ဆင်းရဲတွင်း ထွက်ပေါက်များ အနက် မျှော် လင့်ချက် တံခါး တစ်ချပ်ဖြစ်သော ခရီးသွား လုပ် ငန်းသည် ပြည်တွင်း နိုင်ငံရေး အခြေအနေ- ရွေး ကောက်ပွဲ ကာလနှင့် အခြေအနေ အမျိုးမျိုး ကြားမှ သည် ၂၀၁၀ ပြည့်နှစ် အတွင်း လာရောက် လည် ပတ်သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက် သည် ၂၀၀၉ ခုနှစ် ထက် ၃၀ ရာခိုင်နှုန်း တိုးတက် လာခဲ့ ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ် ငန်း ၀န်ကြီး ဌာနမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြား လိုက်သည်။
မီးခိုးမဲ့စက်မှုလုပ်ငန်း၏ ခရီးအစ
မိမိရောက်ရှိ ခဲ့သော နေရာ ဒေသ တစ်ခု၏ စိမ်းလန်း စိုပြည်မှု၊ သာယာ သောမြင်ကွင်း၊ စိတ် တွင် ခံစား ရသောရသ၊ သဘာဝ တရားတို့ကို အခြားသူ တစ်ဦးအား မည်သို့ ပုံဖော် ပြောပြ မည် နည်း။ မည်သို့မျှ မတူနိုင်ပါ။ ရုပ်ရှင် ရိုက်ပြ၍ မြင်ရ သော မြင်ကွင်း သည်ကား မပြည့်စုံ၊ စိတ်တွင် ခံစား ရသည့် ဖြစ်ပေါ် ခံစားမှုသည် လည်း ထပ်တူ မကျ။ ကိုယ်တိုင် ရောက်သွားမှ သာလျှင် ပြီးပြည့် စုံ နိုင်မည်ဖြစ်သည်။ လူ၏ ဗီဇက စူးစမ်း လေ့လာ လိုသည်။ တစ်အိမ်နှင့် တစ်အိမ် ကူးလူး ဆက်ဆံ သွားလာသည်။ ဤသည် ကား ခရီးသွား လုပ်ငန်း ၏ အစပင် ဖြစ်တော့သည်။ နယ်မြေသစ် ရှာဖွေသူ ကိုလံဘတ်စ်၊ ဗာစကို ဒဂါးမားတို့ မတိုင်မီ ဟိုးရှေး ယခင် ကပင် ခရီးသွား လုပ်ငန်း၊ ခရီး လှည့်လည် သွားလာခြင်း များ ရှိခဲ့ကြောင်း ပြောဆို ကြသည်။
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြန်မာ နိုင်ငံ တွင် ၁၉၅၆ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်တွင် ကုန်သွယ် ကော်ပိုရေးရှင်း အမှတ် ၂၀ အဖြစ် ဖွဲ့စည်း ကာ စတင် ဆောင်ရွက် ခဲ့သည်။ ထိုအချိန် Tourist Burma ဟု အမည်တွင် စေခဲ့သည် မှာ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ကဖြစ်သည်။
အမိန့် ကြော်ငြာစာ အမှတ် (၅၁/ ၉၂)ဖြင့် ၁၉၉၂ ခုနှစ် စက်တင် ဘာလ ၂၄ ရက်မှ စ၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနကို ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ခရီးသွား လုပ်ငန်း၏ Tourism Product သည် ကား ၀န်ဆောင်မှုများ သပ်သပ်ကို ထုပ်ပိုး ရောင်းချ ရင်း ကမ္ဘာ့ နိုင်ငံ အသီးသီး ၏ နိုင်ငံခြား ၀င်ငွေကို အဓိက နေရာမှ ရှာဖွေ ပေးသော လုပ် ငန်း လည်း ဖြစ်ရာ မီးခိုးမဲ့ စက်မှု ကုန်ထုတ် လုပ်ငန်း ဟု လည်း ညွှန်းဆို ကြပါသည်။
