လေယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် လေယာဉ်အသစ်များ ဝယ်ယူပြေးဆွဲရန် လေကြောင်းလိုင်းများသို့ သမ္မတက ညွှန်ကြားလိုက်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က မေလ ၂၇ ရက်နေ့က ပြုလုပ်သော လေယာဉ်မတော်တဆမှုများ လျှော့ချရေးအတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်အသစ်များကို ဝယ်ယူသင့်ကြောင်း၊ မဝယ်နိုင်ပါက ငှားရမ်းပြေးဆွဲသင့်ကြောင်းနှင့် လေယာဉ်မှူးများ ကလည်း လေကြောင်းလုံခြုံရေးကို တာဝန်ယူသင့်ကြောင်း သမ္မတ၏ ညွှန်ကြားချက်ကို ကိုးကား၍ ဝန်ကြီးက ပြောကြားသည်။ “လေယာဉ်သစ်တိုင်းလည်း စိတ်မချရပါဘူး။ ဆိုလိုတာကတော့ လူပေါ်မှာလည်း မူတည်ပါတယ်။ လေယာဉ်မှူးရဲ့ မှားယွင်းမှုတွေကြောင့်ပဲ လေယာဉ်မတော်တဆ ဖြစ်တာများတယ်” ဟု ASIA WINGS လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ လုပ်ဆောင်ပါက မတော်တဆမှု ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့်သာ မတော်တဆမှု ဖြစ်ပွားနိုင်ကြောင်း AIR KBZ လေကြောင်းလိုင်း မန်နေဂျာအဆင့်ရှိသူ တစ်ဦးက ဆိုသည်။ “လေယာဉ်မှူးတွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်ကိုက် လုပ်ဆောင်တတ်ဖို့ လိုတယ်” ဟု ဝန်ကြီးဦးဥာဏ်ထွန်းအောင်က လေယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေယာဉ်များကို သက်တမ်း ၂၅ နှစ်အထိသာ ခွင့်ပြုကြောင်း၊ နာရီပေါင်း ၁၅၀၀ ပျံသန်းနိုင်မည့် လေယာဉ်မှူးကြီးများကိုသာ လေယာဉ်မောင်းနှင် ပျံသန်းခွင့်ပြုကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Wednesday, May 29, 2013
Saturday, May 25, 2013
ပြည်ပနိုင်ငံများမှ သံဃာတော်များ ပြည်ဝင်ခွင့် သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီ
ပြည်ပနိုင်ငံများမှ
ရဟန်းသံဃာ၊ သီလရှင်များ အနေဖြင့် ပြည်ဝင်ခွင့်ရရှိရန် သာသနာရေးဝန်ကြီးဌာန
ထောက်ခံချက် မလိုအပ်တော့ဘဲ သွားရောက်လိုသည့် သက်ဆိုင်ရာ
နိုင်ငံခြားသံရုံးများနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ရေး
ညှိနှိုင်းပါက ပိုမိုမြန်ဆန်စွာ ရရှိနိုင်ကြောင်း သိရသည်။ ယခင်က
ပြည်ဝင်ခွင့်ရရှိနိုင်ရန် ထောက်ခံချက်အတွက် ဗီဇာလျှောက်ထားရာတွင်
သံဃာတော်များ၏ သာသနာမှတ်တမ်း မူရင်းနှင့် မိတ္တူ၊ နိုင်ငံကူးလက်မှတ်
မူရင်းနှင့်မိတ္တူ၊ ကျောင်းတိုက်ပဓာနနာယက ဆရာတော်၏ ထောက်ခံချက်၊ သက်ဆိုင်ရာ
နိုင်ငံမှ ပင့်ဖိတ်စာဖြင့် ဆောင်ရွက်ပေးခဲ့သည်။ သာသနာရေးဝန်ကြီးဌာနသည်
ယခုနှစ်အတွင်း ရဟန်းသံဃာတော်များနှင့် သီလရှင်များ၊ ဘာသာရေး အဖွဲ့များအတွက် ဖြေလျှော့မှုများစွာ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံကူးလက်မှတ်
အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုး ပြုလုပ်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ
နိုင်ငံခြားသား ရဟန်း၊ သီလရှင်၊ ယောဂီများ Meditation Visa ဖြင့်
ပြည်ဝင်ခွင့်ရရှိရေး၊ ပြည်နေခွင့် သက်တမ်းတိုးခြင်းနှင့် အကြိမ်ကြိမ်
ပြည်ပြန်ဝင်ခွင့် ဗီဇာလျှောက်ထားခြင်း၊ ပြည်ပရောက် ရဟန်းသီလရှင်များ
ပြည်ဝင်ခွင့်ရရှိရန်များအတွက် သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံချက်များ
လျော့ချပေးခဲ့ပြီး ဆက်လက်၍ ဘာသာရေး အသင်းအဖွဲ့များနှင့် ရဟန်း၊
သံဃာတော်များ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင်လည်း ကုန်ပို့လွှာ
(Invoice) တင်ပြစရာ မလိုသည့် အချက်များ ဖြေလျော့ပေးခဲ့သည်ဟု ၂၀၁၃ ခုနှစ်
