Wednesday, July 11, 2012

အာရှဖွံ့ဖြိုးမှုဘဏ် အကူအညီဖြင့် နိုင်ငံတွင်းလမ်းများ အဆင့်မြှင့်မည်

အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ လမ်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံရှိလမ်းများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးမှုဘဏ် (ADB) တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ဖြစ်နိုင်ခြေများ လေ့လာနိုင်ရန်အတွက် အဆိုပါဘဏ်မှ လေ့လာရေးအဖွဲ့များက လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ လမ်းများ အဆင့်မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းရှိ လမ်းများ၏ အနေအထားများ၊ လက်တွေ့တွင် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကိန်းတစ်ခု ရေးဆွဲထားပြီး ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အာရှဖွံ့ဖြိုးမှုဘဏ်သို့ တင်ပြထားကြောင်း သိရသည်။ “စီမံကိန်းအရတော့ လက်တွေ့မှာ ဦးစားပေး လုပ်ရမယ့်လမ်းတွေကို အရင်ဆုံးလုပ်သွားဖို့ ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က အာရှဖွံ့ဖြိုးမှုဘဏ်၏ အကူအညီဖြင့် ရန်ကုန်-ပြည်လမ်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

ခိုလျှေဆိုတောင် ရိုးရာပူဇော်ပွဲ


ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်ဘက်က တောတောင်နဲ့ ရေမြေကို အမှီပြုပြီး နေထိုင်လာကြတဲ့ ရွာသူ/သားတွေဟာ သူတို့ရဲ့ဘိုးဘွား လက်ထက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ ရေ၊ မြေတောတောင်ကို နှစ်စဉ်ရိုးရာလုပ်ထုံးလုပ်နည်းနဲ့ ပူဇော်နေကြသလို အခုအချိန်ခါမှာလည်း ခိုလျှေဆိုတောင်ကို ရိုးရာဓလေ့နဲ့ ပူဇော်ပနေကြပါတယ်။
 
ခိုလျှေဆိုတောင်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် အမှတ် (၁၄) စစ်တပ် လေ့ကျင့်ရေးကျောင်းရဲ့ အဆောက်အဦးနဲ့ ကွင်းပြင်ကျယ်ကြီးကို မြင်တွေ့နေရမှာဖြစ်ပါတယ်။ ခိုးလျှေဆိုတောင်ပေါ်ကနေတွေ့နေရတဲ့ တပ်လေ့ကျင့်ရေးကျောင်း ဆောက်လုပ်နေခြင်းနှင့်ပတ်သက်ပြီး ကေးလျားကျေးရွာအုပ်စု၊ မာဖရိုရှေ့ကျေးရွာအုပ်စုထဲက ရွာသူ/သားတွေဟာ စစ်အစိုးရတပ်တွေ ကနေပြီး နယ်မြေထပ်မံ တိုးချဲ့လာမည်ကို စိုးရိမ်နေကြနေကြလို့ တောတောင်ရေမြေကို ကန့်ကွက်ထားကြပါတယ်။ ဒါကြောင့် ခိုလျှေဆိုတောင်ကို နှစ်စဉ်တောတောင်စောင့်နတ်ကို ရိုးရာဓလေ့နဲ့ ပူဇော်ပသကြသလို ယခင်နှစ်မှာတော့ ပူဇော်ပသပွဲအပြင် လူထုအားလုံးတွေ့ဆုံပွဲကိုလည်း ခိုလျှေဆိုမှာကျင်းပခဲ့ကြပါတယ်။

