Saturday, May 10, 2014

မိုးယွန်းကြီးအင်း ရေနည်းပါး၊ ကျူးကျော်စိုက်ခင်းများ ၀င်ရောက်

ပုံစာ-မိုးယွန်းကြီးအင်းကို မေ ၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)

ပဲခူတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ မိုးယွန်းကြီးအင်းမှာ ရေနည်းပါးမှုကြောင့် ကျူးကျော်စိုက်ခင်းတွေ ၀င်ရောက် စိုက်ပျိုးနေကြကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ဒီဗွီဘီကို ပြောကြားပါတယ်။

“အခုချိန် နွေရာသီဆို အင်းမှာ ရေ ၂၃ ပေလောက် လိုတယ်။ ရေလှောင်ကန်ထဲ ပါဝင်တဲ့ အတွက် ဆည်မြောင်းဦးစီးဌာနကနေ ပေ ၂၀ လောက် ချပေးလိုက်ရင် ရေတွေ ကျသွားရော၊ အင်းအနေအထားအရ အနောက်ဘက်နယ်မြေက မြင့်တယ်၊ မြင့်တဲ့အပိုင်းတွေမှာ ရေကျသွားရင် အရင်ထဲက ရေကျနောက်စိုက် စပါးစိုက်တာ ရှိတယ်။ အဲဒါ ကျုးကျော်စပါးခေါ်လည်း ရတယ်။ မိသားစုစားဖို့ စိုက်ကြတာပေါ့။ ရေများများကျလေ တိုးချဲ့စိုက်ပျိုးလေပဲ။ တချို့နေရာတွေမှာ ဆက်ပြီး မကျူးကျော်ဖို့ ယာယီ တားမြစ်ထားရတယ်။”

ရေနည်းပါးလာတဲ့ မိုးယွန်းကြီးအင်းမှာ စက်လှေများ လက်ရှိအချိန်မှာ မသွားရောက်နိုင်ဘဲ ငှက်ကြည့်လေ့လာရေး ရပ်ထားတယ်လို့ အင်းထဲမှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။

မိုးယွန်းကြီးအင်းပတ်ဝန်းကျင်မှာ ကျေးရွာ ၁၇ ရွာနဲ့ လူဦးရေ ၅ သောင်းလောက် နေထိုင်ပြီး အများစုမှာ အင်းအပေါ် မူတည်ကာ နေထိုင်စားသောက်ကြပါတယ်။
မိုးယွန်းကြီးအင်းမှာ ဒေသခံတွေကို စားဝတ်နေရေးအတွက် ငါးဖမ်းခွင့်ပြုထားပေမယ့် စီးပွားဖြစ်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ငါးမျိုးနဲ့ငှက်မျိုး ပြုန်းတီးစေဖို့ ပြုလုပ်ပါက ဖမ်းဆီး အရေးယူကြောင်း မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဦးစီးမှူး ဦးခင်မောင်လှက ပြောပါတယ်။
မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်ကတည်း ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ဧက ၂၅၆၀၀ ကျယ်ဝန်းပါတယ်။

ရန်ကုန်မြိုနဲ့ မိုင် ၇၀ ခန့်အကွာမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ တခုတည်းသော ရေတိမ်ဒေသနဲ့ ငှက်အများစု ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။
ဒီအင်းမှာ ဌာနေငှက်မျိုးစိတ် ၁၂၅ မျိုးရှိပြီး ကမ္ဘာမှာက ရေတိမ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခံထားရတဲ့ အင်းလည်း ဖြစ်ပါတယ်။

 By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

Tuesday, May 06, 2014

အကြမ်းဖက်သမား စောင့်ကြည့်ရန် အင်တာပိုရဲအရာရှိများ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်

အကြမ်းဖက်သမားများအား စောင့်ကြည့်ရန် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာ ပို)မှ ရဲအရာရှိသုံးဦး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မေလ ၃ ရက်မှစ၍ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အာဆီယံ အစည်းအဝေး ကာလမှာ အကြမ်းဖက်သမား တွေ ၀င်လာမှာကို စစ်ဆေးဖို့အ တွက် လာပြီး တာဝန်ထမ်းဆောင် တာပါ။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါ’’ ဟု လေဆိပ်တွင် တာဝန် ထမ်းဆောင်နေသော သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အင်တာပို ရဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့ ပူးပေါင်း ၍ နိုင်ငံတကာမှ ၀င်ရောက်လာ မည့် အကြမ်းဖက်သမားများအား စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ် ကြောင်း မင်္ဂလာဒုံလေဆိပ်ရှိ သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်မှ စ၍ အင်တာပိုမှ အသုံးပြုသော နိုင်ငံကူးလက်မှတ်များ စစ်ဆေး သည့်စက်များကို ရန်ကုန်လေဆိပ်တွင် လာရောက် တပ်ဆင်ပေးခဲ့ သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံ မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ သြဂုတ် လမှစ၍ ပြည်တွင်း ပဋိပက္ခ ဂယက်ကြောင့် အကြမ်းဖက်သ မားများ ပြည်တွင်းသို့ ၀င်ရောက် မလာနိုင်စေရန် လေဆိပ်များနှင့် နယ်စပ်ဂိတ်ပေါက်များတွင် လုံ ခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

