ဒီနေ့မနက်ပိုင်းမှာ ယခင်စက်ဘီးစီးနေကျလမ်းကြောင်းအတိုင်းပဲ နံနက် ၅နာရီခွဲလောက် ရတနာမြိုင်ကို ထွက်လာခဲ့ပါတယ်။ ရတနာမြိုင်ကိုရောက်တော့ ၆နာရီခွဲခါနီးနေပါပြီ။ ယခင်ရွာနံမည်ကုလားပြင်ကို ရတနာမြိုင်ရွာလို့ပြောင်းထားပေမယ့်လည်း ကျောင်းနာမည်ကတော့ အထက ကုလားပြင် အနေနဲ့ပဲ ရှိပါသေးတယ်။ ကျောင်းရှေ့က လဖ္ဘည့်ရည်ဆိုင်မှာ နံနက်စာ ဆီထမင်းနဲ့ လဖ္ဘည့်ရည်သောက်ပြီး ခဏနားဖြစ်ပါတယ်။ ရတနာမြိုင်ကနေ ကျိန္တလီကိုဆက်စီးဖို့ စဉ်းစားထားပေမယ့် Off-road စီးချင်လို့ တခြားလမ်းကြောင်းကို ပြောင်းစီးဖို့ပဲဆုံးဖြတ်မိပါတယ်။ ဒီလိုနဲ့ Google Map လေးထုတ်ကြည့်တော့ အပြန်လမ်းကြောင်းလဲသင့်တဲ့ သိုင်းကျွန်း-မရမ်းကျွန်းကနေ ကူးတို့လေးကိုသွားတဲ့ လမ်းကြောင်းကို သွားတွေ့မိပါတယ်။ ဒါနဲ့ပဲ ဒီလမ်းအတိုင်းပဲ စီးပြီးပြန်မယ်ဆိုပြီး လဖ္ဘည့်ရည်ဖိုးရှင်းပြီး ထွက်လာခဲ့ပါတယ်။
ရတနာမြိုင်က ပြန်အထွက်မှာ
နန္နဝန်တောရကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၈၀ ကျော်ပြီဖြစ်တဲ့ ဆရာတော်ကြီးကို
မုန့်ဆွမ်းဝင်ကပ်ပြီးဆက်ထွက်လာခဲ့ရာက သိုင်းကျွန်းရွာကို သွားတဲ့လမ်းခွဲကစပြီး ကျောက်ချောလမ်းခင်းထားတဲ့လမ်းအတိုင်း
တောင်ကျောပေါ်ကနေ ကုန်းတက်ကုန်းဆင်း စီးလာရင်း သိုင်းကျွန်းရွာကိုရောက်လာခဲ့ပါတယ်။
မနေ့ကမုန်တိုင်းအရှိန်ကြောင့် တောင်တန်းတွေပေါ်မှာ မြူတွေဆိုင်းပြီးမိုးအုံ့နေလို့
ဘေးပါတ်ဝန်းကျင်မှာ စိမ်းစိုနေပြီး သာသာယာယာရှိလှပါတယ်။ ယခင်တစ်ခေါက်တုန်းက ဒီလမ်းကနေပဲ
သိုင်းကျွန်းရွာကို တစ်ခေါက်စီးဖူးခဲ့ပေမယ့် မရမ်းကျွန်းအထိတော့ မရောက်ဖြစ်ခဲ့ပါဘူး။
သိုင်းကျွန်းရွာနှင့် မရမ်းကျွန်းရွာကြားလမ်းအနေအထားက တာဘောင်လမ်းဖြစ်ပြီး ဘေးနံဝဲယာမှာ
ဒီရေတောတွေ လယ်ကွင်းတွေနှင့် မြင်ကွင်းတွေက လှပလို့နေပါတယ်။ မရမ်းကျွန်းရွာအဝင်နားရောက်တဲ့အခါမှာ
မိုးနဲနဲရွာလာလို့ လမ်းဘေးနားလေးမှာတွေ့တဲ့ ဇရပ်လိုလိုအဆောင်လေးတစ်ခုမှာ ဝင်နားလိုက်ပါတယ်။
ခဏနေတော့ မိုးတိတ်သွားလို့ မရမ်းကျွန်းရွာလမ်းအတိုင်း ဆက်စီးလာခဲ့ပါတယ်။ အိမ်ခြေနည်းပေမယ့် ရွာအဝင်လမ်းတလျှောက် ကွန်ကရစ်ခင်းထားပြီး ခြံဝန်းများနှင့်သပ်သပ်ရပ်ရပ်ရှိကြပါတယ်။
မရမ်းကျွန်းရွာမှ
ကူးတို့လေးကို ဆက်သွားလို့ရပါတယ်။ ကူးတို့လေးရွာမှာတော့ ဘုရားတောင်စေတီကို သွားရောက်ဖူးမျှော်နိုင်ပါတယ်။
ဒီအကြောင်းကို ရှေ့ကဘုရားတောင်စေတီအကြောင်းပိုစ့်မှာ ဖော်ပြခဲ့ပြီးပါပြီ။ မရမ်းကျွန်းကအထွက်မှာ
ကူးတို့လေးကိုဆက်မသွားတော့ပဲ သပြုချောင်းရွာဘက်ကိုသွားတဲ့ လမ်းခွဲအတိုင်းဆက်စီးခဲ့ပြီး
သပြုချောင်းရွာအတွင်းကဖြတ်လို့ သံတွဲ-ဂွလမ်းပေါ်ကနေ မိမိနေထိုင်ရာသို့ပြန်လာခဲ့ပါတော့တယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်လေးသည် မိုးတွင်းကာလနှင့်ဆောင်းတွင်းတွေမှာ
သဘာဝပါတ်ဝန်းကျင်သာယာလှပြီး မြူခိုးတိမ်ခိုးများနှင့် စိမ်းစိုလှပနေတဲ့အချိန်ဖြစ်လို့
ဒီလိုရာသီတွေမှာစက်ဘီးစီးရတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုသာယာလှပတဲ့နေရာတွေကို
သွားရောက်လည်ပါတ်ရင်း စိတ်အပန်းပြေလန်းဆန်းနိုင်စေဖို့ ဖေါ်ပြရေးသားရင်း
ယခုတစ်ပါတ်စက်ဘီးခရီးစဉ်လေးကို အဆုံးသတ်လိုက်ပါတော့သည်။
လင်းမောင်မောင်
Photos
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.