ခိုလျှေဆိုတောင်၌ ယဇ်ပူဇော်နေစဉ် (ဓါတ်ပုံ-ကေတီ)
ဒေသခံမှ လူငယ်ခူးလီးရယ်က “ဒီတစ်နှစ်ကတော့ ထူးထူးခြားခြား အဖက်ဖက်ကနေပြီး ဒီတောင်ကို အမျိုးမျိုးလုပ်ချင်ကြတယ်။ အခုကလည်း သစ်တောတွေပြုန်းတီးလာတယ်။ စိမ့်စမ်းရေလည်းအထွက်နည်းလာတယ်။ ဒီတပ်နဲ့ရွာက ခြေလျှင် လျှောက်ရင် တစ်နာရီလောက်ပဲ သွားရတဲ့အတွက် ဒေါလော့ခူက ရေထွက်ပေါက်နဲ့တအားနီးတယ်။ ဒါက ကျနော်တို့အတွက် အန္တာရာယ်ရှိတယ်” လို့ပြောပါတယ်။ တောတောင်ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ ရိုးရာပူဇော်ပွဲတွေ၊ လူထုတွေ့ဆုံပွဲအတွက် ဦးစီးဦးဆောင်ကျင်းပပြုလုပ်သော ဒေသခံ လူငယ်တဦးဖြစ်တဲ့ ခူးလီးရယ်က ဆက်ပြောပါတယ်။

 “
လေ့ကျင့်ရေးတပ်ကလည်း နီးလာတဲ့အတွက် ဒီမှာရှိတဲ့ သံယံဇာတတွေ၊ မြေပေါ်မြေအောက်ဖြစ်စေ တနည်းအားဖြင့် သူတို့ကယူနိုင်တယ်ဆိုတဲ့ အတားအဆီးတွေကို ကာကွယ်နိုင်ဖို့ အဲဒါတွေကို ဝိုင်းပြီးထိန်းသိမ်းဖို့အတွက် လူထုတွေ တွေ့ဆုံဆွေးနွေးကြတယ်” လို့ ပြောပါတယ်။
 
အဲဒီမှာရှိတဲ့ တောတောင်ရေမြေဟာ ဒေသခံတွေရဲ့ ရိုးရာပူဇော်ပသမှု ပြုလုပ်ကြတဲ့ တောတောင်တွေလည်းဖြစ်၊ ယဉ်ကျေးမှုအရ ကရင်နီသမိုင်းအရ တန်ဖိုးရှိတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဒေသခံတွေရဲ့ ရိုးရာနည်းနဲဘဲတောင်ကို မီးထွန်းပူဇော် နေကြပါတယ်။ တရားဝင်အစုအဖွဲ့သစ်တောထူထောင်နိုင်ဖို့ကိုလည်း သစ်တောဌာနနဲ့ ချိတ်ဆက်ပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတော် သမ္မတကြီးထံကိုလည်း အသနားခံစာတင်ပြနိုင်ဖို့ ကိုလည်းရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ခုနှစ် ၊ ဧပြီလမှာလည်း  ပြည်နယ် ဝန်ကြီးချူပ်ထံ အသနားခံစာ တင်ပြထားကြပြီးဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဖရူဆိုမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မတ်လ(၂၃)ရက်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းတင်ပြထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ လွှတ်တော်အမတ် ဦးအူးရယ်က ပြောပါတယ်။ခု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကနေပြီး အစိုးရနဲ့ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာလည်း အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းကို တခြားလူထုအတွက် အကျိုးပြုနိုင်တဲ့ သင်တန်းကျောင်း တခုခု ပြောင်းလဲပေးဖို့ တင်ပြထားပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးတဲ့အချိန်မှာ  ပြည်နယ်အစိုးရကနေပြီး ပြည်နယ်အဆင့် လေ့လာသုံးသပ်တဲ့ အဖွဲ့ကိုဖွဲ့ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့ပြန်ဖွဲ့စည်းဖို့အထိသာ သဘောတူထားကြပါသေးတယ်။ အဲဒီနောက်မှာမှ လေ့လာသုံးသပ် တဲ့အဖွဲ့ကနေပြီး   နိုင်ငံတော် သမ္မတကြီးဆီကို အစီရင်ခံစာတင်ပြဖို့ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး () ဦးအောင်ဆန်းမြင့်က ပြောပါတယ်။   
 