Author: အောင်သူရ / သန်းဌေး
Source : 7Day Daily

Tuesday, April 29, 2014

ကုန်သည်ကြီးများ ဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့၏ အချက်အချာ ကျသည့် နေရာရှိ ကြယ်ငါးပွင့် အဆင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို လွန်ခဲ့သော နှစ်ပါင်း ၂၀၀၀ ကျော်ခန့် ကတည်းက ရှိခဲ့သော ဆူးလေစေတီတော်ကို အစွဲပြု၍ ဆူးလေရှန်ဂရီလာသို့ (Sule Shangri-La) အမည် ပြောင်းလဲလိုက်ကြောင်း အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆူးလေရှန်ဂရီလာသို့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အဆိုပါ ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဟိုတယ်ထံမှ သိရသည်။ “City Hotel အနေနဲ့ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကအစ တခြားနိုင်ငံတွေမှာ ရှိတဲ့ ရှန်ဂရီလာတွေ ပုံစံအတိုင်း ပေးမှာ” ဟု ဆူးလေရှန်ဂရီလာက ပြန်ကြားရေး တာဝန်ခံ ဒေါ်မြတ်စန္ဒီဇော်က ဆိုသည်။
အဆိုပါ ဟိုတယ်ကို ၂၀၁၃ ခုနှစ်က အကြီးစား ပြန်လည်ပြုပြင်ခဲ့ပြီး အမည်ပြောင်းလဲခြင်းနှင့် ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် သီးသန့် အစည်းအဝေး ခန်းမများနှင့် ရွှေတိဂုံဘုရားနှင့် ရန်ကုန်မြို့တော် ရှုခင်းများကို ကြည့်ရှုနိုင်ရန် ၂၁ ထပ်တွင် ထပ်မံတိုးချဲ့ထားသည့် အဆင့်မြင့် ဧည့်ခန်းမတစ်ခုအပြင် အဖျော်ယမကာများ အခမဲ့ သုံးဆောင်ခွင့်၊ တစ်နေ့တာလုံး ကော်ဖီ၊ လက်ဖက်ရည် သုံးဆောင်ခွင့်နှင့် မြန်နှုန်းမြင့် အင်တာနက် ရရှိမည်ဖြစ်ကြောင်း ယင်းဟိုတယ်က သိရသည်။
ဆူးလေရှန်ဂရီလာ အဖြစ် အမည်ပြောင်းလဲခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အခန်းခများကို တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၁၅ (အခွန်နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ် အပါအဝင်) ဖြင့် အထူးနှုန်း သတ်မှတ်ပြီး အခန်းအသစ်များနှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဟိုတယ် အမည်ပြောင်းခြင်း အစီအစဉ်အရ သိရသည်။
ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် အုပ်စုတွင် ဟိုတယ် အလုံးပေါင်း ၈၀ ကျော်ကို ရှန်ဂရီလာ အမည်ဖြင့် ဖွင့်လှစ်ထားပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကာတာ၊ သီရိလင်္ကာနှင့် ယူကေနိုင်ငံများတွင် ဟိုတယ် တည်ဆောက်ဆဲ စီမံကိန်းများ လုပ်ဆောင်လျက် ရှိကြောင်း ဆူးလေရှန်ဂရီလာ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဟိုတယ်ကို ၁၉၉၆ ခုနှစ်က ကုန်သည်ကြီးများဟိုတယ် (Traders Hotel) အမည်ပြောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 
Source : The Voice

