ယခုတစ်ခေါက်တော့
သင်္ကြန်အကြိုနေ့လေးမှာ
ကျိန္တလီမြို့နယ်ထဲက
ရွာဟောင်းတစ်ခုဖြစ်သော
ကောက်ရ
ရွာဟောင်းက ရှေးဟောင်းစေတီတော်ပုထိုးတွေဆီကို
စက်ဘီးစီးရင်း သွားရောက်လေ့လာခဲ့ပါတယ်။
ဒီခရီးက သိပ်မဝေးပေမယ့်
အသွားအပြန် ၂၈
ကီလိုမီတာလောက်သွားခဲ့ရပါတယ်။
မနက် ၆ နာရီလောက်ကနေ အိမ်ကနေ
စက်ဘီးနဲ့စထွက်ခဲ့ပြီး
ရတနာမြိုင်မှာ မနက်စာအဖြစ်
လဖ္ဘက်ရည်သောက်ခါ ခဏနားပြီး
ကံ့ကော်တောင်ရွာကို
ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ကံ့ကော်တောင်ရွာ စက်ဘီးလမ်းအကြောင်းကိုတော့ အရင်ပိုစ်တစ်ခုမှာ ရေးသားခဲ့ပြီးပါပြီ။
ကံကော်တောင်ရောက်တဲ့အခါမှာ
ပထမအစီအစဉ်က လမ်းသာတဲ့
အိုးထိန်းကွက်သစ်ဘက်ကနေအနီးစပ်ဆုံးနေရာအထိ
စက်ဘီးနဲ့စီးသွားမယ်လို့စိတ်ကူးပြီး
သွားခဲ့တာပါ။ တကယ်တမ်းကျတော့
သေချာလမ်းပြပေးမယ့်သူမရှိလို့
ကံကော်တောင်ရွာကို
ပြန်လှည့်လာခဲ့ရပါတယ်။
ကံကော်တောင်ရွာက အသိအိမ်ဝင်ပြီး
လမ်းမေးကြည့်တော့ အသိဘကြီးကိုယ်တိုင်
လိုက်ပို့ပေးပါတယ်။
 |
အိုးထိန်းကွက်သစ်လမ်းတနေရာ |
 |
ကံကော်တောင်ရွာအနီးရှုခင်းများ |
 |
ရွာလမ်းဟောင်းတနေရာ |
ကံကော်တောင်ကနေ
သွားတဲ့လမ်းကတော့
ခြေလျှင်လမ်းသာရှိပြီး
တောင်အတက်အဆင်းလမ်းကျဉ်းလို့
စက်ဘီးကို အသိအိမ်မှာထားခဲ့ပြီး
ကောက်ရရွာရောက်တဲ့အထိ မိနစ်
၃၀လောက် ခြေလျှင်လျှောက်ပြီး
သွားခဲ့ရပါတယ်။ လမ်းတလျှောက်မှာတော့
မြစ်ကမ်းနံဘေးက သာယာတဲ့ရှုခင်းတွေ၊
စိုက်ခင်းတွေကို တွေ့မြင်ရခဲ့ရလို့
ဒီလမ်းကသွားရတာ
ပိုကောင်းတယ်လို့ခံစားမိပါတယ်။
နာရီဝက်လောက်လျှောက်လာပြီးမှာတော့
ကြံခင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့
ဒေသခံတချို့ကို တွေ့မြင်ရပြီး
တိတ်ဆိတ်နေတဲ့ ရွာလမ်းဟောင်းကိုရောက်ပါတယ်။
ယခင်ကအိမ်ခြေ ၄၀၀
လောက်ရှိခဲ့တယ်ဆိုပေမယ့်
သဘာဝဘေးအန္တရာယ်ကြောင့်
ပြောင်းရွှေ့သွားကုန်ကြလို့
ယခုအချိန်မှာတော့ ၂
အိမ်သာကျန်ရှိပါတော့တယ်။
ကျန်ရှိနေတဲ့အိမ် ၂အိမ်အနီးက
တောင်ကုန်းလေးပေါ် ဆက်ပြီး
တက်လာတဲ့အခါမှာ
ကျောင်းထိုင်ဘုန်းတော်ကြီးမရှိပဲ
တိတ်ဆိတ်နေတဲ့ ဘုန်းတော်ကြီးကျောင်းဟောင်း
အနီးမှာ ခြံနွယ်ပိတ်ပေါင်းများစွာ
ပေါက်ရောက်နေတဲ့
ရှေးဟောင်းစေတီတော်တွေဆီကို
ရောက်ရှိပါတော့တယ်။
 |
လမ်းတလျှောက်ရှိမြစ်ကမ်းနံဘေးရှုခင်းများ
|
 |
ဘုန်းတော်ကြီးကျောင်းဟောင်း |
 |
ရှေးဟောင်းစေတီတော်များ |
 |
လိုက်ပို့ပေးခဲ့သောအဘ |
