Sunday, March 24, 2019

Shwe Oo Kwin Trip

Unicode
ဒီတစ်ခေါက်တော့ စက်ဘီးဝါသနာရှင်တွေ အတွက်ကမ်းခြေမှာ အပန်းဖြေရင်း ကျေးလက် သဘာဝရှုခင်းတွေကြည့်ပြီး စက်ဘီးစီးနိုင်မယ့် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ ဂွမြို့နယ်ထဲက Offroad လမ်းကြောင်းလေးတစ်ခုကို နောက်ထပ် တင်ပြချင်ပါတယ်။ အဲဒီလမ်းကြောင်းကတော့

Saturday, March 09, 2019

အိုးထိန်းရွာဟောင်းခရီးစဉ်

ကန့်ကော်တောင်ရွာ ချင်းနှစ်ချင်းခရစ်ယာန်ကျောင်း
ရန်ကုန်ကနေ ငပလီကို စီးကြမယ့် Bikers များအတွက် ဒေသန္တရ ဗဟုသုတလဲရ မြေသားအိအိလေးနဲ့ စီးလို့ကောင်းတဲ့ Off-road လမ်းကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဂွ-သံတွဲလမ်းမပေါ်ကနေ နှစ်မိုင်လောက်စီးရပြီး ကန့်ကော်တောင်ဆိုတဲ့  ချင်းရွာငယ်လေးကိုဖြတ်ပြီးသွားရပါတယ်။ ကန့်ကော်တောင်ရွာကို ကျော်လာပြီး လမ်းဘေးတစ်လျှောက် သီဟိုပင်တွေစိုက်ထားတဲ့ မြေသားအိအိလမ်းတစ်လျှေက် စက်ဘီးစီးလို့ကောင်းပါတယ်။ သီဟိုခင်းတွေကျော်လာခဲ့တဲ့အခါမှာတော့ သဘာဝဘေးကြောင့် ရွှေ့ပြောင်းလာတဲ့ အိုးထိန်းရွာသစ်ကို ဖြတ်လာပြီးတဲ့အခါ ကျောက်ခင်းလမ်းတချို့ကို ဖြတ်သန်းပြီးတဲ့အခါမှာေတာ့ ရွာသစ်တည်ဖို့ စွန့်ခွာသွားလို့ ဘယ်သူမှမနေတော့ပဲ ကျန်နေခဲ့တဲ့ ရခိုင်ရိုးမတောင်တန်းကြီးနောက်ခံထားပြီး သာယာလှတဲ့ အိုးထိန်းရွာဟောင်းလေးကို လှမ်းမြင်နေရပါတယ်။