အသွင်ပြောင်း လာသော ခရီးသွား
တစ်ချိန်က ဖြစ်ထွန်း လာသော ခရီးသွား လုပ် ငန်းသည် စီးပွားရေး ကိစ္စ၊ အလုပ် ကိစ္စရပ် များ ပေါ် တွင် သွားလာခြင်း အပေါ် အခြေခံ သည်။ စိတ်အ ပန်း ဖြေရန် အတွက် ခရီး သွားလာခြင်း ကို ဒုတိယ ကမ္ဘာ စစ်ကြီး ပြီးနောက် တွင် စစ်ဘေး ဒဏ်၊ ပင်ပန်းမှု ဒဏ်များ အပေါ် အခြေခံပြီး ဖြစ်ပေါ် လာ သည်ဟု လည်း ဆိုကြ သည်။
ယင်းနောက်ပိုင်း တွင် Tourism လုပ်ငန်း သည် အလုပ် ကိစ္စ၊ စီးပွားရေး ကိစ္စ သပ်သပ်များ အပေါ်တွင် အခြေမခံ တော့။ စိတ်အပန်း ပြေမှု၊ ပျော်ရွှင်မှု အတွက်ကို အဓိက အခြေခံ ဖြစ်ထွန်း လာ တော့သည်။ ထိုအခါ ၀န်ဆောင်မှု လုပ်ငန်း မျာသည် နေရာ ထိုင်ခင်း၊ စားစရာ စီစဉ် ပေးရုံမျှ ဖြင့် မလုံလောက် တော့။ အိမ်နှင့် ဝေးကွာပြီး ခရီး ထွက် လာသူကို အိမ်လွမ်း ဝေဒနာ ပျောက်စေပြီး စိတ်ခံစားမှု အသစ်၊ ပျော်ရွှင် လွတ်လပ်မှု၊ အပန်း ပြေ စေမှု တို့ကို ရရှိ ခံစားစေနိုင် လောက်သော ထူးကဲ ကောင်းမွန်သည့် ၀န်ဆောင်မှု တို့ကို ပေးစွမ်း ဖို့ဖြစ်လာ ရတော့သည်။ အခြေခံ အားဖြင့် ကမ္ဘာ လှည့် ခရီးသွား လာရောက် စေချင် စိတ် ဖြစ်ပေါ် စေရန်၊ စိတ်ချမ်း သာစွာ အပန်းဖြေ နိုင်ရန် နေရာ ထိုင်ခင်း၊ အခန်း (accommodation)၊ အစားအသောက် (Food and Beverage)၊ သွားလာ လည်ပတ် ဇိမ်ခံစရာ (Sightseeing and Limousine)၊ ရေကူးကန် နှင့် ကျန်းမာရေး လေ့ ကျင့်ရန် (Gymnastic)၊ အသားအရေ ကို ထိန်း သိမ်းပြီး လှပနုပျိုစေသော (SPA) ၀န်ဆောင်မှု စသော အချက်အလက် တို့ကို တည်းခိုမည့် နေရာ၊ ဟိုတယ် တို့တွင် ပေးစွမ်းနိုင်ဖို့ လိုအပ် လာပါသည်။
Business Travel မှသည် For Leisure သို့ အသွင် ပြောင်းလာရာ တွင် Sex Tourism မှာလည်း ကြီးထွား လာသည်ကို သတိပြုရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် တစ်ချိန်က လယ် ယာ စိုက်ပျိုးရေး ကို အခြေခံသော အိမ်နီးချင်း ထိုင်းနိုင်ငံ သည် ယခုအခါ tourism လုပ်ငန်းက တိုင်းပြည်၏ နိုင်ငံခြား ၀င်ငွေ ကို အဓိက ထား ရှာဖွေ ပေးသော လုပ်ငန်း တစ်ခုဖြစ်လာသည်။ ထိုင်းနိုင်ငံ၏ tourism indsustry တွင် လိင်ကိစ္စ အပျော်အပါး လွတ်လပ်ခြင်း ကြောင့် ကမ္ဘာလှည့် ခရီးသည် အများအပြား လာရောက် ကြသည်ဟု ဆိုကြသည်။ Sex Tourism က အင်အားကြီး ထွားလာသည်။ ထိန်းချုပ်၍ မရနိုင်သော၊ ထိန်း ချုပ်ရန် ခက်ခဲသော ပြည့်တန်ဆာ ကိစ္စကို လွတ် လပ်စွာ လုပ်ကိုင်ခွင့် ပေးပြီး ယင်း အပေါ် အမှီပြု ၍ တိုင်းပြည်ဝင်ငွေ ရအောင်ရှာသည်။