ခြုံနွယ်တွေပေါက်ရောက်ပြီး
ပျက်စီးယို့ယွင်းနေတဲ့ စေတီ
၆ ဆူကို ဖူးတွေ့ခဲ့ရပြီး
တချို့စေတီများမှာတော့
မသမာသူများမှ ဌာပနာ တော်များ
ဖောက်ထွင်းထားတာကို ဝမ်းနည်းဖွယ်ရာ
တွေ့မြင်ရပါတယ်။ ယခင်က
စေတီတော် ၆ ဆူအပြင်
သဲကျောက်များနှင့်တည်ထားတဲ့
သဲပုံစေတီတော်တစ်ဆူပါရှိသေးကြောင်းသိရပြီး
ယခုတော့ စေတီနေရာမှာ
ကုန်းဂမူလေးတစ်ခုသာ
ကျန်ရှိပါတော့တယ်။
ရှေးဟောင်းစေတီတော်တွေရဲ့
သက်တမ်းနဲ့ သမိုင်းကြောင်းကို
လေ့လာကြည့်ရာမှာ ခိုင်လုံတဲ့
အထောက်အထား မရှိတာကြောင့်
သေချာစွာ
မသိရှိရပဲ
ရှေးအစဉ်အဆက် ဘိုးဘွားအစဉ်အဆက်စကားအရ
ရှေးနှစ်ပေါင်းများစွာကတည်းက
တည်ရှိနေကြောင်းသိရှိရပါတယ်။
ရှေးဟောင်းသုတေသနဌာနရဲ့
လေ့လာသုံးသပ်ချက်အရ ကောက်ရရွာက
ရှေးဟောင်းစေတီပုထိုးတွေမှာ
အသုံးပြုထားတဲ့ အုပ်ချပ်တွေဟာ
ရခိုင်ပြည်နယ် ဂွမြို့မှာတည်ရှိနေတဲ့
ညောင်ဝိုင်းကျောင်းတိုက်အတွင်းက
ရှေးဟောင်းစေတီတွေရှိ
အုပ်ချပ်တွေနှင့် ထပ်တူညီနေသည့်အတွက်
အေဒီ(
၁၇)
ရာစုအဝန်းကျင်ခန့်က
တည်ထားတယ်လို့သာ
ခန့်မှန်းရပါတယ်။
 |
ရှေးဟောင်းစေတီတော်များ |
 |
ရှေးဟောင်းစေတီတော်များ |
 |
ရှေးဟောင်းစေတီတော်များ
|
အပြန်မှာတော့
လာလမ်းအတိုင်းပြန်လျှောက်ခဲ့ပြီး
လမ်းခုလတ်တနေရာက ကြံသကာချက်လုပ်နေတဲ့
တဲမှာခဏနားလို့ တဲရှင်ဧည့်ဝတ်ပြုတဲ့
ကြံရေချိုလေး သောက်ခဲ့ရပါသေးတယ်။
ကံကော်တောင်ရွာ
ပြန်ရောက်တဲ့အခါမှာ
လိုက်ပို့ပေးတဲ့
အဘအိမ်မှာခဏစကားလက်ဆုံကျပြီးမှ
ပြန်ခဲ့ပါတယ်။ ကောက်ရရွာက
ရှေးဟောင်းစေတီတွေဆီကို
စက်ဘီးခရီးစဉ် ဖြင့်
သွားရောက်မယ်ဆိုရင်ဖြင့်
လမ်း ၂ လမ်းရှိပြီး
အိုးထိန်းကွက်သစ်အထိ
အနီးစပ်ဆုံးသွားနိုင်ပြီး
ခြေလျှင်ခရီးဖြင့်ဆက်လက်
သွားရောက်နိုင်သလို။
ကံကော်တောင်ရွာကတဆင့်
ခြေလျှင်ခရီးဖြင့်လည်း
သွားရောက်နိုင်ပါတယ်။
ကျွန်တော်ကတော့ လမ်းသွားရင်း
သဘာဝရှုခင်းများကို ကြည့်ရှု
ခံစားနိုင်တဲ့ ကံကော်တောင်ဘက်က
သွားတဲ့လမ်းကို ပိုမိုသဘောကျမိပါတယ်။
နောင်တချိန်မှာတော့ ကောက်ရရွာ
ရှေးဟောင်းစေတီပုထိုးတွေကို
ရှေးမူမပျက် ပြန်လည်
ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့
မျှော်လင့်ရင်း ယခုတစ်ခေါက်
စက်ဘီးစီးခရီးစဉ်ကို
အဆုံးသတ်လိုက်ရပါတယ်။
 |
ရှေးဟောင်းအုပ်ချပ်ကြီးများ |
 |
ရှေးဟောင်းရေတွင်း |
ကျေးဇူးတင်စွာဖြင့်
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.