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။

ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ပုဂံဆိုရင် မြေပြင်တုန်ခါမှု နည်းအောင် ငါးယောက်စီး ရဟတ်ယာဉ်တွေ သုံးပြီး ဘုရားတွေ ဘေးကပဲ ပျံမှာပါ။ ရန်ကုန်မှာတော့ ၁၂ ယောက်ကနေ ၁၄ ယောက်ထိ စီးနိုင်တဲ့ Sikorsky S-76 ရဟတ်ယာဉ်တွေနဲ့ ကျိုက်ထီးရိုးဘုရား၊ ငွေဆောင်၊ မော်လမြိုင်၊ မြဝတီ စတဲ့ နေရာတွေကို ပြေးဆွဲမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ရဟတ်ယာဉ်မှာ အနိမ့်ပျံသန်းနိုင်သည့် ယာဉ်အမျိုးအစား ဖြစ်သည့်အတွက် နိုင်ငံတော်လုံခြုံရေးအရ ကာကွယ်ရမည့် အပိုင်းများရှိပြီး ပြေးဆွဲခွင့် ပြုခဲ့ပါက ၎င်းတို့ ပျံသန်းနိုင်မည့် လမ်းကြောင်းများ သတ်မှတ်ပေးရန် လိုအပ်ကြောင်း ပြည်တွင်းလေကြောင်း ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

“လုပ်ကိုင်ခွင့် ပြုလိုက်ရင် ပြည်တွင်းက AOC (Air Operator Certificate) ရဖို့ သုံးလနဲ့ အထက်တော့ စောင့်ရမယ်။ သတ်မှတ်လမ်းကြောင်း၊ အမြင့်ပေ၊ အရေးပေါ် ဆင်းသက်ရမည့် ကွင်း၊ လိုက်နာရမည့် ဥပဒေတွေ လုပ်ပေးရမယ်” ဟု ၎င်းက ရှင်းပြသည်။

ခရီးသည်တင် ပုဂ္ဂလိက ရဟတ်ယာဉ် ဝန်ဆောင်မှုဖြင့် ဗွီဒီယို ရိုက်ကူးခြင်း၊ လူနာတင်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လာကြမည် ဖြစ်သဖြင့် ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရေးအတွက် ရဟတ်ယာဉ် ကြံ့ခိုင်ရေးနှင့် အခြားလိုအပ်သည်များ အားလုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်း၌ ထူးကုမ္ပဏီမှ ပိုင်ဆိုင်သည့် ရဟတ်ယာဉ် နှစ်စင်း ရှိသော်လည်း ကိုယ်ပိုင်လုပ်ငန်းသုံး ယာဉ်များသာ ဖြစ်သည့်အတွက် ယခု ရဟတ်ယာဉ်များ ပြေးဆွဲခွင့်ရရှိပါက ပြည်တွင်း၌ ပထမဆုံး ရဟတ်ယာဉ်ဖြင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်သိမ်းက ဆိုသည်။

Source : The Voice Weekly

Saturday, April 05, 2014

ရန်ကုန်နဲ့ အနီးဆုံး အပန်းဖြေကမ်းခြေအတု

ညောင်ချောင်းသာ (ရန်ကင်းသာ ကမ်းခြေ) Photograph by − Lyn Lyn

ဒီတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်သွားရုံနဲ့ ကမ်းခြေတစ်ခုရဲ့အရသာမျိုးနဲ့ အပန်းဖြေနိုင်တဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။

 ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှာ ရှိတဲ့ ညောင်ချောင်းသာ(ခေါ်)ရန်ကင်း သာ အပန်းဖြေနေရာလေးပါ။ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှဘဲ ထူး ဆန်းပြီးသဘာဝအလျောက်ဖြစ် ပေါ်နေတဲ့ အပန်းဖြေနေရာတစ် ခုကို ခံစားရမှာပါ။

ဧရာဝတီမြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ ပန်းလှိုင်မြစ်ထဲ မှာ နွေရာသီရေကျချိန် ပေါ်လာ စမြဲဖြစ်တဲ့ သဲသောင်ပြင်ကြီးကို အပန်းဖြေနေရာ တစ်ခုအနေနဲ့ သတ်မှတ်ထားပြီး အဲဒီနေရာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လာ ရောက်အပန်းဖြေသူများလာခဲ့ပါ တယ်။

ရန်ကုန်မှ သွားမယ်ဆိုရင် သိပ်မဝေးဘဲ ညောင်တုန်းကို ကားနဲ့ နှစ်နာရီခန့်သာမောင်းရပါ တယ်။ ညောင်တုန်းရောက်ပြီဆို တာနဲ့ ညောင်ချောင်းသာကို မသိ တဲ့လူက ရှားပါတယ်။

