နိုင်ငံတကာခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ၏ တောင်း ဆိုမှုမြင့်မားခြင်းကြောင့် မန်္တလေး- ဘန်ကောက်ခရီးစဉ် ပြေးဆွဲနိုင်ရန် အပြည်ပြည်ဆိုင်ရာမြန်မာ့လေ ကြောင်း(MAI) က စီစဉ်လျက်ရှိ ကြောင်း၊ အဆိုပါလေကြောင်းလိုင်း ၏ Marketing and Public Relations Representative မအေး မရသာက ပြောကြားသည်။
““မန္တလေး-ဘန်ကောက်ခရီးစဉ် နဲ့ပတ်သက်ပြီး နိုင်ငံတကာခရီးသည် များနဲ့ ထိုင်းနိုင်ငံသို့သွားရောက်ကာ ရန်ကုန်မြို့ကို တစ်ဆင့်ခံသွားရောက် ခြင်းမပြုလိုတဲ့ ပြည်တွင်းခရီးသည် တွေက တောင်းဆိုမှု များပြားလာပါ တယ်””ဟု မအေးမရသာက ပြော ကြားသည်။ အဆိုပါလေကြောင်းခရီးစဉ် သစ်သည် Tour operator များအ တွက် ပိုမိုအဆင်ပြေစေမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ကူးသန်းသွားလာနေသည့် ကုန်သည်တစ်ဦးက သုံးသပ်ပြော ကြားသည်။
အပြည်ပြည်ဆိုင်ရာမြန်မာ့လေ ကြောင်းအနေဖြင့် ယင်း၏နိုင်ငံတ ကာခရီးစဉ်များကို ချဲ့ထွင်နိုင်ရန် စီ စဉ်လျက်ရှိကြောင်း၊ အိနိ္ဒယနိုင်ငံ၊ ဂါ ယာသို့ ပျံသန်းသည့် လေကြောင်း ခရီးစဉ်များကိုလည်း သီတင်းတစ်ပတ်လျှင် လေးကြိမ် ပြန်လည်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။
““Airbus A 320 လေယာဉ်အ သစ်စက်စက်နှစ်စီး ယခုနှစ်နွေရာသီ မှာ ရောက်ရှိလာမှာဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ကွန်ရက်နဲ့ အကြိမ်ရေ ကို ချဲ့ထွင်နိုင်စွမ်းရှိလာမှာဖြစ်ပါ တယ်””ဟု မအေးမရသာကဆိုသည်။ အဆိုပါခရီးစဉ်ကို စတင်ပျံ သန်းမည့်နေ့ရက်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသော် လည်း အစောဆုံးယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့် ၂၀၁၃ နှစ်ဆန်း ကျမှသာ စတင်ပျံသန်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ဟောင်ကောင်သို့ ပျံသန်းခွင့်အကြိမ်ရေ မြှင့်တင်ရေးအ တွက် လေ့လာမှုတစ်ခုကို ဆောင် ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သည့် ပြည်တွင်းခရီးစဉ်များကိုလည်း ရှာ ဖွေလျက်ရှိကြောင်း သိရသည်။
မိုးသက်ကို
Source : The Myanmar Post
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.