ကေးလျားကျေးရွာအုပ်စုနဲ့ မာဖရိရှေ့ကျေးရွာအုပ်စုထဲက ရွာသူ/သားတွေဟာ သူတို့ရဲ့ လယ်ယာမြေတချို့ဆုံးရှုံးပြီးနောက်မှာ သူတို့ရဲ့ ဖိုးဘွားခေတ်အဆက်ဆက်က သမိုင်းဝင်ရာဇာဝင်သွင်ခဲ့တဲ့ ခိုလျှေဆိုတောင်နဲ့ တောတောင်ရေမြေကို ထုံးတမ်းဓလေ့နဲ့ ပူဇော်ပသကြသလို တရားဥပဒေနည်းအရ အစုအဖွဲ့ပိုင် သစ်တောတခုကိုထူထောင်ပြီး ကာကွယ်ထိန်းသွားဖို့ ကြိုးစား ဆောင်ရွက်နေကြပါတယ်။
Written by ကယားထဲ

Tuesday, July 03, 2012

ရှးဟောင်းပစ္စည်းကဲ့သို့ အသွင်သဏ္ဌာန်တူစေရန် ထင်ယောင်ထင်မှား ပြုလုပ်ထားသော ဝတ္ထုပစ္စည်းများအား ပြည်ပသို့ သယ်ဆောင်ခွင့်မပြု


ရှေးဟောင်းပစ္စည်းကဲ့သို့ အသွင်သဏ္ဌာန်တူစေရန် ထင်ယောင်ထင်မှား ပြုလုပ်ထားသော ဝတ္ထုပစ္စည်းများနှင့် ကိုယ်လက်အင်္ဂါ မစုံလင်သည့် အဂါရဝဖြစ်စေသော ဗုဒ္ဓဆင်းတုတော်များအား ပြည်ပသို့ သယ်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။ ယင်းကဲ့သို့ သောဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများအား ပြည်ပသို့ သယ်ဆောင်ပါက ၁၉၅၇ ခုနှစ် ရှေးဟောင်းပစ္စည်း အက်ဥပဒေနှင့် ၁၉၆၂၊ ရှေးဟောင်း ပစ္စည်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။ “ပြည်ပနိုင်ငံတွေကို ရှေးဟောင်းပစ္စည်း သယ်ဆောင်မှုမရှိအောင် ရန်ကုန်၊ မန္တလေးနဲ့ ပုဂံတို့မှာရှိတဲ့ ကျွန်တော်တို့ဌာနတွေမှာ စစ်ဆေးပြီး ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ပေးနေပါတယ်။ ဒါကို မသိကြတာတွေ ရှိနေတယ်။ လေဆိပ်ရောက်မှ စစ်ဆေးမှ သိကြရတာမျိုးတွေ ရှိတယ်။ ဒီထောက်ခံချက် ယူရမယ်ဆိုတာကို Awareness ပေးချင်ပါတယ်” ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။ မြန်မာ့ယာဉ်ကျေးမှု အနုပညာ လက်ရာပစ္စည်းများကို အချို့သော နိုင်ငံခြားသား ဧည့်သည်များက အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းရန်နှင့် ပြည်ပသို့ သွားရောက်နေထိုင်မည့် မြန်မာလူမျိုးအများစုတို့က ဘာသာရေးအရ ကိုးကွယ်ရာအဖြစ် သယ်ဆောင်ကြသည်များ ရှိကြောင်းသိရသည်။ “ပုံမှန်အားဖြင့်တော့ ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် မရှိဘူးဆိုရင် လေဆိပ်ပူးပေါင်းအဖွဲ့က စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းတွေအရ အရေးယူတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး စစ်ဆေးတွေ့ရှိရင်တော့ များသောအားဖြင့် Custom က သိမ်းဆည်းတာ၊ အရေးယူတာမျိုးတွေ၊ ရဲလက်အထိ အပ်လိုက်တာမျိုးတွေ ရှိပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ နိုင်ငံရပ်ခြားသို့ သယ်ဆောင်လိုသော မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ပစ္စည်းများအား သတ်မှတ်ပုံစံနှင့်အတူ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ လာရောက်တင်ပြပါက ဌာနမှစိစစ်ပြီး အထောက်အထား၊ မှတ်တမ်းနှင့်တကွ ရှေးဟောင်း ယဉ်ကျေးမှုဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ပြန်လည်ထုတ်ပေးပြီး နိုင်ငံခြားသို့ သယ်ဆောင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ထောက်ခံချက်ကို အမှတ် ၃၂-ဒီ၊ ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အမှတ် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပယ်ပုံတော်ကျောက် စာဝင်း၊ ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့တွင် လည်းကောင်း၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ပုဂံမြို့ဟောင်း) ညောင်ဦးခရိုင်တွင် လည်းကောင်း ရယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Sunday, July 01, 2012