ရန်ကုန်ကနေဆိုရင် ညောင် ချောင်းသာအရောက်ကို ၃၅ မိုင် ဝေးတာကြောင့် မနက်စောစော ၆ နာရီလောက်သွားမယ်ဆိုရင် ၈ နာရီလောက်ရောက်နိုင်ပြီး အသွားအပြန် လေးနာရီခန့်သာကြာနိုင်မှာပါ။

ကိုယ်ပိုင်ကားနဲ့ သွားရောက် မယ့်သူတွေအတွက် ရန်ကင်းသာ ကမ်းခြေမှာ ကားပါကင် လုံလုံ လောက်လောက်ကိုလည်း စီမံ ပေးထားပါတယ်။

လိုင်းကားနဲ့ သွားသူတွေ ကတော့ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးဝင်းကနေ ညောင်တုန်း ကိုသွားတဲ့ လိုင်းကားများစွာရှိပြီး ညောင်တုန်းမြို့  ရောက်တာနဲ့ အပန်းဖြေနေရာရှိတဲ့ ရန်ကင်းစံ သာကျေးရွာကိုသွားဖို့ သိပ်မဝေး တော့ပါဘူး။

ညောင်တုန်းမြို့ကို ရောက် တာနဲ့ ညောင်ချောင်းသာကမ်းခြေကိုသွားဖို့ ကားနဲ့ ၁၅ မိနစ် လောက် ဆက်မောင်းရပြီး မြို့ထဲ ကိုဝင်တာနဲ့ ကမ်းခြေရှိတဲ့ နေရာကို ညွှန်ပြထားတဲ့ ဆိုင်းဘုတ် တွေကို နေရာအနှံ့တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်က သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီးသွားမယ်ဆိုရင် ကားငှားရမ်းခမှာ လိုက်ထရပ်တစ် စီးကို ကျပ်သုံးသောင်းမှ လေး သောင်းခန့်ပေးရပါလိမ့်မယ်။

ညောင်ချောင်းသာကမ်းခြေ ကိုရောက်တာနဲ့ ထူးဆန်းစွာ သဘာဝအလျောက်ဖြစ်ပေါ်နေ တဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ထီး အမိုးများ၊ ထိုင်ခုံများနဲ့ လူအများ အပန်းဖြေနေတာကို မြင်တွေ့ရ မှာပါ။

ထီးအမိုးတွေ အောက်မှာ ထိုင်နေသူတွေသာမက ကမ်းခြေ သဖွယ်ဖြစ်နေတဲ့ သောင်ခြေစပ်မှ မြစ်ထဲကိုဆင်းပြီးရေဆော့ကစားနေသူများကို ပျော်ရွှင်ဖွယ်မြင် တွေ့မှာပါ။

ရေကစားနိုင်တဲ့ ကမ်းခြေ အရှည်က မိုင်ဝက်လောက်ရှည် ပြီး ကမ်းခြေမှာတော့ အပေါင်း အသင်း သူငယ်ချင်းတွေစု လာ သူတွေကို အများဆုံးတွေ့ရပြီး မိသားစုလိုက် လာရောက်သူတွေ ကိုလည်း တွေ့ရပါတယ်။

မြစ်ထဲဆင်းပြီးရေကစားနိုင် သလို ရေထဲမှာလည်း လှေစီးတာ၊ ဘောကွင်းစီးတာ၊ ရေလယ်စား သောက်ဆိုင်မှာ အပန်းဖြေစား သောက်နိုင်တဲ့ ဝန်ဆောင်မှုတွေ လည်းရှိပါတယ်။

ဒီနေရာမှာတော့ ရေကစား သူများအတွက် ဘောကွင်းငှား ရမ်းခ ကျပ် ၅၀၀ သတ်မှတ်ထား ပြီး လှေစီးချင်သူများအတွက် လှေတစ်စီးကို ကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားကာ ကမ်းခြေတစ် ပတ်စီးနိုင်ပါတယ်။

အေးအေးဆေးဆေးနေချင် သူတွေကတော့ ရေလယ်စား သောက်ဆိုင်မှာ အခန်းငှားရမ်းပြီး ဆိုင်မှာရတဲ့  တရုတ်စာ၊  ဗမာ ထမင်းဟင်းနဲ့ သောက်စရာ အဖျော်ယမကာအချို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။