သို့ရာတွင် တစ်ဖက်က ပြည့်တန်ဆာ တို့ အား ကျန်းမာရေး အသိတွင် မျက်စိပွင့်၊ နားပွင့် ဖြစ်စေရန် တရားဝင် ပွင့်ပွင့်လင်းလင်း ကျန်းမာ ရေး အသိပေး မှုပြုလုပ်သည်။ ပြည့်တန်ဆာ အရေ အတွက် အတိအကျ ကို စာရင်း ပြုစုထားသည်။ တရားဝင် လုပ်ပိုင်ခွင့် ပေးထားပြီး ကျန်းမာရေး စစ် ဆေးမှု မှန်မှန် ပြုလုပ်စေသည်။ တိုင်းပြည် တွင် ရှိသော ပြည့်တန်ဆာ အရေအတွက်နှင့် လုပ်ပိုင် ခွင့်ပြု ထားသောနေရာ-စာရင်းဇယား ရှိ၍အိတ်ခ်ျ အိုင်ဗွီ / အေအိုင်ဒီအက်စ် တားဆီးရေး လုပ်ငန်းကို များစွာ အထောက် အကူပြု စေသည်။
သတိပြု စရာ ကောင်းသကဲ့ သို့ နမူနာ ယူစရာ အချက်အလက် များစွာ လည်း ရှိနေ ပါသည်။ မည်သို့ပင် ဖြစ်စေ leisure အသွင်ဆောင်လာ သော Tourism လုပ်ငန်းတွင် ယင်းကဲ့သို့ Sex Tourism လုပ်ငန်းမှာ ကျွဲကူး ရေပါဆို သလို လိုက် ပါဖွံ့ဖြိုး လာနိုင်ရာ လမ်းဖွင့် ပေးမှု၊ ကန့်သတ်ချုပ် ချယ်မှု တို့ကို ဟန်ချက်ညီအောင် ထိန်းရင်း တိုင်း ပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ထောင့် တစ် နေရာမှ အကူ အညီ ပေးနိုင်မှုကို မေ့လျော့ မထား သင့်ပေ။ တစ်ဖက် ကလည်း ပွင့်လင်း မြင်သာ ခြင်း၊ ထင်သာ မြင်သာ ရှိစေခြင်းကသာ အိတ်ခ်ျ အိုင်ဗွီ / အေအိုင်ဒီအက်စ် ကာကွယ် တားဆီးရေး ကို ထိထိ ရောက်ရောက် ဟန့်တား နိုင်ပေ လိမ့်မည် ဖြစ်သည်။
ငွေဖြုန်းအားကောင်းသူနှင့် ၀င်ငွေရသောသူ
ဤကိစ္စမှာ အရေးကြီးပါသည်။ မိမိနိုင်ငံ အတွင်းဝင် ရောက်လာသော ကမ္ဘာလှည့် ခရီး သည် တစ်ဦးသည် သူ့ထံတွင် ပါလာသော နိုင်ငံ ခြား ငွေတွေကို ပြည်တွင်း ၌ မည်မျှ သုံးစွဲသွား သနည်း ဆိုသည်မှာ အရေးပါ လှသည်။ သို့မှသာ လျှင် နိုင်ငံခြား ၀င်ငွေ များများစားစား ကျန်ခဲ့ မည်ဖြစ်ပါသည်။ သုံးစွဲချင် လောက်သော အခြေ အနေ၊ သုံးစွဲ လောက်အောင် ဆွဲဆောင် နိုင်မှု များလည်း ရှိရပါမည်။ ယင်း အချက်မှာ အဆို ပါ ကမ္ဘာလှည့် ခရီးသည်အနေဖြင့် မိမိနိုင်ငံ တွင် မည်မျှ ရက်ကြာကြာ တည်းခို နေထိုင် သွားသနည်း ဆိုသည့် အချက် ပေါ်တွင်လည်း မူတည် သည်။ မြန်မာနိုင်ငံ တွင် နိုင်ငံခြားသား တစ်ဦး၏ပျမ်းမျှ နေထိုင် သော ရက်မှာ အများဆုံး ခုနစ်ရက်မှ ကိုးရက်ကြား ဖြစ်သည်။
