Photo: Corbis
အလောင်းမင်းတရားကြီး၏ ဗုဒ္ဓရုပ်ပွားတော် ရန်ကုန်သို့ ပင့်ဆောင်ရောက်ရှိလာ (၂၅.၄.၁၉၄၈)
ဂဠုန်ဦးစောကို အင်္ဂလိပ်က အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့မှာ ထိန်းသိမ်းခဲ့တာ ၁၉၄၁ခုနှစ် အောက်တိုဘာလ ထဲမှာပါ။ ပြီးတော့ သူ့ကို အာဖရိကတိုက်က ယူဂန္ဓာမှာ အကျဉ်းချထားခဲ့တယ်။ သူပြန်လွတ်လာတော့ ၁၉၄၆ ဇန်နဝါရီလမှာပါ။ အဲဒီနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာပဲ မြေနီကုန်း စိန့်ဖလိုးကျောင်းရဲ့ ရှေ့မှာ သေနတ်နဲ့ပစ် လုပ်ကြံတာ ခံရပါတယ်။ ဦးစောဟာ ဒါကို ဗိုလ်ချုပ်အောင်ဆန်း လုပ်တာလို့ အထင်မှားခဲ့ရာက အညှိုးအတေးတွေနဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်လာတယ်လို့ ဆိုကြတယ်။ (ဦးစောကို လုပ်ကြံခဲ့တာ ရွှေဝါပြည်ကြီး ဝတ္ထုရေးတဲ့ ရန်ကုန်ဘဆွေ တို့ လူစုလို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် တကယ်လို့ ဦးစောကိုသာ ရန်ကုန်ဘဆွေတို့က မလုပ်ကြံခဲ့ဘူးဆိုရင် ဗိုလ်ချုပ်တို့ကို လုပ်ကြံမယ့် ကိစ္စကြီးဟာလည်း ဖြစ်လာမှာ မဟုတ်ပါဘူးလို့ မတ်လ တတိယပတ်လောက်က ထုတ်ခဲ့တဲ့ လျှက်တပြက်ဂျာနယ်မှာ သူ့ဆွေမျိုး တစ်ယောက်က ပြောထားတာကို ဖတ်လိုက်ရပါတယ်)။
အဓိက ပြောချင်တာလေးက ဦးစောအကြောင်းလဲ မဟုတ်ပါဘူး။ တခါတုန်းက မန္တလေးက သူငယ်ချင်း တစ်ယောက်က စာရေးပြီး မေးဖူးတဲ့ စာဘယ်လို ဖတ်သလဲဆိုတာလေး ပြန်သတိရမိလိုက်လို့ရယ် ရွှေတိဂုံဘုရား အခါခါ တက်နေရဲ့သားနဲ့ ကိုယ်သတိမထားမိတဲ့ အဖြစ်အပျက်လေး တစ်ခုကို မှတ်တမ်းတင်ချင်တာရယ်ကြောင့် ဖြစ်ပါတယ်။
ဦးစောနဲ့ ပတ်သတ်ပြီး ပထမဆုံး ပြည့်ပြည့်စုံစုံ စဖတ်ဖူးတာက ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ပါ။ ၁၉၉၉ လောက်မှာ ဖတ်ဖူးပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ နောက်တစ်အုပ်ကိုတော့ စင်္ကာပူမှာ ဖတ်ခဲ့ရတယ်။ Who Kill Aung San ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကလည်း တော်တော်လေး စဉ်းစားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ နောက် ဒီနှစ်ထဲကျတော့ ဆရာသန်းဝင်းလှိုင်ရဲ့ စာအုပ် ထွက်လာတယ်။ သူ့စာအုပ်က ဒေါက်တာမောင်မောင် စာအုပ်နဲ့ တူပေမယ့် နောက်ပိုင်းမှာတော့ ပါဆင်နယ် ကိစ္စလေးတွေ ပါလာတယ်။ ဒါကြောင့်လည်း ဦးစောရဲ့ မျိုးဆက်တွေနဲ့ ပြဿနာတက်ပြီး ဂယက်ရိုက်ခဲ့တယ်။ ဒါနဲ့ လွန်ခဲ့တဲ့လကမှ ဆရာတင်နိုင်တိုးရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ဆရာ့စာအုပ်က သတင်းစာတွေထဲက ထူးထူးခြားခြား အကြောင်းအရာတွေကို စုစည်းထားတာပါ။ အဲဒီစာအုပ် ဖတ်နေရင်းက ဧပြီလနဲ့ ပတ်သက်တဲ့ အပိုင်းမှာ အထက်က အကြောင်းအရာလေးကို သွားတွေ့ပါတယ်။ သွားတွေ့တွေ့ချင်းပဲ ကျွန်တော့် ခေါင်းထဲမှာ အဲဒီစာအုပ်ကို ချက်ချင်း သွားသတိရလိုက်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိက စာမှတ်တဲ့ စနစ်က ကွန်ပျူတာက Tag စနစ်နဲ့ တူပါတယ်။ အဓိက ကီးဝါဒ်တွေကိုပဲ မှတ်ထားတာပါ။ ဆရာသန်းဝင်းလှိုင် စာအုပ်ဖတ်တုန်းက ခေါင်းထဲ မှတ်ထားမိလိုက်တာက "ဦးစော အလောင်းမင်းတရား ဆင်းတုတော် မတရားယူ ဒုက္ခရောက် ရွှေတိဂုံ ဘုရားကိုလှူ" ဒါလေးပါပဲ။ ဆရာတင်နိုင်တိုး စာအုပ်ကို ဖတ်တော့ ဦးစော၊ အလောင်းမင်းတရား၊ ဆင်းတုတော် ရွှေတိဂုံဘုရားကိုလှူ ဆိုတဲ့ စာလေး ရလာတယ်။ အဲဒီမှာ ပထမမှတ်ထားတာနဲ့ ဒုတိယ မှတ်ထားတာက တိုက်ဆိုင်နေတာတွေ အများကြီး ရှိလာတာမို့ ဒီနှစ်ခု ဆက်စပ်နေတယ် ဆိုတာကို သတိရသွားတာပါ။ ပြီးတော့ ဆရာတင်နိုင်တိုးထဲမှာပါတဲ့ အဲဒီ ဆင်းတုတော်ကို လှူဒါန်းတဲ့နေ့ဟာ ဦးစော အဖမ်းခံရပြီးကာလမှာ ဆိုတာကို ရက်အတိအကျ မမှတ်မိပေမယ့် အရင်ဖတ်ခဲ့ဖူးတဲ့ စာတွေကြောင့် သိနေပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာ နှစ်ခုဟာ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီး ပြန်လည် တိုက်ဆိုင် ဖတ်ရှုမိပါတော့တယ်။
အထက်က စာတွေကို ဖတ်ပြီး သုံးသပ်လိုက်တဲ့အခါ ဒီဆင်းတုတော်ကို ဦးစော ရယူခဲ့တာဟာ သူ နန်းရင်းဝန် ဖြစ်ပြီးတဲ့ ၁၉၄၀ စက်တင်ဘာ နောက်ပိုင်းနဲ့ ယူဂန္ဓာမှာ အဖမ်းခံရတဲ့ ၁၉၄၁ အောက်တိုဘာ ကြားထဲက ကာလမှာ ဖြစ်တယ်လို့ အဖြေထွက်လာပါတယ်။ သူဒီဆင်းတုတော်ကို နန်းရင်းဝန်ဘဝနဲ့ ရွှေဘိုကိုသွားစဉ်က ယူခဲ့တယ်လို့ ဆရာသန်းဝင်းလှိုင် စာအုပ်မှာ ဆိုခဲ့တာကိုး။ နောက်ထပ် ဆက်စပ် စဉ်းစားကြည့်တဲ့အခါ ဦးစောဟာ ရွှေဘိုသွားတာ ရိုးရိုး စည်းရုံးရေး ဆင်းတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးစောဟာ ဂဠုန်စစ်သူကြီး ဆိုတဲ့ နာမည်ကို ခံတယ်။ ပြီးရင် လယ်ထွန်မင်္ဂလာပွဲတွေ ဘာတွေ ဆင်နွှဲတတ်သေးတယ်။ ပြီးတော့ ရွှေဘိုဆိုတာက