ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ ရှိပြီလို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီဗွီဘီကို ပြောပါတယ်။
အခု တွေ့ရှိ တဲ့ခေါင်းလောင်းဟာ ရန်ကုန်မြစ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော် က ပျောက်ဆုံးနေ တဲ့ ကြေးပိဿာ ၁ သိန်း ၈ သောင်းကျော်ရှိတဲ့ ခေါင်းလောင်း လားဆိုတာ အမေးကိုတော့ ကုန်းပေါ်ရောက်မှ အဖြေပေါ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ခေါင်းလောင်းကို ရှာဖွေနေတဲ့ မြစ် ၃ စင်းဆုံတဲ့အနီးမှာ တွေ့ရှိခဲ့တာဖြစ်သလို ကြိုးချည်ပြီး အပေါ် တင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သူက ပြောပါတယ်။
သြဂုတ် ၉ ရက်နေ့ကနေ စတင် ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို လူအများ စိတ်ဝင်စားခဲ့ကြပြီး သတင်းစာနဲ့ ဂျာနယ်တွေက ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။
Source : DVB
Tuesday, August 26, 2014
ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ ဟု ဦးစံလင်းဆို
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်း ကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ယနေ့နံနက်တွင် တယ်လီဖုန်းဆက်၍ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်း၊ပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့အရောက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယနေ့( သြဂုတ် ၂၆ရက်)တွင် ခေါင်းလောင်းရှာဖွေနေမှုကို လာရောက်ကြည့်ရှု့သူပိုမိုများပြားလာသည်။ခေါင်းလောင်းရှာဖွေရေးအဖွဲ့နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသော သောင်တူးသင်္ဘောတို့ ပိုမိုနီးကပ်လာသည်ကိုတွေ့ရပြီး လာကြည့်သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု ထင်မြင်နေကြသည်။
ထို့အပြင် ယနေ့မှစ၍ သောင်တူးစက်အနားသို့ စက်လှေသမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများအား အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်။
Source : 7Daily News
Friday, August 22, 2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်းနှစ်လုံးရှာဖွေတွေ့ရှိထား
သူသူထက်လွင် | ရန်ကုန်၊
ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။
နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။
''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။
နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။
အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။
''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရသည်။

Source : Yangon Time's
Wednesday, August 20, 2014
ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသောအရာကိုတွေ့ရှိသဖြင့် တူးဖော်မှုများစတင်သော်လည်း ယနေ့လုပ်ငန်းစတင်နိုင်ခြင်းမရှိ
ဓမ္မစေတီ ခေါင်းလောင်းဟုယူဆ ရသော အရာကို ရေအောက်၌တွေ့ သည်ဟု ရေငုပ်သမားများ၏ပြော ပြချက်အရ လက်ရှိတွင်တွေ့ရှိထား သောနေရာမှ သဲ၊ နုန်းများ စုပ် ထုတ်နေပြီ ဖြစ်သော်လည်း ယနေ့ နံနက် ၉ နာရီတွင် ခေါင်းလောင်း ရှာဖွေတူးဖော်နေသော သောင်တူး စက်များ စက်ချွတ်ယွင်းသွားသော ကြောင့် ဆက်လက်လုပ်ကိုင် နိုင်ခြင်း မရှိကြောင်း သမ္ဗန်သမားများထံမှ စုံစမ်းသိရှိရသည်။