အတိအကျ ဆိုရလျှင် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန ၏ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက် များအရ ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှ နေထိုင်သွား သောရက်မှာ (၇) ရက် ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် (၄.၅)ရက်၊ ၂၀၀၈ ခုနှစ် တွင် (၉) ရက်၊ ပြီးခဲ့သည့် နှစ်က (၈.၅)ရက်နှုန်းဖြင့် အများဆုံး နေထိုင် သွားခဲ့ကြ ပါသည်။ သူတို့ တစ်ဦးချင်း စီ၏ ပျမ်းမျှ တစ်ရက် သုံးစွဲငွေမှာ ၉၅ ဒေါ်လာ ၀န်းကျင် တွင် ဖြစ်ပါ သည်။ ထိုထက်မက ရက်ရှည် ကြာအောင် နေထိုင် နိုင်လေ နိုင်ငံခြားငွေ များများ စားစား ကျန်ခဲ့ လေ ပင်ဖြစ် သည်။
ကမ္ဘာလှည့် ခရီးသည် အများ အပြားလာ ရောက်ရန် ဆွဲဆောင် ရာတွင် ကမ္ဘာ ပေါ်တွင် ခရီး အသွား ဆုံးနိုင်ငံခြားသား များ မြန်မာ နိုင်ငံ သို့ ပို၍ ၀င်ရောက် လာအောင် ဆွဲဆောင် ဖို့လည်း လိုအပ် ပါသည်။ World Tourism Organization ၏ ထုတ်ပြန်ချက် အရ ကမ္ဘာလှည့် ခရီးသည် အများဆုံး ရှိသော နိုင်ငံများမှာ အောက်ပါ အတိုင်း အစဉ် လိုက်ရှိ နေဆဲပင်။ ၎င်းတို့မှာ အီတလီ၊ စပိန်၊ အမေရိက၊ တရုတ်၊ ဗြိတိန်၊ ဟောင်ကောင်၊ မက္ကစီကို၊ ဂျာမန်၊ သြစကြီးယား တို့ဖြစ်ကြပြီး တစ်ကမ္ဘာ လုံးတွင် ရာခိုင်နှုန်း အားဖြင့် ခရီးသွား အများဆုံး နိုင်ငံများ အဖြစ် ရပ်တည်နေကြသည်။
ခရီးသည်များ ငွေအဖြုန်း ချင်ဆုံးသော နိုင်ငံ(၀ါ) ခရီးသည်များ ငွေသုံး သဖြင့် ၀င်ငွေ အရ ဆုံးသော နိုင်ငံများမှာ အမေရိက၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ တူရကီ၊ သြစကြီးယားနှင့် သြစတြေးလျ နိုင်ငံတို့က အစဉ်လိုက် အတိုင်း ရပ်တည် နေကြသည်။ (အထက်၊ အောက် အပြောင်း အလဲရှိနိုင်ပါ သည်။)
တကယ့်ခရီးသွားဆိုတာ
ကမ္ဘာလှည့် ခရီးသွား ဟုဆိုရာတွင် အခြား နိုင်ငံသား တစ်ဦး မိမိနိုင်ငံ အတွင်းသို့ ၀င်ရောက် လာသည် နှင့် ကမ္ဘာလှည့် ခရီးသည် စာရင်း သွတ် သွင်းခြင်း မှာ မှားယွင်း သည်ဟု မဆို နိုင်သော် လည်း မမှန်ကန် ပါဟု ဆိုနိုင် ပါသည်။ အဘယ့် ကြောင့် ဆိုသော် ကမ္ဘာလှည့် ခရီးသည် ဟု သတ် မှတ် ရန် စံသတ် မှတ်ချက် တစ်ခုက အဓိက အားဖြင့် သူသည် လေကြောင်း လိုင်းမှ ၀င်ရောက် ရမည်ဟူ သော သတ်မှတ်ချက် တစ်ခုရှိသည်။ တစ်နည်း ဆိုရသော် နယ်စပ် ၀င်ပေါက်များမှ ၀င်လာသော ခရီးသည် (Border Tourism) နှင့် နယ်စပ်မှဝင် လာပြီး နေ့ချင်းပြန်သွားသော (Day Return Visitors) ခရီးသည်များကို ကမ္ဘာလှည့် ခရီးသည် စာရင်းတွင် မသွင်းပါ။