မန္တလေး-ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို MAI က နေ့စဉ်ပျံသန်းမည်

နိုင်ငံတကာခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ၏ တောင်း ဆိုမှုမြင့်မားခြင်းကြောင့် မန်္တလေး- ဘန်ကောက်ခရီးစဉ် ပြေးဆွဲနိုင်ရန် အပြည်ပြည်ဆိုင်ရာမြန်မာ့လေ ကြောင်း(MAI) က စီစဉ်လျက်ရှိ ကြောင်း၊ အဆိုပါလေကြောင်းလိုင်း ၏ Marketing and Public Relations Representative မအေး မရသာက ပြောကြားသည်။
““မန္တလေး-ဘန်ကောက်ခရီးစဉ် နဲ့ပတ်သက်ပြီး နိုင်ငံတကာခရီးသည် များနဲ့ ထိုင်းနိုင်ငံသို့သွားရောက်ကာ ရန်ကုန်မြို့ကို တစ်ဆင့်ခံသွားရောက် ခြင်းမပြုလိုတဲ့ ပြည်တွင်းခရီးသည် တွေက တောင်းဆိုမှု များပြားလာပါ တယ်””ဟု မအေးမရသာက ပြော ကြားသည်။ အဆိုပါလေကြောင်းခရီးစဉ် သစ်သည် Tour operator များအ တွက် ပိုမိုအဆင်ပြေစေမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ကူးသန်းသွားလာနေသည့် ကုန်သည်တစ်ဦးက သုံးသပ်ပြော ကြားသည်။
အပြည်ပြည်ဆိုင်ရာမြန်မာ့လေ ကြောင်းအနေဖြင့် ယင်း၏နိုင်ငံတ ကာခရီးစဉ်များကို ချဲ့ထွင်နိုင်ရန် စီ စဉ်လျက်ရှိကြောင်း၊ အိနိ္ဒယနိုင်ငံ၊ ဂါ ယာသို့ ပျံသန်းသည့် လေကြောင်း ခရီးစဉ်များကိုလည်း သီတင်းတစ်ပတ်လျှင် လေးကြိမ် ပြန်လည်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။
““Airbus A 320 လေယာဉ်အ သစ်စက်စက်နှစ်စီး ယခုနှစ်နွေရာသီ မှာ ရောက်ရှိလာမှာဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ကွန်ရက်နဲ့ အကြိမ်ရေ ကို ချဲ့ထွင်နိုင်စွမ်းရှိလာမှာဖြစ်ပါ တယ်””ဟု မအေးမရသာကဆိုသည်။ အဆိုပါခရီးစဉ်ကို စတင်ပျံ သန်းမည့်နေ့ရက်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသော် လည်း အစောဆုံးယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့် ၂၀၁၃ နှစ်ဆန်း ကျမှသာ စတင်ပျံသန်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ဟောင်ကောင်သို့ ပျံသန်းခွင့်အကြိမ်ရေ မြှင့်တင်ရေးအ တွက် လေ့လာမှုတစ်ခုကို ဆောင် ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သည့်  ပြည်တွင်းခရီးစဉ်များကိုလည်း ရှာ ဖွေလျက်ရှိကြောင်း သိရသည်။

မိုးသက်ကို

Source : The Myanmar Post

ရေအောက်တွင်နှစ်ပေါင်း ၄၀၀နစ်မြုပ်နေသော ဓမ်္မစေတီခေါင်းလောင်းကြီးရှာဖွေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ



သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ်ယူမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယဉ် ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေ သနဦးစီးဌာနက ကြီးမှူး၍ ဇွန် ၆ ရက် စနေနေ့တွင် ရန်ကုန်မြို့၊ နတ် မောက်လမ်း၊ ချက်ထရီယမ်ဟိုတယ် ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်သန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိ ယ၀န်ကြီးများ၊ မြန်မာနိုင်ငံသမိုင်းအ ဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ ပါမော က်္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရှင် များ စုံလင်စွာတက်ရောက်ခဲ့ကြ သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းက အဖွင့်မိန့် ခွန်းပြောကြားရာတွင် ““ဒီနေ့ကျင်းပ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းတန်ဖိုးအလွန်ကြီးမားတဲ့ ဓမ်္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ရှာဖွေဆယ်ယူနိုင်ရေးအတွက်  အကြံဉာဏ်တွေ၊ နည်းလမ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်း  ချမှတ်ဖို့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်အရေးကြီးပြီးအောင်မြင်အောင်ဆောင် ရွက်ကြမယ်ဆိုတဲ့ သန်္နိဋ္ဌာန်ကို ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ချမှတ်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။ ချမှတ်နိုင်ဖို့လည်း ယုံကြည်ပါတယ်””ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ကမ်္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် ခေါင်းလောင်းများရှိသည့်အနက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဇာကိုလိုကော့အမည်ရှိ ခေါင်းလောင်းကို ခရစ်နှစ် ၁၈၃၃ က သွန်းလုပ်ခဲ့ကြောင်း၊ တန်ချိန် ၂၀၀ ကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီးဆုံးခေါင်းလောင်းဟု သတ်မှတ်ထားကြောင်း၊ ဒုတိယအကြီးဆုံးခေါင်းလောင်းမှာ ၁၂၈ တန်ရှိပြီး မော်စကိုမြို့၌ပင်ရှိကြောင်း၊ မြန်မာနိုင်ငံမှ မင်းကွန်းခေါင်းလောင်းမှာ အလေးချိန်တန် ၉၀ ရှိသဖြင့် တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ်သတ်မှတ်ထားကြောင်း၊ ဓမ်္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် ဓမ်္မစေတီမင်းသွန်းလုပ်၍ ရွှေတိဂုံစေတီတော် အရှေ့မြောက်ထောင့်တွင် ထားရှိခဲ့ကြောင်း၊ ဓမ်္မစေတီခေါင်း လောင်းကြီးသည် အလေးချိန်ပိဿ   ၁၈၀,၀၀၀၊ တန်အားဖြင့် ၂၉၀ ကျော်ရှိသဖြင့် ကမ်္ဘာပေါ်တွင်ကြီး ဆုံးခေါင်းလောင်းဖြစ်နေကြောင်း၊ ထို့ ပြင် ၁၄၇၆ ခုနှစ်တွင် သွန်းလုပ်ခြင်း ဖြစ်သဖြင့် မော်စကိုမြို့မှခေါင်း လောင်းထက် ၃၅၇ နှစ်စောနေကြောင်း၊ ထို့ကြောင့် ဓမ်္မစေတီ ခေါင်းလောင်းကြီးသည် ကမ်္ဘာပေါ်တွင် အစောဆုံးသွန်းလုပ်ခဲ့သည့် အကြီးဆုံးခေါင်းလောင်းဖြစ်နေကြာင်း ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဓမ်္မစေတီခေါင်း လောင်းကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်နေပြီး ရေအောက်တွင် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် ရှာဖွေရေး၊ ဆယ်ယူရေး၊ သယ်ယူရေး လုပ်ငန်းများကိုအချိန်လုပ်ဆောင်  ရမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ် ပွဲတွင် ဖတ်ကြားသောအချက်အလက်များကို အခြေခံပြီး ၀ိုင်းဝန်းဆွေး နွေးအကြံပေးကာ လုပ်ငန်းအောင် မြင်ရေးကို ဦးစားပေးဆောင်ရွက်စေ လိုကြောင်း ဆက်လက်ပြောကြားခဲ့ သည်။
ထို့နောက် မြန်မာနိုင်ငံသမိုင်းအဖွဲ့ဝင် စာရေးဆရာ ဒေါက်တာချစ်စံဝင်းက သမိုင်းအမွေအနှစ်ဖြစ်သော ဓမ်္မစေတီခေါင်းလောင်းဆယ် ယူရေးနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဒေါက်တာချစ်စံဝင်းက ““ကမ္ဘာပေါ်မှာ အစော ဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၆၁၂ ခုနှစ်မှာ သံလျင်မြို့စား ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တိုခေါ် ငဇင်ကာက အမြောက်လက်နက်သွန်းလုပ်ဖို့ သံလျင်ကိုသယ်ယူသွားစဉ်ပဲ ခူးမြစ်၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်တို့ဆုံရာ ဒေါပုံမြစ်ဝမှာ လှေကွဲပြီး ရေထဲကျသွားပါတယ်။ အဲဒီနေရာကို ပန်းအလွဲချောင်း ပန်းအလွဲမြစ် လို့လည်းခေါ်တယ်။ ရေအောက်မှာ နှစ်ပေါင်း ၄၀၀ လောက်နစ်မြုပ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ကိုစိတ်ဝင်စားတဲ့မြန်မာပညာရှင်တွေ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်ပါဘူး။ နောကိပ်ုငးမှာ  အမေရိကန်နိုင် ငံသားဂျင်ဘလန့်ဆိုတဲ့ ရေငုပ်ကျွမ်းကျင်သူတစ်ဦး ရောက်လာပြီးရှာတယ်။ သူက လတ်္တီတွဒ် လောင်ဂျီ တွဒ်နဲ့တကွဖော်ပြပြီး ခေါင်းလောင်း ကြီးကိုတွေ့တယ်လို့ပြောပါတယ်။ ဒါ ပေမဲ့ ရှာဖွေတဲ့လုပ်ငန်းတွေ ဆက်မလုပ်နိုင်ပါဘူး။
ဂျင်ဘလန့်က ခေါင်းလောင်း ရှာဖွေတဲ့အကြောင်း သတင်းတွေရေးတယ်။ တစ်ကမ္ဘာလုံးဖတ်ရှုပြီး စိတ်ဝင်စားလာတယ်။ စိတ်ဝင်စားသူတွေက ကူညီချင်လို့ဆက်သွယ် တယ်။ အဲဒီအထဲမှာ စင်ကာပူက SD Mark gnternational LLP ကုမ္ပဏီက ဒေါ်လာ ၁၀သန်း (မြန်မာငွေ သန်း၈၀၀) အကုန်ခံပြီး ဓမ်္မစေ တီခေါင်းလောင်းကြီးကို ဆယ်တယ်။ တွေ့ရင် ရွှေတိဂုံဘုရားကုန်းတော်ပေါ်အထိ ပြန်တင်ပေးမယ်။ အဲဒီအတွက် ဘာအကျိုးအမြတ်မှမယူပါဘူး။ အစိုးရချီးမြှင့်သလောက်ကိုပဲ ယူမယ်ဆိုပြီး လွှတ်တော်မှာခေါင်း လောင်းအကြောင်း မေးကြပြောကြတယ်။ အဲဒီလိုစိတ်ဝင်စားသူတွေ များလာတဲ့အတွက် ဘက်ပေါင်းစုံ ပညာရှင်တွေပါဝင်တဲ့ စာတမ်းဖတ်ပွဲလုပ်ခြင်းဖြစ်ပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးစာတမ်းဖတ်ပွဲမှာ ကျွမ်းကျင်သူပညာရှင် Mr.Deamlim  နဲ့ ကပ္ပတိန် Micheal Mike Heacher တို့ပါဝင်တဲ့အတွက်  စာတမ်းဖတ်ပွဲပိုမိုကျယ်ပြန့်ပြီး ပြည့်စုံလာပါတယ်။ ဒီစာတမ်းဖတ်ပွဲဟာ ရှေးဟောင်းအမွေအနှစ် ဓမ်္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ် ယူဖို့ တာစူတဲ့ပွဲဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