မေလ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Source : Khit Lu Nge
ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း တစ်လမ်းမောင်း ဘတ်(စ်)ကားစနစ် Bus Rapid Transit ကျင့်သုံးမည်
ရန်ကုန်မြို့တွင်
ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အစီအစဉ်တစ်ခုအနေဖြင့်
Bus Rapid Transit (BRT) တစ်လမ်းမောင်း ဘတ်စ်ကားစနစ်ကို မကြာမီ
အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
မေ ၂၁ ရက်က ပြောကြားသည်။ BRT စနစ်မှာ သတ်မှတ်ဘတ်စ်ကားလိုင်း တစ်ခုသာ
ယင်းလမ်းကြောင်းတွင် မောင်းနှင်ခွင့်ရှိပြီး ၁၅ မိနစ် သို့မဟုတ် ၁၀
မိနစ်လျှင် တစ်ကြိမ်ချင်း ထွက်ခွာပြေးဆွဲပေးသော စနစ်ဖြစ်ပြီး
နိုင်ငံတကာတွင် အောင်မြင်စွာ လုပ်ဆောင်နေခဲ့သည့် စနစ်ဖြစ်ကြောင်း သိရသည်။
“ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ ဖြစ်နိုင်ခြေရှိနိုင်တဲ့အပေါ် မူတည်ပြီး
BRT စနစ်ကို ဦးစားပေး လုပ်ငန်းတစ်ရပ် အနေနဲ့ ပထမဆုံး
အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ ဒီစနစ်က သူ့ရှေ့မှာ အခြားဘယ်ကားမှ
မရှိသလို သူ့နောက်မှာလည်း သူ့လိုကားပဲ အချိန်ခွာပြီး ကပ်လိုက်လာမယ်။
ခရီးသည်ရှိရင် သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ရပ်ရုံပဲ။ နိုင်ငံခြားမှာဆို
အဝါရောင်၊ အစိမ်းရောင်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ်။ ဒီစနစ်
အသုံးပြုတဲ့အတွက် ခရီးသည်တွေ ရှောရှောရှုရှုနဲ့ ကိုယ်လိုရာ
သွားရောက်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် အများပြည်သူ
သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ဌေးက ပြောသည်။
ယင်းလုပ်ငန်း နှစ်ခုကို အကောင်အထည်ဖော်ပြီးပါက Intelligent Transport
System ဟုခေါ်သော လမ်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်ကို ဆက်လက်
လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ ITS စနစ်မှာ ရန်ကုန်မြို့တွင် လမ်းမများ၏
အခြေအနေအား ထိန်းချုပ်ရေးစင်တာမှ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေတာ
ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ရာနေရာများ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာများအား စောင့်ကြည့်၍ ယာဉ်များ အခြားမည်သည့်လမ်းမှ
ရှောင်ရှားမောင်းနှင်ပါဟူ၍ သတင်းပေးပို့ လမ်းညွှန်သည့် စနစ်တစ်ခုဖြစ်ကြောင်း
၂၀၁၃ ခုနှစ် မေလ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်
ဖော်ပြထားပါသည်
Source : Khit Lu Nge
Source : Khit Lu Nge
Monday, May 13, 2013
မြန်မာ လေကြောင်းလိုင်း ခရီးစဉ် တိုးချဲ့ ပြေးဆွဲမည်
မြန်မာ လေကြောင်းလိုင်း
MAI ၏ Air Bus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်း ပေးမည်
ဖြစ်ကြောင်း သိရသည်။
Source : Myawady
အဆိုပါ ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ-ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင်
ပျံသန်းပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း၊ ခရီးစဉ်အနေဖြင့် ရန်ကုန်မှ နံနက် ၆
နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ပြီး မန္တလေးသို့ နံနက် ၇ နာရီ ၄ဝ မိနစ်တွင်
ရောက်ရှိမည် ဖြစ်ကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ မွန်းလွဲ ၂ နာရီတွင် ပြန်လည်
ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း