ဤအဆိုကို ကမ္ဘာ့ခရီးသွား အဖွဲ့အစည်း (World Tourism Organizaion) နှင့် အာရှ ဖွံ့ဖြိုးမှု ဘဏ် (Asia Development Bank) တို့က ဖွင့်ဆိုသည်။ Tourism လုပ်ငန်းဖွံ့ဖြိုး သော နိုင်ငံ အသီးသီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ အသီးသီး တို့တွင် လည်း အိမ်နီးချင်း နိုင်ငံသား တို့ သန်း ဂဏန်း နီးပါး ၀င်ထွက် သွားလာ မှု ကို ကမ္ဘာလှည့် ခရီးသည် စာရင်းတွင် ထည့် မတွက်ပါ။
တကယ့် ခရီးသွား ဟူသည်မှာ လေကြောင်း လိုင်းက လာ ရမည်။ ငွေဖြုန်း နိုင်ရမည်။ ရက်ရှည် တည်း ကြမှသာ ၀င်ငွေများများ ရမည် မဟုတ်ပါ လား။ နယ်စပ်ဝင်ပေါက် မှလာသော ခရီးသည် ကိုနုတ်လိုက် ပါက မြန်မာနိုင်ငံ သို့လာသော ကမ္ဘာလှည့် ခရီးသွား အစစ်အမှန်၏ စာရင်း များ စွာ လျော့နည်း လျက် ရှိသည်။
ဘာကြောင့်မြန်မာနိုင်ငံ ကိုလာရမလဲ
တစ်နိုင်ငံ ထဲတွင် မတူညီသော ရာသီဥတု သဘာဝ ပတ်ဝန်းကျင်ရှိလို့၊ အဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တွေရှိနေလို့၊ လေ့လာ စရာ တိုင်းရင်းသား ပေါင်းစုံ အစုံ အလင် ရှိနေလို့၊ လှပတဲ့ ကမ်းခြေ၊ ရေမြေ တောတောင် သဘာဝ တွေရှိနေလို့ဟု ယေဘုယျ ပြောစရာရှိ ပါသည်။
သို့သော် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက် ရန် အချက် အလက်များစွာ ရှိနေ ပါသေးသည်။ အိမ်နီးချင်း ဘာသာတူ နိုင်ငံများ ကို အကြောင်း ပြု၍ ဘာသာရေး အခြေခံ ခရီးသွား လုပ်ငန်းသည် များစွာ ဖွံ့ဖြိုး တိုးတက်ရန် ရှိနေပါသေးသည်။
ကမ္ဘာ့ ခရီးသွားလာ မှု နှုန်းထားတွင် တစ်ကမ္ဘာ လုံး၏ ခရီးသွားမှု အနက် အာရှတိုက် သို့ လာရောက် လည်ပတ်သူ သန်း ၁၅၀ ၀န်းကျင် ရှိသည်။ မြန်မာ နိုင်ငံ အပါအ၀င် အာဆီယံ ဒေသ သို့ လာ ရောက်ကြ သည်မှာ သန်း ၅၀ ၀န်းကျင် တွင်ဖြစ်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် အိန္ဒိယ တို့ တွင် ခရီးသွား လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆက်လက် တိုးတက်နေသည်။ (Ref: WTO) ထိုင်းနိုင်ငံ တွင်လည်း ဖွံ့ဖြိုး တိုးတက် လျက်ရှိ သည်။ မြန်မာ ပါဝင်သော ဘင်းစတက် နိုင်ငံများ အကြား တွင် ၂၀၁၄ ခုနှစ်၌ Tourism လုပ်ငန်း နှစ်ဆ မြင့်တက် အောင် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ မျှော်လင့်ချက် အသစ် တစ်ရပ်လည်း ဖြစ်သည်။
