စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို
အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု
လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား
ဝန်ကြီးဌာနမှ သိရသည်။
တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော
ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း
သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃
နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ
တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို
သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။