Thursday, October 26, 2017

တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်း

မြန်မာပြည်ရဲ့ ပထမဆုံး ကယောဒေသ ခရီးသွားနယ်မြေသစ်ဆိုပြီး YAW 45 Environment Tour Family က စီစဉ်ပေးနေတဲ့ တောရိုင်းတောင်ရိုင်းကြားထဲက နိဗ္ဗာန်ဘုံ သို့မဟုတ် ကယော (ဟိုယာ) ဒေသခရီးကြမ်းဆိုတာကို ညွှန်ပေးချင်ပါတယ်။ ဒီခရီးစဉ်မှာ သွားရမယ့်နေရာကို ကယောဒေသလို့ ခေါ်ကြတဲ့အပြင် ဟိုယာဒေသလို့လည်း ခေါ်ကြပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေဟာ ပြင်ပကလူတွေနဲ့ အဆက်အစပ်မရှိကြသလို သူတို့ ရိုးရာဓလေ့အတိုင်း နေထိုင်ကြတာပါ။ တောင်ယာ လုပ်တယ်။ အမဲလိုက်တယ်။ အဝတ်အစားကိုလည်း ရိုးရာ အတိုင်း ဝတ်ကြပါတယ်။ ခရီးစဉ်အတွင်း ကယောဒေသမှာရှိတဲ့ ဆင်ဖြူတောင်၊ ပရူးနူးဂူကို ရောက်ရှိမယ့်အပြင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကိုလည်း လည်ပတ်ရမှာပါ။ တောတောင်တွေကို ဖြတ်သန်းသွားရမှာဖြစ်သလို ခါးလောက်ရှိတဲ့ ရေတောထဲလည်း ဖြတ်သွားရမှာကြောင့် ခရီးစဉ်က ကြမ်းပါတယ်။ ညအိပ်တဲ့အခါ လေအရမ်းတိုက်နေတဲ့ တောင်ပေါ်မှာ အိပ်စက်ရမှာ။ အစားအသောက်ကအစ ဖက်ရွက်ပေါ်မှာ ပုံစားရမှာဖြစ်ပါ တယ်။ ကယော (ကယား) လူမျိုးတွေရဲ့ ရိုးရာခေါင်ရည်ကို အဝသောက်ရမယ့်အပြင် အသားနဲ့ အသီးအရွက်အစုံပါတဲ့ ပူစပ် ပူလောင် ရိုးရာစာတွေချည်းစားရမှာပါ။ ရိုးရာစာ မစားနိုင်သူများ အတွက် အခြားအစားအစာကို အဆင်ပြေအောင် စီစဉ်ပေးမှာပါ။

Tuesday, October 07, 2014

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

Tuesday, August 26, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု အဖွဲ့ခေါင်းဆောင်ပြော

ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ ရှိပြီလို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီဗွီဘီကို ပြောပါတယ်။

အခု တွေ့ရှိ တဲ့ခေါင်းလောင်းဟာ ရန်ကုန်မြစ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော် က ပျောက်ဆုံးနေ တဲ့ ကြေးပိဿာ ၁ သိန်း ၈ သောင်းကျော်ရှိတဲ့  ခေါင်းလောင်း လားဆိုတာ အမေးကိုတော့ ကုန်းပေါ်ရောက်မှ အဖြေပေါ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခေါင်းလောင်းကို ရှာဖွေနေတဲ့ မြစ် ၃ စင်းဆုံတဲ့အနီးမှာ တွေ့ရှိခဲ့တာဖြစ်သလို ကြိုးချည်ပြီး အပေါ် တင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့ကနေ စတင် ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို  လူအများ စိတ်ဝင်စားခဲ့ကြပြီး သတင်းစာနဲ့ ဂျာနယ်တွေက ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။

Source : DVB

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ ဟု ဦးစံလင်းဆို

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်း ကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ယနေ့နံနက်တွင်  တယ်လီဖုန်းဆက်၍ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်း၊ပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့အရောက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယနေ့( သြဂုတ် ၂၆ရက်)တွင် ခေါင်းလောင်းရှာဖွေနေမှုကို လာရောက်ကြည့်ရှု့သူပိုမိုများပြားလာသည်။ခေါင်းလောင်းရှာဖွေရေးအဖွဲ့နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသော သောင်တူးသင်္ဘောတို့ ပိုမိုနီးကပ်လာသည်ကိုတွေ့ရပြီး လာကြည့်သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု ထင်မြင်နေကြသည်။
ထို့အပြင် ယနေ့မှစ၍ သောင်တူးစက်အနားသို့ စက်လှေသမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများအား အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်။
Source : 7Daily News

Friday, August 22, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်းနှစ်လုံးရှာဖွေတွေ့ရှိထား

သူသူထက်လွင် | ရန်ကုန်၊ 

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။ 
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရသည်။


Source : Yangon Time's