ခရီးသွား လုပ်ငန်းအတွက် တစ်နိုင်ငံတည်း က ကြိုးပမ်းရခြင်းမျိုး မဟုတ်တော့ဘဲ အာဆီယံ၊ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံများ၊ ဘင်းစတက်အဖွဲ့ ၀င်နိုင်ငံများစသဖြင့် နိုင်ငံစုံအဖွဲ့အစည်းများ ကြားတွင် မြန်မာနိုင်ငံလည်း ပါဝင်လုပ်ဆောင် လျက်ရှိရာများစွာဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ များ ရှိနေပါသည်။
အရှေ့တောင် အာရှ နိုင်ငံများ အတွင်း မြန်မာနိုင်ငံ သည် Tourism နှင့် ပတ်သက် လျှင် ပြီးပြည့်စုံ သော (Unique Country) နိုင်ငံတစ် နိုင်ငံဖြစ်လေရာ ခရီးသွား များ မလာချင် မှာကို မပူရ။ လာချင် အောင်၊ လာနိုင် လောက်သော အချက်များ ဖြစ်လာအောင် လျှော့ပေး သင့်သည် ဟု ထင်ရသော မူဝါဒနှင့် ဈေးနှုန်း တချို့ ငွေကြေး ကိစ္စရပ် များကို ဖြေရှင်း ပေးရန် အဓိကလိုအပ် ကြောင်း ခရီးသွား လုပ်ငန်းရှင်တို့က သုံးသပ် သည်။
ပြင်ဆင်မှု
ပြင်ဆင်မှု အပိုင်းတွင် မြန်မာ့ခရီးသွား လုပ် ငန်းတိုးတက် စေရန် အဓိက အားထုတ်မှုအဖြစ် Visit Myanmar Year 1996 ကို ရှုမြင်နိုင်ပါ သည်။ ၁၉၉၆ ခုနှစ်ကို မြန်မာ့ ခရီးသွား နှစ်ဟု သတ်မှတ်ကာ ပြင်ဆင်မှု အများအပြား ပြုလုပ် ခဲ့ သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန အောက်တွင် Myanmar Tourism Promotion Board အနေဖြင့် မြန်မာနိုင်ငံဈေး ကွက်မြှင့်တင်ရေး ကော်မတီ (MMC: Myanmar Marketing Committe) ကို ဖွဲ့စည်း သည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) ကို ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ဖွဲ့စည်းသည်။
ဟိုတယ် လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုး တက် စေရန်နှင့် ဟိုတယ် လုပ်ငန်းမှ နိုင်ငံခြား ၀င်ငွေ တိုးတက် ရရှိစေရန် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် စတင် ဖွဲ့စည်း ခဲ့ပြီး ဇုန် အလိုက် အသင်းအဖွဲ့ များကို ဆက်လက် ဖွဲ့ စည်းခဲ့သည်။