ယင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ အသစ်ပြေးဆွဲမည့်
လေယာဉ်သည် ခရီးသည် ၁၂ဝ တင်ဆောင်နိုင်သည့် Air Bus A319 အမျိုးအစား လေယာဉ် ဖြစ်ကြောင်း
သိရသည်။Source : Myawady
Saturday, May 11, 2013
အင်းလေးကန်ထိခိုက်စေသော ဟိုတယ်များ အရေးယူရန်ဝန်ကြီးပြော
အင်းလေးကန်
ရေရှည်တည်တံ့ရေးကို ထိခိုက်စေသော ဟိုတယ် တည်ဆောက် သူများရှိလျှင် ပြင်းထန်စွာ
အရေးယူပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးဌေးအောင်က ပြည်နယ်အစိုးရကို ပြောကြားလိုက်သည်။ အင်းလေးကန်တွင် မေ ၈ ရက်
၌ပြုလုပ်ခဲ့သော ကန်ရေရှည် တည်တံ့ ရေး ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အင်းလေးကန်ဒေသ၌ အသစ် အကောင်အထည် ဖော်နေသော ဟိုတယ်ဇုန်ကို
ကန့်ကွက်သည့် ဆနပြပွဲနှင့် အသစ်ထပ်မံ ခွင့်ပြု လိုက်သော ဟိုတယ် ၁၄ လုံး အနက်
ဟိုတယ် တစ်လုံးက အင်းလေးကန် စပ်တွင် မြေဖို့ခြင်း ကိစ္စရပ်များ ဖြစ်ပွားပြီးနောက်
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် အရပ်ဘက်
အဖွဲ့အစည်းများ လေးပွင့်ဆိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။
“စည်းကမ်းနဲ့ မညီညွတ်တဲ့ ဟိုတယ်တွေကို ညှာတာမှာမဟုတ်ဘူး။ ပြည်နယ်အစိုးရကလည်း
ဥပဒေ အတိုင်း အရေးယူပေးပါ။ စည်းကမ်းနဲ့ မညီညွတ်ရင် ဟိုတယ်ခရီးကလည်း
ထောက်ခံပေးမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသွားတဲ့အတွက် သဘောကျတယ်။ လုပ်
မလုပ်တော့ ကျွန်တော်တို့ စောင့်ကြည့်ရ မယ်”ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ
အင်းစာပေယဉ်ကျေးမှုမှ ဦးသာဒိုးကပြောသည်။ အင်းလေးကန်စပ်တွင် ပြီးခဲ့သည့် ဧပြီလဆန်းမှစ၍
တဖြည်းဖြည်းမြေဖို့ခြင်းပြုလုပ်ခဲ့သော ဟိုတယ်ကို ဧပြီလတတိယပတ်၌
အမိန့်ကြေညာချက်ထုတ်ပြန်ကာ ယာယီတားမြစ်ခဲ့သည်။ သို့သော် ဖို့မြေများကို
ပြန်လယ်ဆယ်ယူခြင်းနှင့် အရေးယူခြင်းများကိုမူ မည်သည့် အစိုးရအဖွဲ့နှင့်
တာဝန်ရှိသူများကမှ တိကျရေရာစွာ ပြောကြားခဲ့ခြင်း မရှိကြောင်း ဦးသာဒိုးက ပြောသည်။
“ပတ်ဝန်းကျင်နဲ့ သစ်တော ပြည်ထောင်စုဝန်ကြီးကတော့ ဖို့ထားတဲ့မြေတွေ
ပြန်ဆယ်ပေးမယ်လို့ ပြောတယ်။ ဘယ်ရက်သယ်ခိုင်းမယ်ဆို တာတော့မပြောဘူး”ဟု ဦးသာဒိုးက
ပြောသည်။ အင်းလေးကန် မြေဖို့ခြင်းမှာ အသစ်တည်ဆောက်နေသော ဟိုတယ်ဇုန်တွင်
ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ဆောက်လက်စနှင့် ဆောက်လုပ်ဆဲ ဟိုတယ်များ ၇၀ ရာခိုင်နှုန်း
ပြီးစီးနေပြီဟုဆိုကာ ဆက်လက်ဆောက်လုပ်ခွင့် ပြုခဲ့သည်။ ဟိုတယ် ၁၄ လုံးအနက် တစ်လုံး၌
ပြဿနာပေါ်ခြင်းဖြစ်သည်။
ဟိုတယ်
၁၄ လုံ အနက် နှစ်လုံးမှာ အမှန်တကယ် ဆောက်လုပ်ဆဲဖြစ်သော်လည်း ကျန်ဟိုတယ်များမှာ
ဆောက်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးခြင်းမရှိသည့် ဟိုတယ်များဖြစ်ကြောင်း
ဒေသခံများက ပြောသည်။ အင်းလေးကန်တွင် ရေခန်းခြောက်ခြင်း၊ ဟိုတယ်ကမ်းစပ်မြေဖို့
ခြင်းနှင့် ဟိုတယ်ဇုန်လျော်ကြေးများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်
ကြီးနှစ်ဦးအပါအ၀င် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ရှမ်းပြည် နယ် အစိုးရ
အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့၏
သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့ည ၇ နာရီမှ စတင်ကာ တောင်ကြီးမြို့၌
တံခါးပိတ်အစည်းအဝေး ပြုလုပ်ကြမည်ဟု သတင်းရရှိသည်။
Source :7Day News
Subscribe to:
Posts (Atom)