 |
Photo: LMM |
Off-road မစီးဖြစ်တာကြာနေလို့ တစ်ခါမှမစီးဖြစ်သေးတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး Adventure ဆန်ဆန် 45 kilo Solo စီးဖြစ်ခဲ့တယ်။ မနက်စောစောထပြီး အလင်းရောင်စပေါ်ခါစမှာ စက်ဘီးနဲ့ စထွက်ခဲ့ပြီး ဂျိုင်ကောက်ရွာမှာ မနက်စာဝင်စားပြီးမှ ခရီးဆက်ခဲ့ပါတယ်။ ရန်ကုန်-သံတွဲလမ်းမပေါ်ကနေ ဆားချက်ရွာကိုသွားတဲ့ ရွာလမ်းအတိုင်း Off-road လမ်းကို စစီးခဲ့ပါတယ်။
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
ဆင်ကူးရွာအရောက်မှာ ယခင်စီးနေကျလမ်းအတိုင်း ဆက်မစီးတော့ပဲ သဘာဝအတိုင်း ရိုးမပေါ်ကနေ စီးဆင်းလာတဲ့ ချောင်းနံဘေးက ကျောက်ခင်းလမ်းအချို့ရယ် အတက်အဆင်းကြမ်းကြမ်းတွေရယ် ဖြတ်ကျော်ပြီး ရိုးမပေါ်က သာယာတဲ့ တောတောင်ရှုခင်းတွေကို ကြည့်ရှုရင်းနဲ့ ရခိုင်းရိုးမချောင်းဖျားမှာရှိတဲ့ ကျောက်ချပ်ဆိုတဲ့ ရွာငယ်လေးကိုရောက်ခဲ့တယ်။ မိမိမူလရည်မှန်းချက်က Google Maps ထဲကလမ်းကြောင်းအတိုင်း ဂျိုလိမ်ရွာအထိ သွားပြီးမှ ရွှေဦးကွင်းရွာကိုသွားတဲ့လမ်းအတိုင်းပြန်စီးပြီးမှ ရန်ကုန်-သံတွဲလမ်းပေါ် ပြန်တက်ပြီးစီးဖို့ ရည်မှန်းထားပြီး လမ်းကြောင်းပြန်ကြည့်ဖို့ ဖုန်းဖွင့်ကြည့်တော့ ဖုန်းလိုင်းလုံးဝမမိလို့ ရွာထဲကအိမ်တစ်အိမ်ကို လမ်းကြောင်းမေးကြည့်တော့ ရှေ့ဆက်သွားဖို့စက်ဘီးစီးလမ်းမရှိတော့လို့ ဆက်သွားဖို့မဖြစ်နိုင်ကြောင်းနဲ့ လာလမ်းအတိုင်းပြန်စီးပြီး ယခင်လို ဆင်ကူးရွာကနေ ကူးတို့ကူးပြီး ပြန်လို့ရတဲ့လမ်းရယ်၊ နောက်တစ်လမ်းက ရွာဘက်ကနေ ချောင်းကိုဖြတ်ကူးပြီး တောင်ကျော်လိုက်ရင် မိမိသွားလိုတဲ့ မူလလမ်းကြောင်းပေါ်ကိုပြန်ရောက်မယ့်လမ်း ရှိကြောင်းသိရတဲ့အတွက် လာလမ်းအတိုင်းတော့ ပြန်မနင်းချင်တာကြောင့် ချောင်းကူးပြီး တောင်ကျော်သွားရတဲ့လမ်းကနေပဲ ဆက်သွားဖို့ဆုံးဖြတ်ချက် ချလိုက်တော့တယ်။
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