အဆိုပါ အသင်းများ အနေဖြင့် နှစ်စဉ်နှစ် တိုင်း ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ပြုလုပ် လေ့ ရှိသော ခရီးသွား လုပ်ငန်း ပြပွဲများ တွင် ပါဝင်ပြသခြင်း၊ Tourism Promotion လုပ်ငန်းများ ပြုလုပ်ခြင်းတို့ ကို ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ အသင်းကြီးများ ဟန်ချက် ညီညီ ဖြင့် ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာ့ ခရီးသွား လုပ် ငန်း ကိုကမ္ဘာက သိအောင်၊ ကမ္ဘာလှည့် ခရီးသည် များ လာချင် လာအောင် ဆွဲဆောင် နိုင်ပါသည်။
ဆင်းရဲတွင်း၏ ထွက်ပေါက် (သို့) ကောင်းကျိုးနှင့်ဆိုးကျိုး
ခရီးသွား လုပ်ငန်းမှ ရရှိသော ၀င်ငွေ တို့သည် မည်သည့် နေရာများသို့ စီးဆင်း သွားပါသနည်း။ ယေဘုယျ အားဖြင့်ပြောရလျှင် အစိုးရ၊ ၀န်ကြီး ဌာနက အကောက်အခွန် ကိုရရှိသည်။ အဓိက အားဖြင့် ခရီးသွား အဖွဲ့တစ်ဖွဲ့ လာရောက်ပြီဆို လျှင်ဖြင့် လေကြောင်း လိုင်းနှင့် ဟိုတယ် လုပ်ငန်း တို့က အများဆုံး ၀င်ငွေ ရသည်။ ပြီးလျှင် အစား အသောက် ၀န်ဆောင်မှု ပေးသူ၊ ရောင်းချ သူတို့ ၀င်ငွေရသည်။ ဧည့်လမ်းညွှန် စသဖြင့် အစဉ် အတိုင်း ၀င်ငွေအဆင့်ဆင့်ရကြသည်။
ပြီးလျှင် ခရီးသွား အများအပြား လာရောက် သည့် ဒေသရှိ ဒေသ ထွက်ကုန် အမှတ် တရ ပစ္စည်း ရောင်းချသူများ အပါအ၀င် အနှေးယာဉ် လုပ်သား များ အထိ ၀င်ငွေရကြသည်။ ပြောရ လျှင် ကမ္ဘာလှည ခရီးသည်၏ သုံးစွဲသော ငွေကြေး သည် ထိပ်ဆုံးမှ သည် အခြေခံ အကျဆုံးသော (Grass Roots Level) လူသားများ အထိ စီးဆင်း သွားသည်။
ထို့ကြောင့် ခရီးသွား အများအပြား လာ ရောက်ကြသော ဒေသနှင့် ဒေသခံ တို့မှာ ကျိန်း သေ ဖွံ့ဖြိုး တိုးတက် ရမည်မှာ မလွဲ ဧကန်ပင်ဖြစ်၏။ ထို့ကြောင့် လည်း Tourism လုပ်ငန်း ကို ဆင်းရဲမွဲ တွေမှုမှ လွတ်မြောက်ရာ မျှော်လင့်ချက်များ အနက်မှ တံခါး တစ်ချပ်ဟု ရှုမြင်ကြပါသည်။
ဆိုးကျိုး အနေဖြင့်မူ အပန်းဖြေ အနားယူမှု အဓိကကျသော ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက် မှု၏နောက် ကပ်ပါ လာမည့် Sex Tourism နှင့် ၀င်ငွေ အများအပြား ရခြင်းကြောင့် ကျောင်းနေ အရွယ် ဒေသခံ ကလေးငယ်တို့ ဈေးရောင်းခြင်း လုပ်ငန်း ကို အသက်မွေး လာပြီး ပညာရေးနိမ့်ပါး လာနိုင်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်း တတ်၍ ပျက်စီး လာနိုင်မှုစသော အချက် တို့မှာ စနစ်တကျ ထိန်းချုပ်ကွပ် ကဲ၍ ရနိုင် ပါသည်။
အနာဂတ်မျှော်မှန်းချက်နှင့် သုံးသပ်ချက်