အောင်မြေလို့ တော်တော်များများက ယူဆကြတယ်။ ဟိုးတုန်းကဆို ဘုရင်တွေကို ပုန်ကန်ကြသူတွေဟာ ရွှေဘိုမှာ ပထမဆုံး အောင်မြေနင်းကြတာပဲ။ ဒါကြောင့် ဦးစော ရွှေဘိုသွားတဲ့ကိစ္စဟာ အောင်မြေသွားနင်းတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မိတယ်။ ဒီနေရာမှာ တစ်ခု ထပ်စဉ်းစားရပြန်ပါတယ်။ ဦးစောကပြောတော့ သူ ရွှေဘိုက ပင့်လာတာလို့ ပြောတယ်။ ဒါပေမယ့် သတင်းတွေထဲကျတော့ အမရပူရ သာသနာပိုင်ဆီက ခွင့်ပြုချက်နဲ့ ယူလာတာလို့ ဆိုပြန်တယ်။ ဒီနှစ်ခုမှာ ဘယ်ဟာ အမှန်လဲ ဆိုတာကိုတော့ ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဦးစောက ဒီဘုရားကို ရွှေတိဂုံဘုရားကို လှူခိုင်းတဲ့အခါ အရှုပ်အရှင်းတွေ ထပ်မဖြစ်ရလေအောင် ဇာတ်အိမ်နဲနဲ ရွှေ့လိုက်တယ်လို့ ထင်မိတာပါပဲ။ နောက်တစ်ရက် ရွှေတိဂုံဘုရား တက်ဖြစ်ရင်တော့ စနေထောင့်မှာ အဲဒီ သင်္ကန်းနက် ရပ်တော်မူဘုရား ရှိမရှိ ဆိုတာကို ကျွန်တော် သွားရောက် ရှာဖွေကြည့်ပါဦးမယ်။ ရှိရင်လည်းရှိ မရှိရင်လည်း ဘယ်များ ရောက်သွားပြီလဲဆိုတာ စိတ်ဝင်စားစရာပေါ့။
(*မှတ်ချက်) ကိုညီလင်းဆက် ဘလော့(ဂ်)မှ
၁၉၄၈ ဧပြီလ ၂၅ရက်နေ့တွင် ဉာဏ်တော် ၆ပေနီးပါးရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အမရပူရမှ ရန်ကုန်သို့ ပင့်ဆောင် ရောက်ရှိလာကြောင်း သတင်းတစ်ပုဒ်ကို ဧပြီလ ၂၈ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထား၏။ အလောင်းမင်းတရားကြီး ကိုးကွယ်ခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ သင်္ကန်းနက်သားဖြင့် ထုလုပ်ထားပြီး ရွှေချထားကြောင်း၊ ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ ဆင်းတုတော်ပုံသဏ္ဌာန်ရှိကြောင်း သတင်းများက ဆိုသည်။ ယင်းဗုဒ္ဓ ရုပ်ပွားတော်ကြီးမှာ နန်းတွင်းမှ မင်းစဉ်မင်းဆက် ကိုးကွယ်ခဲ့ကြပြီးနောက် အမရပူရမြို့ သာသနာပိုင် ဆရာတော်ထံ ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် နန်းရင်းဝန် ဦးစောက ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်သို့ ပင့်ဆောင်လာက ရွှေတိဂုံ စေတီတော် ပြတိုက်သို့ လှူဒါန်းခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ခေတ်ဟောင်းသတင်းစာများက ပြောသော ၁၂လရာသီ အဖြစ်အပျက်များ၊ တင်နိုင်တိုး၊ သူရိယစာပေ၊ ၂၀၀၉ မတ်လ။ စာ ၉၆
ဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီး ဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ ဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်တပ်ရပ် ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် ဒီဘုရားကို မရအရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်။ ဒါပေမယ့် ကိုးကွယ်လိုလို့၊ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင် မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပါပဲ။ နောက်မှ သိရတာက ဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန် ခိုက်တယ်ဆိုတာ သိရတော့ နောက်ကျသွားပြီ။ ဒီတော့ ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသမား ဖြစ်လိုက်၊ သေနတ်ချောင်းပစ်ခံလိုက်နဲ့ နောက်ဆုံး ခုအခြေအနေထိ ဖြစ်ခဲ့တာပဲ။ နောက် ကျုပ် ဒီအထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်" ဟု ဝမ်းနည်းစွာ ပြောခဲ့သည်။ ၎င်းဘုရားအား ဦးစောကို သရဏဂုံ တင်စဉ်မှ ရေစက်ချသွားခဲ့သည်။
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ၊ သန်းဝင်းလှိုင်၊ အင်ကြင်းစာပေ၊ ၂၀၀၉ ဖေဖော်ဝါရီ။ စာ-၂၂၀
ဂဠုန်ဦးစောကို အင်္ဂလိပ်က အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့မှာ ထိန်းသိမ်းခဲ့တာ ၁၉၄၁ခုနှစ် အောက်တိုဘာလ ထဲမှာပါ။ ပြီးတော့ သူ့ကို အာဖရိကတိုက်က ယူဂန္ဓာမှာ အကျဉ်းချထားခဲ့တယ်။ သူပြန်လွတ်လာတော့ ၁၉၄၆ ဇန်နဝါရီလမှာပါ။ အဲဒီနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာပဲ မြေနီကုန်း စိန့်ဖလိုးကျောင်းရဲ့ ရှေ့မှာ သေနတ်နဲ့ပစ် လုပ်ကြံတာ ခံရပါတယ်။ ဦးစောဟာ ဒါကို ဗိုလ်ချုပ်အောင်ဆန်း လုပ်တာလို့ အထင်မှားခဲ့ရာက အညှိုးအတေးတွေနဲ့ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်လာတယ်လို့ ဆိုကြတယ်။ (ဦးစောကို လုပ်ကြံခဲ့တာ ရွှေဝါပြည်ကြီး ဝတ္ထုရေးတဲ့ ရန်ကုန်ဘဆွေ တို့ လူစုလို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် တကယ်လို့ ဦးစောကိုသာ ရန်ကုန်ဘဆွေတို့က မလုပ်ကြံခဲ့ဘူးဆိုရင် ဗိုလ်ချုပ်တို့ကို လုပ်ကြံမယ့် ကိစ္စကြီးဟာလည်း ဖြစ်လာမှာ မဟုတ်ပါဘူးလို့ မတ်လ တတိယပတ်လောက်က ထုတ်ခဲ့တဲ့ လျှက်တပြက်ဂျာနယ်မှာ သူ့ဆွေမျိုး တစ်ယောက်က ပြောထားတာကို ဖတ်လိုက်ရပါတယ်)။