ခေါင်းလောင်းဟုယူဆရသော အရာကို ယခုလ ၁၅ရက် နံနက် ပိုင်းတွင် စတင်စမ်းမိခဲ့ခြင်းဖြစ်ပြီး ယခင်ခေါင်းလောင်း ရှိသည်ဟု ယူဆထားသည့် သင်္ဘောပျက်နှင့် ပေ ၂ဝ ခန့်ဝေးသည့်နေရာဖြစ် ကြောင်း ရေငုပ်သမားများ၏ ပြော ကြားချက်ကို ကိုးကား၍ ၄င်းက ပြောသည်။
''အရင်ကသင်္ဘောအောက်မှာ ရှိတယ်လို့ တွက်ထားပေမယ့် ဒီလ ၁၄ ရက်မှာ နတ်စင်တစ်ရာဆရာ တော်ကြီးက သင်္ဘောပျက်အောက် မှာမဟုတ်ဘူး။ အပြင်ဘက်မှာရှိ တယ်လို့ မိန့်ကြားတော့နေရာ ပြောင်းပြီးရှာတာ။ နောက်နေ့မှ ခေါင်းလောင်းနဲ့ တူတဲ့အရာကို စမ်းမိတာပါ''ဟု ခေါင်းလောင်း ဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီမှ ဥက္ကဋ္ဌ (၁) ဦးနိုင် မင်းအောင်က ပြောသည်။
ခေါင်းလောင်းရှိသည်ဟုယူဆ ရသောနေရာကို သောင်တူး သင်္ဘောဖြင့် သဲနုန်းများစုပ်ထုတ်မှု ကို ယမန်နေ့မှစတင် ပြုလုပ်လျက် ရှိပြီး လက်ရှိတွင် ထူးခြားမှုအခြေ အနေမရှိသေးကြောင်း၊ ဓမ္မစေတီ ခေါင်းလောင်းကြီး ဖြစ်သည်ဟု အတည်မပြုနိုင်သေးကြောင်း ၄င်း ကပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဦးစံလင်းနှင့်ဦးဝင်းမြင့်တို့ဦးဆောင် ၍ ယခုလ ၉ရက်မှစတင်ရှာဖွေ တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ကာလ ရက်သတ္တနှစ်ပတ် သတ် မှတ်ထားကြောင်း၊ တူးဖော်ရေးတွင် သောင်တူး သင်္ဘောတစ်စင်း၊ ဗညားလတ်အမည်ရှိ သုံးထပ် သင်္ဘောတစ်စင်းတို့ဖြင့် ဆောင် ရွက်လျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄ဝဝခန့်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့်ပုဇွန်တောင် ချောင်းတို့ဆုံသည့် နေရာတွင် နစ် မြုပ်ခဲ့ခြင်းဖြစ်ကာ ကြေးပိဿာချိန် ၁၈ဝဝဝဝ အလေးချိန်ရှိကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။
ညွန့်ဝင်း
The Union Daily

Saturday, August 16, 2014
e-Visa စနစ် စတင်ကျင့်သုံး
မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် အွန်လိုင်းကနေ လျှောက်ထားနိုင်တဲ့ အီလက်ထရွန်းနစ်ဗီဇာ (အီးဗီဇာ) စနစ် စတင် ကျင့်သုံးနေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ တရားဝင်စတင်မှာ ဖြစ်ပေမယ့် သြဂုတ် ၁၀ ရက်နေ့ကတည်းက စမ်းသပ်နေပြီလို့ ပြောပါတယ်။
ဗီဇာလျှောက်ထားလိုသူ နိုင်ငံခြားသားတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ http://www.myanmarevisa.gov.mm ၀က်ဆိုက်ကနေ ဗီဇာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လတ်တလောမှာ ၂၈ ရက် တိုးရစ်ဗီဇာအတွက်ပဲ လျှောက်ထားနိုင်ပြီး တခြားဗီဇာအမျိုးအစားတွေကတော့ လက်မခံသေးပါဘူး။
ဗီဇာလျှောက်လွှာကို အွန်လိုင်းကနေ ဖြည့်စွက်ရမှာ ဖြစ်သလို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ ကိုလည်း နိုင်ငံတကာအသိအမှတ်ပြု ဘဏ်ကတ်တွေ ဖြစ်တဲ့ ဗီဇာနဲ့ မာစတာ ကတ်တွေကိုအသုံးပြုပြီး အွန်လိုင်းစနစ်နဲ့ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ခုလို အွန်လိုင်းဗီဇာစနစ် အသုံးပြုတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေကို သွားပြီး ဗီဇာ လျှောက်စရာ မလိုတော့ဘဲ အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။
ကြာမြင့်ချိန်ကတော့ ဗီဇာလျှောက်လွှာ စတင်လက်ခံရတဲ့အချိန်ကနေ ၅ ရက် လောက် ကြာမယ်လို့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Subscribe to:
Posts (Atom)