ခရီးသွားလာ ရေးလုပ်ငန်း တွင် နှစ်စဉ် အားစိုက်၍ လုပ်ဆောင်နေသောအချက်မှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တစ်သန်း ပြည့်မီ ရေးမှာ အခြေခံ အချက်အဖြစ် ရည်မှန်း လုပ် ဆောင် နေပါသည်။ မြန်မာ့ ခရီးသွားနှစ် ၁၉၉၆ မှ စတင်ပြီး နှစ်အလိုက် ခရီးသည် ၀င်ရောက်မှုမှာ လည်း တိုးတက် လျက်ရှိသည်ကို တွေ့ရသည်။ သို့သော် ကမ္ဘာလှည့် ခရီးသည် တစ်သန်းဝင် ရောက် လာခဲ့လျှင် မိမိနိုင်ငံ ၌ နိုင်ငံခြားသား တည်းခို နေထိုင်နိုင်သည့် လိုအပ်သော Infracture များ ပြည့်စုံဖို့ လိုအပ်သည်။ ယင်းအတွက် လည်း ဟိုတယ်များ ဖွံ့ဖြိုး တိုးတက် လာအောင် တည် ဆောက်ခွင့်များ ချပေးနေပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင် နေသည်ကို တွေ့ရပါသည်။
နောက်တစ်ချက် မှာ ယခုနောက်ပိုင်း အတွင်း မြန်မာ နိုင်ငံသား အများအပြား ပြည်ပ နိုင်ငံ များသို့ ထွက်ခွာ နေသည်ကို တွေ့နိုင်ပါ သည်။ ယခင်က ဗုဒ္ဓဂယာ ဘုရားဖူးရန် အတွက် သာ အိန္ဒိယ နိုင်ငံသို့ မြန်မာနိုင်ငံသားများ အလည် အပတ် သွားကြရာမှ ယခုအခါ မြန်မာနိုင်ငံသား အစု အဖွဲ့များ အလိုက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားနေ သည်ကိုတွေ့ရသည်မှာ များစွာ အားရ ဖွယ်ရာ ကောင်းလာ ပါသည်။ Out-bound tour များ လုပ်ကိုင်ခွင့်ပြုလာသည့် သဘော ပင်ဖြစ် သည်။ ပြည်ပသို့ မြန်မာနိုင်ငံသား များ သွားခြင်း ဖြင့် နား၊ မျက်စိပွင့်လာသည်။ အမြော်အမြင် ကြီးလာ သည်။ စီးပွားရေး လုပ်ကိုင်ရန် အခွင့် အလမ်း များ မြင်နိုင် လာခြင်းကြောင့် ခရီးသွား ခြင်းသည် နိုင်ငံ အတွင်းသို့ ခရီးသည် များလာ မှသာ အကျိုးရှိ သည်မဟုတ် ကိုယ်က သွားလျှင် လည်း အကျိုး အမြတ်များစွာ ဖြစ်ထွန်းသည်။
ယခင်က ကဲ့သို့ မိမိနိုင်ငံသား ပြည်ပ သွား လျှင် ပြည်တွင်းမှ နိုင်ငံခြား ၀င်ငွေ ဒေါ်လာများ ပြန်ထွက် သွားသည်ဟု ရှုမြင်၍ မရပါ။
“ခရီးသွားလုပ်ငန်းဆိုတာ ကိုယ့်ဆီကို ချည်း ပဲ လာအောင် လုပ်နေလို့ မရဘူး။ ကိုယ်က လည်း ပြန်သွားမှ ဒီလုပ်ငန်း ဟာ ပိုပြီး ဖွံ့ဖြိုး တိုးတက် မှာ” ဟု အတွေ့အကြုံရင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက သုံးသပ်သည်။
အနာဂတ် မီးခိုးမဲ့ စက်မှု ကုန်ထုတ်လုပ်ငန်း သည်ကား ဖွံ့ဖြိုး တိုးတက် လာနိုင်သည်ဟု ယူဆ နိုင်ဖွယ် ရာရှိပါသည်။