ဒေါက်တာချစ်စံဝင်းက ““ဒီသတင်းစာဖတ်ပွဲမှာ SD Mark gnternational LLP ကုမ္ပဏီက CEO မစ္စတာ Dean Lim နဲ့ ရေအောက် ပစ္စည်းရှာဖွေရေးကျွမ်းကျင်သူ ကပ္ပတိန် Micheal Mike Heacher တို့လည်းတက်ရောက်ပါတယ်။ ဓမ္မစေ တီခေါင်းလောင်းကြီးရှာဖွေဖို့သက် ဆိုင်ရာကခွင့်ပေးရင် SD Mark gnternational LLP ကုမ္ပဏီက ကျွမ်းကျင်သူပညာရှင် Mike Heacher ကို ဒေါ်လာ ၆ သန်းနဲ့ငှားပြီး ဆယ်မယ်လို့သိရပါတယ်။ Mike Heacher  ကလည်း ရှာဖွေဖို့စိတ် အားထက်သန်နေပါတယ်””ဟု ပြော ကြားခဲ့သည်။

ရေအောက်တွင် နစ်မြုပ်နေ သည့် အလွန်တန်ဖိုးကြီးမားသော ရှေးဟောင်းပစ်္စည်းကြီးခြောက်ခုကို အောင်မြင်စွာရှာဖွေဆယ်ယူနိုင်ခဲ့ သည့် Mike Heacher သည် ယခုအခါ အသက် ၇၄ နှစ်အရွယ်သို့ ရောက်ရှိနေသဖြင့် ရှေးဟောင်းသမိုင်းအမွေအနှစ် ဓမ်္မစေတီခေါင်း လောင်းကြီးကို ရှာဖွေပြီး ရွှေတိဂုံ ကုန်းတော်ပေါ်သို့တင်ပြီးလျှင် ရေအောက်ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်း၍ အနားယူတော့မည်ဟု ဆုံးဖြတ်ထားကြောင်းလည်း သိရပါသည်။ Mike Heacher က ““ဓမ္မစေ တီခေါင်းလောင်းကြီးကို ရှာဖွေဖို့ ကျွန်တော်စောင့်ခဲ့ရတာ ၂ နှစ်လောက်ကြာခဲ့ပါတယ်။ ကျွန်တော် ဗြိတိသျှလူမျိုးဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ရေအောက်စူးသမ်းရှာဖွေရေး လုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ ကျွန်တော့်တစ်သက်မှာ သင်္ဘောပျက် ၈၀ ကျော်ကို ရေအောက်မှာရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တရုတ်ပြည် မင်မင်းဆက်တုန်းက တောင်တရုတ် ပင်လယ်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ပျက်ထဲက ရှေးဟောင်းကြွေထည် ပစ္စည်း ၃၅၀,၀၀၀ ဆယ်ယူရရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ရှေးဟောင်း ကြွေထည်ပစ္စည်းအများဆုံး ရှာဖွေ နိုင်သူအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်””ဟု ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အနီး ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း နှင့် ရန်ကုန်မြစ်တို့ဆုံရာ မြစ်သုံးခွဆုံ တွင် ဓမ်္မစေတီခေါင်းလောင်းကြီး နစ် မြုပ်နေခြင်းသည် နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်နေသဖြင့် မြစ်ရေစီး