ရေလယ်စားသောက်ဆိုင်မှ စီစဉ်ပေးသော သီးသန့်ခန်းကို လည်း တစ်နာရီ ကျပ် ၄,၀၀၀ နဲ့ ငှားရမ်းနိုင်ပါတယ်။ ညအိပ် ညနေ နေလိုသူတွေအတွက် ကမ်း ခြေတစ်လျှောက်ရှိ ဆိုင်များမှ အခန်းတွေကို သင့်လျော်သလို ဈေးနှုန်းညှိနှိုင်း ငှားရမ်းနိုင်ပေမယ့် ညအိပ်နေသူရှားပါးတယ်လို့ ဆိုင် ခန်းဖွင့်ထားတဲ့ ဒေသခံတွေက ပြောပါတယ်။

ရေထဲမဆင်းချင်တဲ့သူတွေ အနေနဲ့တော့ သဲသောင်ပြင်ပေါ် မှာဖွင့်ထားတဲ့ ဈေးဆိုင်ခန်းများမှ ဒေသထွက်အစားအသောက်များ၊ အမှတ်တရအင်္ကျီများ၊ လက် ဆောင်ပစ္စည်းအရောင်းဆိုင်များ မှာ လည်ပတ်ပြီး ဝယ်ယူနိုင်ပါ တယ်။

 ညောင်တုန်းမြို့ရဲ့  ဒေသ အစားအသောက်ကတော့ ငှက် ပျောခြောက်ကြော်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့နဲ့လည်း သိပ် မဝေးတာကြောင့် ဇလွန်ဒေသ ထွက် ဂျင်းသုပ်ကောင်းကောင်း ကိုလည်း ဝယ်ယူရရှိနိုင်မှာပါ။

ကမ်းစပ်မှာ ထီးနဲ့ နေရာ ထိုင်ခင်းငှားရမ်းမယ်ဆိုရင် ကျပ် ၂,၀၀၀၊ ၃,၀၀၀ ဝန်းကျင်ပေးရ ပြီး ကမ်းစပ်မှာ အုန်းစိမ်းရည် သောက်၊ အကင်စားပြီး တကယ် ကို ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရသာလိုမျိုးခံစားနိုင်မှာပါ။

အုန်စိမ်းရည်ရောင်းချသူ တွေ၊ ငါးကင်၊ ကြက်ကင်၊ ပုစွန် ကင်ရောင်းချသူတွေနဲ့စည်ကား နေတာကြောင့် ငွေဆောင်၊ ချောင်းသာကဲ့သို့ ပင်လယ်ကမ်း ခြေသို့ သွားရောက်လည်ပတ်ရန် အချိန်မပေးနိုင်သူတွေအတွက် ညောင်ချောင်းသာက သွားသင့် တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ကမ်းခြေမှာ ကလေးကစားကွင်းငယ်တစ်ခုရှိပြီး ရေစပ်ကိုမဆင်းဘဲ သဲသောင်ပေါ်မှာ ဆော့ကစားချင်တဲ့ ကလေးငယ်တွေအတွက် အထူးအဆင်ပြေလှပါတယ်။

ကလေးကစားကွင်းငယ်မှာ ကလေးငယ်တွေအတွက် စီမံထား တဲ့ ပျော့ပျော့အိအိ ကစားကွင်း ငယ်နဲ့ အပျော်တမ်းသေနတ်ပစ်၊ ပူဖောင်းပစ်၊ အမှတ်တရဓာတ်ပုံ ရိုက်တာတွေ လုပ်နိုင်မှာပါ။

အပန်းဖြေသွားသူများ အတွက် မှာချင်တာကတော့ နွေ ရာသီပူပြင်းတဲ့အချိန်မှာ ရေထဲ ဆင်းပြီးမကစားဖို့ အကြံပြုချင်ပါ တယ်။

မြစ်ရေ ဖြစ်တာကြောင့် ရေထဲကို ဆင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာကိုကျော် ပြီး ဆော့ကစားတာ၊ အရက်သေ စာသောက်စားပြီး ရေကစားတာ တို့ကို ရှောင်ရှားဖို့လည်း အကြံပြု ချင်ပါတယ်။

ခရီးက နေ့ချင်းပြန်ဖြစ်တာ ကြောင့် အနည်းငယ်ပင်ပန်းနိုင် သော်လည်း သွားရောက်သူများ ထူးဆန်းသောဒေသန္တရဗဟုသုတ တစ်ခုရရှိနိုင်မှာဖြစ်လို့ ပိတ်ရက် မှာ မိသားစုလိုက်သော်လည်း ကောင်း၊ အပေါင်းအသင်းများစု ၍သော်လည်းကောင်း အပန်းဖြေ သွားရောက်သင့်တဲ့နေရာကောင်း တစ်ခုဖြစ်ပါတယ်။

Author: ခန့်ထက်၊ ရဲနောင်

Source : 7DAY DAILY