ပြည်ပဧည့်သည်များ အတွက် သတင်းအချက် အလက်များကို ဖြေ ကြား ပေးနိုင်မည့် အလိုအလျောက် ဖြေကြား စက်ကို ဖေဖော်ဝါရီ ၁၂ ရက် မှစတင်၍ နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာနတွင် တပ် ဆင်ထားပြီး ဖြစ်ကြောင်းသိရသည်။
၂၄ နာရီလုံး ဖွင့်ပေးထားမည် ဖြစ်ပြီး အဓိက အားဖြင့် ရန်ကုန်၊ နေ ပြည်တော်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး မှ ဟိုတယ်ခရီးနှင့် ဆိုင်သောဌာနဆိုင် ရာ ဖုန်းနံပါတ်များအား ထည့်သွင်း ဖြေကြား ပေးသွားမည်ဖြစ်သည်။
အဆိုပါ စက်မျိုးများကို တိုးချဲ့ တပ်ဆင် သွားရန်ရှိကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ သိလိုသူများ သည် ဖုန်း-၀၆၇-၄၀၆၀၆၁သို့ စုံစမ်း မေးမြန်းနိုင် ကြောင်းသိရသည်။
source : The Myanmar Post
Monday, January 30, 2012
Tuesday, December 27, 2011
မြန်မာ့လေကြောင်း လေယာဉ်သစ်နှစ်စင်း ဝယ်ယူမည်
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းက ပြည်တွင်းမှာ ပျံသန်းပြေးဆွဲဖို့ လေယာဉ်အသစ် နှစ်စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လေယာဉ်အသစ် နှစ်စင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှာ ဝယ်ယူမှာ၊ အဲဒီလေယာဉ်တွေကို မြန်မာ့လေကြောင်းက ပြေးလမ်းတို လေယာဉ်ကွင်းမှာ အသုံးပြုသွားမှာ” လို့ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညွန့်လွင်က ပြောပါတယ်။ မြန်မာ့လေကြောင်းက ဝယ်ယူမယ့် လေယာဉ်အမျိုးအစားက Beechraft 1900 D အမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံက မှာယူထားတာ ဖြစ်ပါတယ်။ ခရီးသည် ပို့ဆောင်ရေးအတွက် သာမက ကုန်တင်လေယာဉ် အဖြစ်ပါ အသုံးပြုနိုင်ဖို့ ဝယ်ယူထားတာ ဖြစ်ပြီး ခရီးသည် ၁၉ ဦးသာ လိုက်ပါနိုင်ပါတယ်။ လေယာဉ်အသစ်တွေကို ထားဝယ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရေနက်ဆိပ်ကမ်းမြို့တွေကို လေယာဉ်ခရီးစဉ် အသစ်တွေအနေနဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မြန်မာ့လေကြောင်းက လေယာဉ်အသစ် နှစ်စင်းကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်
Source : Khit Lu Nge
Thursday, December 22, 2011
မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နေပြည်တော်တွင်ဖွင့်လှစ်
စုစုပေါင်းခရီးသည် ငါးသန်းကို ဝန်ဆောင်မှုပေးနိုင်မည့် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယခုလ ၁၉ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ တိုက်ပင်းကော်တို့က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ လေဆိပ်ကြီးကို စင်ကာပူနိုင်ငံ CPG Consultant ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ အေးရှားဝေါလ်ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း၃၀၀ ခန့်နှင့် မြန်မာကျပ်ငွေ ၂၇ ဘီလျံခန့် ကုန်ကျခဲ့သည်ဟု သိရသည်။ အဆိုပါ လေဆိပ်သစ်ကြီးသည် လေယာဉ်ဆိုက်ကပ်နိုင်သည့် ပေါင်းကူးတံတား ၁၀ စင်းပါဝင်ကာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးနှစ်စင်း တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်မည့် တံတားနှစ်စင်းနှင့် အခြားလေယာဉ်များ ရပ်နားနိုင်သည့် တံတားရှစ်စင်းသို့ ဖြစ်ကြသည်။ တစ်နှစ်လျှင် လေယာဉ်စင်းရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ ဆိုက်ရောက်နိုင်မည်ဖြစ်ကာ ပြည်တွင်းခရီးသည် နှစ်သန်းနှင့် ပြည်ပခရီးသည် သုံးသန်းကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ နေပြည်တော် လေဆိပ်သစ်ကြီးသည် မြန်မာနိုင်ငံတွင် တတိယမြောက်ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာပြီး အကြီးဆုံးလေဆိပ်လည်း ဖြစ်သည်။ လေဆိပ်အဆောက်အဦးသည် စတုရန်းပေခြောက်သိန်းကျော် ကျယ်ဝန်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံသည် စတုရန်းပေ လေးသိန်းနှစ်သောင်းခန့်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် စတုရန်းပေ လေးသိန်းခြောက်သောင်းခန့်သာ ကျယ်ဝန်းသည်။ လေယာဉ်ပြေးလမ်းအရှည်မှ ၃ ဒသမ ၆ ကီလိုမီတာ ရှည်လျားပြီး ထိန်းချုပ်ရေးမျှော်စင်မှာ ၆၉ မီတာမြင့်သည် ဟိုသိရသည်။ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ ဧပြီလတွင်စတင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Thursday, November 24, 2011