ဆင်းမှု၊ နုန်းပို့ချမှု နှင့် သဲဖုံးလွှမ်းမှု အကြောင်းများကို စနစ်တကျလေ့ လာဆန်းစစ်ရန် အရေးကြီးသော ပညာရှင်များက သုံးသပ်ကြသည်။ ဓမ်္မ စေတီခေါင်းလောင်းကြီးကိုရှာဖွေရန်အတွက် ပုစွန်တောင်ချောင်းကိုသာမက ရန်ကုန်မြစ်နှင့်ပဲခူးမြစ်တို့၏ ရေစီးရေလာနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကို သုံးသပ်စိစစ်ရန်လို အပ်လျက်ရှိသည်။ ထိုဒေသသည် ရှေးယခင်က အလွန်ကျယ်ဝန်းသော လယ်ယာမြေများ၊ တောတန်းတော အုပ်များပေါများသည့် ကျေးလက်ဒေသဖြစ်သော်လည်း မြို့ပြဧရိယာ တဖြည်းဖြည်းတိုးတက်များပြားလာ ကြောင်းသိရသည်။ သစ်ပင်များ၊ တောအုပ်များလွှမ်းမိုးသည့် အစိမ်း ရောင်ဧရိယာသည် ၁၉၇၄ ခုနှစ်က ဧကပေါင်း ၁၈၀,၀၀၀ ကျော်ရှိခဲ့ သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဧ ကပေါင်း ၉၀,၀၀၀ ခန့်သာရှိတော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန စာတမ်းတွင်ဖော်ပြ ထားသည်။ မြေအသုံးချမှုပြောင်းလဲ လာခြင်းသည် ထိုဒေသအနီးဝန်း ကျင်တွင် အပြောင်းအလဲများစွာဖြစ် ပေါ်လာနိုင်ကြောင်းလည်း ဖော်ပြ ထားသည်။ မြစ်ချောင်းအတွင်း စီး ဆင်းလာသော နုန်းများ၊ သဲများ သည် မြစ်ဝတွင် အနည်ထိုင်လေ့ရှိ ရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့်ငမိုးရိပ် ချောင်းမှ စီးဆင်းလာသော သဲနုန်းများသည် ဓမ်္မစေတီခေါင်းလောင်း ကြီးပေါ်တင် အပြည့်အ၀သက် ရောက်မှုရှိနိုင်သည်ဟုလည်း ယူဆကြသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ချောင်းများပြောင်းလဲစီး ဆင်းလေ့ရှိသဖြင့် မြို့များ၊ ရွာများ ပြောင်းရွှေ့ရသောထုံးစံရှိပြီး အဓိက ရေကြောင်းပြောင်းလဲရေးမှာ သောင်ထွန်းခြင်း၊ ကမ်းပြိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဓမ်္မစေတီ ခေါင်လောင်းကြီးနစ်မြုပ်သော ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းတို့သည်လည်း နှစ်ပေါင်း ၄၀၀ အတွင်း ပြောင်းလဲစီးဆင်းမည်ဖြစ်ရာ ဓမ်္မစေတီခေါင်းလောင်းကြီး နစ်မြုပ်နေသည့် မြစ်သုံးခွနေရာကို အတိအကျ ခန့်မှန်းရန်ခက်ခဲနိုင်သည်ဟု ယူဆကြသည်။ ဟံသာဝတီအရေးတော်ပုံနှင့် ကုန်းဘောင်ရာဇ၀င်ကြီးများထဲတွင် ပဲခူးမြစ်စီးဆင်းသော ရေကြောင်းသည် ယခုခေတ်မြစ်ကြောင်းနှင့် မတူညီကြောင်းဖော်ပြထားသည်။
YZ

Source : The Myanmar Post