အဓိက ပြောချင်တာလေးက ဦးစောအကြောင်းလဲ မဟုတ်ပါဘူး။ တခါတုန်းက မန္တလေးက သူငယ်ချင်း တစ်ယောက်က စာရေးပြီး မေးဖူးတဲ့ စာဘယ်လို ဖတ်သလဲဆိုတာလေး ပြန်သတိရမိလိုက်လို့ရယ် ရွှေတိဂုံဘုရား အခါခါ တက်နေရဲ့သားနဲ့ ကိုယ်သတိမထားမိတဲ့ အဖြစ်အပျက်လေး တစ်ခုကို မှတ်တမ်းတင်ချင်တာရယ်ကြောင့် ဖြစ်ပါတယ်။
ဦးစောနဲ့ ပတ်သတ်ပြီး ပထမဆုံး ပြည့်ပြည့်စုံစုံ စဖတ်ဖူးတာက ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ပါ။ ၁၉၉၉ လောက်မှာ ဖတ်ဖူးပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ နောက်တစ်အုပ်ကိုတော့ စင်္ကာပူမှာ ဖတ်ခဲ့ရတယ်။ Who Kill Aung San ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကလည်း တော်တော်လေး စဉ်းစားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ နောက် ဒီနှစ်ထဲကျတော့ ဆရာသန်းဝင်းလှိုင်ရဲ့ စာအုပ် ထွက်လာတယ်။ သူ့စာအုပ်က ဒေါက်တာမောင်မောင် စာအုပ်နဲ့ တူပေမယ့် နောက်ပိုင်းမှာတော့ ပါဆင်နယ် ကိစ္စလေးတွေ ပါလာတယ်။ ဒါကြောင့်လည်း ဦးစောရဲ့ မျိုးဆက်တွေနဲ့ ပြဿနာတက်ပြီး ဂယက်ရိုက်ခဲ့တယ်။ ဒါနဲ့ လွန်ခဲ့တဲ့လကမှ ဆရာတင်နိုင်တိုးရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ဆရာ့စာအုပ်က သတင်းစာတွေထဲက ထူးထူးခြားခြား အကြောင်းအရာတွေကို စုစည်းထားတာပါ။ အဲဒီစာအုပ် ဖတ်နေရင်းက ဧပြီလနဲ့ ပတ်သက်တဲ့ အပိုင်းမှာ အထက်က အကြောင်းအရာလေးကို သွားတွေ့ပါတယ်။ သွားတွေ့တွေ့ချင်းပဲ ကျွန်တော့် ခေါင်းထဲမှာ အဲဒီစာအုပ်ကို ချက်ချင်း သွားသတိရလိုက်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိက စာမှတ်တဲ့ စနစ်က ကွန်ပျူတာက Tag စနစ်နဲ့ တူပါတယ်။ အဓိက ကီးဝါဒ်တွေကိုပဲ မှတ်ထားတာပါ။ ဆရာသန်းဝင်းလှိုင် စာအုပ်ဖတ်တုန်းက ခေါင်းထဲ မှတ်ထားမိလိုက်တာက "ဦးစော အလောင်းမင်းတရား ဆင်းတုတော် မတရားယူ ဒုက္ခရောက် ရွှေတိဂုံ ဘုရားကိုလှူ" ဒါလေးပါပဲ။ ဆရာတင်နိုင်တိုး စာအုပ်ကို ဖတ်တော့ ဦးစော၊ အလောင်းမင်းတရား၊ ဆင်းတုတော် ရွှေတိဂုံဘုရားကိုလှူ ဆိုတဲ့ စာလေး ရလာတယ်။ အဲဒီမှာ ပထမမှတ်ထားတာနဲ့ ဒုတိယ မှတ်ထားတာက တိုက်ဆိုင်နေတာတွေ အများကြီး ရှိလာတာမို့ ဒီနှစ်ခု ဆက်စပ်နေတယ် ဆိုတာကို သတိရသွားတာပါ။ ပြီးတော့ ဆရာတင်နိုင်တိုးထဲမှာပါတဲ့ အဲဒီ ဆင်းတုတော်ကို လှူဒါန်းတဲ့နေ့ဟာ ဦးစော အဖမ်းခံရပြီးကာလမှာ ဆိုတာကို ရက်အတိအကျ မမှတ်မိပေမယ့် အရင်ဖတ်ခဲ့ဖူးတဲ့ စာတွေကြောင့် သိနေပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာ နှစ်ခုဟာ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီး ပြန်လည် တိုက်ဆိုင် ဖတ်ရှုမိပါတော့တယ်။
အထက်က စာတွေကို ဖတ်ပြီး သုံးသပ်လိုက်တဲ့အခါ ဒီဆင်းတုတော်ကို ဦးစော ရယူခဲ့တာဟာ သူ နန်းရင်းဝန် ဖြစ်ပြီးတဲ့ ၁၉၄၀ စက်တင်ဘာ နောက်ပိုင်းနဲ့ ယူဂန္ဓာမှာ အဖမ်းခံရတဲ့ ၁၉၄၁ အောက်တိုဘာ ကြားထဲက ကာလမှာ ဖြစ်တယ်လို့ အဖြေထွက်လာပါတယ်။ သူဒီဆင်းတုတော်ကို နန်းရင်းဝန်ဘဝနဲ့ ရွှေဘိုကိုသွားစဉ်က ယူခဲ့တယ်လို့ ဆရာသန်းဝင်းလှိုင် စာအုပ်မှာ ဆိုခဲ့တာကိုး။ နောက်ထပ် ဆက်စပ် စဉ်းစားကြည့်တဲ့အခါ ဦးစောဟာ ရွှေဘိုသွားတာ ရိုးရိုး စည်းရုံးရေး ဆင်းတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးစောဟာ ဂဠုန်စစ်သူကြီး ဆိုတဲ့ နာမည်ကို ခံတယ်။ ပြီးရင် လယ်ထွန်မင်္ဂလာပွဲတွေ ဘာတွေ ဆင်နွှဲတတ်သေးတယ်။ ပြီးတော့ ရွှေဘိုဆိုတာက အောင်မြေလို့ တော်တော်များများက ယူဆကြတယ်။ ဟိုးတုန်းကဆို ဘုရင်တွေကို ပုန်ကန်ကြသူတွေဟာ ရွှေဘိုမှာ ပထမဆုံး အောင်မြေနင်းကြတာပဲ။ ဒါကြောင့် ဦးစော ရွှေဘိုသွားတဲ့ကိစ္စဟာ အောင်မြေသွားနင်းတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မိတယ်။ ဒီနေရာမှာ တစ်ခု ထပ်စဉ်းစားရပြန်ပါတယ်။ ဦးစောကပြောတော့ သူ ရွှေဘိုက ပင့်လာတာလို့ ပြောတယ်။ ဒါပေမယ့် သတင်းတွေထဲကျတော့ အမရပူရ သာသနာပိုင်ဆီက ခွင့်ပြုချက်နဲ့ ယူလာတာလို့ ဆိုပြန်တယ်။ ဒီနှစ်ခုမှာ ဘယ်ဟာ အမှန်လဲ ဆိုတာကိုတော့ ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဦးစောက ဒီဘုရားကို ရွှေတိဂုံဘုရားကို လှူခိုင်းတဲ့အခါ အရှုပ်အရှင်းတွေ ထပ်မဖြစ်ရလေအောင် ဇာတ်အိမ်နဲနဲ ရွှေ့လိုက်တယ်လို့ ထင်မိတာပါပဲ။ နောက်တစ်ရက် ရွှေတိဂုံဘုရား တက်ဖြစ်ရင်တော့ စနေထောင့်မှာ အဲဒီ သင်္ကန်းနက် ရပ်တော်မူဘုရား ရှိမရှိ ဆိုတာကို ကျွန်တော် သွားရောက် ရှာဖွေကြည့်ပါဦးမယ်။ ရှိရင်လည်းရှိ မရှိရင်လည်း ဘယ်များ ရောက်သွားပြီလဲဆိုတာ စိတ်ဝင်စားစရာပေါ့။
(*မှတ်ချက်) ကိုညီလင်းဆက် ဘလော့(ဂ်)မှ
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.