီး မကေ၊ အတာ၊ Angel နဲ့ ကလေးလေး တို့ပေါ့။
တက်ညီလက်ညီနဲ့ ချီတက်ကြပြီလေ။ ကိုထက်က ကိုဟန်နဲ့ အထုပ်ချင်း လဲကိုင်လိုက်တယ်။

-->မိဘမဲ့ကလေးလေးတွေနဲ့ အမှတ်တရဓါတ်ပုံပါ။
-->ဒါကတော့ လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာပါ။
-->အပြန်မှာတော့ အားလုံးပေါ့ပေါ့ပါးပါး ရယ်လို့မောလို့ပေါ့။ အားလုံးရဲ့ စိတ်ထဲမှာ မိမိပြုလိုက်တဲ့ ကုသိုလ်လေး တစ်ခုကို ပြန်အမှတ်ရ နေကြမှာပါ။