ချောင်းကူးရမယ်ဆိုတော့ လှေနဲ့ကူးရမှာလားမေးကြည့်တော့ နွေရာသီရေနည်းချိန်မို့ ရေသိပ်မနက်လို့ ဒီအတိုင်းဖြတ်ကူးလို့ရတယ်လို့ ပြောပါတယ်။ ရွာလမ်းကနေ ချောင်းကို ဆင်းတဲ့လမ်းတည့်တည့်မှာ ရေတိမ်တဲ့နေရာတွေ့ပေမယ့် ချောင်းရိုးဘေးမှာက မက်စောက်တဲ့တောင်ကမ်းပါးရံကြီး တစ်ခုခံနေတော့ ဖြတ်ကူးလို့ရမယ့်နောက်ထပ်နေရာကို ဆက်ရှာပြန်တော့တယ်။ သာယာလှတဲ့ ချောင်းကမ်းနံဘေးအတိုင်း ဆက်လျှောက်လာရင်း တစ်ဘက်ကမ်းက တောင်ကမ်းပါးရံဘေးမှာ လမ်းရှိတဲ့နေရာကို လှမ်းတွေ့လိုက်ပါတယ် လမ်းရှေ့နားကချောင်းရေက ကမ်းစပ်နားမှာ ကျောက်တုံးကျောက်ခဲတွေနဲ့ ကြည်လင်နေပြီး အလယ်လောက်မှာတော့ နက်မယ့်ပုံပေါ်ပါတယ်။ ချောင်းကမ်းနံဘေး ကနေရေတိမ်မယ့်နေရာကို လျှောက်ကြည့်နေရင်း တစ်ဘက်ကမ်းကနေ လင်မယားနှစ်ယောက်ရယ် ခွေးလေးတစ်ကောင်ရယ် ချောင်းကိုဖြတ်ကူးလာတာတွေ့တော့လှမ်းကြည့်နေရင်း သူတို့ဖြတ်ကူးလာတဲ့နေရာကို ကြည့်နေမိပါတယ်။ သူတို့ဒီဘက်ကမ်းကိုရောက်တော့ လမ်းရှိမရှိထပ်မေးကြည့်တော့ တစ်ဘက်ကမ်းကနေ မိမိသွားလို့တဲ့လမ်းကြောင်းကို စက်ဘီးနဲ့သွားလို့ရကြောင်း ပြောပြပါတယ်။ ဒီလိုနဲ့ စက်ဘီးကိုထမ်းပြီး သူတို့ဖြတ်ကူးလာတဲ့နေရာကနေ ချောင်းကိုစဖြတ်ပါတော့တယ်။ ချောင်းရေက လူကြီးပေါင်လယ်ခန့်လောက်သာရှိပြီး အောက်ခြေမှာကျောက်ခဲလေးတွေနဲ့ ကြည်လင်နေတာကြောင့် အခက်အခဲမရှိပဲ တစ်ဘက်ကမ်းကိုဖြတ်ကူးနိုင်ခဲ့ပါတယ်။
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
ချောင်းတစ်ဘက်ကမ်းရောက်တော့ တောင်ပေါ်လမ်းအတိုင်းဖြတ်ဖောက်ထားတဲ့ မြေသားလမ်းကလေးကနေ တောင်အတက်အဆင်းတွေအတိုင်းစီးနင်းခဲ့ရပြီး တောင်တစ်ဘက်ခြမ်းမှာရှိတဲ့ ရွှေဦးကွင်းရွာကိုသွားတဲ့ လမ်းပေါ်ကို ပြန်ရောက်ခဲ့ပါတယ်။ ရွှေဦးကွင်းရွာက အသိအိမ်ကိုဝင်ပြီး ဖုန်းလဲအားသွင်းရင်း ခဏအနားယူပြီးမှ ရွာလမ်းကနေ ရန်ကုန်-သံတွဲလမ်းမပေါ်ကိုပြန်တက်ခါ အိမ်ကိုပြန်လာခဲ့ပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတော့တယ်။
ရခိုင်ပြည်နယ်သာ ပြန်လည်အေးချမ်းတည်ငြိမ်ပြီး ယခင်လိုလမ်းပမ်းဆက်သွယ်ရေးတွေ ပြန်ကောင်းလာခဲ့ရင်ဖြင့် ကမ်းခြေနှင့် တောတောင်ရေမြေသဘာဝအလှတွေကို ခံစားကြည့်ရှုလိုသူများအတွက် Adventure trip လေးတွေကို သွားရောက်နိုင်လို့ ရခိုင်ပြည်နယ် ဂွမြို့နယ်လေးဟာ သာယာတဲ့နေရာလေးတစ်ခုဖြစ်ကြောင်း ဖေါ်ပြလိုက်ပါတယ်။
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
 |
Photo: LMM |
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.