 |
ကန့်ကော်တောင်ရွာ ချင်းနှစ်ချင်းခရစ်ယာန်ကျောင်း |
ရန်ကုန်ကနေ ငပလီကို စီးကြမယ့် Bikers များအတွက် ဒေသန္တရ ဗဟုသုတလဲရ မြေသားအိအိလေးနဲ့ စီးလို့ကောင်းတဲ့ Off-road လမ်းကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဂွ-သံတွဲလမ်းမပေါ်ကနေ နှစ်မိုင်လောက်စီးရပြီး ကန့်ကော်တောင်ဆိုတဲ့ ချင်းရွာငယ်လေးကိုဖြတ်ပြီးသွားရပါတယ်။ ကန့်ကော်တောင်ရွာကို ကျော်လာပြီး လမ်းဘေးတစ်လျှောက် သီဟိုပင်တွေစိုက်ထားတဲ့ မြေသားအိအိလမ်းတစ်လျှေက် စက်ဘီးစီးလို့ကောင်းပါတယ်။ သီဟိုခင်းတွေကျော်လာခဲ့တဲ့အခါမှာတော့ သဘာဝဘေးကြောင့် ရွှေ့ပြောင်းလာတဲ့ အိုးထိန်းရွာသစ်ကို ဖြတ်လာပြီးတဲ့အခါ ကျောက်ခင်းလမ်းတချို့ကို ဖြတ်သန်းပြီးတဲ့အခါမှာေတာ့ ရွာသစ်တည်ဖို့ စွန့်ခွာသွားလို့ ဘယ်သူမှမနေတော့ပဲ ကျန်နေခဲ့တဲ့ ရခိုင်ရိုးမတောင်တန်းကြီးနောက်ခံထားပြီး သာယာလှတဲ့ အိုးထိန်းရွာဟောင်းလေးကို လှမ်းမြင်နေရပါတယ်။
 |
သီဟိုစိုက်ခင်းများနှင့် မြေသားလမ်းလေး |
 |
အိုးထိန်းရွာဟောင်းသို့ |
အိုးထိန်းရွာကို ရောက်ရှိခဲ့လျင်ဖြင့် တချိန်က စည်ကားခဲ့တဲ့ ကျေးရွာစာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေကို တွေ့မြင်နိုင်သလို အနီးအနားမှာရှိတဲ့ ရှေးဟောင်းဘုရားတွေကို သွားရောက်လေ့လာနိုင်မှာပါ။ ကျနော့်အနေဖြင့် အချိန်သိပ်မရတာကြောင့် ရှေးဟောင်းဘုရားစေတီပျက်ရှိတဲ့နေရာကို မသွားရောက်ခဲ့နိုင်ပါဘူး၊ နောင်အခွင့်အခါသင့်တဲ့အခါ ထပ်မံသွားရောက်ပြီး ရေးသားတင်ပြပါဦးမယ်။
 |
ရခိုင်ရိုးမရှုခင်းနှင့် အိုးထိန်းရွာဟောင်း |
 |
ကျေးရွာစာသင်ကျောင်းဟောင်း |
အိုးထိန်းရွာကို သွားတဲ့လမ်းကြောင်းကတော့ အတက်အဆင်း အနည်းငယ်သာရှိသလို ကျောက်ခင်းလမ်းတိုလေးတစ်ခုကို ဖြတ်ရပါတယ်။ အကယ်၍များ ငပလီကို ဂွလမ်းကြောင်းကနေစီးဖြစ်မယ်ဆိုရင် အချိန်အနည်းငယ်ပေးပြီး သွားရောက်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ နောင်များမှာလည်း တခြားလမ်းကြောင်းတိုလေးတွေကို အလျဉ်းသင့်သလို ရှာဖွေတင်ပြပေးသွားပါ့မယ်ခင်ဗျာ။ 🚵
လင်းမောင်မောင်
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.