CBT ခရီးသွားလုပ်ငန်း စတင်ပါက ပုဂံ၊ ကလော ဒေသသည် အကောင်းဆုံးဖြစ်
မြန်မာနိုင်ငံတွင် လူထုစီးပွားရေး အခြေခံ ခရီးသွားလာရေးလုပ်ငန်း (CBT)စတင်ပါက ပုဂံနှင့် ကလောဒေသသည် အကောင်းဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ "CBTဆိုတာက ဒေသခံတွေနဲ့နေတယ်။ သူတို့လုပ်ငန်းကို လေ့လာတယ်။ ညအိပ်တယ်။ သဘာဝ အတိုင်းနေတာမျိုးပါ။ ဒီမှာမရှိသေးဘူး။ ကြိုးစားနေတဲ့အဆင့်ပဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အောင်မြင်နေပြီ" ဟု ယင်းပုဂ္ဂိုလ်ကဆိုသည်။ CBT လုပ်ငန်း ဆောင်ရွက်ပါက နိုင်ငံခြား ဧည့်သည်များအတွက် လုံခြုံရေး၊ အစားအသောက်၊ ရေချိုးခန်း၊ သန့်စင်ခန်း သပ်ရပ်မှုရှိရန် လိုအပ်မည်ဖြစ်သည်။
"ပုဂံနဲ့ ကလောဘက်မှာတော့ CBTက သေချာပေါက် လုပ်လို့ရတယ်။ ကမ်းခြေဒေသတွေမှာတော့ ညအိပ်လို့ အဆင်မပြေတဲ့အတွက် မဖြစ်နိုင်သေးဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း Ecotourism စတင်နေပြီဖြစ်ပြီး ယင်းစနစ်တွင် CBT လုပ်ငန်းအား ထည့်သွင်းနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် CBT လုပ်ငန်း စတင်ရန်အတွက် အဘက်ဘက်မှပြည့်စုံရန် လိုအပ်နေကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
Source : Venus News Journal
Wednesday, November 23, 2011
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေ
ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ၀င်လာနိုင်သည့် အခြေအနေဖြစ်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ရန် အခြေအနေကောင်းတစ်ရပ် ဖြစ်နေကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ရေ၀င်မှုကြောင့် ရပ်နားထားရသော ထိုင်းလေယာဉ်များ မြန်မာ့လေယာဉ်ကွင်းသို့ ပြောင်းရွှေ့ရပ်နားရန် ကမ်းလှမ်းကြောင်း ၄င်းက ပြောကြားသည်။ “အဲဒီလေဆိပ်မှာ ရပ်နားနေတဲ့ လေယာဉ်တွေကို မြန်မာပိုင် လေယာဉ်ကွင်းမှာ ရပ်နားခွင့်တောင်းပေမယ့် ဘယ်ကွင်းမှာမှ ဧရိယာအကျယ်အ၀န်း မလုံလောက်လို့ ငြင်းလိုက်ရတယ်။ တကယ်ဆို ဒီအခွင့်အရေးဟာ ကိုယ်တွေအတွက် အချိန်နဲ့အမျှ ငွေရနေမှာကို လက်လွှတ်လိုက်ရတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ဆက်လက်၍ ၄င်းက “ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေပြီ။ ရှေ့အလားအလာတွေအတွက် အမှန်ဆို ရန်ကုန်ကခရီးသည် ငါးသိန်းလောက်နဲ့ကို ကျဉ်းကြပ်နေပြီ၊ နောက်ထပ်တိုးလာမယ့် ခရီးသည်တွေအတွက် လိုကို လိုအပ်နေပြီ” ဟု ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ထပ်မံတိုးချဲ့ရန် မြေဧရိယာ အလုံအလောက် မရှိတော့ပါက ဟံသာဝတီလေဆိပ်(ပဲခူး)ကြီးအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော်သင့်သည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၂ ကွင်းရှိပြီး ဆင်းသက်ပျံသန်းမှု ပြုလုပ်နိုင်သည့် လေယာဉ်ကွင်း ၂၆ ကွင်းရှိကာ အဆိုပါ လေယာဉ်ကွင်းများတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းအဖြစ် သတ်မှတ်ထားသော ကွင်းများ၌ လေဆိပ်သိုလှောင်ရုံများ တည်ဆောက်ရန် လိုအပ်နေပြီး လေယာဉ်ကွင်းများအားလုံးကို အဆင့်မြှင့်တင်သင့်ပြီဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
Subscribe to:
Posts (Atom)